Popular Posts
-
No Title Singer Listen/Download Size 1 ပြောပေးကြပါ ဟန်ထူးလွင် Click Here !! 2.00 MB 2 ငါတို့ဝေး လွှမ်းပိုင် Click Here !...
-
မြန်မာစာအုပ်တွေ လိုချင်တဲ့သူများအတွက် သူငယ်ချင်းများ အားလုံးမင်္ဂလာပါ... ကျွန်တော် တစ်နေ့က Free download ဆွဲလို့ရတဲ့ ဆိုဒ်(၁၈)ခု...
-
မင်္ဂလာပါ ကျနော် ဒီနေ့တင်ပေးလိုက်တဲ့ postလေးက ကျနော့်ဘော်ဘော်တွေ အမေးများနေလို့ Root မလိုပဲ Coc မြန်မာစာမရသူများအတွက်ပါ ဒီတစ်ခ...
-
USBUtil v2.1 Ultimate for PS2 USB Mode (PS2 Game တွေကို USB မှာထည့်ကစားချင်ရင် cancer: အကိုရေ USB Util ဆိုတဲ့ Software လေးများ...
-
ဂီတစာအုပ်များ ခုတစ်လော ဂီတာ တွေလေ့လာဖြစ်နေလို့ ဝါသနာတူတွေလည်း လေ့လာနိုင်အောင် စာအုပ်လင်ခ့်တွေကို ကိုအာကာကြီး ကနေ ပြန်ရှဲပေးတာပါ ။ ...
-
အဲ ယား ကွန်း ကို Gas ဖြည့် မယ်။ ဘယ် က နေ ဖြည့် မှာ လဲ ? Suction (or) Discharge ? Suction ဆို တာ က စုပ် ယူ တာ လို့ လူ တိုင်း သိ...
-
နည်းပညာဆိုင်ရာ စာအုပ်များ နည်းပညာဆိုင်ရာ စာအုပ်များ စုစည်းဖော်ပြခြင်း သိပ္ပံနှင့် နည်းပညာ ဗဟုသုတများ (ခင်မောင်ဇော်) ကွန်ပျုတာ...
-
ယခုအခါတွင် Windows 10 ကို အခမဲ့ download ပြုလုပ်၍ install ပြုလုပ်ထားသည့် သူများသည် Windows ဗားရှင်းသစ်နှင့် ပတ်သက်၍ သတင်းအခ...
Sunday, June 8, 2014
Huawei ဖုန်းများကို Unlock Code မတောင်းဘဲ Official Network Unlock လုပ်နည်း
Huawei ဖုန်းတွေကို Network Unlock လုပ်ချင်ရင် ပုံမှန်အားဖြင့် Huawei Website ကနေ Network Unlock code တောင်းပြီး ရလာတဲ့ကုဒ်ကို အသုံးပြု၍ ဖုန်းကို Network Unlock လုပ်ရပါတယ်။ နောက်ပိုင်းမှာ အလွယ်နည်းလမ်းအနေနဲ့ Network Unlock ဖြစ်ပြီးသား ဖုန်းထဲက Oem ဖိုင်ကို backup ထုတ်ပြီး ယင်းဖိုင်ကို Network Unlock လုပ်ချင်တဲ့ မော်ဒယ်တူဖုန်းထဲကို ပြန်ပြီး flash/restore လုပ်တဲ့နည်းလမ်းကိုလည်းအသုံးပြုလာကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက side effect အနေနဲ့အခြားဆိုးကျိုးအနည်းငယ်ရှိတာကြောင့် နောက်ပိုင်းမှာ အရင်နည်းလမ်းကိုပဲပြန်လည်အသုံးပြု၍ Network Unlock လုပ်လာကြတာကိုတွေ့ရပါတယ်။ အခုတင်ပြပေးမယ့်နည်းလမ်းကတော့ Huawei Website ကနေကုဒ်မတောင်းဘဲ Official ပုံစံဖြင့် Network Unlock လုပ်နည်းဖြစ်ပါတယ်။ Mrko Su ရဲ့ Facebook page မှာ ဒီနည်းလမ်းလေးကိုတွေ့လို့ Myanmar Mobile App Store က Users တွေအတွက်ပြန်လည်မျှဝေရခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းက အပေါ်မှာတုန်းကပြောခဲ့တဲ့အလွယ်နည်းလမ်းနဲ့ခပ်ဆင်ဆင်တူပါတယ်။ ယခုပြောမယ့်နည်းလမ်းကို ဖုန်းနဲ့ပတ်သက်ပြီးအတွေ့အကြုံများများရှိတဲ့ Advance Users Level တွေသာစမ်းသပ်ကြဖို့အကြံပြုလိုပါတယ်။
အရင်ဆုံးလိုအပ်တဲ့ Tool ဖြစ်တဲ့ Huawei Hacker Toolkit ကိုရယူပါ။
Huawei Hacker Toolkit အားရယူရန်
Rar file Password-thihahtike
Network Unlock လုပ်လိုသောဖုန်းနဲ့ကွန်ပျူတာနဲ့ကိုချိတ်ဆက်ပါ။ ပြီးလျှင် Huawei Hacker Toolkit ကိုအသုံးပြု၍ ယင်းဖုန်းမှ oem img ဖိုင်ကို backup ထုတ်ပါ။
ယင်း Oeminfo.img ဖိုင်ကို HexEditor Software ကိုအသုံးပြု၍ ဖွင့်ပါ။
02 00 10 (Hex-values) နှင့်စသောဂဏန်းတွဲကို Hexeditor ထဲတွင် search box ကိုအသုံးပြု၍ရှာပါ။
4.02 00 10 ရဲ့နောက်က ဂဏန်းနှစ်လုံးတွဲ 16 လုံးက 03 00 10 နောက်က ဂဏန်းနှစ်လုံးတွဲ 16 လုံးနဲ့တူနေရင် အဲဒီဂဏန်းနှစ်လုံးတွဲ 16 လုံးကို Copy ကူးပြီး 01 00 10 နောက်မှာ ထည့်ပါ (Hint-
00 10 00 xx xx xx xx xx xx xx xx xx xx xx xx xx xx xx xx 00 20 10 xx xx xx xx xx xx xx xx xx xx xx xx xx xx xx xx 00 30 10 xx xx xx xx xx xx xx xx xx xx xx xx xx xx xx xx)
-Hexeditor ရဲ့ File Menu ကနေ Oeminfo.img ကို Save လုပ်ပါ
-Oeminfo.img ကို Block5 ကို Huawei Hacker Tool Kit ကိုပဲပြန်အသုံးပြု ပြီး ဖုန်းထဲသို့Restore ပြန်လုပ်ပါ (တစ်ခြားနည်းလမ်းနဲ့လည်း Restore လုပ်လို့ရပါတယ်ခင်ဗျ)
-ဖုန်းကဒ်ထည့်စမ်းပါ Network Unlock မရှိတော့ပါဘူးခင်ဗျား
-ဤနည်းလမ်းသည် Network Unlock ဖြစ်နေသောဖုန်းထဲမှ Oeminfo ကို Network Lock ကျနေသောဖုန်းထဲသို့ကူးထည့်ခြင်းမဟုတ်ပါ
Official နည်းလမ်းဖြစ်ပါသည်။
Credit to ကိုဖြိုးညီညီ+ကိုကျော်စွာသွင်
Labels:
Android
Subscribe to:
Post Comments (Atom)
No comments:
Post a Comment