Popular Posts

Showing posts with label Root. Show all posts
Showing posts with label Root. Show all posts

Thursday, July 28, 2016

PC Root tool အတွက် IRoot latest version

   PC နဲ့ ဖုန်းကို ERROR ကင်းကင်း Root နိုင်မယ့် IRoot latest version လေးပါ



                                                       IRoot Download for PC
                                        
                                                         လင်းဝင်း(နည်းပညာ)

Wednesday, January 7, 2015

VRoot ကနေ Update ပေးလိုက်တဲ့ iRoot V 1.7.9.2 English Version

iRoot V 1.7.9.2 English Version

အသစ်ထွက်ရှိလာတဲ့ ဖုန်းများ Root လုပ်ရာမှာနာမည်ကြီး Root Tool ဖြစ်တဲ့ VRoot ကနေ Update ပေးလိုက်တဲ့ iRoot V 1.7.9.2 English Version ဖြစ်ပါတယ် ဖုန်းအမျိုးစားများဖြစ်ကြတဲ့ sony,samsung,HTC,Huawei, အစရှိသည့် အခြား တရုတ်ဖုန်းများစွာကို Root လုပ်ပေးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ် အခုဒီ Version မှာတော့ ဖုန်း Version အမြင့်များစွာကို Root ပေးနိုင်ပါပြီ လိုသူများ အောက်မှာ ဒေါင်းယူပါ။


Download Click Here

Android ဖုန်းတွေအတွက် error ကင်းကင်းနဲ့ Root လုပ်ဖို့ Root Genius Version: 2.1.6.1 For Pc & Apk

Root Genius Version: 2.1.6.1 For Pc & Apk

Android ဖုန်းတွေအတွက် error ကင်းကင်းနဲ့ Root လုပ်ဖို့ 10,12,20014 နေ့ကထွက်ရှိထားတဲ့ Root GeniusV-2.1.6.1 နောက်ဆုံးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် အခုဗားရှင်းမှာ Android ဖုန်း ဗားရှင်းအမြင့် တ်ာတော်များများ Root, ပြုလုပ်နိုင်ပြီး လွယ်ကူစွာ root လုပ်နိုင်ပါတယ် ဒီ tool လေးကိုအသုံးပြုဖို့ internet connection လိုပါမယ် Root လုပ်နေချိန် စက်ထဲမှာ တင်ထားတဲ့ Antivirus ခဏပိတ်ထားပေးပါ English Version Pc/ China Version Pc/ Apk Version 3 မျိုးတင်ပေးလိုက်တယ် သူ Root နိုင်တဲ့ ဖုန်းအမျိုးအစားနဲ့ ဗားရှင်း တွေကို (ဒီနေရာမှာ) ဆိုတာကိုနိပ်ပြီးဝင်ရောက်ကြည့်နိုင်ပါတယ်
အသုံးလိုတဲ့သူတွေ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။
China Version 2.1.6.1 For Pc= Download Click Here


English Version  Version 1.8.7 For Pc =Download Click Here


                                      For Android = Download Apk

Friday, August 15, 2014

baidu-root v2.4.5 apk

baidu-root v2.4.5 apk



-Android version v4.3 ​တွေကို
pc မလိုပဲ၊ဖုန်းထဲမှာတင်​​အောင်​မြင်
စွာနဲ့Rootလုပ်​​ပေးနိုင်​တဲ့
"baidu-root v2.4.5 apk"ဆိုတဲ့
နောက်​ဆုံးထွက်​ဗားရှင်းapp​လေး
တစ်​ခုကိုတင်​​ပေးလိုက်​ပါပြီ-
-baidu-easy-root v2.4.5
apkအား​အောက်​က
လင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူနိုင်​ပါပြီ-
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
https://copy.com/7UAT62OLsgjKyEbU

-Root လုပ်​ပြီးသွားရင်​super user
apkကိုဖုန်း​ပေါ်ကိုinstallလုပ်​ပါ။
super user apkကို​အောက်​မှာ​ဒေါင်း
လုပ်​ယူလိုက်​ပါ။
★DOWNLOAD super user v3.1.3 apk★
http://www.solidfiles.com/d/f4e886dccd/super-user-v3.1.3-Kozawthwin.apk

-Root Access ရ/မရကိုစစ်​​ဆေး​ပေး
မယ့်​"Root Checker v5.1.6"apkကို
အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ယူပါ-
★DOWNLOAD Root Checker v5.1.6★
http://www.solidfiles.com/d/a7a5243bc7/rootcheck-v5.1.6-Kozawthwin.apk

   အဆင်​​ပြေပါ​စေ။

                              လင်းဝင်း ​(နည်းပညာ)

Sunday, June 8, 2014

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း



Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။


(OR)

Lenovo ဖုန်းတွေမှာတော့ ဖုန်းမော်ဒယ်နဲ့ Android ဗါးရှင်းကို Setting >> Version Infos ကနေ ကြည့်ရင် အောက်ကပုံလေး အတိုင်း တွေ့ရမှာပဲ ဖြစ်ပါတယ်..။


အပေါ်မှာ တင်ပေးထားတဲ့ APK လေးတွေကို ဒေါင်းယူပြီးရင်တော့ via USB Cable or Card Reader နဲ့ မန်မိုရီကတ်ထဲကို ကူးထည့်ပါ..။ ပြီးရင်တော့ Lenovo ဖုန်းရဲ့ File Browser ကနေသွားပြီး တရုတ်စာနဲ့ ရေးထားတဲ့ root 2.3.9 ဆိုတဲ့ APK လေးကို တခြားဆော့ဝဲလ်တွေနည်းတူ Install အရင်ထည့်ပါတယ်..။


အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးရင် Open နဲ့ ဖွင့်လိုက်ပါ..။





အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာလေးတွေကို နှိပ်သွားလိုက်ပါ..။




အောက်ကပုံအဆင့်မှာတော့ ဖုန်းကို Root ဖေါက်နေပါပြီ..။ ခဏစောင့်နေလိုက်ပါ..။ တစ်မိနစ်မပြည့်ခင် ပြီးပါတယ်..။


အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့တော့ မိမိတို့ရဲ့ ဖုန်းကို Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။ Root မရတဲ့ဖုန်းတွေမှာဆိုရင်တော့ အနီရောင်နဲ့ ပေါ်ပါတယ်..။ Root ရမရ သိရအောင် Root Checker Pro ဆော့ဝဲလ်လေးနဲ့ စစ်ကြည့်ပါ..။ Root ရပြီဆိုရင် မြန်မာစာ ပေါ်အောင် ဆက်ပြီး အောက်က အဆင့်တွေအတိုင်း လုပ်လို့ ရပါပြီ..။


အရင်ဆုံး Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi Changer ကို အသုံးပြုပါတယ်..။ မြန်မာစာ ရတာ သေချာပါတယ်..။ အားနည်းချက်ကတော့ တရုတ်စာတွေ ပျောက်သွားပါတယ်..။ ဒါကြောင့် တရုတ်စာ ရေးတတ်၊ ဖတ်တတ်တဲ့ သူများကတော့ ဒီဖေါင့်ကို မသုံးသင့်ပါ..။ တရုတ်စာ မသုံးတဲ့ သူများကတော့ ဒီဖေါင့်ချိန်ဂျာကို အောက်ကပုံလေးအတိုင်း ဆက်ပြီး ထည့်သွားလိုက်ရင် မြန်မာစာ ရပါပြီ..။


Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အစိမ်းရောင်နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ) စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ရင်တော့ အောက်က မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။

Root ရပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ မိမိတို့ ဖုန်းနဲ့ တူတဲ့ စာသားကို ရွေးနှိပ်သွားလိုက်ပါ..။ Lenovo ဆိုရင်တော့ အပေါ်ဆုံးက စာသားကို နှိပ်သွားလိုက်ပါ..။

အောက်ကပုံလေးအတိုင်း Complete စာသားနဲ့ ပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ မြန်မာစာရိုက်တဲ့ ကီးဘုတ်မပေါ်သေးရင်တော့ ဖုန်းရဲ့ Setting >> Language and Input မှာ FrozenKeaboard ကို အမှန်ခြစ်ပေးလိုက်ရင် စာရိုက်လို့ ရသွားပါပြီ..။

အပေါ်ကပုံအတိုင်း MMSD Smart Zawgyi Changer နဲ့ မြန်မာစာ အဆင်ပြေသွားတဲ့ ပုံလေးပါ..။
နောက်တခုကတော့ MM Aio Font Changer ကို အသုံးပြုရင်လည်း lenovo 4.2.2. ဖုန်းတွေမှာ မြန်မာစာ ရပါတယ်..။ အင်တာနက်သုံးတဲ့ Browser တွေနဲ့ Facebook တို့မှာ မြန်မာစာ ပေါ်ပေမယ့် အားနည်းချက်တခုကတော့ ဖုန်း Contact မှာ မြန်မာစာ ရိုက်လို့ မထွက်ပါဘူး..။ ကျနော် MM Aio Font Changer ကို အောက်ကပုံလေးအတိုင်း Install ထည့်ပြီး ဖွင့်ပါတယ်..။



ဖွင့်လိုက်တာနဲ့ Root Access တောင်းရင် အောက်ကပုံလေးအတိုင်း အနီးဝိုင်းပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။


ပြီးရင်တော့ မိမိတို့ဖုန်းရဲ့ ဗါးရှင်းနဲ့ တူတာကို အောက်က အဝါရောင် အဝိုင်းတွေထဲမှာ ရှာယူပါ..။ 4.2.2 ဖြစ်တဲ့အတွက် အောက်ပုံလေးတွေ အတိုင်း Smart ဇော်ဂျီမှာ အမှန်ခြစ်ပေးပြီး XML Method ကို နှိပ်ပေးလိုက်ပါ..။ အောက်ဆုံးပုံလေးတွေအတိုင်း အလုပ်လုပ်တာကို ခဏစောင့်နေပေးပြီးရင် ဖုန်း Restart ကျပါတယ်..။ ပြန်ပွင့်လာရင်တော့ မြန်မာစာ ရပါပြီ..။




မြန်မာစာ ရိုက်တဲ့အခါမှာတော့ ပုံမှန်ဖေါင့်ဆိုဒ်နဲ့ အဆင်မပြေတဲ့အတွက် ကီးဘုတ်ကို ဖွင့်ထားပြီး Setting ကနေ ဖေါင့်ဆိုဒ်ကို သွားတိုးပေး ကြီးပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။



80 လောက်ရှိတာကို 130 လောက် ထားပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း မြန်မာစာ ရေးလို့ ရပါပြီ..။



ဒီလောက်ဆိုရင်တော့ Lenovo 4.2.2 ဖုန်းတွေနဲ့ တခြား Android 4.2.2 တွေမှာလည်း မြန်မာစာ ရေးလို့၊ ဖတ်လို့ ရအောင် လုပ်တတ်သွားပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေပါစေဗျာ..။
 
 

Friday, March 28, 2014

ကွန်ပျုတာမလိုပဲ ဖုန်းထဲကနေ Root လုပ်နည်းနှင့် မြန်မာစာ မြန်ဖောင့်ထည့်သွင်းနည်း



ဒီရက်ပိုင်း Android OS ဖုန်းအသုံးပြုသူတွေအတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့
အခုမှဖုန်းစသုံးမယ့် user တွေရော ၊ သုံးနေကျ users တွေရောလိုအပ်မယ့်ဆော့ဝဲတစ်ခုကိုရေးသားဖြစ်သွားပါတယ်။ ဆော့ဝဲနာမည်ကိုတော့
MMAS Root & Font Installer လို့အမည်ပေးထားပါတယ်။ ဒီဆော့ဝဲလေးက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။






Download- MMAS Root & Font Installer(1).apk


Credit to -MMAS-ThetNaing Soe

Android ဖုန်းနဲ့  Tablet တွေကို Root လုပ်နည်း နဲ့ Vroot မြန်မာဗားရှင်း ဆော့ဝဲလိုချင်ရင်

Android ဖုန်းနဲ့  Tablet တွေကို Root လုပ်နည်း နဲ့ Vroot myanmar version



Android ဖုန်းတွေကို Root ချင်ရင် ဒီဆော့ဝဲသုံးပါ မြန်မာလိုမြင်ရတာမလို့ မခက်ပါ

ကွန်ပျုတာမှာ ဒီဆော့ဝဲလေးထည့်ထား Root လုပ်ချင် အလွယ်သုံးလို့ ကောင်း၏ 

မြန်မာစာထည့်ဖို့ အဆင်ပြေဖို့  Root လုပ်မယ်ဆိုရင် ဒီဆော့ဝဲက အဆင်ပြေတယ်

အသုံးလိုသူများ အောက်ကလင့်မှာ Download ယူပါ မြန်မာလိုဆော့ဝဲဖြစ်ပါတယ်


ဒေါင်းလုပ်ဖိုင်ထဲမှာ ၃ခုပါပါတယ် ပထမဆုံး Vroot ဆော့ဝဲကို အင်စတောလုပ်ပါ

ဒုတိယ Vroot Myanmar ဖောင့်ကို အင်စတောလုပ်ပါ တတိယအဆင့် Rooter

လို့ အမည်ပေးထားတဲ့ Rar ဖိုင်ကို ကော်ပီယူပါ။Dasktop က VRoot Iconကို

Right ထောက်လိုက်ပြီးရင် Properties နှိပ်ပါ Open File Location ကိုသွားပါ

Rooter ဆိုတဲ့မူလဖိုင်လေးကိုဖျက်လိုက်ပါ။ ပီးရင် ဒေါင်းလုပ်ယူထားတဲ့ထဲက

Rooter ဖိုင်လေးကို ကော်ပီကူးထည့်လိုက်ရင် မြန်မာလို့ မြင်ရပါလိမ့်မယ်။


Download - Vroot by Myanmar Language


                                     www.linwin22.blogspot.com

Thursday, October 24, 2013

Moborobo



Moborobo နာမည်ကြီး အသုံးများနေတဲ့ မိုဘိုရိုဘို MoboMarket 

 



ဒီကောင်လေးကတော့ အတော်လေးကို အသုံးဝင်ပါတယ် ။ Market အနေနဲ့လည်း သုံးနိုင်သလို။ ဖုန်းတွေကို
Backup လည်း လုပ်လို့ရတယ် Viber နဲ့ချက်နေသူများအတွက်လည်း မက်ဆေ့တွေ များများရိုက်ပြီး ပို့နိုင်သ
လို.။ ရိုးရိုး Message ကိုလည်း ကွန်ပျူတာကနေ တစ်ခါတည်း လှမ်းပို့နိုင်တော့ ပိုမြန်တာပေါ့ဗျာ.။ ကွန်ပျူတာ
နဲ့ တစ်ခါတည်း စာတစ်စောင်လောက် ရေးပြီး ပို့လိုက်တော့ နှစ်ဆယ့်ငါးကျပ်နဲ့ ပြီးရော သို့မဟုတ်လျှင် တစ်
ခဏအတွင်း နှစ်ရာသုံးရာပေါ့.။ အဲလိုပြောရတာ အရေးမကြီး နောက်ကနေလိုက်လိုက်ပိတ်နေတာ ဆိုးတယ်
ကွယ့်။ ရှေ့ကကောင်းစေချင်လို့ပြော သူတို့က ငွေရပေါက်ရှာ။ အတော်ဟုတ်တဲ့လူတွေ။ ကိုယ့်မှာ မရှိတဲ့ဟာ
တွေကိုလည်း အဲဒီ Moborobo ဆော့ဝဲနဲ့ တစ်ခါတည်း တစ်ပါတည်း ကွန်ပျူတာနဲ့ဘဲ ဒေါင်းလော့ချမလား သို့
မဟုတ် မိုဘိုင်းဖုန်းနဲ့ဘဲ ဒေါင်းလော့ချမလား အများကြီးဘဲဗျာ သုံးလို့ရတာတွေကလေ.။ သူ့ကိုယ်ပိုင် Market
လေးကလည်း ရှိပြန်တော့ ပိုအဆင်ပြေတာပေါ့ဗျာ.။ ဖုန်း Screenshot ရိုက်ဦးမလား.။ ရိုက်လို့ ရတယ်..


ROM တွေ ဒေါင်းလော့ချမလား  ဂိမ်းတွေကလည်း အမျိုးမျိုး အဖုံဖုံ စသဖြင့် ကောင်းသတင်းတွေ ဝေ ဝေ။
ကောင်းခြင်းတွေ ဖြာနေတဲ့ http://www.moborobo.com/ ကိုတော့ လက်မလွတ်သင့်ပါဘူးဗျာ.။ Playstore ကို
မရမက ၀င်နေခြင်းထက် ဒီလို Market တွေမှာလည်း Playstore လောက်နီးနီး ကောင်းနေလေတော့ သင့်
ဘာကို ရွေးမလဲ ဖြစ်တော့တာပေါ့ဗျာ.။ ဟိုသီချင်းလိုဘဲ မီးနဲ့ ရေ ဘာကိုရွေးမလဲဆိုသလိုပေါ့ဗျာ..။
ခုတော့ Playstore နဲ့ MoboMarket ဘယ်ဟာ ရွေးမလဲ သို့မဟုတ် 1MobileMarket ဘယ်ဟာရွေးမလဲ သို့မဟုတ် BlackMarket ဘယ်ဟာရွေးမလဲ..။

ဒီကောင်လေးကို ကွန်ပျူတာထဲ ထည့်သွင်းပြီးတော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ချိတ်ဆက်ကာ တစ်ပါတည်း
ဒေါင်းလော့ချကာ တစ်ခါထဲ Install ပြုလုပ်နိုင်တယ်။ Uninstall လည်း ပြုလုပ်နိုင် ပါတယ်..။ Themes တွေက လည်း လန်းမှလန်းပါဘဲဗျာ..။ တစ်ကယ်ပါ ကောင်းလို့ ကောင်းသတင်းမွှေးတာပေါ့ ဟုတ်ဘူးလား..။ မယုံရင် လက်တွေ့တာ စမ်းကြည့်ပေတော့ဗျို့....


ကဲဗျာ Upload တင်ရတာ စိတ်ဆင်းတာဗျာ.။ တစ်ကယ်ပါ 1MB လေး
တင်တာကို အ၀ိုင်းလေးက လည်နေလေတော့ အတော့်ကို စိတ်ပျက်သွားတယ် စိတ်လည်း တိုတယ်ဗျာ။
ငွေကုန်ပြီး အဖတ်မတင်လို့။ ကုန်ရကျိုးမနှပ်လို့ ကောင်းကောင်းသုံးပြီး ကောင်းကောင်းကုန်တာက အရေး
မကြီးဘူး လိုင်းမကောင်းတာ သုံးပြီး ကောင်းကောင်းကြီး ကုန်နေတာကို မကြေနပ်တာဟေး...။
မူရင်းလင့်လေးမှာဘဲ ဒေါင်းလိုက်ပါတော့ဗျာ..။


 
 
 

Huwaei G 510 Root လုပ်ချင်တဲသူငယ်ချင်းများအတွက်ပါ



Huwaei G 510 Root လုပ်ချင်တဲသူငယ်ချင်းများအတွက်ပါ

Huwaei  G 510  Root လုပ်ချင်တဲ့ moe htet myat အတွက်ပါ။နောက်လူတွေလည်းလေ့ လာနိုင်အောင်မျှဝေပေးလိုက်တာပါ။
အရင်ဆုံးအနေနဲ့ မိမိတို့ ဖုန်းကိုအောက်ကအဆင့် အဆင့် အတိုင်းလိုက်လုပ်ပေးပါခင်ဗျာ။
(အဆင့် -၁)  usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို  ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။


(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။

 
အဆင့် (၃) ကွန်ပျူတာက ဖုန်းကိုသိပြီဆိုရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်း power + volume down ။ (ဖုန်းပါဝါနှင့် အသံတိုးခလုပ်) ကို ပြိုင်တူနိပ်ထားပေးပါ။android screen logo ပေါ်လာရင် ရပ်လိုက်ပါ။ကွန်ပျူတာက usb ကိုတစ်ခါပြန်စစ်ပေးပါ။



အဆင့် (၄) ဒီနေရာမှာ root tool ကိုယူပြီး ကွန်ပျူတာမှာ run လိုက်ပြီးရင် အောက်မှာမြှားပြထားတဲ့ အကွက်လေးကိုနိပ်လိုက်ပါ။



ဒီအဆင့် မှာတော့ အောင်မြင်သွားပါပြီခင်ဗျာ။


VRoot_1.6.0.3690_Setup English version



VRoot_1.6.0.3690_Setup English version

 QQ截图20130826171452.png
Samsung , HTC , Sony , Huawei , ZTE , Lenovo , Cool အစရှိတဲ့  model ပေါင်း 3000 ကျော်လောက် root နိုင်တယ်ဆိုဘဲ  one click   ဆိုတော့သုံးရတာလည်းလွယ်ကူပါတယ်။ နောက်ပြီး ကိုယ် Root လုပ်မယ့်ဖုန်းဟာ Bootloader Unlock လည်းလုပ်စရာမလိုပါဘူး။ USB Unknown source နဲ့ USB Debugging on ထားရင် ရပါပြီ။

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

C8813 Network Lock ဖြေနည်း

C8813 Network Lock ဖြေနည်း





ပထမဆုံး နည်းလမ်း ကတော့

ဖုန်းက Root လုပ်ထားပြီးသား ဖြစ်ရပါမယ်....
၁. ဖုန်းမှာ Root Explorer.apk ထည့်ထားရပါမယ် မရှိရင်ဒေါင်းပါ
၂. Root Explorer ဖွင့်ပါ။
၃. "build.prop" ကိုရှာ မင်မိုရီကဒ် ထဲ Copy ကူးပါ။ ကွန်ပျူတာထဲရွှေ့ပါ ။ text ဖိုင်အနေနဲ့ဖွင့်ပါ။
၎. "ro.config.ct_card_lock = true" ဖိုင်ကိုရှာပြီး true နေရာမှာ false ပြောင်းပြီး Save ပါ။
၅. ဖိုင်ကို ဖုန်းထဲပြန်ကူးထည့်။ Root Explorer ပြန်ဖွင့်ပါ။
၆. ညာဘက်ဒေါင့်မှာ ရှိတဲ့ R/W ကို R/O ပြောင်းပါ မင်မိုရီကဒ် ကနေ ဖုန်းရဲ့ Root ထဲကူးထည့်
Overwrite လုပ်ပါ။
၇. အားလုံးပြီး Restart ချ စက်ပြန်တက်လာရင် GSM Network ရနေမယ်...

ဒုတိယနည်း

၁. Bootloader Unlock လုပ်ပါ



၂. CWM သွင်းပါ CWM ကတော့ ဒီမှာယူပါ Download
 ဒေါင်းရန်

၃. ပြီးရင်တော့ဒါလေးကို CWM ကနေ flash ပေးလိုက်ပါနော် Download
 
 
 

Wednesday, October 23, 2013

Android ကို root လုပ်ခြင်း အကျိုးကျေးဇူးများ

Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ



1. Total control over system

root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။

root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို

တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။

( ဥပမာ : Android phone / tablet ကို root လုပ်ပြီး

system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )

2. Remove Unwanted apps

ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။

တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့

phone memory ကိုအလဟဿဖြစ်စေပါတယ်။

ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့

applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။

3. Change Themes

ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။

နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။

ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက

ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့

သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။

4. Backup Whole System

Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ

သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။

အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး

SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?

OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။

သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။

သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။

5. Installing Special Applications

Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications

တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။

( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )

အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။

6. Install New ROM , Interference

သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)

အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို

ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့

ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။

အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။

ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း

အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။