Popular Posts

Tuesday, May 31, 2016

ဂစ်တာ နှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများအတွက်




ဂစ်တာ နှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများအတွက် 

ဂစ်တာ မတီးခတ်မီ ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့အစိတ်အပိုင်းများနှင့် အကျွမ်းဝင်
ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ (လျှာရှည်ပြီ) ဂစ်တာရဲ့အစိpartsofguitarတ် အပိုင်းတွေကတော့ - - - -
ပထမဆုံး Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ (သြော် ရှင်းသွားတာပဲ..  ) အဲဒီမှာရှိတဲ့ Tuning keys (or) Machine Headsလေးတွေနဲ့ ခင်ဗျားဂစ်တာ ကို ကြိုးညှိရပါမည်။

အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိပါသည် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့) သစ်သား စတာတွေနဲ့ပြုလုပ်လေ့ရှိပါသည် ။ သေးငယ်ပေမယ့် အင်မတန်အရေးပါတဲ့ ကောင်လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊ ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကိုယူထားပါတယ် ။


နောက်အစိတ်အပိုင်း တစ်ခုကတော့ ခင်ဗျားရဲ့အိပ်မက်တွေကို ပျိုးကြဲပေးမယ့် Neck လို့ခေါ်တဲ့ ဂစ်တာ လက်တံကြီးပါပဲ အဲဒီက Frets(သတ္ထုဘား)များနဲ့ ပိုင်းခြားထားတဲ့ Fretboard (လက်ကွက်ပြား)ပေါ် က နေရာ အမျိုးမျိုးမှာ စနစ်တကျ ကွဲပြားခြားနားတဲ့ သံစဉ်အမျိုးမျိုးကို ခင်ဗျား ဖန်တီးနိုင်ပါတယ် ။ အဲဒီမှာ ခင်ဗျား မှတ်မိလွယ်အောင် position marker လို့ခေါ်တဲ့ လက်ကွက်ပြား အမှတ် အသားလေးတွေ မြှုပ်ပေးထား ပါတယ် ။ များသောအားဖြင့် အဝိုင်းလေးတွေပါ ။ တခြားပုံစံတွေ လည်း ပြု လုပ်နိုင်ပါတယ် ။ (အော်ဒါမှာပေါ့  J) ။

ကဲ … နောက်ဆုံးကတော့ အသံထွက်တဲ့ ဂစ်တာရဲ့ ကိုယ်ထည်(Body)ပါပဲ ။ ကိုယ်ထည်မှာကတော့ Sound Hole(အသံထွက်ပေါက်) ၊ ဂစ်တာကို လက်ခတ်ပြားနဲ့ ခြစ်မိမှာစိုးလို့ (ထင်တာပဲ) အလှဆင်ထားတဲ့ Pickguard(လက်ခတ်ပြားထိန်း) နှင့် Bridge (ကြိုးထိန်းခုံ) တစ်ခု ရှိပါတယ် ။ Bridgeပေါ်မှာလည်း Nutနှင့်ဆင်တူတဲ့ အသံထွက်ဖို့ထောက်ပံ့ပေးတဲ့ Saddleခေါ် ကြိုးထိန်းရန် ပင့်မရန် အပြားလေးအပြင်၊ ဂစ်တာကြိုးတပ်ဖို့ string pegs ခေါ်တဲ့ ငုတ်လေးတွေလည်း ရှိပါတယ် ။

နောက်ပိုင်းပြုလုပ်တဲ့ ဂစ်တာအများစုမှာတော့ string pegs ပါတာများပါတယ် ။ အရင်တုန်းက ဂစ်တာတွေမှာတော့ နောက်ဆွဲ ခေါ်တဲ့ (tailpiece) မှာဂစ်တာကြိုးကိုသွင်းပြီး တပ်ရပါတယ် ။ ကဲ … ဒီလောက်ရှင်းရရင် ကျေနပ်ပါပြီ ။ ဂစ်တာစပြီး ကိုင်လိုက်ကြစို:)
ညာဘက်ပေါင်ပေါ် ဂစ်တာတင် တီးခြင်း


လက်တန်းမပါတဲ့ ထိုင်ခုံတစ်လုံးမှာ ခါးကို ခပ်မတ်မတ်ထိုင်လိုက်ပါ ။ သက်တောင့်သက်သာ ရှိရပါမယ် ။ အရည်တောက်တောက်ကျခြင်း ပျော့ခွေခြင်း နောက်မှီ ထားခြင်း မရှိသင့်ပါဘူး ။ ထိုင်ခုံမှာ နောက်မှီ မပါရင် ပိုကောင်းပါတယ် ။ ဂစ်တာကို ညာဘက်ပေါင်ပေါ်ကို တင်လိုက်ပါ ။ ဂစ်တာလက်တံ ဟာ ခန္ဓာကိုယ်နဲ့ ၃၅ဒီဂရီခန့် စောင်းထားလိုက်ပါ ။ ဂစ်တာလက်တံကို အပေါ်နည်းနည်းမြှောက်ထားပါ ။ ဂစ်တာတင်ထားတဲ့ ညာခြေအောက်မှာ အမြင့်တစ်ခု ခံထားချင်လည်းရပါတယ် ။ ဒီပုံစံဖြင့် acoustic guitar (သံကြိုးတပ် ဂစ်တာ)နှင့် electric guitar (လျှပ်စစ်ဂစ်တာ) တို့ကို တီးခတ်နိုင်ပါတယ် ။
ဘယ်ဘက်ပေါင်ပေါ် ဂစ်တာတင်တီးခြင်း (Classical-position)


ဒီပုံစံကိုတော့ classical position လို့ သိကြပါတယ် အများအားဖြင့် classical music ကို nylon-string guitar (နိုင်လွန်ကြိုးတပ်ဂစ်တာ) ဖြင့် တီးခတ်လေ့ရှိပါတယ် ။ ဒီပုံစံကတော့ အပေါ်ကပုံစံရဲ့ ပြောင်းပြန်ပါ ။ ဂစ်တာကို ခန္ဓာကိုယ်မှာ ပိုက်ပြီးတီးတဲ့ ပုံစံပါ ။ ဂစ်တာကို ဘယ်ခြေပေါ်တင်လိုက်ပါ ။ ဂစ်တာတင်ထားတဲ့ ဘယ်ခြေရဲ့အောက်မှာ ၆လက်မခန့် အမြင့်တစ်ခုကို ခံထားပေးပါ ။ အမြင့်ခံ၍ ခြေထောက်မြှောက် ထားခြင်းကြောင့် ဂစ်တာသည် ဘယ်ဘက်ရင်အုံမှာ ကပ်နေပါမယ် ။ ဂစ်တာလက်တံကို ၄၅ဒီဂရီ ခန့် မြှောက်ထားလိုက်ပါ ။

ဤအနေအထားသည် ဘယ်လက်ကို Fretboard တစ်ခုလုံး လွတ်လပ်စွာ သွားလာတီးခတ်နိုင်သလို ညာလက်ကိုလည်း သက်တောင့်သက်သာ ရှိစေပါတယ် ။ classical position ဟုခေါ်သော်ငြားလည်း သံကြိုးတပ်ဂစ်တာ ၊ လျှပ်စစ်ဂစ်တာများဖြင့်လည်း တီးခတ်နိုင်ပါတယ် ။ (ဘယ်သူမှတရားမစွဲပါ J) လွယ်ကြိုးနဲ့ မတ်တပ်ရပ်တီးတဲ့ပုံစံကိုတော့ ဒီအခြေခံစာအုပ်မှာ ထည့်မရေးတော့ပါဘူး ။ (ပျင်းလို့)
Guitar Plectrum ကိုင်တွယ်ခြင်း (ညာလက်အနေအထား)

ဂစ်တာ လက်ခတ်ပြားကို Plectrum (သို့) Pick လို့လည်းခေါ်ကြပါတယ် ။ အရင်ဆုံး pick တစ်ခုဝယ်လိုက်ပါ (သို့) ဂစ်တာတီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီက တောင်းလိုက်ပါ ။ (ဆောရီး အကျင့်ပါ သွားလို့  ) ယေဘုယျအားဖြင့် pick ၃မျိုးရှိပါတယ် ။ Thin(လက်ခတ်အပါးစား) , Medium(မထူမပါး) နဲ့ Heavy (အထူစား) ပါ ။

ဂစ်တာစတီးသူတွေအတွက် Thinနှင့်Medium ဟာအသင့်တော်ဆုံးပါပဲ ။ pick ကိုင်ဖို့ ညာလက်ချောင်းများရဲ့ အလယ်ဆစ်ကိုကွေးလိုက်ပါ ။ လက်သီးမဆုပ်ထားပါဘူး ။ လက်ချောင်းတွေပဲ ဆုပ်ထားတာပါ ။ အနူလက်သီးပုံစံပေါ့ဂျာ ။ ပြီးရင် လက်ညိုးကွေးပေါ်မှာ pick ကိုတင်ပြီး လက်မဖြင့် ညပ်လိုက်ပါ ။ pick ကိုဖိမကိုင်ရပါဘူး ။ လက်မကခပ်ဖွဖွထိန်းထားရုံပါ ။ pickကို လက်မအပြင်သို့ လက်မဝက်ခန့် အရှည်ထုတ်ထားလိုက်ပါ ။ pickနဲ့လက်မဟာ ၉၀ဒီဂရီ ထောင့်ချိုးရှိနေရပါမယ် ။ ဒါက ကိုင်တဲ့နည်းစနစ်ပါ ။

တီးတဲ့အခါလည်း pickကို ကြိုးတွေပေါ်မှာ အပြားလိုက် ဒဲ့တီး ရပါတယ် ။ (စောင်းမတီးပါ) ။ အဲလိုတီးမှ floating ဖြစ်ပါမယ် ။ Rhythm တီးခတ်တဲ့အခါ ညာလက်ကို တတောင်ဆစ် တစ်ခုလုံး လွှဲ ၍တီးပါတယ် ။ (နာရီချိန်သီးလွှဲလိုမျိုးပါ) ။ ဂစ်တာကြိုး၆ကြိုးဟာ လက်လွှဲကျယ်ရဲ့ အလယ်မှာရှိပါမယ် ။ pickကို ခပ်ဖွဖွကိုင်၍ floating ဖြစ်ရမှာကို သတိထားပါ ။ လက်ကိုလေထဲမှာပဲ ထားပါမယ် ။ ဂစ်တာကိုယ်ထည်ကို လက်သန်းထောက်ခြင်း ၊ Bridgeခုံကိုမီထားခြင်း မပြုရပါဘူး ။ အဓိကpicking ၂မျိုးရှိပါတယ် ။ down stroke(ဂစ်တာကြိုးပေါ်မှ ကြိုးအောက်သို့ တီးခတ်ခြင်း) နှင့် up stroke(ဂစ်တာကြိုးအောက်မှ အပေါ်သို့ပင့်ခတ်ခြင်း) တို့ဖြစ်ပါတယ် ။ ထိုသို့တီးခတ်ရာတွင်လည်း free stroke (pickကိုအလွတ်လေထဲတွင်တီးခြင်း)နှင့် rest stroke(pickကိုအောက်ကြိုးပေါ်တွင်ရပ်နားခြင်း) ဟူ၍ရှိပါတယ် ။

ကျွန်တော်တို့က free stroke ဖြင့်သာလေ့ကျင့်ပါမယ် ။ အစပိုင်းမှာ pick ခဏခဏ လွတ်ကျပါလိမ့်မယ် ။ စိတ်မပျက်ပါနဲ့ ။ ပြန်ကောက်ပြီး တီးလိုက်ပါ။ ရာမ မင်းသားတောင် မယ်သီတာ အခိုးခံရသေးတာ မဟုတ် လား ။ (ဘာမှလည်းမဆိုင်ဘူး J)
ဘယ်လက်အနေအထား


ဂစ်တာလက်တံ နောက်ဘက်ကို စိတ်ပိုင်းဖြင့်ထက်ဝက် ပိုင်းလိုက်ပါ ။ ဘယ်ဘက်လက်မဟာ ဂစ်တာ လက်တံရဲ့ အောက်ဘက် (သို့) အလယ်နားတဝိုက်မှာသာ ရှိရပါမယ် ။

ပုံစံ-၁ ကိုကြည့်ပါ (လက်ချောင်း ထိပ် တည့်တည့် တီးခတ်နိုင်ဖို့ ဒီအနေအထားကို ဂရုတစိုက် လေ့ကျင့်ပေးရပါမယ် ) လက်ဖဝါး ဟာ ဂစ်တာ လက်တံမှာ ကပ်မထားရပါဘူး ။ လက်မနှင့် ကျန်လက်လေးချောင်းဟာ ဂစ်တာလက်တံကို ခွထားတဲ့အနေအထားပါ ။

ပုံစံ-၂ ကိုကြည့်ပါ ။ တတ်နိုင်သလောက် ကြေးဘားတန်းများရဲ့ ဘယ်ဘက်နားမှာကပ်ပြီး တီးပါ ။ လက်ချောင်းများနှင့် ဂစ်တာလက်တံဟာ ထောင့်မှန်အနေအထား ရှိပါတယ် ။ အလေ့အကျင့် မရှိသေးရင် အနည်းငယ် ခက်ခဲနိုင်ပါတယ် ။ လက်ကောက်ဝတ်ကို ချိုးထားသလို မဖြစ်ရအောင် ဂစ်တာလက်တံကို အပေါ်အနည်းငယ် မြှောက်ထားရင် သက်သက်သာသာ တီးနိုင်ပါတယ် ။ အဆင်ပြေပါစေဗျာ …. ။
ဂစ်တာကြိုးညှိခြင်း
ဂစ်တာစတင်မတီးခတ်မီ ဂစ်တာကြိုးတွေကို မဖြစ်မနေ ကြိုတင်ညှိထားရပါမယ် ။ ခရမ်းပြာသံစဉ်တွေ တီးချင် တယ် ဆိုရင် မညှိလို့လည်း ရပါတယ် ။ ( နောက်တာပါ ။ မညှိလို့မရပါဘူး  ) ဂစ်တာကြိုးညှိတဲ့ နည်း စနစ် အမျိုးမျိုးရှိပါတယ် ။

· အီလက်ထရစ်ကိရိယာဖြင့်ဂစ်တာသံညှိခြင်း (Electric/Digital Tuner)
· အသံညှိပိုက်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning/Pitch Pipe )
· အသံညှိခက်ရင်းဖြင့်ဂစ်တာသံညှိခြင်း ( Tuning Fork )
· စန္ဒရား၊ကီးဘုတ်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Piano/Keyboard )
· နားဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Ear ) … စသည်ဖြင့် အမျိုးမျိုးရှိပါတယ် ။ ယနေ့ အင်တာနက် ကွန်ပြူတာ ခေတ်မှာတော့ softwareဖြင့် ကြိုးညှိခြင်းအပြင် ၊ onlineမှတဆင့် လွယ်ကူစွာ ဂစ်တာကြိုး ညှိနိုင်ပါသေးတယ် ။

Electric/Digital tuner သုံးပြီးအသံညှိ တာကတော့ အမြန်ဆန်ဆုံး အလွယ်ကူဆုံးနဲ့ အတိကျဆုံးပါပဲ ။ (ဈေးကလည်း တိတိကျကျကောင်းပါတယ်) E-tuner အများစု မှာတော့ Guitarအပြင် Bass/Violin/ukulele စတဲ့ ကြိုးတပ် တူရိယာတွေလည်း ညှိနိုင်ပါတယ် ။ ဒါ့အပြင် ဂစ်တာ ကျင့်လျင် မရှိမဖြစ်လိုအပ်တဲ့ Metronome ခေါ် နရီ ချိန်စက်လည်း တွဲပါလေ့ရှိပါတယ် ။ အသုံးပြုရလွယ်ကူတယ် ဆိုသော်လည်း အနည်းဆုံး ဂစ်တာ လွှတ်ကြိုးတွေရဲ့ အသံကိုတော့ သိထားရပါမယ် ။ Standard tuning လို့ခေါ်တဲ့ ယေဘုယျ စံအဖြစ် သတ်မှတ်ထားတဲ့ ဂစ်တာကြိုးအသံတွေက - - -

· နံပါတ်၁လွှတ်ကြိုး = E (329.63Hz)
· နံပါတ်၂လွှတ်ကြိုး = B (246.94Hz)
· နံပါတ်၃လွှတ်ကြိုး = G (196.00Hz)
· နံပါတ်၎လွှတ်ကြိုး = D (146.83Hz)
· နံပါတ်၅လွှတ်ကြိုး = A (110Hz)
· နံပါတ်၆လွှတ်ကြိုး = E (82.41Hz) …. တို့ဖြစ်ကြပါတယ် ။

လွှတ်ကြိုးသံတွေကို သိထားဖို့လိုပေမယ့် Frequencyတွေကတော့ မှတ်ဖို့မလိုပါဘူး ။ ဗဟုသုတအဖြစ် ထည့်ထားတာပါ ။ ညှိပုံနည်းစနစ်ကတော့ Guitar cable ခေါင်းတစ်ဖက်ကို ဂစ်တာရဲ့output jack ပေါက်မှာထိုး၍ ကျန်cableခေါင်းတစ်ဖက်ကို Tunerရဲ့ input ပေါက်မှာ ထိုးလိုက်ပါ ။ Tunerသည် Click-typeဆိုပါက ဂစ်တာခေါင်း (Headstock)တွင် ညှပ်လိုက်ပါ ။

အကယ်၍ ခင်ဗျားဂစ်တာမှာ jackပေါက်မပါလည်း Tuner က built-in Microphone ကိုဖွင့်၍ ဂစ်တာနား ကပ်ပြီး ညှိလည်းရပါတယ် ။ ကဲ..ကြိုးစညှိရအောင် ဂစ်တာနံပါတ်၁ကြိုးကိုတီးလိုက်ပါ ။ screen မှာ B,C,D စသည်ဖြင့် ပေါ်နေတဲ့အခါ E ကိုရောက်အောင် ညှိပါမယ် ။ များသောအားဖြင့် လျော့နေတာများပါတယ် ။ Eကိုရောက်တဲ့အခါ မီတာတံလေးကို အလယ် တည့်တည့်ကျအောင် ထပ်ပြီးညှိရပါမယ် ။ အသံနိမ့်တဲ့အခါ flat sign ( b ) ဘက်ကိုမြှားရောက်နေပြီး ၊ အသံမြင့်တဲ့အခါ sharp sign ( # ) ဘက်ယိုင်နေတဲ့မီတာတံလေးကို တွေ့ရပါမယ် ။ အလယ်တည့်တည့်ကျအောင် ညှိလိုက်ပါတော့ ။ Standard tuning နဲ့ညှိထားတဲ့ Acoustic ဂစ်တာကြိုးတွေဟာ ခပ်တင်းတင်းလေး ရှိပါတယ် ။ ကျန်ကြိုးတွေလည်း ထိုနည်းလည်းကောင်း ပါပဲ ။ အပေါ်မှာရေးထားတဲ့ လွှတ်ကြိုး သံတွေကြည့်ပြီးညှိလိုက် ပါတော့ ။ (ပျင်းထှာJ)

Tuning Pipe ဆိုတာကတော့ သူ့ရဲ့ပိုက်လုံးကို ပါးစပ်နှင့်မှုတ် ၊ ထွက်လာတဲ့အသံကို နားထောင်ပြီး ဂစ်တာကြိုးတွေနဲ့ ကိုက်ညီအောင်ညှိရတဲ့ ကြိုးညှိကိရိယာတစ်မျိုးပါ ။ အများစုကတော့ အသံ၆မျိုးပါတဲ့ ပိုက်၆ချောင်းတပ်ပုံစံမျိုးဖြစ်ပေမယ့် ပိုက်၁ချောင်း (အသံ၁သံ)တည်း လည်းရှိပါတယ် ။ ပိုက်ပေါ်မှာ ကြိုးနံပါတ်နှင့် အသံတွေကိုရေးပေးထားပါတယ် E1 , B2 , G3 , D4 , A5 , E6 စတာတွေပါပဲ ။ Eဆိုတာက လွှတ်ကြိုးသံ ၊ 1ဆိုတာက ကြိုးနံပါတ် ကဲ … ညှိလိုက်အုံးတော့ နောက်တစ်မျိုး J

Tuning Fork ကတော့ ယနေ့အသုံးနည်းပါတယ် ။ သူ့ကို pitch အမျိုးမျိုးထုတ်လုပ်ပေမယ့် အများစု အသုံးပြုတာကတော့ A(440Hz)ပါ ။ ပုံသဏ္ဌာန်က အင်္ဂလိပ်စာလုံး "U"ကို လက်ကိုင်တုတ်ချောင်းလေး တပ်ထားသလိုပါပဲ ။ ညှိပုံကတော့ တစ်ချောင်းတည်းရှိတဲ့ လက်ကိုင်ဘက်က ကိုင်ပြီး "U"ပုံ သဏ္ဌာန် နှစ်ချောင်း ပါတဲ့ဘက်ကို အမာခံတစ်ခုမှာ ရိုက်လိုက်ပါ ။ ထွက်လာတဲ့အသံကို နားရွက် နားကပ်နားထောင်ပြီး အသံတူအောင်ညှိရတာပါ ။

ဒီပုံတိုင်းဆို လက်၃ချောင်းလိုပါတယ် J Tuning Fork တီးဖို့တစ်ချောင်း ၊ ဂစ်တာကြိုးကို တီးခတ်ဖို့တစ်ချောင်း ၊ Tuning key ကိုလှည့်ပေးဖို့တစ်ချောင်း … ။ အကောင်းဆုံးက Tuning Fork လက်ကိုင်ကို ညာလက်ညိုးနှင့် လက်ခလယ်ကြားမှာ ညှပ်ပြီးကိုင်ထားပါ ။ အဲဒီနောက် အမာခံတစ်ခုကို တီးလိုက်ပါ ။ လက်ကိုင်ရဲ့ ဘုသီးအဝိုင်းလေးကို ဂစ်တာရဲ့ ကိုယ်ထည်မှာ ကပ်လိုက်ပါ ။ သူ့ရဲ့တုန်ခါရှိန်ကြောင့် ဂစ်တာမှ အသံထွက်လာပါလိမ့်မယ် ။ (အဲဒီအသံနှင့် တူညီအောင် ညှိရမှာပါ)

ညာလက်မဖြင့် ညှိမယ့်ကြိုးကိုတီးလိုက်ပါ ။ ဘယ်လက်ဖြင့် Tuning key ကိုလှည့်ကာ ညှိနိုင်ပါပြီ .. ။ ခင်ဗျားတို့ ကြိုက်ရင်တော့ သုံးပေါ့ ။ ကျွန်တော်တော့ မကြိုက်ပါ ။ ဒါပေမယ့် သူ့ကို သတ္ထုအမာစားနဲ့ ပြုလုပ်ထားတော့ ရေရှည်(တသက်လုံး) အသုံးခံပါတယ် ။ ဈေးတွက်နဲ့တော့ အကိုက်ပါပဲ … ။

Tuning by keyboard



ကီးဘုတ်ဖြင့် ဂစ်တာကြိုး ညှိချင်ရင်တော့ ပုံမှာပြထားတဲ့ အတိုင်းပါပဲ ။ (သြော် ဒါတော့သိတာပေါ့ J) သာမန် ကီးဘုတ်တွေမှာတော့ ဒီပုံမှာ ပြထားတဲ့အတိုင်း Middle C ရဲ့ ညာဘက် တတိယမြောက် ခလုတ်ဟာ ဂစ်တာ နံပါတ်၁လွှတ်ကြိုး Eသံ နှင့် တူညီပါတယ် ။ ဒါပေမယ့် ကွဲပြားမှု အနည်းငယ်လည်း ရှိပါတယ် ။ ဂစ်တာနုတ်မှာ ရေးထားတဲ့ Middle C ဟာ စန္ဒရားနုတ်မှာ ရေးတဲ့ Middle C ထက် အသံ တစ်ပြန် (1 octave)နိမ့်တာကတစ်ကြောင်း (သို့) အသံခုနစ်ပြန် (7 octaves )ရှိတဲ့ စန္ဒရားလိုတူရိယာမျိုးနှင့် ဂစ်တာကိုညှိတဲ့အခါ Middle C ဟာ နောက်အသံမြင့်တစ်ပြန် (1octave) နေရာမှာ ရှိနေပါတယ် ။ ရှုပ်သွားလားမသိဘူး ။ ရှင်းရင်းနဲ့ရှုပ်လာပြီ J ။ ရှင်းသွားမှာပါ ။ အောက်ကပုံလေးကိုကြည့်

ဒီလောက်ဆို ရှင်းသွားပါပြီနော့် ။ (အတင်းပဲ  )
ဒါတွေနဲ့ မကျေနပ်သေးဘူး ဆိုရင်လည်း အင်တာနက်မှာ online guitar tuner တွေအများကြီး ရှိပါတယ် ။ လွယ်ကူတဲ့ ဆိုက်တစ်ချို့ကတော့ …..

· http://www.guitarforbeginners.com/onlinetuner.html
· http://www.cyberfret.com/online-guitar-tuner/
· http://www.get-tuned.com/online_guitar_tuner.php

ဒီဆိုက်မှာလည်း Guitar-Tuner ထည့်ပေးထားပါတယ် ။ ရှာကြည့်နော် ။
နောက် Mobile Guitar Tuner တွေလည်း အများကြီးရှိပါတယ် ။ ဒေါင်းပြီးသာ ညှိလိုက်ပေတော့ ။ တော်တော်လေး စုံလင်သွားပါပြီ ။ အထက်ပါနည်းလမ်းတွေနှင့် တစ်မျိုးမှ ကိုကို၊မမတို့အတွက် အဆင် မပြေသေးဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းတစ်ခု ရှိပါသေးတယ် ။

Tuning by Ear -


နားနှင့် ဂစ်တာကြိုးညှိမယ်ဆိုရင်လည်း Standard Tuning ဖြစ်ဖို့ အသံတစ်သံလိုပါတယ် အဲဒါကတော့ ကြိုးဖုန်း(တယ်လီဖုန်း) တစ်ခုပါ ။ (မိုဘိုင်းမဟုတ်) ။ ကြိုးဖုန်း လက်ကိုင်ကိုယူပြီး နားထောင်ကြည့်ရင် တူ…… လို့မြည်နေတဲ့ အသံရှည်ကို ကြားရပါမယ် ။ အဲဒါဟာ ဂစ်တာ နံပါတ်၁ကြိုးရဲ့ ပဉ္စမမြောက် လက်ကွက် မှာရှိတဲ့ Aသံပါ ။ 440hz ရှိပါတယ် ။ တစ်ကြိုးအသံညီရင် ကျန်တာတွေ မခက်တော့ပါဘူး ။ အလွယ်ဆုံးနည်းနဲ့ စလိုက်ရအောင် ။ ၁ကြိုးအသံ ညီပြီဆိုရင် ၆ကြိုးရဲ့အသံကိုညှိနိုင်ပါပြီ ။ ၁ကြိုးလွှတ်ကြိုးနှင့် ၆ကြိုးလွှတ်ကြိုးကို အသံတူအောင် ညှိလိုက်ပါ ။ ပြီးရင် နံပါတ်၅ကြိုးကို ဆက်ညှိပါမယ် ။ နည်းစနစ်ကတော့ .......



၆ကြိုး၏ လက်ကွက်၅ ကိုနှိပ်ပြီး တီးလိုက်ပါ ။ ထို့နောက် ၅ကြိုး၏ လွှတ်ကြိုး ကို တီးလိုက်ပါ ။ ထိုနှစ် အသံသည် အတိအကျ ထပ်တူ ညီနေရ ပါမည် ။ ၅ကြိုး၏ အသံ သည် နိမ့်နေလျှင်တင်းပေး၍ မြင့်နေလျှင် လျော့ပေးရပါမည် ။ ကြိုးလျော့နေလား တင်းနေလားကို သင်ကိုယ်တိုင် ဆုံးဖြတ်ရပါမည် ။ (ခေါင်းလွှဲလိုက်ပြီ ) ။ များသောအားဖြင့် လျော့နေတတ် ပါသည် ။

ဤနည်းအတိုင်း ၅ကြိုးလက်ကွက်၅နှင့် ၄လွှတ်ကြိုး ၊ ၄ကြိုးလက်ကွက်၅နှင့် ၃လွှတ်ကြိုး ၊ ၃ကြိုးလက်ကွက် ၄နှင့် ၂လွှတ်ကြိုး ၊ ၂ကြိုးလက်ကွက်၅နှင့် ၁လွှတ်ကြိုး ...စသည်တို့ကို အသံညီအောင်ညှိပြီးလျင် သင်၏ ဂစ်တာသံသည် ဗေလုဝ၏စောင်းကို ၁၈နှစ်နတ်သမီးတီးသကဲ့သို့ အသံထွက်လာပေလိမ့်မည် ။ (နည်းနည်းလောက် သည်းခံလိုက်ပါအုံး ။ ဂစ်တာကိုင်ရတော့မှာပါ ။ )



Guitar Tablature
Tablature ဆိုတာ ကြိုးတပ်တူရိယာတွေရဲ့ တီးခတ်ရမယ့် ကြိုးနှင့် လက်ကွက် ကို ဖော်ပြတဲ့ နေရာပြနု တ်တစ်မျိုးပါ ။ ၆ကြိုးတပ် ဂစ်တာအတွက် မျဉ်း၆ကြောင်း ပါဝင်တဲ့ Guitar Tablature ကို အသုံးပြုပါတယ် ။ မျဉ်းကြောင်း၆ကြောင်း ဆိုသည်မှာ ကြိုး၆ကြောင်း ကို ကိုယ်စားပြုပါတယ် ။

ပုံ-၁ ကို ကြည့်ပါ ။



ဂစ်တာကို ပက်လက်လှန် ထားတဲ့ပုံစံပါ ။ Guitar Tablature ဆိုတာလည်း ဂစ်တာကို ပြောင်းပြန် လှန် ရေးထားတဲ့ နေရပြနုတ်တစ်မျိုးပါပဲ ။ အပေါ်ဆုံးမျဉ်းကြောင်း(1st line)ဟာ ဂစ်တာ၏နံပါတ်၁ကြိုး (E)ကို ပြောတာပါ ။ ထိုမျဉ်းပေါ်တွင် ရေးထားသော (0)ဆိုတဲ့ဂဏန်းကတော့ လွှတ်ကြိုးကို ပြောတာပါ ။ ထို့ကြောင့် အပေါ်ဆုံးမျဉ်း(1st Line)ပေါ်တွင် (0)ဟုတွေ့တဲ့အခါ ဂစ်တာ နံပါတ်၁ကြိုးရဲ့ လွှတ်ကြိုးကို တီးရပါမယ် ။ (ဟားဟား ဒါလေးများ J) ဒါဆို ဒုတိယမျဉ်းကြောင်း (2nd Line) ဆိုတာဂစ်တာ၏နံပါတ်၂ကြိုး (B) ၊ တတိယမျဉ်း(3rd Line)က နံပါတ်၃ကြိုး ၊ စတုတ္ထမျဉ်း(4th Line)က နံပါတ်၎ကြိုး ၊ ပဉ္စမမျဉ်း(5th Line)က နံပါတ်၅ကြိုး ၊ အောက်ဆုံးမျဉ်း(6th Line)ကတော့ နံပါတ်၆ကြိုး ဆိုတာ ကိုကိုသဘောပေါက်ပြီပေါ့နော် ။

ပုံစံ၂ဖြင့် နောက်ဥပမာ တစ်မျိုးကို ထပ်ရှင်းပြ ပါမယ် ။ ပုံကိုကြည့်ပါ ။ ၆ကြိုး တစ်ချောင်း တည်း ပေါ်မှာ ရေးထား ပါတယ် ။ နုတ်အားလုံးဟာ ၆ကြိုး ပေါ်မှာသာ တီးရမှာပါ ။ Tabအောက်ဆုံး မျဉ်းပေါ်မှာ ရေးထားတဲ့ 1,2,3,4,5,6 ဆိုတာ ဂစ်တာ၆ကြိုးရဲ့ လက်ကွက် 1,2,3,4,5,6 လို့ပြောတာပါ အဲဒီတော့ အောက်ဆုံးမျဉ်း (6thLine) ပေါ်မှာ 1လို့တွေ့တဲ့ အခါ ဂစ်တာ နံပါတ် ၆ကြိုးရဲ့ လက်ကွက် ၁မှာ တီးရမယ်ဆိုတာ သိလောက်ပါပြီ ။

ကျန်တာတွေလည်း အစဉ်အတိုင်းပါပဲ J (6th Line)ပေါ်က 2ဆိုတာ ၆ကြိုးရဲ့ လက်ကွက် ၂ ၊ 3ဆိုတာ ၆ကြိုးရဲ့ လက်ကွက်၃ … စသည်ဖြင့် သဘောနိုင်ပါပြီ ။ Tabရဲ့အောက်မှာ (လေးထောင့်ဘောင်ခတ်) ပေးထားတဲ့ နံပါတ်တွေ ကတော့ တီးရမယ့် (ဘယ်ဘက်) လက်ချောင်းတွေကို ဖော်ပြထားတာပါ ။ (ရှင်းပြလွယ်ကူအောင်သာ ဘောင်ခတ်ထားခြင်း ဖြစ်ပါတယ် ။ ပကတိနုတ်မှာတော့ ဘောင်မခတ်ထားပါဘူး ။ ) လက်ချောင်းပြနံပါတ်တွေကတော့ 1=(လက်ညိုး) 2=(လက်ခလယ်) 3=(လက်သူကြွယ်) 4=(လက်သန်း) တို့ဖြစ်ကြပါတယ် ။ ကဲဒါဆို Tabကို ပြန်ကြည့်ပါမယ် ။ Tab - 6th lineပေါ်က 1ဆိုတာ ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက်၁ကို လက်ချောင်း၁ (လက်ညိုး)ဖြင့် တီးဖို့ ပြောတာပါ ။ 6th line ပေါ်က 2ဆိုတာ လည်း ဂစ်တာ နံပါတ်၆ကြိုးရဲ့ လက်ကွက် ၂ကို လက်ချောင်း၂ (လက်ခလယ်) ဖြင့် တီးရမယ် လို့ ပြောခြင်းပါ ။ ကျန်တာ တွေ လည်း အစဉ်အတိုင်းပါပဲ ။ လက်ချောင်း နှင့် လက်ကွက် အတူတူပါပဲ ပြောင်းလဲတဲ့ နေရာကတော့ 5နှင့်6ပါ မျဉ်းပေါ်မှာ 5လို့ရေးထားပြီး လက်ချောင်းနံပါတ် ကတော့ 1လို့ရေးထားပါတယ် ။ ဂစ်တာနံပါတ်၆ ကြိုးရဲ့ လက်ကွက်၅ကို လက်ချောင်း၁ (လက်ညိုး)ဖြင့် တီးရမယ်လို့ ဖော်ပြခြင်းပါ နောက်တစ်ခု မျဉ်းပေါ်က 6ကတော့ ဂစ်တာ၆ကြိုးရဲ့ လက်ကွက်၆ကို လက်ချောင်း၂ (လက်ခလယ်)ဖြင့် တီးခတ် ဖို့ပါ ။ ဥပမာ၂ အကြောင်းပြီးပါပြီ ။ နောက်တစ်ခုက Tab-chordတွေ အကြောင်းပါ ။

ပုံ၃ကိုကြည့်ပါ ။ Tabရဲ့ဂဏန်းတွေဟာ တပြိုင်တည်း ရေးသားထားပါတယ် ။ 1st lineပေါ်

က (0) က ၁ကြိုးရဲ့လွှတ်ကြိုးပါ ။ 2nd-line ပေါ်က (0)ဟာ ၂ကြိုးရဲ့ လွှတ်ကြိုးပါ ။ 3rd-lineပေါ်က (1)ကတော့ ၃ကြိုးရဲ့လက်ကွက်၁ပါ ။ 4th line ပေါ်က 2ကတော့ ၄ကြိုးရဲ့ လက်ကွက်၂ ၊ 5th line ပေါ်က 2ကတော့ ၅ကြိုးပေါ်က လက်ကွက်၂ ၊ 6th line ပေါ်က (0)ကတော့ ၆ကြိုးရဲ့လွှတ်ကြိုး တို့ပဲဖြစ်ပါတယ် ။ တပြိုင်တည်း ရေးသားထားသောကြောင့် တပြိုင်တည်းတီးခတ်ရပါမယ် ။ ထွက်ပေါ်လာတဲ့ အသံကတော့ E chord ပါ ။ Guitar chord တွေကို ဖတ်ရှုတဲ့အခါ ဂစ်တာကို ပြောင်းပြန်လှန်ကြည့်တဲ့ပုံအပြင် ဂစ်တာကို ထောင်လျက်အနေအထား ပုံစံလည်းရှိပါတယ် ။ အောက်တွင် ဥပမာပေးထားသော C chord ပုံကိုကြည့်ပါ ။

ဂစ်တာကို ထောင်လျက်အနေအထား Diagram ဆွဲထားတဲ့ပုံပါ ။ (x)ဆိုတာက အသံ မထွက်ရ/မတီးရတာကို ပြောတာပါ ။ 1,2,3 ကတော့ လက်ချောင်း နံပါတ်တွေကို ပြောတာပါ ။ Fretကတော့ ရေးစရာ မလိုတော့ပါဘူး ။ ဂစ်တာနောက်ပိုင်း က chord position တွေ ဆို ရင်တော့ Fretနံပါတ်တွေ ရေး ထားလေ့ရှိပါတယ် ။ ဒီလောက်ဆို Guitar chord chart/diagram တွေ ဖတ်နိုင် ပါပြီ ။ ကျွန်တော် တို့ လက်တွေ့ သင်ခန်းစာလေးတွေ စလိုက်ရအောင် … ။ ။

From...ရူးခါစ ဂစ်တာတီးနည်း(ဝင်းကို)

သီချင်း-ချစ်သူများ

Computer Service သမားတွေအတွက် Windows ပြန်တင်စရာမလိုတဲ့ One Key Recovery ပြုလုပ်တဲ့ UserGuide Ebook လေးပါ။




မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီတစ်ခါတော့ Microsoft Windows တွေကိုတစ်ခါတင်ထားပြီးရင်ထပ်တင်စရာမလိုတဲ့ Windows တစ်ခုလုံး ကို Windows ခွေ မလို ၊ တခြား System Recovery Boot ခွေတွေ တစ်ခုမှမလိုတဲ့ အလွယ်ကူဆုံး One Key Recovery Restore အလွယ်လုပ်နည်းလေး လမ်းညွန့်လိုက်ပါတယ်။ Computer Service သမားတွေကတော့ One Key Recovery ဆို ကြားဖူးကြမှာပါ။အခုနောက်ပိုင်း Laptop တွေ ၀ယ်ရင် Original Recovery ပါတဲ့ Windows တွေမြင်ဖူးကြမှာပါ။ Dell ၊ Lenovo ၊ Acer ၊ Laptop တွေ အသီးသီးမှာ ပါတဲ့အတိုင်း Recovery ပုံစံမျိုးနဲတူတူပါပဲ။User Guide & Software ကော တင်ပေးလိုက်ပါတယ်။ကျွန်တော် တင်ပေးလိုက်တဲ့ EBook အသစ်တွေ့လေ့လာပြီး ကောင်းကောင်း အသုံးချနိုင်ရင် ကျေနပ်ပါပြီးဗျာ။မိတ်ဆွေများအားလုံး 2016 နှစ်သစ်မှာ 100% စိတ်ရောကိုယ်ပါ အကြံသစ်၊ဥာဏ်အသစ်တွေနဲကျန်းမာ ပျော်ရွင်ကြပါစေခင်ဗျာ။

Electronic လေ့လာနေသော မိတ်ဆွေများအတွက် Electrical Engineering Premium v2.3 Apk လေးပါ။


မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော် ဒီနေ့ နေ့ခင်းတော့  Basic Electronic
 သမားတွေအတွက်Study လုပ်လိုကောင်းမယ့် Apk လေးတစ်ခုရလိုတင်ပေးလိုက်ပါတယ်။
 Apk ထဲ့မှာပါတ့ဲTopics တွေကတော့Electrical Theorems and Laws၊ Resistance ၊
Capacitance ၊Inductance ၊Diode ၊Transistor ၊ Operational Amplifiers ၊ 
Filters ၊ Digital Combinational ၊Digital Sequential စတာတွေ လေ့လာလိုရပေါ့ဗျာ။ 
Apk file size လေး က 4.5 MB လောက်ရှိပေမယ့် 
Knowledge ကတော့ 4.5GB လောက်ရပေါ့ဗျာ။ 
အိုကေ လေ့လာချင်သူများ အဆင်ပြေပါစေဗျာ။



Samsung တွေအတွက် Samsung Kies 3



Samsung Kies ဆိုရင် Samsung ကို ကိုင်တွယ်နေတဲ့ မိတ်ဆွေအားလုံးနီးပါးသိပြီးသားဖြစ်ပါတယ်.. Samsung အတွက် Driver ကို အပြည့်အဝထောက်ပံ့ပေးထားပြီး PC နဲ့ Sync လုပ်နိုင်လို့ Service သမားတွေသာမက ကလိသူတွေပါ အသင့် ဆောင်ထားကြပါတယ်.. ခုထွက်တဲ့ Samsung Kies3 မှာတော့ Android 4.3 နဲ့အထက်တွေကို Support လုပ်ပေးနိုင်တာကြောင့် လက်မနှေးဘဲ Update လုပ်ထားသင့်ပါကြောင်း....



ကွန်ပြူတာများအတွက်shortcut keysစုစည်းမှု

shortcut keys

Short-cuts key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှုံ့ပြီး လိုတဲ့ နေရာ ရောက်အောင် သွားနိုင်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။

အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။

ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို click နှိပ်ရင် ပွင့်ပါတယ်။ ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့် ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။ Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ’start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။ ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။ လူသိ အများဆုံး shortcuts key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။



Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။

Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။

Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။

Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။

Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။

Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။

Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။

F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။

Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။

Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။

Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။

ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။

Windows program key combination

Ctrl + C - မိတ္တူ ပွားပေး ပါမယ်။

Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။

Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။

Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။

Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။

Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။

Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။

Mouse/ Keyboard Modifier

Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။

ှShift + Left Click (နှစ်ချက်)

Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။

General Keyboard

F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။

Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။

Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။

Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။

Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။

Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။

Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။

Alt + hypen - Multiple Doc**ent Interface ကို ပြသ ပေးတယ်။

Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။

Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။

Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။

Selected objects & shell objects

F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။

F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။

Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။

Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။

F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။

General folder/shortcut control

F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။

F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။

Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။

Windows explorer အတွင်း

*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။

+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။

-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။

Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Properties control

Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)

Accessibliity Short-cuts

  Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။

ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။

‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။

Keyboard Keys

Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။

Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။

Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။

Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။

Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။

Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။

Dialog box command

Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။

Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။

Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။

Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။

Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။

Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။

Foxit Reader ဖြင့် အလွယ်ကူဆုံး PDF ဖိုင်များ ဖန်တီးနည်း နှင့် Foxit Reader 6.0.6.0722 Final

 18 Sep 13, 09:58 PM
ုကိုကို:
ပါတ်စပေါ့လုပ်နည်းဒေါင်းမရလို့ကူညီပါဦ
ကျနော့် Blog မှာ တင်ပေးခဲ့တဲ့ ၃၊၄-လ နောက်ပိုင်းက ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကို ဒေါင်းယူလို့ ရမှာ မဟုတ်တော့ပါ..။ ကျနော်တို့က ဖရီး Upload ဆိုဒ်တွေမှာ တင်ပေးတာ ဖြစ်တဲ့အတွက် သူတို့ ဖျက်ပစ်လိုက်တဲ့ နောက်ပိုင်းမှာ ဖိုင်တွေကို ဒေါင်းယူလို့ မရတော့ပါ..။ ဒါကြောင့် ဗါးရှင်းအဟောင်းတွေကို ထပ်မတင်တော့ပဲ.. Update ထပ်ထွက်လာတဲ့ ဆော့ဝဲလ်တွေကို အဆင်ပြေသလို တင်ပေးနေတာပါ..။ အခုကတော့ ကျနော့် Blog က လုပ်နည်း ၊ ကိုင်နည်း ၊ အသုံးပြုနည်းတွေနဲ့ ပါတ်သက်တဲ့ ပိုစ့်တွေနဲ့ တခြား Blog ဝဘ်ဆိုဒ်တွေက ပုံတွေ၊စာတွေပါတဲ့ ပိုစ့်တွေကို ဒီ Foxit Reader လေး မိမိတို့ စက်ထဲမှာ Install ထည့်ထားယုံနဲ့ အလွယ်တကူ PDF ဖိုင်လေးတွေဖြစ် ပြောင်းလဲ ထုတ်ယူသိမ်းထားလို့ ရမယ့် နည်းလေးပါ..။ လုပ်ရတာလည်း လွယ်ကူပြီး Microsoft Office Word မရှိသေးတဲ့ ကွန်ပျူတာတွေ အတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းလေးပါ..။ Foxit Reader မရှိသေးရင်တော့ အောက်မှာ အမြဲတမ်း ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်နဲ့ ပြန်ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အလွယ်တကူ PDF ဖိုင် လေးတွေ ဖန်တီးတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.5 MB ရှိပါတယ်..။

Please Wait မှာပဲ ရပ်နေတယ်တဲ့.. သူငယ်ချင်းများ အပြောများလာတဲ့အတွက် အရင် Adf.ly ဆိုဒ်နဲ့ လင့်တွေ ချိတ်ပေးခဲ့ပေမယ့်.. ဒီပိုစ့်မှာတော့ ကျနော့် Blog မှာ မသုံးဖူးသေးတဲ့ adfoc.us ဆိုဒ်အသစ်နဲ့ ပြောင်းပြီး လင့်ချိတ်ပေးထားပါတယ်..။ အောက်ကလင့်ကနေ ဝင်သွားတဲ့အခါ ညာဘက် အပေါ်ထောင့်မှာ 6 Seconds ပြီးရင် Skip စာသားလေး ပေါ်လာတဲ့အခါ ကလစ်ပြီး ဖိုင်တွေကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရမှာဖြစ်ပါတယ်..။

 Foxit Reader ဆော့ဝဲလ်ကို Install ထည့်ပြီးသွားရင်တော့.. မိမိတို့ PDF အဖြစ် ပြောင်းယူလိုတဲ့ Blog တွေနဲ့ ဝဘ်ဆိုဒ်တွေကို ဖွင့်ထားလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံလေးအတိုင်း ကျနော့် Blog က ပိုစ့်တပုဒ်နဲ့ လုပ်ပြပေးထားပါတယ်..။ 


Blog တွေ ၊ ဝဘ်ဆိုဒ်တွေ ဖွင့်ထားပြီးရင်တော့ ကီးဘုတ်မှ Ctrl+P ကီးကို တွဲနှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီပုံလေး ၂-ခုကတော့ မိုဇီလာနဲ့ဆိုရင် ပေါ်တတ်မှာ ဖြစ်ပြီး အောက်ဆုံးပုံတွေကတော့ Google Chrome နဲ့ လုပ်ပြပေးထားတာဖြစ်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်နည်းက အတူတူပါပဲ..။ ဟိုပြောင်း၊ ဒီပြောင်း ပြောင်းလိုတဲ့ သူများကတော့ Properties စာသားနေရာကနေ ဝင်ပြောင်းလို့ ရပါတယ်..။



မိုဇီလာ သုံးသူများအတွက် အပေါ်ကပုံအတိုင်း ပေါ်လာရင် OK ပေးလိုက်ရင် ရပါပြီ..။  အောက်ကတော့ ကျနော် Google Chrome နဲ့ ဆက်လုပ်ပြပေးထားလို့ အောက်က ပုံလေးအတိုင်း နောက်ခံကာလာနဲ့ ပေါ်ချင်ရင်တော့ အောက်ကဒုတိယ ပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ ဒါဆိုရင် နောက်ခံ အရောင်တွေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..။



အမှန်ခြစ်လေး ထည့်လိုက်ရင် Blog ရဲ့ နောက်ခံ ကာလာအတိုင်း ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ Change နေရာမှာတော့ မိမိတို့ ပြောင်းချင်သလို ပြောင်းနိုင်ပါတယ်..။ 


ကျနော်ကတော့ Foxit PDF Printer ဖေါ်မတ်နဲ့ပဲ Print ကို နှိပ်ပြီး PDF ဖိုင် ထုတ်ယူပါတယ်..။ 



ရှာရလွယ်အောင် Desktop မှာပဲ သိမ်းပါတယ်..။ Name မှာတော့ E-လိုပဲ အလွယ်ပေးထားပြီး နောက်ပြီးမှ ပြန်ပြောင်းမှာပါ..။ တခါတည်း နာမည်ပေးလိုတဲ့ သူများကတော့ ခေါင်းစဉ်ကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ရပါပြီ..။


ဒါကတော့ PDF ဖိုင်ပြောင်းပြီးမှ Name ကို copy-paste နဲ့ ပြန်ပေးလိုက်တာပါ..။ ဒါမှသာ ဖိုင်တွေကို ပြန်ရှာတဲ့အခါ ရှာရလွယ်မှာပါ..။


 ကျနော် PDF ဖိုင်အဖြစ်ပြောင်းလိုက်တဲ့ ပိုစ့်ကို အပေါ်ကပုံအတိုင်း Foxit reader နဲ့ ဖွင့်ကြည့်လို့ ရသွားပါပြီ..။ ဒီနည်းနဲ့ မိမိတို့ နှစ်သက်တဲ့ ပိုစ့်တွေကို PDF စာအုပ် ဖေါ်မတ်အဖြစ် ပြောင်းလဲ သိမ်းနိုင်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ



သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-
အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။
အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....) အောက်မှာတော့ ကျနော်က ပုံလေးတွေနဲ့ ပြန်ရှင်းပြ ပေးထားပါတယ်..။
 Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။



ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။


အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။ Filter ဘေးက search အကွက်ထဲတွင် ၄င်းစာသားအား copy - paste နှင့် ထည့်ရှာပါ..။


ဒုတိယ network.http.proxy.pipelining ကိုထပ်၇ှာပါ။ အပေါ်နည်းအတိုင်း ကူးထည့်ပါ...။


 တတိယ network.http.pipelining.maxrequests ကိုထပ်၇ှာပါ..။ အပေါ်က နည်းအတိုင်း ကူးထည့်ပါ..။


နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။


 နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။


ဒီအောက်က နောက်တနည်းကတော့ မောင်စေတနာဆိုဒ်မှ ကူးယူဖေါ်ပြပါသည်...။ လုပ်နည်း များသောကြောင့် ပုံများနှင့် မဖော်ပြတော့ပါ...။ (Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု

၁။ Pipelining ကို Enable ပြုလုပ်ခြင်း

ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။

၂။ Content switch threshold ကို လျှော့ချခြင်း

အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။

၃။ Flash ကို Block ခြင်း

Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။

၎။ cache အရွယ်အစားကို တိုးစေခြင်း

သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။

၅။ Render မြန်စေခြင်း

ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။

အသုံးဝင်မယ်ထင်လို့    မောင်စေတနာ  ဆီမှပြန်လည်မျှဝေဖော်ပြပေးထားပါတယ်ခင်ဗျာ..

အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ......

Microsoft Security Essentials 2.1.1116.0


Update လေးမို့တင်ပေးလိုက်တာပါ..။Microsoft ကနေ Free ပေးထားတဲ့ကောင်လေးပါ..။
ကျွန်တော် 32 Bits အတွက်ရော 64 Bits အတွက်ရောတင်ပေးထားပါတယ်..။ဒီကောင်
လေးကို Microsoft ကဖရီးပေးထားတာဖြစ်ပေမယ့်မိမိတို့၇ဲ့ကွန်ပျူတာကိုဝင်ရောက်လာ
မယ့် Virus တွေ ၊ Spyware တွေကို ထိ ထိရောက်ရောက်ကာကွယ်ပေးပါ လိမ့်မယ်......။
သုံးဖူးတဲ့သူတွေကတော့သိမှာပါ..။Windows 7 နဲ့ Windows XP နှစ်မျိုးလုံးသုံးလို့ရပါတယ်..
Update လေးကိုမှသုံးချင်သူများကတော့အောက်မှာအဆင်ပြေတဲ့လင်းလေးကနေသာဒေါင်း
လော့ချသွားလိုက်ပါ...


For  64 Bits  Users

Downloading  From  Ifile.it ( 9.47 MB )
Downloading  From  Mediafire ( 9.47 MB )

For  32 Bits Users

Downloading  From  Ifile.it ( 7.47 MB )
Dpwnloading  From  Mediafire ( 7.47 MB )

Kaspersky Virus Removal Tool 11.0.0.1245 (05.01.2012)


ကျွန်တော်အခု Kaspersky Virus Removal Tool လေးတစ်ခု တင်ပေးလိုက်ပါပြီ။  အသုံးပြုတာကိုတော့ သိပ်လည်းထွေထွေထူးထူး ရှင်းပြစရာမလိုပါဘူး။ ကျွန်တော်တို့ viruses, Trojans, worms, spyware, adware, all types of rootkits တွေနဲ့  similar malicious programs တွေကိုရှင်း လင်းပေးနိုင်ပါလိမ့်မယ်.။ ဖိုင်ဆိုဒ်ကတော့ 106 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာယူသွားလိုက်ပါဗျာ။

Kaspersky Virus Removal Tool 11.0.0.1245 (05.01.2012)




အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Wondershare MobileGo 7.9.0.44 For Pc 68.43 MB


Wondershare MobileGo အသုံးပြုတဲ့ သူငယ်ချင်းအတွက် Update လေးပါ
Android ဖုန်း ၊ Tablet တွေကိုဆော့ဝဲသွင်းခြင်း ၊ သီချင်းသွင်းခြင်း ၊ ဓာတ်ပုံထည့်ခြင်း ၊ Ringtone ထည့်ခြင်း ၊ Android ဖုန်းထဲက ဆော့ဝဲတွေ ၊ ဖုန်း Contact တွေကို backup ပြန်လည်ရယူခြင်း စတဲ့ features တွေကို မိမိရဲ့ကွန်ပျူတာကနေအလွယ်တကူပြုလုပ်နိုင်မယ့် ဆော့ဝဲလေးဖြစ်ပါတယ်
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Supported Systems 
Android 
from Android 2.0 to Android 5.0 
iOS 
iOS 8/7/6/5 (Supported in using Phone Transfer) 
Nokia (Symbian)
Symbian 40/60/^3 (Supported in using Phone Transfer)

ဖုန်းထဲကနေ တရားတော်များကိုနားကြားကြမယ်



ဆရာတော်ဘုရားများ ၏ ဟောကြားထားတဲ့ ပရိတ် နှင့် တရားတော်များကိုဖုန်းထဲကနေ နားကြားချင်တယ်ဆိုရင်တော့ Dhamma Talks ဆော့ဝဲလ်ကိုဒေါင်းယူနိုင်ပါပြီ။
ဆော့ဝဲလ်အားဒေါင်းယူရန်။



                                   Download Here

မည်သည့်ကွန်ပျူတာမဆို မြန်မာစာ နှင့် မြန်မာ Keyboard ထည့်သွင်းနည်း (For All Window)




ကွန်ပျူတာပေါ်မှ  မြန်မာစာအဆင်မပြေသမျှကို  စုစည်းပေးလိုက်ပါတယ်..။

မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာထည့်ချင်လို့ပဲဖြစ်ဖြစ်  ပထမဆုံး... သိထားရမှာက.... မိမိကွန်ပျူတာဟာ 32Bit Operating System လား ?   64Bit Operating System လား ?  ဆိုတာ သိထားဖို့လိုပါမယ်..။

တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)

အပေါ်က ပုံမှာ မြင်တွေ့ရတာကတော့ System Type: 32-bit Operating System ဆိုတော့ 32Bit ပါ....
ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့  64Bit ပါ..

ကဲ....  32Bit Operating System  (Or)  64Bit Operating System  ဆိုတာ သိပြီးပြီဆိုရင်.. မြန်မာ Font ကို စ,တင် Install လုပ်နိုင်ပါပြီ...


ပထမဆုံး လိုအပ်တဲ့...

Zawgyi Font Installer  လေးကို  ဒီနေရာကိုနှိပ်ပြီး   ဒေါင်းယူပါ...

[Zawgyi Font ရော Keyboard ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ.... 32Bit Operating System  မှာရော 64Bit Operating System  မှာပါ အသုံးပြုနိုင်ပါတယ်။Window XP,Vista ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်ပါတယ်..  ညီလေး Phyo Zin Linn  ဖန်တီးထားတာဖြစ်ပါတယ်]

ဒေါင်းလို့ရလာတဲ့ Zawgyi Font Installer  လေးကို Double Click နဲ့ Run လိုက်ပါ...
  Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...


Next

Next


Next

Finish


သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။

==>XXX====>XXXXX====>XXX===>>



တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
  Install Keyboard ကို ဆက်နှိပ်ပေးကာ  Next နဲ့ Install လုပ်ပေးပါ...
 ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ..  Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။  အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
စက်ပြန်တတ်လာတဲ့အခါ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့  Keyboard ကို ခေါ်မရတာမျိုးဖြစ်နေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...

  Window Logo ပေါ်ကို Right Click နှိပ်ပြီး Control Panel ကိုရွေးပါ......

Category ကို နှိပ်ပြီး Large icon ကို ရွေးပါ...    (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
 

Language ကို နှိပ်ပါ...


Advanced settings ကို ထပ်နှိပ်ပါ...

Override for default input method အောက်မှ English (United States) ကို နှိပ်ပါ...
English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...



ပြီးရင်  Save ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shift နှင့် Keyboard ကိုခေါ်ကာ  မြန်မာလို ရေးနိုင်ပါပြီ။


=====XXXXXX=====


(26/5/2016 - 1:50AM Edited)

အိုင်တီ ရမ်းကု ဖန်တီးထားတဲ့ YS Easy Zawgyi Font Installer လေးကိုတွေ့လို့ ထပ်ဖြည့်ပေးလိုက်ပါတယ်... အပေါ်က Zawgyi  Installer လိုပဲ အသုံးပြုနိုင်ပါတယ်...  ထူးခြားတာကတော့ အားလုံး မြန်မာလိုရေးထားတာမို့  ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ... ဒီနေရာကို နှိပ်ပြီး==>  ဒေါင်းယူနိုင်ပါတယ်..။


=====XXXXXX====


Window 8/8.1 နှင့် Window 10 မှာ မြန်မာစာမမှန်သေးရင်...
  ဒီ Window 10 Font (New)==>  ကို ဒေါင်းယူပြီး Zip ဖိုင်လ်ကိုဖြည်ကာ.. အထဲမှ Font နှစ်ခုစလုံးကို Install လုပ်ပေးလိုက်ပါ...။ (32bit မှာရော 64 bit မှာပါ အလုပ်လုပ်ပါတယ်)
Window 10 အတွက် Font ကိုတော့  ညီလေး ThanToeAung  မှ ဖန်တီးပေးထားတာဖြစ်ပါတယ်။


====XXXXXX====


 ကွန်ပျူတာပေါ်မှာ မြန်မာလိုရေးဖို့အတွက် လက်ကွက် လေ့ကျင့်ချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပါ==>


=====XXXXXX=====

Window 7 မှာစာရိုက်ဖို့  Keyboard ခေါ်မရတာဆိုရင်တော့   ဒီနေရာကိုနှိပ်လိုက်ပါ==>   အသေးစိတ်ရှင်းပြထားပါတယ်။


======XXXXXXX======

နောက်ထပ်...
 မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....
********************
Window 8 / 8.1 / 10 တွေက  Folder Name , Desktop Icon  တွေမှာရေးမှတ်ထားတဲ့  မြန်မာစာတွေ မမှန်ရင် ၊ လေးထောင့်တုံးတွေဖြစ်နေရင်    ဒီနေရာကိုနှိပ်လိုက်ပါ==>  ဖေါ်ပြပါ Post ထဲကအတိုင်း လုပ်ဆောင်ပေးလိုက်ပါ

=====XXXXXXX=====

Window 7 မှာ Folder Name , Desktop Icon စ တဲ့နေရာတွေမှာ မြန်မာစာ မမှန်တာ လေးထောင့်တုံးတွေ ဖြစ်နေတာဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ  Personalize ကတဆင့်


Window Color

Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..

အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..

ဒီပုံအတိုင်းဖြစ်ရမှာပါ... ရပြီဆိုရင် Apply ကို နှိပ်ပြီး....


OK နဲ့ ထွက်လိုက်ပါ...။

 အောက်ကပုံလေးအတိုင်း မြန်မာစာတွေ အဆင်ပြေသွားပါပြီ...။




=====XXXXXXX=====

နောက်တစ်ခုကတော့ ...
Internet Browser  (IE,Chrome,Firefox)  တွေက Menu , Message Box  တွေမှာ မြန်မာစာတွေ ဖတ်မရဖြစ်နေတတ်ပါတယ်...



 အဲ့ဒီ ပြဿနာကိုတော့...
 စောစောကအတိုင်း  Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ  Personalize ကတဆင့် Window Color ကနေ ဝင်ပြီး..
Menu နှင့် Mseeage Box ဆိုတဲ့ နေရာလေး နှစ်နေရာကို အပေါ်ကအတိုင်း Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။


Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...


Font မှာ Zawgyi-One ကို ရွေးပေးပါ...


နောက်တခါ... Menu မှ  Message Box ကိုရွေးပါ....


Font မှာ Zawgyi-One ကို ရွေးပေးပါ...


အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....


ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu , Message Box  တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။
=====XXXXXX=====
နောက်ထပ်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (??????) တွေချည်းဖြစ်နေတတ်တာပါ...

အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။


=====XXXXXX=====


ကွန်ပျူတာပေါ်က Viber မှာ မြန်မာစာမမှန်ရင်....


Viber Window 10 အတွက်ကိုတော့ ဒီနေရာကို နှိပ်ပါ==>


====XXXXXX====

Firefox Browser မှာ မြန်မာစာမမှန်ရင်  ဒီနေရာကိုနှိပ်ပါ==>   ရေးထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင်မပြေသေးရင်  ဒီနေရာကိုနှိပ်လိုက်ပါ==>  Video လေးကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်..။


======XXXXXXX======

Chrome Browser အတွက်ကိုတော့ ဒီနေရာကိုနှိပ်လိုက်ပါ==> 


======XXXXXXX======

Opera Browser အတွက်ကတော့  ဒီနေရာကိုနှိပ်လိုက်ပါ==>

======XXXXXX======

အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက် 
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့   ဒီနေရာကိုနှိပ်ပြီး==>    ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)

လက်ကိုင်ဖုန်းကတဆင့်လေ့လာာချင်တယ်ဆိုရင် ဒီ App လေးကို==>  ဒေါင်းယူပြီး Install လုပ်ပေးပါ..။


====XXXXXX====


ဒီ Font တွေကတော့ ကွန်ပျူတာတိုင်း ထည့်သွင်းထားသင့်တဲ့ Myanmar Font တွေပါ...


Myanmar Font For Window 10


အခြားသော Myanmar Font တွေကိုတော့  ဒီနေရာကိုနှိပ်ပြီး  ဒေါင်းယူနိုင်ကြပါတယ်ခင်မျာ..။



====XXXXX====



 Font တွေကို ထည့်သွင်းမယ်ဆိုရင် Double Click နှင့် Install ကို နှိပ်ပြီး ထည့်သွင်းပေးနိုင်ပါတယ်.။



ပုံပါအတိုင်း အပြာရောင်နဲ့ ပြထားတဲ့  Install ဆိုတာလေးက ရေးရေးလေးပဲ ပေါ်နေတာဆိုရင် Font ကို ထည့်သွင်းပြီးသွားပါပြီ..။
=====XXXXX=====
Comment မှာ ပြောသွားလို့ပါ...
Win - researcher Font ဆိုတာကတော့... Zawgyi Font Support မလုပ်တဲ့နေရာမှာ ဒီ Win - researcher Font ကို အသုံးပြုနိုင်ပါတယ်။

Font သွင်းနည်းကတော့ အပေါ်မှာ ပြထားသလိုပဲ အလွယ်တကူသွင်းယူနိုင်ပါတယ်..
သွင်းချင်တဲ့ Font ကို Double Click  (သို့) Click နှစ်ချက်နှိပ်ပြီး Install ကိုနှိပ်လိုက်ပါ..
 Install လုပ်နေပါလိမ့်မယ်...
အပေါ်ကပုံလို Install နေရာလေးမှာ ခပ်ရေးရေးလေးပဲပေါ်နေပြီဆိုရင် Font သွင်းပြီးသွားပါပြီ..။
အခြား Font ထည့်သွင်းနည်းကတော့ Control Panel > Font Folder မှတဆင့်သွင်းနိုင်ပါတယ်.. အခုဖေါ်ပြပေးတာကတော့ အလွယ်ကူဆုံးနည်းလမ်းကို ဖေါ်ပြပေးတာပါ။
=====XXXXXX=====

Download YS Easy Zawgyi Font Installer (New) 32/64Bit ==>

 Zawgyi Myanmar Font For Window 10 (New) 32/64Bit ==>

  ဒီဇိုင်းသမားများ နှင့် စာစီစာရိုက် လုပ်ငန်းများအတွက် မြန်မာဒီဇိုင်းဖေါင့် အလှတွေကို ဒီနေရာမှာ==>  နှင့် ဒီနေရာမှာ==>  ဒေါင်းယူပါ။


X========XXXXXXXX=====XXXXXXXXXXXXXX=====XXXXXXXX========X

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
   
ဆုမွန်ကောင်းတောင်းရင်း


ခင်မင်လျှက်
လင်းဝင်း(နည်းပညာ )