Popular Posts

Wednesday, January 7, 2015

Nokia ဖုန်းများအတွက် မြန်မာဖောင့် သွင်းနည်း (1) | Nokia ဖုန်းများ ဟက်နည်းနဲ့ မြန်မာဖောင့်ထည့်နည်း (2)


Nokia ဖုန်းများအတွက် မြန်မာဖောင့် သွင်းနည်း (1)
 


Nokia ဖုန်းများအတွက် မြန်မာဖောင့် သွင်းနည်း ၂
အရင်းဆုံးအနေနဲ့ မြန်မာဖောင့်ကိုဒီမှာဒေါင်းလိုက်ပါ။
ဒေါင်းပြီးသွားရင်ဖိုင်ဖြည်လိုက်ပါ။ ပြီးရင် Font Zoomer ဆိုတဲ့ဆော့ဖ်ဝဲကို အရင်ဆုံးဖုန်းထဲ install
လုပ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ sd card ထဲကို ထဲ့ချင်တဲ့ဖောင့်ကို copy ကူးထည့်လိုက်ပါ။
ပြီးရင် ဖုန်းထဲကနေ file manager ထဲဝင်ပြီး ခုနက copy ကူးထည့်ထားတဲ့ဖောင့်ကို copy ကူးလိုက်ပါ။
ပြီးရင် C:datafontzoomer ထဲမှာ paste လုပ်လိုက်ပါ။ ပြီးရင် Font Zoomer ကိုဖွင့်လိုက်ပါ။
Font Zoomer ထဲက options ထဲက Show Font list ထဲဝင်ပါ ပြီးရင် ကိုထည့်ချင်တဲ့ ဖောင့်ကို ၁ချက်နိုပ်လိုက်ပါ။ ပြီးရင် အမှန်ခြစ်လေး (အစိမ်းရောင်) လေးကိုနိုပ်ပေးလိုက်ပါ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။ အဲဒါဆိုအဆင်ပြေသွားပါပြီ။

အသုံးပြုနိုင်မဲ့ဖုန်းအမျိုးအစားများမှာ
Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500, Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,
Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220, Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,
Nokia: E50, E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79, N80, N81, N82, N85, N86, N91,
N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.
ဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

Credit mgnyinyi
========================================================
Nokia ဖုန်းများ ဟက်နည်းနဲ့ မြန်မာဖောင့်ထည့်နည်း (2)

Nokia ဖုန်းများ ကို မြန်မာဖောင့်နဲ့ ကီးဘုတ်အသုံးပြုနိုင်ရန်အတွက် အရင်ဆုံး ဖုန်းကိုဟက်ရပါမယ်။
Nokia ဖုန်းများဟက်နည်းနဲ့ မြန်မာဖောင့်ထည့်နည်းကို ဒီမှာ ဒေါင်းလိုက်ပါ။
ဖုန်းကိုအလွယ်ကူဆုံးနည်းလမ်းလေးကိုပြောပါမယ်။

အရင်ဆုံး Dr.web Antivirus နဲ့ Norton Antivirus ကို ဖုန်းထဲထည့်လိုက်ပါ။
(ဖုန်းထဲ install လုပ်လိုက်ပါ ) ပြီးရင် အရင်ဆုံး Dr.web Antivirus ထဲကိုဝင်လိုက်ပါ။
Option ထဲဝင်ပြီး Quarantine ကို နိုပ်လိုက်ပါ။ ပြီးရင် Option ထဲဝင်ပြီး Select all ကိုနိုပ်လိုက်ပါ။
ပြီးရင် Option ထဲဝင်ပြီး Restore ကိုနှိပ်ပါ။
ပြီးရင် Norton Antivirus ထဲဝင်လိုက်ပါ။ Options ထဲက Anti-Virus ထဲက Quarantine list ကိုနိုပ်လိုက်ပါ။
ပြီးရင် Options ထဲက Restore All ကိုနိုပ်ပြီး Ok ပေးလိုက်ပါ။ ပြီးရင်ဖုန်းရဲ့ menu ကနေ File Manager ထဲဝင်လိုက်ပါ။ ပြီးရင် C:DataHack ထဲကနေ RomPatcherPlus_3.1.sisx ကို Install လုပ်လိုက်ပါ။
RomPatcherPlus_3.1 ကိုသွင်းပြီးရင် menu ကနေဝင်ကြည့်လိုက်ပါ။ RomPatcherPlus ကိုတွေ့ရလိမ္မည်။
RomPatcherPlus ထဲဝင်လိုက်ပါ ပြီးရင် Install Server RP+ နှင့် Open4All RP+ စိမ်းသွားအောင် နိုပ်ပေးလိုက်ပါ။ အဲဒါဆိုအဆင်ပြေသွားမှာပါ။

 ဒေါင်းထားတဲ့ ထဲကမြန်မာဖောင့်နဲ့ကီးဘုတ်ကိုသွင်းဖို့အတွက် SymbianMyanmarv3.0 rar ဖိုင်ထဲနေယူသွင်းလိုက်ပါ။ပြီးရင် SymbianMyanmarv3.0 ထဲဝင်လိုက်ပြီး ထိတ်ဆုံးကAknFEP ဆိုတာလေးကိုဝင်ပြီး လေးထောင့်အကွတ်လေးပေါနေတဲ့ဟာကိုရွေးပေးလိုက်ပါ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။ အဲဒါဆို အဆင်ပြေသွားပါပြီ။

အားလုံးအဆင်ပြေကြပါစေ။
Credit mgnyinyi



========================================================


NOKIA ဖုန်းတွင် မြန်မာဖောင့် မြင်စေရန် SPB shell နှင့် System Mechanic



သူက ဘာအတွက်အသုံးဝင်လည်းဆိုတော့ NOKIA ဖုန်းတွေမှာ မြန်မာစာမြင်အောင်
ဇော်ဂျီဖောင့်ကို အသုံးပြုလို့ရအောင်အထောက်ပံပေးနိုင်တဲ့ဆောစ့်ဝဲလ်လေးပါခင်ဗျာ
အသုံးပြုနည်းကတော့ အရင်ဆုံးSomyac.Font Zoomer ဖုန်းထဲကို Run လိုက်ပါ
ပြီးရင် ဖုန်းမန်မိုရီ C:Somyac.Font Zoomer ဖိုင်ထဲကို ဇော်ဂျီဖောင့်ထည့်လိုက်ပါ
 Somyac.Font Zoomer ဖွင့်လိုက်ပါ ပြီးရင် Options ကိုနိုပ်ပြိး
Show Font List ထဲဝင်လိုက်ပါ ပြီးရင် ဇော်ဂျီဖောင့်ကို Select ပေးလိုက်ပါ
ပြီးရင် Apply ကိုနိုပ်ပြီး ထွက်လိုက်ပါ ဖုန်းကိုလည်းပိတ်လိုက်ပါ ဖုန်းပြန်ဖွင့်လိုက်တဲ့အခါ                          မြန်မာစာဖောင့်ဖတ်လို့ရတာကို မြင်ရပါမယ် အဆင်ပြေပါစေ

Download>>>>http://www.diskme.com/ (or)http://ifile.it/ (or)http://www.ziddu.com/


နောက်တစ်ခြားဖုန်းနဲ့ပက်သက်နဲ့တဲ့ မြန်မာဖောင့်ကိုလေ့လာချင်ရင်
http://www.myanmarmobileapp.com/ထဲမှာလဲလေ့လာနိုင်ပါတယ်
 

USB မှ Window တင်နည်း & Window 7 / 8 ISO Images ဖိုင်လ်များ



ဟိုနေ့က သူငယ်ချင်း တစ်ယောက်မေးနေလို့ (USB Drive ကနေ Window 8 တင်တတ်ချင်လို့ပါတဲ့) ကျနော်ကိုယ်တိုင် ရှင်းပြနေရင် အချိန်ကုန်ပြီး နားမလည်မှာစိုးလို့ ပြန်လည် ခိုးချ (အဲ) ကူးချ မျှဝေပေးလိုက်ပါတယ်နော် ဘာမှမခတ်ပါဘူး ပုံလေးတွေကြည့်ရင် လုပ်တတ်သွားမှာပါ... USB ကနေတဆင့် Window တင်ပုံ တင်နည်းတွေကိုလည်း အရင်ကတင်ထားပေးဖူးပါတယ် .....:)

USB ကနေတဆင့် Window တင်ချင်တယ်ဆိုရင်တော့.......


 အရင်ဆုံး Window 8 ဖြစ်ဖြစ် Window 7 ဖြစ်ဖြစ်ကိယ်တင်ချင်တဲ့ ISO images ဖိုင်ကို ဇွဲကောင်းကောင်းနဲ့ ဒေါင်းယူထားဖို့လိုပါတယ် (အားလုံး 2GB , 3GB အထက်မှာချည်းပါပဲ).......
 ဇွဲ မရှိဘူးဆိုရင်တော့ နီးစပ်ရာ ဆိုင်တစ်ဆိုင် မှာပြေးဝယ်လိုက်ပါ....:P 
ပြီးရင် 4GB ပမာဏ နဲ့ အထက် (8GB ဆိုရင်ပိုကောင်းတာပေါ့ဗျာ) ရှိတဲ့ USB တစ်ချောင်း လိုပါတယ်...

 ISO images တွေ မရှိသေးလို့
  ဒေါင်းယူချင်တယ်ဆိုရင်.....အောက် မှာဒေါင်းယူနိုင်ပါတယ်...

 (တချို့ Download လုပ်နည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ ဒေါင်းမရဘူးချည်းဘဲ ပြောနေလို့ Download လုပ်နည်းလေးပါ တခါထဲ ဖေါ်ပြပေးလိုက်တယ်)

ဒေါင်းနည်းကတော့ ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့  Download ဆိုတဲ့ Link လေးကို နှိပ်လိုက်ပါ New Tab  အနေနဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ် .... 5 စက္ကန့်လေး ကို သည်းခံပြီး စောင့်ပေးလိုက်ပါ (5 စက္ကန့်အတွင်း သူကြော်ငြာချင်တာလေးကို ပေးကြော်ငြာလိုက်ပါ...  ကျေးဇူးတင်ပါတယ် ....:P ) 
ပြီးရင် အောက်ကပုံလေးအတိုင်း  SKIP AD ဆိုတာလေးကို နှိပ်လိုက်ပါ အေးဆေး ဒေါင်းယူနိုင်ပါပြီ....:)

ဒါက Window 8 ISO images ဖိုင် 64bit / 32bit ပါ....အောက်က သူ့ရဲ့ Serial Key တွေပါ:)
English
64-bit (x64)  Download   (3.3 GB)  Sha 1 hash —  
1288519C5035BCAC83CBFA23A33038CCF5522749

32-bit (x86)  Download (2.5 GB) Sha 1 hash —   
E91ED665B01A46F4344C36D9D88C8BF78E9A1B39
 
 ဒါလေးတွေကတော့ Window 7 ISO images ဖိုင်လ်တွေပါ.. ကြိုက်တာရွေးယူနိုင်ပါတယ် (တစ်ခွန်းဈေး)...:P

LATEST UPDATE 22nd AUGUST 2011
Windows 7 Ultimate SP1-U ISO
English x86: X17-59463.iso
English x64: X17-59465.iso


Windows 7 Professional SP1-U ISO
English x86: X17-59183.iso
English x64: X17-59186.iso


Windows 7 Home Premium SP1-U ISO
English x86: X17-58996.iso
English x64: X17-58997.iso


ဒါလေးတွေကတော့ 2010 Version တွေပါ...။
UPDATED 30th April 2010

Windows 7 Professional x64 (64-bit)
English: Download
Windows 7 Professional x86 (32-bit)
English: Download
Windows 7 Home Premium x64 (64-bit)
English: Download
Windows 7 Home Premium x86 (32-bit)
English: Download
Windows 7 Enterprise [English 60 Days Trial]
32-bit (x86): 7600.16385.090713-1255_x86fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENEVAL_EN_DVD.iso

64-bit (x64): 7600.16385.090713-1255_x64fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENXEVAL_EN_DVD.iso

Windows 7 Ultimate x64 (64-bit)
[Unofficial] English: Download

Windows 7 Ultimate x86 (32-bit)
[Unofficial] English: Download

Windows 7 N Version Direct Download Links [Windows 7 N English for Europe - No Windows Media Player (WMP12)]

Windows 7 Home Premium N x86 (32-bit): Download
Windows 7 Home Premium N x64 (64-bit): Download
Windows 7 Professional N x86 (32-bit): Download
Windows 7 Professional N x64 (64-bit): Download
In today’s time , it’s not difficult to install Windows from pen – drive or another USB Flash drives. In fact , Microsoft itself provides a software to make a pen drive that can boot your computer and install Windows 8.
စိတ်ကြိုက် ဒေါင်းယူပြီးပြီ ဆိုရင်တော့ ဒီ Windows 7 USB/DVD Tool ကို ဒေါင်းယူလိုက်ပါ USB ကို ကွန်ပြူတာမှာ တပ်ပြီး ....

ကျန်တာတွေကိုတော့ အောက်က ပုံလေးတွေ အတိုင်း လုပ်ဆောင်သွားလိုက်ပါ....:)

Steps:
1. Download Windows 7 USB/DVD Tool  and install it.
1_thumb%25255B4%25255D

Browse ကိုနှိပ်ပြီး စောစောက ဒေါင်းထားတဲ့ ISO ဖိုင်လ်ကိုရွေးပေးပါ..။

2. Choose your ISO file for Windows 8 like in above screenshot. To download Windows 8
2_thumb

3. Choose USB device to install windows 8 from USB drive.

ဒီနေရာမှာ မိမိ ရဲ့ USB Drive ကို ရွေးပေးပါ
3_thumb

4. Select your USB device from the drop-down list. And hit Begin Copying.
ဒီအဆင့်မှာ USB ကို Format ရိုက်မှာပါ..
 (USB ထဲကအရေးကြီးတဲ့ Data တွေရှိရင် အခြားတစ၀်နေရာမှာအရင်ဆုံးရွေ့ထားပေးပါ 
4_thumb

5. Press next to format you USB device and copy Windows 8 files.
5_thumb

6. After this application will copy windows files to your pen drive.
7. After Process completes , restart your computer and boot your computer with USB device and install Windows 8 Preview.

  အပေါ်က အဆင့်တွေအတိုင်း လုပ်ပြီးပြီ  ဆိုရင် USB ကို ကွန်ပြူတာမှာ တပ်ပါ  Restart ချပါ  Window  ပြန် တတ်တတ်လာချင်း Boot Menu ကိုဝင်ဖို့ F2 (or) Dle ကိုနှိပ်ပါ (Boot Menu ကို ဝင်ဖို့ နှိပ်ရမဲ့ Key တွေက ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံး မတူနိုင်ပါဘူး) Acer Window 7 မှာတော့ F2 ကိုနှိပ်ပြီး  Boot Menu ကို ဝင်ရပါတယ်) 

Boot Menu က Boot tab မှာ  first boot device ကို USB ကို ရွေးပြီး F10 နဲ့ Save and Chang ကိုနှိပ်ပေးလိုက်ပါ...။

Window ပြန်တတ်လာရင် USB နဲ့ Window တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ....

ကျန်တဲ့ အဆင့်တွေကိုတော့ ကိုယ်တိုင် ညှစ်အားလေးသုံးပေးလိုက်ပါ... :D
 နားမလည်သေးဘူးဆိုရင် ဒီနေရာ မှာ အသေးစိတ်ရှင်းပြထားပါတယ် ရိုးရိုး Window တင်တာနဲ့ အတူတူပါပဲ....

အားလုံး အဆင်ပြေကြပါစေဗျားးးးး

သြော်....တစ်ခုကျန်သေးတယ်  Window  Activator တွေ လိုအပ်ခဲ့ရင် ညာဘက် Sidebar က   window 7 Activator  ဆိုတဲ့ Label မှာ ရယူနိုင်တယ်နော်....:)

Error Repair Professional


Error Repair Professional လေးအကြောင်း

ဒီစော့ဖ်ဝဲလေးအကြောင်းမပြောခင်အရင်ဆုံးဝန်ခံပါရစေ
ကျွန်တော်အခုချိန်ထိ (ဒီ Software ကိုမသုံးခင်)မည်သည့်
Error Fix Tools ကိုမှ အယုံအကြည်မရှိခဲ့ပါ။ ဒါပေသိဒီကောင်
လေးကိုတော့ ကျွန်တော့်ကို Facebook Chat Box မှတောင်း
ဆိုလာသော ကိုဆန်းအား ရှာပေးရင်းကနေ ကျွန်တော်စမ်းပီး
သုံးကြည့်ပါတယ်။System ထဲမှာ Uninstall နဲက ပတ်သက်တဲံ
Bug တွေ၊ Browser တွေနဲ့ပတ်သက်သမျှ Cookies တွေ၊
Memory Dumps ဖိုင်တွေ၊ Dll Missing တွေကအစပြန်ပီး
Fix လုပ်ပေးပါတယ်။သုံးရတာလည်း ပေါ့ပါးသွက်လက်ပီး
သင့်ကွန်ပျူတာ ၀င်းဒိုးစနစ်ကိုလည်း သွက်လန်မြန်ဆန်လာ
စေပါတယ်။ စုစုပေါင်း File Size ကလည်း 1MB ပဲရှိလို့
ပြည်တွင်းကော်နပ်ရှင်အနေနဲ့လည်း ဒေါင်းလုပ်ဆွဲယူရန်
အဆင်ပြေပါတယ်။ Zip ဖိုင်လေးထဲတွင် Key File ပါထည့်
ပေးထားတဲ့အတွက်ကြောင့် Full Version သဖွယ်အသုံး
ပြုနိုင်ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်တော့
 

Driver Pack Solution 14.14 (နောက်ဆုံးထွက်)





လိုအပ်တဲ့ Driver အားလုံးကို ဒီတစ်ခွေရှိယုံနဲ့ လုံလောက်ပါတယ်။ အခု version ကတော့ 14.14 နောက်ဆုံးထွက် ဗားရှင်းပါ။ torrent က အဆင်မပြေသူများအတွက် ကျနော် တစ်ခါတည်း ပြန်တင်ပေးလိုက်ပါတယ်။ iso format နဲ့ ရလာပါလိမ့်မယ်။ အခွေကူးပြီးသုံးလို့ရသလို External HDD ဒါမှမဟုတ် DVD9 ဒါမှမဟုတ် Flash Drive ကြိုက်တာနဲ့ သုံးလို့ရပါတယ်။ Flash Drive ထဲကနေ သုံးမယ်ဆိုရင်တော့ win rar နဲ့ ဖိုင်ဖြည်ချပြီးမှ သုံးပါ။ အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လိုအပ်တာများ ရှိမယ်ဆိုရင် အားလုံးပဲ ပြောနိုင်ပါတယ်။



ဇော်ဂျီကနေ ယူနီကုတ်ကို ပြောင်းသုံးမယ်ဆိုလျှင်




မင်္ဂလာပါ ဇော်ဂျီအသုံးပြုသူများ
သင့်အနေဖြင့် ဝင်းဒိုးတွင် ယူနီကုဒ် အသုံးပြုချင်လျှင် အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ.. သင်အဆင်ပြေသွားပါလိမ့်မည်..


Windows မှာ မြန်မာယူနီကုတ် ကို အသုံးပြုချင်သူများအတွက် နည်းလမ်းများနဲ့ အမှန်မထင် ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲများကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်...

Windows မှာ မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်တဲ့အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ။

အောက်ပါအတိုင်းလုပ်ဆောင်ပေးပါ။

၁။ ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။


အောက်ဖော်ပြပါ ဖောင့်များသည် Unicode စံသတ်မှတ်ချက်အတိုင်း အပြည့်အဝ လိုက်နာသော ဖောင့်များဖြစ်သဖြင့် မိမိစက်အတွင်း ၄င်းဖောင့်များတစ်ခုခုရှိနေရုံမျှဖြင့် မည်သည့် Unicode စာသားများကိုမဆို ဖတ်ရှုနိုင်မည်ဖြစ်သည်...

(က) PyidaungSu Font

ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်.)
ဒေါင်းလုဒ်လင့် --
http://goo.gl/hz9MvA

( ခ) Myanmar 3 Font (တိုင်းရင်းသားစာများ မပါ) ၊ ဒေါင်းလုဒ်လင့်
http://goo.gl/BAcFTw

( ဂ) သာလွန်ဖောင့် (Burmese, Mon, Shan, Karen, Pa'o, Asho Chin, Kayah and Karenni)
http://goo.gl/YszwuJ


(ဃ) အခြားယူနီကုဒ်ဖောင့်များ
http://goo.gl/Ntlf72


အထူးသဖြင့် Windows 8, 8.1 တို့တွင် Myanmar text Unicode font သည် အလိုလျှောက် ထည့်သွင်းပြီးသားဖြစ်ပါသည်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၂။ Unicode font ထည့်သွင်းပြီးသည်နှင့် စာရိုက်စနစ် ကီးဘုတ် တခုခုကို ထဲ့သွင်းရပါမည်။

(က) သင်ပုန်းကြီးအတိုင်းရိုက်ချင်ရင် KeyMagic က မြန်စံ လက်ကွက် ကို သုံးပါ။

Keymagic
http://goo.gl/0RwIm5

( ခ) Windows 8 , 8.1 တွင် Unicode စည်းမျဉ်းအတိုင်း ရိုင်နိုင်သည့် မြန်မာလက်ကွက် အလိုလျှောက်ထည့်သွင်းပြီးသားဖြစ်သည်.. ထို့ကြောင့် Control panel > Language ထဲသိုသွား၍ Add Languages ခလုတ်ကိုနှိပ်ပါ.. ထို့နောက် ရှာဖွေသည့် Search နေရာတွင် burmese ဟု ရိုက်၍ ရှာဖွေပါ.. မြန်မာစာ / Burmese ဆိုသည်ဖိုင်လေးပေါ်လာသည်ကိုတွေ့လျှင် ၄င်းအားရွေးချယ်၍ Add ကို နှိပ်လိုက်ပါက မြန်မာစာ Unicode စာရိုက်စနစ်ထည့်သွင်းပြီးသွားမည်ဖြစ်ပါသည်.. စာရို်က်လိုပါက Alt + Shift ဖြင့် ပြောင်းပြီးရိုက်နိုင်ပါသည်။

( ဂ) Windows XP , 7 တို့တွင် Window 8 မှာပါသည့် ကီးဘုတ် လက်ကွက်အတိုင်း အသုံးပြုချင်ရင်

ယူနီကုဒ် စာလုံးစီပုံအတိုင်းရိုက်နိုင်တဲ့ ကီးဘုတ်
http://goo.gl/4PhZSX

xxxxxxxxxxxxxxxxxxxxxxxx

၃။ browser မှာ ဖောင့် ပြောင်းပေးပါ။

Chrome အသုံးပြုသူများအတွက်

Menu button >> Settings >> Show Advanced Setting >> Web content ဆိုတဲ့ နေရာမှာ Customize Font ကိုနှိပ်ပြီး Sans-serif Font နေရာမှာ ယူနီကုဒ်ဖောင့် တခုခု ရွေးလိုက်ရင် ရပါပြီ။ Encoding ကို Unicode(UTF-8) ပြောင်းထားပါ။

Chrome မှာ Unicode ရော ဇော်ဂျီရော တစ်ပြိုင်တည်းဖတ်ချင်ရင် Chrome Extension ဖြစ်တဲ့ Parallel Universe ဆိုတာကို သုံးနိုင်ပါတယ်.. အောက်ကလင့်ကို နှိပ်ပါ ပြီးလျှင် Add to Chrome ကိုနှိပ်ပါ.. Add ပြီးသွားလျှင် Chrome browser ၏ ညာဘက်အပေါ် ထောင့်တွင် ကကြီးခခွေး အိုင်ကွန်လေးပေါ်နေပါလိ့မ်မယ် .. အဲဒါကိုနှိပ်ပြီး ဇော်ဂျီဖြစ်ဖြစ် unicode ဖြစ်ဖြစ် တစ်ပြိုင်တည်းကြည့်လို့ရပါမယ်
http://goo.gl/UvFTwi

Mozilla Firefox အသုံးပြုသူများအတွက်

Menu button > Options> Content Tab>
Default Font မှာ သွင်းထားတဲ့ မြန်မာ ယူနီကုဒ်ဖောင့် တခုခုကို ရွေးပြီး OK နှိပ်လိုက်ရင် ရပါပြီ။
Firefox မှာ Unicode ရော ဇော်ဂျီရော တစ်ပြိုင်တည်းဖတ်ချင်ရင် Firefox Addon တစ်ခုဖြစ်တဲ့ Parallel Universe ဆိုတာကို သုံးနိုင်ပါတယ်.. အောက်ကလင့်ကို နှိပ်ပါ ပြီးလျှင် Download Now ကိုနှိပ်ပြီး သွင်းလိုက်ပါ..
http://goo.gl/ZJidbT

Maxthon အသုံးပြုသူများအတွက်
Maxthon menu button (Alt +F) > Settings > Advanced ကိုသွားပြီး Webpage Display နေရာမှာ Web page font ကို Select ခလုတ်ကနေ Unicode ဖောင့်တစ်ခုခုရွေးပေးလိုက်ရင် ရပါပြီ။

IE အသုံးပြုသူများအတွက်
Control panel > Internet Options ကိုသွားပြီး Fonts ခုလုတ်ကိုနှိပ်၍ Unicode font တစ်ခုခုကို ရွေးပေးလိုက်ပြီး OK နှိပ်ပါ၊ ထို့နောက် Accessibility ခလုတ်ကို ထပ်နှိပ်၍ User Style sheet ဆိုတဲ့နေရာမှာ Format documents using my style sheet ဆိုတာကို အမှန်ခြစ်ဖြုတ်လိုက်ပါ OK နှိပ်လိုက်ပါ .. အစကတည်းက အမှန်ခြစ်မထားရင်လည်း ဒီတိုင်းပဲ Ok နှိပ်လိုက်ပါ..

****************
အဲဒါတွေ လုပ်ပြီးရင် ယူနီကုဒ်ကို မြင်နိုင်ပါပြီ။
*************************
ကြုံတွေ့နိုင်သော အခက်အခဲများ
( ၁) အရင် က PC Viber သုံးလို့ပဲ ဖြစ်ဖြစ် GTalk သုံးလို့ပံ ဖြစ်ဖြစ် ဇော်ဂျီစာ မြင်ရဖိုအတွက် နိုဂို စက်ထဲပါသော Arial ဖောင့်ကို Zawgyi နဲ့ အစားထိုးထားသည်များရှိပါသည်။ ထိုarial Zawgyi ဖောင့်ရှိပါက မည်သည့်နေရာတွင်မှ မြန်မာယူနီကုဒ်စာများ မမှန်ကန်ပါ။ Addon များမှာလဲ အဆင်မပြေဖြစ်တတ်ပါသည်။

ဖြေရှင်းနည်း
မူရင်း Arial ဖောင့်ကို ပြန်ထဲ့ပေးလိုက်ပါ။
http://goo.gl/edRoUH

Replace လုပ်မည်ပြောလာပါမည်။ OK နှိပ်လိုက်ပါ။
ယူနီကုဒ်စာများ မမြင်ရသေးပါက Restart ချပါ။ မြင်ရလျှင် ပြီးပါပြီ။

( ၂) Arial ပြန်ထဲ့ရုံဖြင့် အဆင်မပြေသေးပါက PC Viber နောက် version အတွက် mmsd-viber.ttf ကို ထည့်ထားတာဖြစ်နိုင်ပါသည်။ Control Panel > Fonts > ထဲမှာ KaYin2014 ဆိုတဲ့ ဖောင့်ကို ရှာပါ။ တွေ့လျှင်ဖျက်လိုက်ပါ။ အပေါ်ကအတိုင်း ယူနီကုဒ်စာများ မြင်ရလား စစ်ပါ။ မမြင်ရသေးလျှင် Restart ချကြည့်ပါ။ မြင်ရလျှင် ပြီးပါပြီ။

( ၃) အပေါ်က ၂နည်းအတိုင်းအဆင်မပြေသေးဘူးဆိုလျှင်
Window 8 တွင် ဆိုလျှင် Registry ကိုပြင်ကြည့်ပါမည်။
https://www.facebook.com/groups/mmUnicode/968916099785563/
ဒီအထဲက အတိုင်းလုပ်ကြည့်ပါ။
restart ချကြည့်ပါ။ အဆင်ပြေရပါမည်။ (မှတ်ချက် Window 8 နှင့် 8.1 အတွက်သာ)

( ၄) Chrome အတွက်ဆိုလျှင် တော့ ဒီအဆင်တွေ ပြီးရင် ရသင့်နေပါပြီ။
Mozilla Firefox မှာ ဖောင့် ပြောင်းပြီးလို့ မရသေးဘူး ဆိုလျှင်-
- Firefox ကို ဖွင့်ပါ။
- address bar မှာ about:config ဟုရိုက်ထဲ့ကာ Enter ခေါက်ပါ
- ပေါ်လာတဲ့အထဲမှာ address bar အောက်နားမှာ Search : ဆိုတာ ရှိပါသည်။
- အဲဒီအထဲမှာ font.name ဟု ရိုက်ထဲ့လိုက်ပါ။ စာလုံးအမဲဖြင့် Bold ဖြစ်နေသော တန်ဖိုးများက ပြင်ထားသော အရာများ ဖြစ်ပါသည်။ အဲဒီတွေအထဲမှာ Zawgyi ကို လိုက်ရှာပါ။ တွေ့လျှင် အဲဒီတန်ဖိုးအပေါ်မှာ double click ၂ချက်နှိပ်လိုက်ပါ။ ပြီးလျှင် ပေါ်လာတဲ့ text box ထဲက ZawgyiOne ဆိုတဲ့ တန်ဖိုးကို ဖျက်လိုက်ပါ။ တွေ့သမျှ အကုန်ဖျက်ပါ။ တန်ဖိုးတခုလုံးကို ဖျက်ခိုင်းတာ မဟုတ်ပါဘူး။ အထဲက တန်ဖိုးကိုပဲ ဖျက်လိုက်ပါ။
- အဓိက ကတန်ဖိုးက
font.name.serif.x-unicode အဲဒီတန်ဖိုးဖြစ်ပါသည်။ အဲဒါမှာ ZawgyiOne တွေ့ပါက ဖျက်ပြစ်လိုက်ပါ။ default က Times New Roman ပါ။ ပြင်ချင်ရင် ပြင်ထားခဲ့ပါ။ တကယ်လို့ www.google.com.mm မှာ မြန်မာစာတွေ လေးထောင့်တုံးတွေပဲပေါ်ရင် အဲဒီတန်ဖိုးထဲမှာ ယူနီကုဒ်ဖောင့်တခုခုရဲ့ နာမည်ကို ထည့်ခဲ့ပါ။ နာမည်တွေကို Fonts ထဲ့မှာ ရှာနိုင်ပါသည်။ ဥပမာ Myanmar3, Pyidaungsu, Tharlon ပါ။ Firefox fonts Setting ကို Options > Content tab ထဲမှာ နောက်တခါ setting ပေးပါ။ ယူနီကုဒ်ဖောင့် တခုခုကို ပြန်ပြောင်းပေးလိုက်ပါ။ ဒါမှ မရလျှင် မရတာ ထပ်တာ လာမေးတော့ ဗျာ။
Zawgyi နဲ့သာ ပေါက်တတ်ကရ လုပ်မထားခဲ့ဘူးဆိုလျှင် မြန်မာယူနီကုဒ်ဖောင့်ထည့်ထဲ့တာကော ဇော်ဂျီဖောင့်ကို ပြန်ပြောင်းတာကော အဲလောက် မခက်တော့ပါ။ ဖြစ်နိုင်လျှင်တော့ ကိုယ်လုပ်တာ ကိုယ်မှတ်ထားတာ အကောင်းဆုံးပါပဲဗျာ။

ယခုပို့စ်အား အသေးစိတ်ရေးသားပေးသော ကိုဆန်းလင်းနိုင်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း

Blog တစ်ခုလုံးကို နိုင်ငံတကာ ဘာသာ ပြောင်းလို့ရပါပြီ .








ကျနော့်ဆိုက်ကို အခု နိုင်ငံတကာ ဘာသာကို ပြောင်းလို့ရပါပြီ. ယူနီကုတ်ဆိုရင် ပြောင်းရတာ ပိုပြီး အဆင်ပြေစေပါတယ်။ အဲ့အတွက်ကြောင့် ပြောင်းချင်သည့် ဘာသာကို မိမိကိုယ်တိုင် ရွေးချယ်လိုက်ပါ။ ရွေးပေးလိုက်တာနဲ့ တစ်ခါတည်း ဆိုက်တစ်ခုလုံး ပြောင်းလဲသွားပါလိမ့်မယ်။ အဲ့အတွက်ကြောင့် ထည့်ချင်ကြတဲ့သူများအတွက် အောက်မှာ ကုတ်ထည့်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


<div id="google_translate_element"></div><script type="text/javascript">
function googleTranslateElementInit() {
  new google.translate.TranslateElement({pageLanguage: 'en', multilanguagePage: true}, 'google_translate_element');
}
</script><script type="text/javascript" src="//translate.google.com/translate_a/element.js?cb=googleTranslateElementInit"></script>

2015အတွက်အကောင်းဆုံးအင်တာနက်Applicationများစုစည်းမှု


ဒီနေ့ တော့ ဦးလေးကြီး 2015အတွက် လက်ရှိ (Version)အသစ်စက်စက်လေး
တွေကို တင်ပြပေးမှာဖြစ်ပါတယ် လူတိုင်းလည်း ထိတွေဖူးတဲ့ apkတွေရှိသလို
မထိတွေဖူးတဲ့ apkတွေပါတင်ပေးမှာဖြစ်ပါတယ်
အကုန်လုံးကတော့latest Versionတွေပဲနော်
မိမိကြိုက်နှစ်သက်တဲ့  apkတွေကို Freeရယူသွားလိုက်ပါ
adf.ly ၉၉ဆင့်လောက်ခံထားတယ်နော် ခိခိ
နောက်တာပါ ဘာlinkမှမခံထားပါဘူး လွယ်ကူအောင်
မြန်မာလူမျိုးများ ကြုံဖူးသမျှ
 zippyshare Downloads linkကပဲပေးထားပါတယ်
အကုန်လုံးလည်း ကြိုက်နှစ်သက်တဲ့   Downloads linkဆိုတော့
ကဲအောက်မှာရယူသွားလိုက်ပါ
ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
  
facebook pageသို့ like နှိပ်ပေးပါအုံး(အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
Free Downloads link 2015 Applications
 
Facebook 24.0.0.30.15 APK  
   
wechat-6.0.1.50_r958037.apk

UC Browser Mini 9.7.0 APK

WhatsApp Messenger 2.11.476 APK

 Facebook Messenger 18.0.0.27.14 APK


chrome-browser-39.0.2171.93.apk


LINE 4.8.1 APK

maxthon-browser-for-tablet-4.3.5.2000.apk  

Viber 5.2.1.26 APK
 boat-browser-8.2.1.apk
skype-5.1.0.57240.apk
 4G Speed Up Internet Browser 0.1 APK
 yandex.browser-14.12.2125.9740.apk
 imo messenger 6.8.3 APK
mypeople-messenger-4.8.3.apk
upptalk-2.0.6.apk
ဦးအာကာ(acme mobile)
www.ooarkar.com

Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ...???





Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။

https://play.google.com/store/apps/details?id=com.oasisfeng.greenify
Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။

Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။









အဆင်ပြေပါစေ…….
Min Oke Kar (နည်းပညာမှတ်စု)
www.okkitstore.blogspot.com

Windows 8 နဲ့ 8.1 မြန်မာစာ

အခုတလော Windows 8 app တွေမှာ မြန်မာစာပြဿ နာတွေမေးလာတာများလာလို့ဒါလေး ပြန်တင်ပေးလိုက်ပါတယ် ။
ဒီ Font လေးတွေကတော့ Windows 8 နဲ့ 8.1 တွေမှာ Windows App တွေသုံးတဲ့ အခါ ဥပမာ Facebook , Mail App စတာတွေသုံးတဲ့အခါ မြန်မာစာ မမှန်တဲ့ သူတွေအတွက်သုံးနိုင်ပါတယ်..File ကို Extract လုပ်ပြီး Windows ရဲ့ Font system မှာ ဒါလေးကိုထည့်လိုက်၇ုံပါ ပဲ ....

ကွန်ပျူ တာ ကို ဘယ်သူ သုံးသွားလည်း


နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။
1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။

ပီစီမှာ Boot Time မြန်အောင်လုပ်နည်း

Boot Time မြန်အောင်လုပ်နည်း
Boot Time ကို ကျွန်တော်တို့ Window စတက်တဲ့အခါမှာ Boot time ကြာနေတာ ကြုံဖူးကျမှာပါ။ အဲဒီလို ကြုံရင် အောက်ပါအတိုင်းဖြေရှင်းကြည့်လိုက်ပါ။
1. Start မှ Run ကို click လိုက်ပါ။
2. Regedit လို့ ရိုက်ထည့်လိုက်ပါ။
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >>Dfrg >>BootOp t imizeFunction စတဲ့အတိုင်းအဆင်ဆင့်သွားလိုက်ပါ။ BootOptimizeFunction ပေါ်ကို click ပေးလိုက်ရင် ညာဘက်မှာ ရှိတဲ့ Name တွေထဲက Enable ကိုရှာလိုက်ပါ။ Enable ပေါ်မှာ Right click ထောက်လိုက်ပါ။ ကျလာတဲ့ Box မှ Modify ကို click လိုက်ပါ။
4. Edit String Box ကလေးကျလာပါမည်။ Value data မှာ “Y” လို့ တွေ့ရပါမည်။ Y to enable လို့ ပြောင်းလိုက်ပါ။ ပြီရင်တော့ Ok ပေါ့။

C Cleaner ကို Pro တစ်ယောက်လို အသုံးပြုခြင်း



မင်္ဂလာပါ။ C Cleaner က တော်တော်ကိုအသုံးဝင် ပြီး လူသိများတဲ့ Application တစ်ခုဖြစ်ပါတယ်။C Cleaner က သင့်ရဲ့ ယာယီ Internet File တွေနဲ့ ကိုယ်ရေးကိုတာ Data တွေကို ရှင်း လင်းပေးနိုင်တဲ့ Application ကောင်းတစ်ခုဖြစ်ပါတယ်။နောက်သူ့မှာ
ပုန်းနေတဲ့ Feature တွေတော်တော်များရှိပါတယ်။ကျွန်တော်တို့ ဒီ Post မှာပြောပြမှာ က အဲ့ဒီပုန်းနေတဲ့ Feature တွေအကြောင်းပဲဖြစ်ပါတယ်။
*Internet Cache တွေကိုဖျက်မယ်ဆိုရင်*
C Cleaner က သူ့ Default အနေနဲဆို တော်တော်များများ File တွေကို ဖျက်တတ်ပါတယ်။သင့်ရဲ့ Internet Cache File တွေကို မဖျက်ခင် သေချာပြန်စဉ်းစားသင့်ပါတယ်။(Internet Cache ဆိုတာ ကိုယ် က Internet Browser နဲ့ Site တစ်ခုကို Browse လုပ်လိုက်ပြီဆိုရင် Browser က သင့်ရဲ့ System မှာ အဲ့ဒီ Cache File တွေကို သိမ်းပါတယ်။သင်က နောက်တစ်ခါ အဲ့ဒီ Site ကိုထက်သွားမယ်ဆို
ရင် အဲ့ဒီ Site ရဲ့ Image တွေနဲ့ တခြား File တွေကို cache လုပ်ထားတဲ့ အတွက် site ကို loading လုပ်တာ မြန်လာစေပါတယ်။)
တကယ်လို့ သင်က နေရာလွတ် လိုချင်လို့ ပဲဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကိုပဲဖြစ်ဖြစ် ဖျက်ချင်ရင် ဖျက်လို့ရပါတယ်။မကြာခဏ Cache File တွေကို ဖျက်နေမယ်ဆိုရင် Website
တွေ Loading လုပ်တာ နှေးသွားစေနိုင်ပါတယ်။
*Thumbnail cache တွေကိုဖျက်မယ်ဆိုရင်*
(Windows Explorer အောက်မှာရှိတဲ့) Thumbnail cache တွေကို ဖျက်မယ်ဆိုရင် လည်းနှေးသွားစေတဲ့
အရာတွေရှိ ပါတယ်။Thumbnail cache တွေကို ဖျက်လိုက်ရင် - Image File တွေရှိတဲ့ Folder တွေကို
ဖွင့်လိုက်ရင် Thumbnail cache ပြန်လုပ်ရတာကြောင့် Folder ကိုဖွင့်ရတာ နှေးသွားစေနိုင်ပါတယ်။
*အရေးကြီးတဲ့ Cookie များ*
C Cleaner ကသူ့ Default Setting နဲ့ ဆို Cookie တွေအကုန်လုံးကို ဖျက်ပစ် တတ်ပါတယ်။ဒါပေမယ့် Cookie တစ်ချို့ကိုတော့ သိမ်းထားရပါလိမ့်မယ်။တကယ်လို့ သင်က C Cleaner ကို Run ပြီးတိုင်း ကိုယ် Log In ၀င်ထားတဲ့ Site တွေကို ပြန်ဝင်နေရတယ်ဆိုရင် - C Cleaner ကိုဖွင့် >> Options ကိုသွား >> Cookie ဆိုတဲ့ Section ကိုသွားပါ။
"Cookie to Delete" ဆိုတဲ့ အောက်က Section မှာ Right Click >> Intelligent Scan ကိုနှိပ်ပါ။
C Cleaner က Google, Hotmail, နဲ့ Yahoo Mail တွေရဲ့ Cookie ကို Auto ထည့်ပေးသွားပါလိမ့်မယ်။

တကယ်လို့ သင်က နောက်ထက်တစ်ခြား Site တွေရဲ့ Cookie တွေကိုထည့်ချင်ရင် - ဥပမာ- bloggerakm.blogspot.com ကိုရှာပါ။အပေါ်ပုံမှာပြထားတဲ့ အတိုင်း -> ကိုနှိပ်လိုက် ပါ။အဲ့ဒီနည်း နဲ့ သင်ကြိုက်တဲ့ Website တွေရဲ့ Cookie ကိုထည့်နိုင်ပါတယ်။
*သတိထားသင့်သော Registry Cleaner*
C Cleaner Application မှာ Registry Cleaner တစ်ခုပါဝင်ပါတယ်။တစ်ချို့ ပညာရှင်တွေက Registry Cleaner တွေကိုမသုံးသင့်ဘူးလို့ ဆိုပါတယ်။ဘာဖြစ်လို့လည်း ဆိုရင် Windows ရဲ့ Registry က ထောင်ကို ရာနဲ့ ချီပြီး ရှိပါတယ်။တကယ်လို့ သင်က Registry Cleaner တွေကိုသုံးပြီး အခုတစ်ရာ လောက် Remove လုပ်လိုက်ရင် တောင်မှ သင့် PC ရဲ့ စွမ်းဆောင်ရည် ဘာမှထူးရှားမှုရှိလာ
မှာမဟုတ်ဖူးလို့ဆိုပါတယ်။နောက်ပြီး Registry Cleaner တွေက အရေးကြီးတဲ့ Registry Value တွေကို
ပါ Remove လုပ်ပစ်တတ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သင် Registry Cleaner တွေကို Run တော့မယ်ဆိုရင် အရင်ဆုံး Registry တွေကို Backup လုပ်ထားသင့်ပါတယ်။ဥပမာ- C Cleaner ရဲ့ Registry Cleaner မှာဆိုရင် Registry တွေကိုပြင်တဲ့ အခါမှာ Backup လုပ်ခိုင်းပါတယ်။ Backup လုပ်ချင်တယ်ဆို "Yes" မလုပ်ရင် "No" ။
*Startup Program များကို Manage လုပ်ခြင်း*
Computer ကိုဖွင့်လိုက်တိုင်း Auto-run တတ်တဲ့ Program တွေကို Tools Section မှာရှိတဲ့ "Startup"
ကနေပိတ်လို့ရပါတယ်။အဲ့ဒီမှာ Disable နဲ့ Delete ဆိုပြီး option နှစ်ခုရှိပါတယ်။အဲ့ဒီ့ နှစ်ခုထဲက Disable ကိုပဲ သုံးသင့်ပါတယ်။Delete ကိုသုံးရင် ကိုပိတ်ချင်တဲ့ Startup Program ကို ဖျက်ပစ်ပါလိမ့်မယ်။
နောက်တစ်ခါ Enable လုပ်ချင်ရင် မရတော့ပါဘူး။အဲ့ဒါကြောင့် Disable ကိုသုံးသင့်တယ်လို့ပြေတာပါ။
*Drive များကိုရှင်းလင်းခြင်း*
Windows (သို့) တခြား Operating System တစ်ခုက File တစ်ခုခုကို ဖျက်လိုက်တယ်ဆိုရင် Hard Disk
ကနေ အမှန်တကယ်ဖျက်လိုက်တာမဟုတ်ပါဘူး။အဲ့ဒီ့ File ကို ညွန်းထားတဲ့ အညွန်းတွေကိုသာ ဖျက်လိုက်ပြီး Windows ကအဲ့ဒီ့နေရာ ကို Free Space ဖြစ်သွားပြီဆိုပြီး Mark လုပ်ပေး လိုက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Recovery Software တွေနဲ့ File တွေကို Recover လုပ်လို့ ရတာဖြစ်ပါတယ်။C Cleaner က Recover လုပ်လို့ မရအောင် သူ့ရဲ့ Drive Wiper ကကူညီပါလိမ့်မယ်။
ဒီ Drive Wiper tool နဲ့ Drive တစ်ခုလုံးထဲမှာ ရှိတဲ့ Data တွေအကုန်လုံးကို Wipe လုပ်ပေးနိုင်ပါတယ်။
C Cleaner ကို Run တိုင်း Free Space တွေကိုသာ Wipe လုပ်ပေးဖို့အတွက် Wipe Free Space ဆိုတဲ့
လေးထောင့် အကွက်ကို အမှန်ခြစ်ပေးထားလိုက်ပါ။C Cleaner Run တိုင်းအချိန်နည်းနည်း တော့ကြာပါ
လိမ့်မယ်။C Cleaner က Wipe Free Space ကို အမှန်မခြစ် ထားတဲ့ အတိုင်း ထားသင့် တယ်လို့ပြောပါတယ်။
*File များကို လုံခြုံစွာ Delete လုပ်ခြင်း*
သင့်မှာ C Cleaner ရှိတယ်ဆိုရင် Drive Cleaner ကိုသုံးပြီး File တစ်ခုချင်းစီကို လုံခြုံစိတ်ချစွာ Delete
လုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ပုံမှန် Delete လုပ်တာထက် အချိန်ပိုကြာပါလိမ်မယ်။ဘာကြောင့် လဲဆိုရင် Default အနေနဲ့ OS က File တွေကို လုံခြုံမှုရှိအောင် Delete မလုပ်ပါဘူး။တကယ်လို့ ကိုယ်သုံးနေတဲ့ File တွေက ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်နေတယ်ဆိုရင် Setting ရဲ့ Option Section မှာ Enable လုပ်လို့ရပါတယ်။
*Custom File များကိုထည့်ခြင်း*
သင်သုံးနေတဲ့ File တွေက C Cleaner ရဲ့ Application List ထဲမှာမပါဘူးဆိုရင် (သို့) သင့်မှာ ယာယီ File
တွေရှိတဲ့ Folder တွေရှိတယ် အဲ့ဒီ့ ဟာတွေကို C Cleaner ထဲကိုထည့်ပြီး ပုံမှန် C Cleaner ကို Run တိုင်း
ဖျက်နိုင်အောင် C Cleaner ရဲ့ Include Section ကနေထည့်လို့ရပါတယ်။

အဲ့ဒီ File တွေ Folder ကိုထည့်ပြီးတိုင်းလည်းဖျက်လို့မရသေးပါဘူး။Advance အောက်က check-box
မှာ အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။
*File များကို Exclude လုပ်ခြင်း*
ဒါလည်း ထိုနည်း၎င်း ပဲ သင်မဖျက်စေချင်တဲ့ Folder တွေ File တွေရှိတယ်ဆိုရင် Option Section ရဲ့ Exclude ကနေ ချန်ထားလို့ရပါတယ်။ဘာတွေ ချန်ထားလို့ရလည်းဆိုရင် Drive တစ်ခုလုံး,Folder တွေ,
File တွေ,Registry key တွေ ကုန်ကုန်ပြောရရင် File တွေရဲ့ Extension တစ်ခုစီအလိုက် ချန်ထားခဲလို့
ရပါတယ်။
*Install လုပ်ပြီးသား Program တွေကို Manage လုပ်ခြင်း*
သင်သွင်းထား တဲ့ Program တွေကို C Cleaner ကိုသုံးပြီး Uninstall လုပ်နိုင်ပါတယ်။Program တွေကို
Uninstall လုပ်ဖို့အတွက် Tools Section က Uninstall ကနေသုံးနိုင်ပါတယ်။ဒီမှာ Rename နဲ့ Delete ဆိုပြီး Feature နှစ်ခုပိုပါလာပါတယ်။အဲ့ဒီ့ Feature တွေကိုသုံးပြီး C Cleaner Uninstaller List ထဲမှာ ရှိတဲ့
Program တွေကို Rename နဲ့ Delete လုပ်နိုင်မှာ ဖြစ်ပါတယ်။နောက်ပြီး သင် Uninstall လုပ်ထားတဲ့
Program တွေရဲ့စားရင်ကို Text File နဲ့ သိမ်းထားနိုင်ပါသေးတယ်။
ဒီ Post ကကျွန်တော့်ရဲ့ မိတ်ဆွေများကို တစ်ထောင့်တစ်နေရာ ကနေ အထောင်ကူပြုလိမ့်မယ်လို့မျှော်
လင့်ပါတယ်။

Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း




                                                        Download

Blog လုပ်နည်း




Blog လုပ်ရန်အတွက် အခြေခံ သိသင့်သည်များပါခင်ဗျာ။

PC မှာ Internet Connection ၂၀% ပိုမြန်လာအောင်လုပ်မယ်


Microsoft ဟာ Windows Updates လို၊ သင့် PC ရဲ့ Information ကို ရယူခြင်းလို ကိုယ်ကျိုးအတွက် သုံးဖို့ရည်ရွယ်ပြီး သင်ရနိုင်တဲ့ Bandwidth ရဲ့ ၂၀% ကို “ဖြောင်”ထားပါတယ်။ အဲဒီ ၂၀% ကို သင်က ပြန်လည်ရယူနိုင်ပါတယ်။
(၁) Windows Key + R နှိပ်ပါ။
(၂) gpedit.msc လို့ ရိုက်ထည့်ပါ။
Group Policy Editor ကျလာပါလိမ့်မယ်။
(၃) Local Computer Policy >>> Computer Configuration >>> Administrative Templates >>> Network >>> QOS Packet Scheduler >>> Limit Reservable Bandwidth စသည့် အစဉ်အတိုင်း သွားပါ။
(၄) Limit Reservable bandwidth အပေါ်တွင် Double Click နှိပ်ပါ။ Configured မလုပ်ရသေးဘူးလို့ ပေါ်နေပါလိမ့်မယ်။ အဖြစ်မှန်က Explain Tab ထဲမှာရှိပါတယ်။ Bandwidth ရဲ့ ၂၀% ကို ကိုယ်ကျိုးအတွက် ဖြောင်ထားတဲ့အကြောင်း Microsoft က ၀န်ခံထားပါတယ်။ ဒါပေမဲ့ သင်ပြန်ယူချင်ယူနိုင်ကြောင်းလည်း လေပြေလေးထိုးပါလိမ့်မယ်။ အားမနာပါနဲ့... ပြန်ယူလိုက်ပါ။
(၅) ENABLE ကို Click လုပ်ပါ။ Bandwidth ကို ZERO (0) ထားလိုက်ပါ။ ဒါဆိုရင် သင်ရနိုင်တဲ့ Bandwidth အပြည့်အ၀ကို သုံးနိုင်ပြီဖြစ်ပါတယ်။
ကျွန်တော်စမ်းကြည့်တာတော့ (စိတ်ထင်လို့ပဲလားမသိဘူး) မြန်လာတယ်တော့ ထင်တာပဲ... Razz

Registry ထဲမှာ Network Adapter တစ်ခုခုအတွက် Bandwidth Limit ကို သတ်မှတ်ထားခဲ့မယ် ဆိုရင်တော့၊ အဲဒီ Network Adapter ကို Configure လုပ်တဲ့အခါကျရင် ဒီ Setting ဟာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
မှတ်ချက်။ Microsoft က “ဖြောင်” ထားတယ်ဆိုတာ Reserve လုပ်ထားတာကို ပြောတာဖြစ်ပါတယ်။ အဓိပ္ပာယ်အတိအကျဆိုရင် “လိုအပ်ရင်သုံးနိုင်ဖို့ သိမ်းထားတဲ့” သဘောမျိုးဖြစ်ပါတယ်။

Facebook ဘယ်လို ဟတ်မလဲ



မင်္ဂလာပါခင်ဗျာ... Facebook ဘယ်လို ဟတ်မလဲ (မြန်မာလို) စာအုပ်ကလေးကို မျှဝေပေးလိုက်ပါတယ်... ဒီစာအုပ်ကလေးကို နည်းပညာစာအုပ်များစွာကို မျှဝေပေးနေတဲ့ ကီးကီး မှပြုစုရေးသားထားတာဖြစ်ပါတယ်... နမူနာကြည့်နိုင်အောင် တရွက်ချင်းတင်ပေးထားပြီး လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Dropbox, Minus နှစ်နေရာတင်ပေးထားပါတယ် ...


ပုံသေးနေပါက click ပြီး ကြည့်နိုင်ပါသည်။












Facebook ဘယ်လို ဟတ်မလဲ (မြန်မာလို)
Minus

>>>  Download  <<< 
dropbox
                                                  >>>  Download  <<<

Web Log များ ရေးနည်း စာအုပ်



ဒါကတော့ မျိုးသူရ ရေးသားသော Building Free Websites စာအုပ်ပါခင်ဗျာ။ ဖြစ်နိုင်ရင်တော့ စာရေးသူရဲ့ စာအုပ်ကိုသာ ၀ယ်ဖတ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဆီမှာ ၀ယ်ဖတ်ခြင်းအားဖြင့် သူရဲ့ ရေးသားချက်များ ဟာ အသစ်သစ်တွေကို ကျွန်တော်တို့ ဖတ်လို့ ရတာပေါ့ ခင်ဗျာ။ အကယ်၍ အဆင်မပြေသူများသာ ဒီနေရာက ဒေါင်းကြစေချင်ပါတယ်ခင်ဗျာ။..စာဖတ်သူရဲ့ကြိုးစားမှုကို လေးစားလျှက်

CCProxy အသုံပြုနည်း




မင်္ဂလာပါခင်ဗျာ.... CCProxy အသုံပြုနည်း စာအုပ် လော့လာလိုတဲ့သူငယ်ချင်းများ လေ့လာနိုင်ရန် မျှဝေပေးလိုက်ပါတယ်....

CCProxy အသုံပြုနည်း စာအုပ်

Dropbox

>>>  Download  <<<
 
Sharebeast

>>>  Download  <<<
Minus

>>>  Download  <<<

Network အခြေခံ

Network အခြေခံနည်းစနစ်




Dota2 Offline Server ပြုလုပ်ခြင်း

Dota2 Offline Server ဘယ်လိုထောင်မလဲ..


Dota2 Offline Server ဘယ်လိုထောင်မလဲ..

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်းထိုးနည်း

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်




နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃
၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop
ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine
နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့်
နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့)
ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။





Type of Subtitle

စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။
Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး
တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။
စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့
ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို
English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊
Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။



How to use softsub?

Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး
Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို
သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video
file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊
တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့
ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt
ဆိုပြီးထားရပါမယ်။



Subtitle တွေကို ဘယ်မှာ ရှာရမလဲ??

Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို
ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ
ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့
subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက
စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။
များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ
အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း
ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။



http://subscene.com/

http://www.opensubtitles.org/

http://www.divxsubtitles.net/

http://www.mysubtitles.org/

http://www.allsubs.org/

http://www.tvsubtitles.net/



မြန်မာစာတန်းထိုးပြောင်းကြမယ်

video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ
ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က
အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။
ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက
မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline
တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး
စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။
file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode
လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့
ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။



Produce DVD,VCD or Hardsub

မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter
ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file
နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD
ထုတ်လို့ရပါပြီ။



ref: Ko Kyaw Zwar (taunggyicherryland)

http://www.sawlinux.org/2013/07/blog-post.html