tag:blogger.com,1999:blog-36992617220561186602024-03-28T13:54:19.952+06:30လင်းဝင်း (နည်းပညာ)
နည်းပညာကိုလေ့လာသူတိုင်းအတွက်ပါ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.comBlogger743125tag:blogger.com,1999:blog-3699261722056118660.post-45331968725828115162016-08-19T12:58:00.004+06:302016-08-19T12:59:25.685+06:30ဖုန်းကင်မရာဖြင့် ဓာတ်ပုံကောင်းအောင်ရိုက်ကူးနည်း
ဖုန်း ကင်မရာကို အသုံးပြုလို့ လူတိုင်း ပုံကောင်းကောင်း ရိုက်တတ် ချင်ကြမယ်
လို့ ယုံကြည် ပါတယ်။ ဒီတော့ ပုံကောင်းကောင်း ထွက်စေမယ့် နည်းလမ်းများ ကို
မျှဝေပေး လိုက်ရ ပါတယ်။
နည်းလမ်းလေးတွေ စပြောကြရ အောင်..
(၁) Zoom ဆွဲမရိုက်ပါနဲ့..
အရေးအကြီးဆုံး အချက်ဖြစ် ပါတယ်။ ဖုန်းနဲ့ ရိုက်တဲ့ အခါ Zoom ဆွဲပြီး
ရိုက်မယ့် အစား ပုံမှန် အတိုင်း ရိုက်လို့ ကိုယ် လိုချင်တဲ့ နေရာကို Crop
လုပ်ယူလို့ ရပါတယ်။ Zoom ဆွဲလိုက်ခြင်းက ပုံရဲ့ အရည်အသွေးကို ကျဆင်း
သွားစေမှာ ဖြစ်ပါတယ်။
ဒီတော့ စမ်းကြည့်ပါ။ Zoom ဆွဲပြီးရိုက်တာနဲ့
ခပ်ရိုးရိုးရိုက်ပြီးကိုယ်လိုချင်တဲ့အပိုင်းကို Crop လုပ်ဆွဲကြည့်ယူတာနဲ့
ဘယ်ဟာပိုကောင်းသလဲဆိုတာသိမြင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့ အရာနဲ့
ဝေးနေတယ်ဆိုရင် Zoom ဆွဲမယ့်အစားနီးနိုင်သမျှ နီးအောင်သွားရ ပါမယ်။
(၂) Original Mode ကိုသာသုံးပါ။
ကင်မရာတွေမှာ Mode အသီးသီးရှိပါတယ်။ Evening mode လား၊ Morning mode လား၊ night mode လားအစရှိသဖြင့် ရှိပါတယ်။
mode တွေ ဘယ်လောက်ပဲရှိရှိ Original နဲ့ ရိုက်ပြီးတော့ ပုံကို Edit
လုပ်တဲ့အခါမှ mode ပြန်ပြင်နိုင်ပါတယ်။ အကယ်၍ Evening mode နဲ့
ရိုက်ထားဖြစ်ရင် အချို့ ဖုန်းဆိုရင် ပြန် edit လုပ်တဲ့အခါ Orignal mode ကို
ပြန်ဆင်းလို့ မရတော့ ပါဘူး။
အဲ့ကျရင် edit ရ ပိုလို့ ခက်ခဲပါလိမ့်မယ်။ ပြီးတော့ Camera 360 နဲ့ အခြား
သော ပြင်စရာ app များစွာရှိပေမယ့် သူတို့က ပြင်စရာ App ပါ။ ရိုက်စရာ App
မဟုတ်ပါဘူး။ Instagramတောင်မှ ပုံရိုက်ပြီးမှ သူ့ထဲပြန်ထည့်
ပြင်တာအကောင်းဆုံးဖြစ်ပါတယ်။
(၃) လက်ငြိမ်ငြိမ်ထားပါ
ကင်မရာဘယ်လောက်ကောင်းကောင်း၊ Image Stable ဖြစ်အောင် ထိန်းတဲ့ နည်းပညာတွေ
ဘယ်လောက် တိုးတက်ပါစေပုံကောင်းကောင်းထွက်ချင်ရင် လက်ငြိမ်အောင်
ထိန်းသင့်ပါတယ်။
အကယ်၍ လက်တင်စရာရှိရင် တင် ထားပြီးတင်စရာမရှိရင် ဖုန်းကသေးတယ်ဆိုရင်
လက်တစ်ဖက်ရဲ့ လက်ခုံး ပေါက် တံတောက်ဆစ်တင်တဲ့ အနေ အထားနဲ့ ရိုက်နိုင်ပါတယ်။
အကယ်၍ ဖုန်းကအဲ့လောက် မသေးဘူးလက်နှစ်ဖက်လိုတယ်ဆိုရင်လည်း နှစ်ဖက်စလုံး ပေါင်းလို့ ခပ်ငြိမ်ငြိမ်လေးဖြစ်အောင် ကိုင်နိုင်ပါတယ်။
(၄) အသံတိုးအသံချဲ့ buttonကိုသုံးလို့ ရိုက်ပါ
ဖုန်းတွေမှာအသံတိုးအသံချဲ့ buttonကိုသုံးလို့ ရိုက်လို့ရတယ် ဆိုတာကို
ရောသိကြပါသလား..တကယ့် ကင်မရာကိုင်တဲ့ အရသာကိုရရှိစေဖို့ ဖုန်း
ကုမ္ဗဏီများကဖန်တီးပေးထားပါတယ်။
အရင် ဖုန်းအဟောင်းများတော့ မသိ iPhone, Samsung, နဲ့ အခြားသောဖုန်း brand
အများစုရဲ့ ၂၀၁၂ လောက် ကနေစထုတ်တဲ့ ဖုန်းများကသုံးလို့ရပါ တယ်။
Screen ပေါ်က button ကိုသုံးဖို့ ကြိုးစားနေရင် တစ်ခါတလေလက်မငြိမ်ပါဘူး။
ဒီမှာ exception တစ်ခု ရှိပါတယ်။ buttonကိုသုံးတယ် ဆိုတာ landscape
ရိုက်မှပါ။ Potrait (ဒေါင်လိုက်) ရိုက်ရင်တော့ screen ထဲက
နှိပ်စရာကပိုအဆင်ပြေပါတယ်။
(၅) ရိုက်ကွက် အနေအထားကိုသိပါ
Landspace ပုံစံလိုချင်လား၊ Potraitပုံစံလိုချင်လားကိုယ်တိုင် စဉ်းစားပါ။
Landspace က ကင်မရာကလှဲ လိုက်တဲ့ အနေအထားဖြစ်ပြီးPotrait က
ဖုန်းကိုအထောင်လိုက် အနေအထား ဖြစ်ပါတယ်။
အကယ်၍ ရှုခင်းပုံရိုက် တယ်ဆိုရင် Landspace က အကောင်းဆုံး
ဖြစ်ပြီးလူတစ်ဦးသို့မဟုတ် Object တစ်ခုခုကိုဦးတည်တယ်ဆိုရင် ထောင်
လိုက်ကကောင်းပါတယ်။
ဒါပေမယ့် နောက်ခံ ရှုခင်းနဲ့ လူကိုပါ ပါစေချင်တယ်ဆိုရင် Landspaceပုံရိုက် နိုင်ပါတယ်။
(၆) Focus ငြိမ်အောင် စောင့်ပါ
ယခုနောက်ပိုင်းဖုန်းတွေမှာဆိုရင် Auto Focus တွေ ပါပါတယ်။ Auto Focus
ကိုမိမိက Focus ထားချင်တဲ့ အရာအပေါ် ရောက်အောင် လက်နဲ့တို့ထိပြီး တော့
ဆွဲယူပါ။
ပြီးရင် Focus ငြိမ်အောင် ခဏစောင့်ပါ။ Focus မငြိမ် သေးဘဲ ရိုက်မိရင် ပုံကမကောင်းတော့ပါဘူး။
(၇) HDR mode ဖွင့်ထားပါ
HDR mode ဖွင့်ထားရင် ဖုန်းတွေမှာပုံ နှစ်ပုံရိုက်ပေးတာမျိုးတို့
အချို့ဖုန်း မှာလုပ်ပေးပါတယ်။ တစ်ပုံကိုပုံမှန်
ပုံရိုက်ပေးပြီးနောက်တစ်ပုံကို HDR mode နဲ့ ရိုက်ပါတယ်။
HDR Mode ကိုကိုယ်ရိုက်မယ့် ရိုက်ကွင်းရိုက်ကွက်မှာ လူများများပါတယ်၊
Object အများကြီး ပါတယ်ဆိုရင် ဖွင့်ထား သင့်ပါတယ်။ ဒါဆိုရင် အားလုံးရဲ့
ရုပ်ထွက်ကို ကောင်း အောင် လုပ်ပေးပါတယ်။
Hight Definition Resolution ဖြစ်ပါတယ်။
(၈) ပုံများများရိုက်ပါ
ရိုက်ကွင်းတစ်ကွက်ထဲမှာတစ်ပုံပဲမရိုက်ပါနဲ့။ အထူးသဖြင့် လူပုံတွေကို
ရိုက်တဲ့အခါ ဖြစ်ပါတယ်။ မျက်လုံး မှိတ်သွားတဲ့အခါ ရှိမယ်။ အမူအရာ
ပျက်တဲ့အခါ ရှိမယ်။
ဒါကြောင့်မို့ ရိုက်တဲ့အခါ ပုံတွေ အများကြီး ဆက်တိုက်ရိုက် သင့်ပါတယ်။
၅ပုံ၊ ၆ ပေါက်လောက်ဖြစ်ပါတယ်။ ပြီးတော့မှ ကိုယ်ကအကောင်းဆုံးလို့ ထင်တဲ့
ပုံကိုရွေးချယ်နိုင်ပါတယ်။
(၉) အလင်းရောင်ကိုကောင်းကောင်းအသုံးချပါ
ပုံရိုက်တဲ့အခါ လူသို့မဟုတ် Object တစ်ခုခုကိုရှင်းရှင်းလင်းလင်း
မြင်ချင်ရင် အလင်းရောင်လာရာဘက်ကို မျက်နှာမူပြီးတော့ မရိုက်သင့်ပါဘူး။
ဥပမာ ကိုယ်ရိုက်တဲ့လူကနေရောင်လာတဲ့ဘက်မှာရှိနေတယ် ဆိုရင် ပုံရိုက်တဲ့အခါ
လူဟာမည်းနေပါလိမ့်မယ်။ အဲ့လိုအခြေအနေကျရင် လူကိုနေရောင်ဘက်ကို
မျက်နှာမူစေပြီး ကိုယ်ကနေရောင်ကို နောက်ကျောယူလို့ ရိုက်သင့်ပါတယ်။
ဒါကနေရောင်ကိုပဲပြောတာမဟုတ်ပါဘူး။ ဘယ်အလင်းရောင်တွေတွက် မဆို ဖြစ်ပါတယ်။
အလင်းရောင်ကိုမဆန့်ကျင်ရပါဘူး။ အလင်းရောင်ကို အသုံးချ ရန်သာဖြစ်ပါတယ်။
ဒါပေမယ့် ထန်းပင် ကြားထဲကနေနေရောင်ခြည်ထွက် လာတဲ့ ပုံရိုက် ရိုက်ချင်တယ်
ဆိုရင်တော့ တစ်မျိုးပေါ့။ ညဘက်မှာ ရိုက်ရင် လည်း
အလင်းရောင်လာရာကိုပိုလို့တောင် မဆန့်ကျင်သင့်ပါဘူး။
(၁၀) Flash ကိုသတိထားပါ
ဖုန်းတွေရဲ့ Flash တွေ တိုးတက်လာတယ်ပဲပြောပြောကျနော်ကတော့ ယနေ့အချိန်ထိ
Flash ဖွင့်ရိုက်ရင် လူ့မျက်လုံးကမြေခွေးမျက်လုံးလို အလင်းရောင်
ထွက်သွားတာမျိုး၊ မူလ Object ရဲ့ အရောင်ကိုကွဲပြား သွားစေတာမျိုး တို့
ဖြစ်သွားပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ သူငယ်ချင်းရှိရင် ကိုယ်ရိုက်တဲ့အချိန်
သူ့ဖုန်းကို Flash လေး ဖွင့်ထားပေးပါ လားလို့ အကူအညီတောင်းသင့် ပါတယ်။ အ
ကယ်၍ ကိုယ့်မှာဖုန်းနှစ်လုံးရှိရင် သူများအကူအညီမလို တော့ပါဘူး။ ဒါပေမယ့်
လက်မငြိမ်ဘူးဆိုရင်တော့ အခြားလူကိုအကူအညီတောင်းနိုင်ပါတယ်။
ဒီတော့ကာ အကူသုံး မယ့် မီးကအဖြူရောင်ပဲ ဖြစ်ဖို့ လိုအပ် ပါတယ်။ အနီရောင်၊ အစိမ်းရောင် အစ ရှိသဖြင့် မီးများကိုမသုံးပါနဲ့။
(၁၁) Resolution အမြင့်နိုင်ဆုံး မြင့်အောင် ယူပါ
ဖုန်းတွေမှာပုံကို 960×580, 2860×1500 အစရှိသဖြင့် ရွေးခွင့်တွေလည်း ပေးထားပါတယ်။
အဲ့ဒါတွေကို ရွေးခွင့်ပေးထားသည့်တိုင် ကိုယ်ကတော့ Resolution
အမြင့်ဆုံးကိုပဲရွေးချယ်သင့်ပါတယ်။ ပြီးတော့မှ ကိုယ်လို သလောက်
ပြန်ဖြတ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။
(၁၂) ရိုက်ကွင်းရိုက်ကွက် ထောင့်ချိုး၊ အမြင့် အနိမ့် သိပါစေ
သာမန်အားဖြင့် လူပုံကိုချိန်မယ်ဆိုရင် ဖုန်း screen ထဲမှာပေါ်လာပါမယ်။
အဲဒီမှာ ကြည့်ပါ။ ကိုယ့်အနေနဲ့ ကင်မရာကိုကင်မရာလို့ မမြင်တော့ဘဲဒါကို
မဂ္ဂဇင်းသို့မဟုတ် ကိုယ်မြင်ချင်တဲ့ စာမျက်နှာတစ်ခုခုပေါ်မှာ မြင်မယ့်အရာ
တစ်ခုအဖြစ် မြင်ကြည့်လိုက်ပါ။
စောင်းနေလား၊ တည့်နေလားပေါ့။ စောင်းတာကိုလိုချင်လို့ idea
ဆန်းပြီးစောင်းအောင် ရိုက်သူများလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်ရိုက်မယ့်
သူကအရပ်ပုရင် အပေါ်စီးကနေမရိုက်ပါ နဲ့။ အောက်ကနေ ပင့်ရိုက်သင့်ပါတယ်။
ဖုန်းကိုကိုင်တဲ့အခါ ကိုယ်ရိုက်မယ့် Object ကိုအောက်ကနေလား၊ အလယ်ကနေလား၊
အပေါ်ကနေလား
ကိုယ်တိုင်ချင့်ချိန်ယူနိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲသူ့ကိုကိုယ်မြင့်ချင်တဲ့
မဂ္ဂဇင်းပေါ်ကအရာတစ်ခုအဖြစ် ခံစားပြီးတော့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။
(၁၃) Software တစ်ခုခုနဲ့ ပြန် Edit လုပ်ပါ
Software လို့ခေါ်တဲ့အခါ ဖုန်းဆော့ဖ်ဝဲရှိတယ်။ ကွန်ပျူတာဆော့ဖ်ဝဲ ရှိပါတယ်။
ဖုန်းဆော့ဖ်ဝဲဆိုရင် Instagram, Snapseed, Camear 360 အပြင် အခြားသော
Software များစွာလည်းရှိပါတယ်။
ကွန်ပျူတာပေါ်မှာ ဆိုရင်တော့ အားလုံးသိကြတဲ့အတိုင်း Adobe Photoshop
တို့လိုမျိုးတွေ ရှိပြီး Online ဆိုရင် picmonkey.com တို့လို အပြင်
အခြားများစွာရှိပါတယ်။ Flicker
iOSဆိုတာကိုလည်းအနောက်တိုင်းမှာအသုံးများပါတယ်။
ပြီးရင် ကိုယ်လိုချင် တဲ့အပိုင်းကို Crop လုပ်၊ အရောင်ပေါင်းတို့ကိုလုပ်လိုက်ရင် Perfect ဖြစ်တဲ့ ပုံများထွက်ပါပြီ။
(အကြံပြုချက်)
ကိုယ်သိထားရမှာကဖုန်းကင်မရာဟာပရော်ဖက်ရှင် ကင်မရာမဟုတ်တာ ကြောင့် သိပ်မျှော်လင့်ချက် အကြီး ကြီးမထားစေဖို့ ဖြစ်ပါတယ်။
ဘာလို့လဲ ဆိုလူတစ်ယောက်ရဲ့ မျက်နှာပုံကိုရိုက်ရင် DSLR က Zoom
တွဲကြည့်တဲ့အခါ ပုံထွက်အိုကေပြီးအဆီပေါက်တွေမှာ မြင်နိုင်ပေမယ့် ဖုန်းကတော့
ရမှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့လုပ်နိုင်တဲ့ အလုပ်ကို သိထားဖို့
လိုအပ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ချက်၊ သူ့မှာ ပါဝင်နေတဲ့
Function တွေကိုလေ့လာကြည့်ပါ။
ယခုဖော်ပြချက်
ကတော့ ကင်မရာ ဖြင့် ဓာတ်ပုံရိုက်နိုင်ရန် စတင်ကြိုးစားနေသူများအတွက်
Beginner guide သာ ဖြစ်ပါတယ်။
Mobile Guide Journalwunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-23882491985710630792016-08-19T12:53:00.000+06:302016-08-19T12:53:24.857+06:30 ဖုန်းအဟောင်း တစ်လုံးကို အိမ်လုံခြုံရေး ကင်မရာ အဖြစ် ပြောင်းလဲရအောင်
ဖုန်းအသစ် တစ်လုံး ၀ယ်လိုက်ပြီးတာနဲ့ ဖုန်းအဟောင်းလေးကို
ဘာလုပ်ရမှန်းမသိဖြစ်နေပါသလား။ သင့် ဖုန်းအဟောင်းဟာ သုံးလို့ ရပြီး
နောက်ကျော ကင်မရာ ကလည်း ကောင်းနေ သေးတယ် ဆိုရင်တော့ security camera အဖြစ်
အကျိုးရှိရှိ ပြောင်းလဲ အသုံးပြုကြည့် ရအောင်။
IP Webcam ဆိုတဲ့ appလေးကိုထည့်သွင်းထားပါ ။
Free အခမဲ့အနေနဲ့  lite version ရနိုင်ပြီး Pro version နဲ့ သူ
့ရဲ့စွမ်းဆောင်ရည် feature တွေ အကုန် လိုချင်တယ် ဆိုရင်တော့ ၃.၉၉ ဒေါ်လာ
သွင်းဖို့ လိုပါတယ်။
IP Webcam app ဟာ local ကော ဒါမှမဟုတ် ကြိုက်တဲ့ နေရာ ကနေ အင်တာနက်နဲ့ live
stream လွှင့်နေတာကို ကြည့်ဖို့ အတွက် Ivideon ဆိုတဲ့ cloud video
streaming ၀က်ဘ်ဆိုဒ်ကို အသုံးပြု နိုင်ပါတယ်။
- IP Webcam ကို Google Play ကနေ ဖုန်းအဟောင်းထဲ သွင်းပါ။
- IP Webcam ကို ဖွင့်ပြီး စိတ်ကြိုက် video preference ၊ effect ၊
power management တွေ ချိန်လို့ ရပါတယ်။ အသံ ချည်း ဒါမှမဟုတ် လှုပ်ရှားမှု
ချည်းပဲ ရိုက်ကူး ချင်လည်း ရွေးနိုင်ပါတယ်။
- Ivideon ကနေ stream လွှင့်မယ်ဆိုရင် register ဒါမှမဟုတ် sign in
လုပ်ဖို့ လိုအပ်ပြီး ကိုယ့်ဖုန်းနဲ့  ရလားဆိုတာ compatibility စစ်လို
့ရပါတယ်။
- Stream တိုက်ရိုက်လွှင့်ဖို့ အတွက် app အောက်ဆုံးနားမှာ Start server ကို ရွေးပေးပါ။
- Stream ကြည့်ဖို့ အတွက်ဆိုရင်
- Security camera အဖြစ်ထားထားတဲ့ ဖုန်း အဟောင်းက IP address နဲ့ port နံပါတ်တို့ ကို ရှာပါ။
- တခြား ကွန်ပြူတာ၊စမတ်ဖုန်း၊ဒါမှမဟုတ် တက်ဘလက်ကနေကြည့်မယ်ဆိုရင် Web
browser ရဲ့ address bar မှာ ဖုန်းအဟောင်းရဲ့ IP address ကို
ရိုက်ထည့်ပေးပါ။
အဆင့် ၂ - သင့်ဖုန်းအဟောင်းကင်မရာ ရိုက်ဖို့ အတွက် နေရာရွေးပါ။
Stream စမ်းလုပ်ကြည့်တာ ရပြီဆိုရင် ကိုယ့်စိတ်ကြိုက် နေရာကို ရိုက်ကူးဖို
့အတွက် ဖုန်းကို သင့်တော်တဲ့ နေရာမှာ ထားထားပေးဖို့ လိုပါတယ်။
အဆင့် ၃ - ဖုန်းကို ငြိမ်အောင်ထားပြီး အားသွင်းထားဖို့ လိုပါမယ်။
ဗီဒီယိုကို streaming လွှင့်တာ အား အရမ်းစားပြီး ဖုန်းက တစ်ချိန်လုံး
ဖွင့်ထားရမှာ ဖြစ်တဲ့ အတွက် အားသွင်းနိုင်မယ့် နေရာနား ဖြစ်ဖို့ လည်း
လိုပါတယ်။ အားသွင်းတဲ့ နေရာနဲ့ ဝေးဝေးမှာ ထားချင်တယ် ဆိုရင် ဆယ်ပေရှည်တဲ့
micro USB ကြိုးကို ၀ယ်ယူ အသုံးပြုနိုင် ပါတယ်။
လင်းဝင်း ( နည်းပညာ )
REF : အင်တာနက်wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com1tag:blogger.com,1999:blog-3699261722056118660.post-14523781614486782532016-08-19T12:39:00.002+06:302016-08-19T12:42:23.854+06:30Miracle Box Crack V2.14
Miracle Box က အရမ်း ခေတ်စား နေတော့ မ၀ယ်နိုင်တဲ့ ဘ၀တူ တွေများ ရှိမလားလို့ Crack Free လေး ရှာကြည့်တာ တွေ့လို့ ပြန်တင်ပေးတာပါ။
Miracle Box Crack V2.14 ပါ။ အသုံးပြုနည်း ကလည်း အဆင်ပြေပါတယ်။
Miracle Crack V2.14 Use Now Without Box
MTK-SPD-MASTER-ANDROID-SPD7710-7715 MTK Android
And Other Android Phone Support Read/Write/Flash/Unlock
With Without Any Box JUST Use Now Miracle Box Crack v2.14 USB Cable
▼ ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ ▼
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-38911139768052643532016-08-19T12:36:00.003+06:302016-08-19T12:37:03.818+06:30Ghost Push Killer 1.7
Monkey Test အပါအဝင် Ghost Push Virus တွေကို အမြစ်ပြတ် ရှင်းပေးမယ့်
Ghost Push Killer 1.7
Android Device တွေမှာ တော်တော် ဒုက္ခ ပေးနေတဲ့ Monkey Test အပါ အဝင် Ghost
Push Virus တွေကို အမြစ်ပြတ် ရှင်းပေးမယ့် Ghost Push Killer 1.7
ထွက်လာပါပြီ..
MPPG က ကိုဖြိုးညီညီ ရေးသား ထားတာ ဖြစ်ပါတယ်.. အရင် ဗားရှင်းတွေထက် ပိုမို ပြည့်စုံ ကောင်းမွန်ပါတယ်..
အရင် version တွေမှာ busybox install လုပ်တာ မပါ ပါဘူး။
busybox မသွင်းထားတဲ့ ဖုန်းဆို Virus မသေပဲ ဖြစ်နေပါလိမ့်မယ်။
ခု busybox ကို တိုက်ရိုက် install လုပ်ပြီးမှ RUN တာမို့လို့ 100% အလုပ် လုပ်နိုင် ပါလိမ့်မယ်။
Firmware ပြန်တင်တာတောင် မသေတဲ့ Virus ကို သတ်ပေး ပါလိမ့်မယ်။
အရင်ဒေါင်းထား တာတွေ အကုန် လွှင့်ပစ် လိုက်ပါ" ဆိုပြီး ကိုဖြိုးညီညီက ရေးသား ထားပါတယ် ...။
Computer Windows နဲ့ သုံးရမှာ ဖြစ်ပါတယ် ...။
▼ userscloud.com ▼
OR
▼ my.pcloud.com ▼
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-76065553000582969702016-08-19T12:25:00.000+06:302016-08-19T12:26:08.357+06:30ရည်းစားထားတဲ့ဂိမ်း.....မြင့်မြတ်-ရျွေမူံရတီ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-34163680737289738032016-08-19T12:22:00.000+06:302016-08-19T12:23:28.944+06:30 ရှင်းလို့မရဘူးရှုပ်ကုန်ပြီ.......... မြင့်မြတ် စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင်
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-57658734554069624162016-08-19T12:18:00.001+06:302016-08-19T12:20:12.356+06:30 (နင်စေရင်) စ/ဆုံး
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com3tag:blogger.com,1999:blog-3699261722056118660.post-29434049597586844392016-08-19T12:16:00.000+06:302016-08-19T12:17:18.074+06:30 ( သက်တံသစ် ) အစ/ဆုံး
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com5tag:blogger.com,1999:blog-3699261722056118660.post-109320616930914982016-08-19T12:13:00.003+06:302016-08-19T12:14:54.809+06:30အဆုံးမဲ့ အချစ်.... နေတိုး ဝေဋုကျော် ၀တ်မှုံရွှေရည်
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-48073998430877434502016-08-19T12:09:00.000+06:302016-08-19T12:10:13.852+06:30ဘယ်တော့မှမမေ့ဘူး ...မြင့်မြတ်-အိချောပို
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-56454615406592869672016-08-19T11:40:00.001+06:302016-08-19T11:40:26.473+06:30Original Ganstar အော်ရီဂျင်နယ်ဂိုင်းစတား မြင့်မြတ်
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-77673649548855358992016-08-19T11:38:00.003+06:302016-08-19T11:39:00.098+06:30အမှတ်တရ၏ တဖက်ကောင်းကင် ..... နေတိုး- ချစ်သုဝေ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-53391879641228220542016-08-19T11:37:00.000+06:302016-08-19T11:37:29.649+06:30မေခင်ကညာ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-35849947616997677642016-08-19T11:34:00.000+06:302016-08-19T11:35:04.693+06:30ချစ်သူလိမ်းဖို့ day cream ......လူမင်း-သက်မွန်မြင့်
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-63822448573750946882016-08-19T11:31:00.002+06:302016-08-19T11:32:08.052+06:30ရုပ်သေးရုပ်........အောင်ရဲလင်း-ဖွေးဖွေး
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-38815542208834273292016-08-19T11:28:00.001+06:302016-08-19T11:29:06.428+06:30ကြီးမြတ်သောအမွေ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-61756979694775624642016-08-19T11:25:00.001+06:302016-08-19T11:25:29.212+06:30ခွပ်လက်
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-31142705078327257212016-08-19T11:23:00.001+06:302016-08-19T11:23:46.122+06:30ချိန်း - Nay Toe & Kyaw Kyaw Bo
ခိုင်မင်းခ (နေတိုး) က ၀ူရှုးပညာကို လေ့လာလိုက်စားသလို
ဝူရှုးသင်တန်းကျောင်းဖွင့်လိုသူပါ။ ကေသွယ် (အိန္ဒြာကျော်ဇင်) ကတော့ အကပညာကို
ဝါသနာပါသူဖြစ်ပြီး ခေတ်ပေါ်အကသင်တန်းကျောင်းတစ်ခုဖွင့်လှစ်ရန် ဆန္ဒရှိနေသူပါ။
တစ်နေ့ သူတို့နှစ်ယောက် ဆုံဆည်းရာက လူငယ်တို့ထုံးစံအတိုင်း
စနောက်စကားများရင်း အချင်းချင်း အမြင်ကပ်သွားကြပါတယ်။ ဒီလိုနဲ့
ဝူရှုးသင်တန်းဖွင့်ချင်တဲ့ခိုင်မင်းခက ပိုက်ဆံကြောင့်
မိဘပေးစားတဲ့မိန်းမကိုယူရန် ခေါင်းညိတ်သလို တစ်ဖက်မှာလည်း ကေသွယ်က
အကသင်တန်းဖွင့်ဖို့ငွေကြောင့် ခိုင်မင်းခကို
လက်ထပ်ရန်ခေါင်းညိတ်လိုက်ပါတယ်။ ဒီမှာတင် လက်ထပ်ရမယ့်သူက ရန်သူတော်ဆိုတာ
ကိုယ်စီသိသွားတဲ့အခါမှာလည်း ပိုက်ဆံလိုချင်ဇောနဲ့ ဟန်ဆောင်လင်မယားလုပ်ဖို့
သဘောတူကြပြန်ပါတယ်။ မင်္ဂလာပွဲအပြီးမှာ နှစ်ယောက်သား အက်စီးဒင့်ဖြစ်ရာက
ခိုင်မင်းခကိုယ်ထဲ ကေသွယ့်ဝိညာဉ်က၀င်မိသလို ကေသွယ့်ကိုယ်ထဲလည်း ခိုင်မင်းခ
ဝင်မိပါတယ်။ ဒီမှာတင် နှစ်ယောက်သား Change (ချိန်း) ပါပြီ။
Kaing Kaung , TV -- Film By Soe Ya
ဒါရိုက်တာ
ဦးသိန်းဟန်
ထုတ်လုပ်ရေး
ဖီးနစ်
သရုပ်ဆောင်
နေတိုး၊ အိန္ဒြာကျော်ဇင်wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-56739132235109861022016-08-19T11:21:00.000+06:302016-08-19T11:23:46.127+06:30 ရက်စ်ဘော့စ် Nay Toe ,Thu Htoo San,Kyaw Kyaw
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-76181601179479695032016-08-19T11:16:00.003+06:302016-08-19T11:16:48.656+06:30( မြင်းမိုရ်တို့၏ဂုဏ်သိက္ခာ ) ညီထွဋ်ခေါင် ခိုင်သင်းကြည် ဆုအိမ့်စံ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-84882816739895507172016-08-19T11:15:00.000+06:302016-08-19T11:15:20.242+06:30( Q.C GAME ) ကြူစီဂိမ်း Ye Yint Aung, Ei Chaw Po , Chan
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-23076781968234983132016-08-19T11:12:00.002+06:302016-08-19T11:13:08.020+06:30 ဗရုတ်သုတ်ခ .......ဇေရဲထက် - ရွှေမူံရတီ
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-61426115238436531062016-08-15T16:13:00.001+06:302016-08-15T16:13:47.449+06:30 Software Collections (12.8.2016 )
1. iOS 9.3.4
i-Device သမားတွေအတွက် နောက်ဆုံးထွက်ရှိလာတဲ့ Firmware
ဗားရှင်းသစ်ဖြစ်ပါတယ်။ ယခင်ကထက် Security ပိုင်းတွေပိုမိုကောင်းမွန်လာပြီး
အဆင့်မြှင့်တင်ထားတဲ့ Features သစ်များစွာပါဝင်မှာပါ။
2. iTunes 12.3. & iTools 3.3.4
Entertainment ပိုင်းမှာသိပ်ကိုအားထားရတဲ့ iTunes ဗားရှင်းသစ်နဲ့ Phone
Management ပိုင်းအတွက် Features စုံလင်လှတဲ့ iTools ဗားရှင်းသစ်တို့ကို
တစ်ခွေတည်းနဲ့ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။
3. Revit MEP 2017 Essential Training
Electrical ပိုင်း၊ Mechanical ပိုင်းနဲ့ Plumbing ပိုင်းတွေအတွက် ကဏ္ဍစုံ
Computer Aided Design တွေစိတ်ကြိုက်ဖန်တီးနိုင်တဲ့ Revit MEP 2017
အသုံးပြုပုံကို စနစ်တကျရှင်းလင်းတင်ပြထားတဲ့ သင်ကြားရေးခွေ ဖြစ်ပါတယ်။
4. Autodesk Navisworks Simulate & Manage 2017
Comments, redlining, viewpoint, measurements အစရှိတဲ့ ကဏ္ဍစုံ Tool Set
တွေများစွာပါဝင်တဲ့ နာမည်ကျော် 3D Design ဆော့ဖ်ဝဲလ် Navisworks Simulate
ရဲ့ ဖန်တီးမှုအသစ် 2017 ဗားရှင်းဖြစ်ပါတယ်။
5. SAP Basis Essentials Training
အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေအတွက် Operations Management, Human Capital
Management, Financials Management
အစရှိတဲ့ကဏ္ဍစုံစီးပွားရေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာများကို
စနစ်တကျတတ်ကျွမ်းနားလည်စေဖို့ ရှင်းလင်းတင်ပြထားတဲ့ Training ခွေဖြစ်ပြီး
Topic (၁၀)ခု ခွဲခြားသင်ကြားပေးမှာပါ။
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0tag:blogger.com,1999:blog-3699261722056118660.post-40473908446183997302016-08-15T16:06:00.000+06:302016-08-15T16:06:26.935+06:30ဘောလုံးဂိမ်းကောင်းလေး Dream League 2016 Football Game For Android
ဘောလုံးကန်တဲ့
game ကိုကြိုက်နှစ်သက်ရင်တော့ Dream League ဆိုတဲ့ game လေးကိုလည်း
ကြိုက်ကြမှာပါ။ ဒီ game လေးကဆော့ကစားရတာမိုက်ပါတယ်။ အရင်ဆုံးကိုယ့်ကို
အသင်းတစ်သင်းပေး ထားပြီးတဖြည်းဖြည်းကန်ရင်း ပိုက်ဆံတွေရလာတဲ့အခါ
ကစားသမားတွေဝယ် / ကစားသမားတွေကို level တွေတင်ပြီး ဆော့ကစားရတဲ့ game
အမျိုးအစားလေးပါ။ ဆော့ကစားလိုရင်တော့ Download ရယူလိုက်ပါ။
ooooooOOOOO Dream League Game apk OOOOOooooo
oooooOOOOO Dream League Game data OOOOOooooo
အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )
wunnahtunhttp://www.blogger.com/profile/00457930988652310714noreply@blogger.com0