Popular Posts

Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Friday, August 19, 2016

ဖုန်းကင်မရာဖြင့် ဓာတ်ပုံကောင်းအောင်ရိုက်ကူးနည်း












ဖုန်း ကင်မရာကို အသုံးပြုလို့ လူတိုင်း ပုံကောင်းကောင်း ရိုက်တတ် ချင်ကြမယ် လို့ ယုံကြည် ပါတယ်။ ဒီတော့ ပုံကောင်းကောင်း ထွက်စေမယ့် နည်းလမ်းများ ကို မျှဝေပေး လိုက်ရ ပါတယ်။

နည်းလမ်းလေးတွေ စပြောကြရ အောင်..

(၁) Zoom ဆွဲမရိုက်ပါနဲ့..
အရေးအကြီးဆုံး အချက်ဖြစ် ပါတယ်။ ဖုန်းနဲ့ ရိုက်တဲ့ အခါ Zoom ဆွဲပြီး ရိုက်မယ့် အစား ပုံမှန် အတိုင်း ရိုက်လို့ ကိုယ် လိုချင်တဲ့ နေရာကို Crop လုပ်ယူလို့ ရပါတယ်။ Zoom ဆွဲလိုက်ခြင်းက ပုံရဲ့ အရည်အသွေးကို ကျဆင်း သွားစေမှာ ဖြစ်ပါတယ်။

ဒီတော့ စမ်းကြည့်ပါ။ Zoom ဆွဲပြီးရိုက်တာနဲ့ ခပ်ရိုးရိုးရိုက်ပြီးကိုယ်လိုချင်တဲ့အပိုင်းကို Crop လုပ်ဆွဲကြည့်ယူတာနဲ့ ဘယ်ဟာပိုကောင်းသလဲဆိုတာသိမြင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့ အရာနဲ့ ဝေးနေတယ်ဆိုရင် Zoom ဆွဲမယ့်အစားနီးနိုင်သမျှ နီးအောင်သွားရ ပါမယ်။

(၂) Original Mode ကိုသာသုံးပါ။
ကင်မရာတွေမှာ Mode အသီးသီးရှိပါတယ်။ Evening mode လား၊ Morning mode လား၊ night mode လားအစရှိသဖြင့် ရှိပါတယ်။

mode တွေ ဘယ်လောက်ပဲရှိရှိ Original နဲ့ ရိုက်ပြီးတော့ ပုံကို Edit လုပ်တဲ့အခါမှ mode ပြန်ပြင်နိုင်ပါတယ်။ အကယ်၍ Evening mode နဲ့ ရိုက်ထားဖြစ်ရင် အချို့ ဖုန်းဆိုရင် ပြန် edit လုပ်တဲ့အခါ Orignal mode ကို ပြန်ဆင်းလို့ မရတော့ ပါဘူး။

အဲ့ကျရင် edit ရ ပိုလို့ ခက်ခဲပါလိမ့်မယ်။ ပြီးတော့ Camera 360 နဲ့ အခြား သော ပြင်စရာ app များစွာရှိပေမယ့် သူတို့က ပြင်စရာ App ပါ။ ရိုက်စရာ App မဟုတ်ပါဘူး။ Instagramတောင်မှ ပုံရိုက်ပြီးမှ သူ့ထဲပြန်ထည့် ပြင်တာအကောင်းဆုံးဖြစ်ပါတယ်။

(၃) လက်ငြိမ်ငြိမ်ထားပါ
ကင်မရာဘယ်လောက်ကောင်းကောင်း၊ Image Stable ဖြစ်အောင် ထိန်းတဲ့ နည်းပညာတွေ ဘယ်လောက် တိုးတက်ပါစေပုံကောင်းကောင်းထွက်ချင်ရင် လက်ငြိမ်အောင် ထိန်းသင့်ပါတယ်။

အကယ်၍ လက်တင်စရာရှိရင် တင် ထားပြီးတင်စရာမရှိရင် ဖုန်းကသေးတယ်ဆိုရင် လက်တစ်ဖက်ရဲ့ လက်ခုံး ပေါက် တံတောက်ဆစ်တင်တဲ့ အနေ အထားနဲ့ ရိုက်နိုင်ပါတယ်။

အကယ်၍ ဖုန်းကအဲ့လောက် မသေးဘူးလက်နှစ်ဖက်လိုတယ်ဆိုရင်လည်း နှစ်ဖက်စလုံး ပေါင်းလို့ ခပ်ငြိမ်ငြိမ်လေးဖြစ်အောင် ကိုင်နိုင်ပါတယ်။

(၄) အသံတိုးအသံချဲ့ buttonကိုသုံးလို့ ရိုက်ပါ
ဖုန်းတွေမှာအသံတိုးအသံချဲ့ buttonကိုသုံးလို့ ရိုက်လို့ရတယ် ဆိုတာကို ရောသိကြပါသလား..တကယ့် ကင်မရာကိုင်တဲ့ အရသာကိုရရှိစေဖို့ ဖုန်း ကုမ္ဗဏီများကဖန်တီးပေးထားပါတယ်။

အရင် ဖုန်းအဟောင်းများတော့ မသိ iPhone, Samsung, နဲ့ အခြားသောဖုန်း brand အများစုရဲ့ ၂၀၁၂ လောက် ကနေစထုတ်တဲ့ ဖုန်းများကသုံးလို့ရပါ တယ်။

Screen ပေါ်က button ကိုသုံးဖို့ ကြိုးစားနေရင် တစ်ခါတလေလက်မငြိမ်ပါဘူး။ ဒီမှာ exception တစ်ခု ရှိပါတယ်။ buttonကိုသုံးတယ် ဆိုတာ landscape ရိုက်မှပါ။ Potrait (ဒေါင်လိုက်) ရိုက်ရင်တော့ screen ထဲက နှိပ်စရာကပိုအဆင်ပြေပါတယ်။

(၅) ရိုက်ကွက် အနေအထားကိုသိပါ
Landspace ပုံစံလိုချင်လား၊ Potraitပုံစံလိုချင်လားကိုယ်တိုင် စဉ်းစားပါ။ Landspace က ကင်မရာကလှဲ လိုက်တဲ့ အနေအထားဖြစ်ပြီးPotrait က ဖုန်းကိုအထောင်လိုက် အနေအထား ဖြစ်ပါတယ်။

အကယ်၍ ရှုခင်းပုံရိုက် တယ်ဆိုရင် Landspace က အကောင်းဆုံး ဖြစ်ပြီးလူတစ်ဦးသို့မဟုတ် Object တစ်ခုခုကိုဦးတည်တယ်ဆိုရင် ထောင် လိုက်ကကောင်းပါတယ်။

ဒါပေမယ့် နောက်ခံ ရှုခင်းနဲ့ လူကိုပါ ပါစေချင်တယ်ဆိုရင် Landspaceပုံရိုက် နိုင်ပါတယ်။

(၆) Focus ငြိမ်အောင် စောင့်ပါ
ယခုနောက်ပိုင်းဖုန်းတွေမှာဆိုရင် Auto Focus တွေ ပါပါတယ်။ Auto Focus ကိုမိမိက Focus ထားချင်တဲ့ အရာအပေါ် ရောက်အောင် လက်နဲ့တို့ထိပြီး တော့ ဆွဲယူပါ။

ပြီးရင် Focus ငြိမ်အောင် ခဏစောင့်ပါ။ Focus မငြိမ် သေးဘဲ ရိုက်မိရင် ပုံကမကောင်းတော့ပါဘူး။

(၇) HDR mode ဖွင့်ထားပါ
HDR mode ဖွင့်ထားရင် ဖုန်းတွေမှာပုံ နှစ်ပုံရိုက်ပေးတာမျိုးတို့ အချို့ဖုန်း မှာလုပ်ပေးပါတယ်။ တစ်ပုံကိုပုံမှန် ပုံရိုက်ပေးပြီးနောက်တစ်ပုံကို HDR mode နဲ့ ရိုက်ပါတယ်။

HDR Mode ကိုကိုယ်ရိုက်မယ့် ရိုက်ကွင်းရိုက်ကွက်မှာ လူများများပါတယ်၊ Object အများကြီး ပါတယ်ဆိုရင် ဖွင့်ထား သင့်ပါတယ်။ ဒါဆိုရင် အားလုံးရဲ့ ရုပ်ထွက်ကို ကောင်း အောင် လုပ်ပေးပါတယ်။

Hight Definition Resolution ဖြစ်ပါတယ်။

(၈) ပုံများများရိုက်ပါ
ရိုက်ကွင်းတစ်ကွက်ထဲမှာတစ်ပုံပဲမရိုက်ပါနဲ့။ အထူးသဖြင့် လူပုံတွေကို ရိုက်တဲ့အခါ ဖြစ်ပါတယ်။ မျက်လုံး မှိတ်သွားတဲ့အခါ ရှိမယ်။ အမူအရာ ပျက်တဲ့အခါ ရှိမယ်။

ဒါကြောင့်မို့ ရိုက်တဲ့အခါ ပုံတွေ အများကြီး ဆက်တိုက်ရိုက် သင့်ပါတယ်။ ၅ပုံ၊ ၆ ပေါက်လောက်ဖြစ်ပါတယ်။ ပြီးတော့မှ ကိုယ်ကအကောင်းဆုံးလို့ ထင်တဲ့ ပုံကိုရွေးချယ်နိုင်ပါတယ်။

(၉) အလင်းရောင်ကိုကောင်းကောင်းအသုံးချပါ
ပုံရိုက်တဲ့အခါ လူသို့မဟုတ် Object တစ်ခုခုကိုရှင်းရှင်းလင်းလင်း မြင်ချင်ရင် အလင်းရောင်လာရာဘက်ကို မျက်နှာမူပြီးတော့ မရိုက်သင့်ပါဘူး။

ဥပမာ ကိုယ်ရိုက်တဲ့လူကနေရောင်လာတဲ့ဘက်မှာရှိနေတယ် ဆိုရင် ပုံရိုက်တဲ့အခါ လူဟာမည်းနေပါလိမ့်မယ်။ အဲ့လိုအခြေအနေကျရင် လူကိုနေရောင်ဘက်ကို မျက်နှာမူစေပြီး ကိုယ်ကနေရောင်ကို နောက်ကျောယူလို့ ရိုက်သင့်ပါတယ်။

ဒါကနေရောင်ကိုပဲပြောတာမဟုတ်ပါဘူး။ ဘယ်အလင်းရောင်တွေတွက် မဆို ဖြစ်ပါတယ်။ အလင်းရောင်ကိုမဆန့်ကျင်ရပါဘူး။ အလင်းရောင်ကို အသုံးချ ရန်သာဖြစ်ပါတယ်။

ဒါပေမယ့် ထန်းပင် ကြားထဲကနေနေရောင်ခြည်ထွက် လာတဲ့ ပုံရိုက် ရိုက်ချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ညဘက်မှာ ရိုက်ရင် လည်း အလင်းရောင်လာရာကိုပိုလို့တောင် မဆန့်ကျင်သင့်ပါဘူး။

(၁၀) Flash ကိုသတိထားပါ
ဖုန်းတွေရဲ့ Flash တွေ တိုးတက်လာတယ်ပဲပြောပြောကျနော်ကတော့ ယနေ့အချိန်ထိ Flash ဖွင့်ရိုက်ရင် လူ့မျက်လုံးကမြေခွေးမျက်လုံးလို အလင်းရောင် ထွက်သွားတာမျိုး၊ မူလ Object ရဲ့ အရောင်ကိုကွဲပြား သွားစေတာမျိုး တို့ ဖြစ်သွားပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ သူငယ်ချင်းရှိရင် ကိုယ်ရိုက်တဲ့အချိန် သူ့ဖုန်းကို Flash လေး ဖွင့်ထားပေးပါ လားလို့ အကူအညီတောင်းသင့် ပါတယ်။ အ

ကယ်၍ ကိုယ့်မှာဖုန်းနှစ်လုံးရှိရင် သူများအကူအညီမလို တော့ပါဘူး။ ဒါပေမယ့် လက်မငြိမ်ဘူးဆိုရင်တော့ အခြားလူကိုအကူအညီတောင်းနိုင်ပါတယ်။

ဒီတော့ကာ အကူသုံး မယ့် မီးကအဖြူရောင်ပဲ ဖြစ်ဖို့ လိုအပ် ပါတယ်။ အနီရောင်၊ အစိမ်းရောင် အစ ရှိသဖြင့် မီးများကိုမသုံးပါနဲ့။

(၁၁) Resolution အမြင့်နိုင်ဆုံး မြင့်အောင် ယူပါ
ဖုန်းတွေမှာပုံကို 960×580, 2860×1500 အစရှိသဖြင့် ရွေးခွင့်တွေလည်း ပေးထားပါတယ်။

အဲ့ဒါတွေကို ရွေးခွင့်ပေးထားသည့်တိုင် ကိုယ်ကတော့ Resolution အမြင့်ဆုံးကိုပဲရွေးချယ်သင့်ပါတယ်။ ပြီးတော့မှ ကိုယ်လို သလောက် ပြန်ဖြတ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။

(၁၂) ရိုက်ကွင်းရိုက်ကွက် ထောင့်ချိုး၊ အမြင့် အနိမ့် သိပါစေ
သာမန်အားဖြင့် လူပုံကိုချိန်မယ်ဆိုရင် ဖုန်း screen ထဲမှာပေါ်လာပါမယ်။ အဲဒီမှာ ကြည့်ပါ။ ကိုယ့်အနေနဲ့ ကင်မရာကိုကင်မရာလို့ မမြင်တော့ဘဲဒါကို မဂ္ဂဇင်းသို့မဟုတ် ကိုယ်မြင်ချင်တဲ့ စာမျက်နှာတစ်ခုခုပေါ်မှာ မြင်မယ့်အရာ တစ်ခုအဖြစ် မြင်ကြည့်လိုက်ပါ။

စောင်းနေလား၊ တည့်နေလားပေါ့။ စောင်းတာကိုလိုချင်လို့ idea ဆန်းပြီးစောင်းအောင် ရိုက်သူများလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်ရိုက်မယ့် သူကအရပ်ပုရင် အပေါ်စီးကနေမရိုက်ပါ နဲ့။ အောက်ကနေ ပင့်ရိုက်သင့်ပါတယ်။

ဖုန်းကိုကိုင်တဲ့အခါ ကိုယ်ရိုက်မယ့် Object ကိုအောက်ကနေလား၊ အလယ်ကနေလား၊ အပေါ်ကနေလား ကိုယ်တိုင်ချင့်ချိန်ယူနိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲသူ့ကိုကိုယ်မြင့်ချင်တဲ့ မဂ္ဂဇင်းပေါ်ကအရာတစ်ခုအဖြစ် ခံစားပြီးတော့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။

(၁၃) Software တစ်ခုခုနဲ့ ပြန် Edit လုပ်ပါ
Software လို့ခေါ်တဲ့အခါ ဖုန်းဆော့ဖ်ဝဲရှိတယ်။ ကွန်ပျူတာဆော့ဖ်ဝဲ ရှိပါတယ်။ ဖုန်းဆော့ဖ်ဝဲဆိုရင် Instagram, Snapseed, Camear 360 အပြင် အခြားသော Software များစွာလည်းရှိပါတယ်။

ကွန်ပျူတာပေါ်မှာ ဆိုရင်တော့ အားလုံးသိကြတဲ့အတိုင်း Adobe Photoshop တို့လိုမျိုးတွေ ရှိပြီး Online ဆိုရင် picmonkey.com တို့လို အပြင် အခြားများစွာရှိပါတယ်။ Flicker iOSဆိုတာကိုလည်းအနောက်တိုင်းမှာအသုံးများပါတယ်။

ပြီးရင် ကိုယ်လိုချင် တဲ့အပိုင်းကို Crop လုပ်၊ အရောင်ပေါင်းတို့ကိုလုပ်လိုက်ရင် Perfect ဖြစ်တဲ့ ပုံများထွက်ပါပြီ။

(အကြံပြုချက်)
ကိုယ်သိထားရမှာကဖုန်းကင်မရာဟာပရော်ဖက်ရှင် ကင်မရာမဟုတ်တာ ကြောင့် သိပ်မျှော်လင့်ချက် အကြီး ကြီးမထားစေဖို့ ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုလူတစ်ယောက်ရဲ့ မျက်နှာပုံကိုရိုက်ရင် DSLR က Zoom တွဲကြည့်တဲ့အခါ ပုံထွက်အိုကေပြီးအဆီပေါက်တွေမှာ မြင်နိုင်ပေမယ့် ဖုန်းကတော့ ရမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့လုပ်နိုင်တဲ့ အလုပ်ကို သိထားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ချက်၊ သူ့မှာ ပါဝင်နေတဲ့ Function တွေကိုလေ့လာကြည့်ပါ။
  ယခုဖော်ပြချက် ကတော့ ကင်မရာ ဖြင့် ဓာတ်ပုံရိုက်နိုင်ရန် စတင်ကြိုးစားနေသူများအတွက် Beginner guide သာ ဖြစ်ပါတယ်။

Mobile Guide Journal

ဖုန်းအဟောင်း တစ်လုံးကို အိမ်လုံခြုံရေး ကင်မရာ အဖြစ် ပြောင်းလဲရအောင်

       

          ဖုန်းအသစ် တစ်လုံး ၀ယ်လိုက်ပြီးတာနဲ့ ဖုန်းအဟောင်းလေးကို ဘာလုပ်ရမှန်းမသိဖြစ်နေပါသလား။ သင့် ဖုန်းအဟောင်းဟာ သုံးလို့ ရပြီး နောက်ကျော ကင်မရာ ကလည်း ကောင်းနေ သေးတယ် ဆိုရင်တော့ security camera အဖြစ် အကျိုးရှိရှိ ပြောင်းလဲ အသုံးပြုကြည့် ရအောင်။
  IP Webcam ဆိုတဲ့ appလေးကိုထည့်သွင်းထားပါ ။ Free အခမဲ့အနေနဲ့  lite version ရနိုင်ပြီး Pro version နဲ့ သူ့ ရဲ့စွမ်းဆောင်ရည် feature တွေ အကုန် လိုချင်တယ် ဆိုရင်တော့ ၃.၉၉ ဒေါ်လာ သွင်းဖို့ လိုပါတယ်။

IP Webcam app ဟာ local ကော ဒါမှမဟုတ် ကြိုက်တဲ့ နေရာ ကနေ အင်တာနက်နဲ့ live stream လွှင့်နေတာကို ကြည့်ဖို့ အတွက် Ivideon ဆိုတဲ့ cloud video streaming ၀က်ဘ်ဆိုဒ်ကို အသုံးပြု နိုင်ပါတယ်။


  • - IP Webcam ကို Google Play ကနေ ဖုန်းအဟောင်းထဲ သွင်းပါ။
  • - IP Webcam ကို ဖွင့်ပြီး စိတ်ကြိုက် video preference ၊ effect ၊ power management တွေ ချိန်လို့ ရပါတယ်။ အသံ ချည်း ဒါမှမဟုတ် လှုပ်ရှားမှု ချည်းပဲ ရိုက်ကူး ချင်လည်း ရွေးနိုင်ပါတယ်။
  • - Ivideon ကနေ stream လွှင့်မယ်ဆိုရင် register ဒါမှမဟုတ် sign in လုပ်ဖို့ လိုအပ်ပြီး ကိုယ့်ဖုန်းနဲ့  ရလားဆိုတာ compatibility စစ်လို့ ရပါတယ်။
  • - Stream တိုက်ရိုက်လွှင့်ဖို့ အတွက် app အောက်ဆုံးနားမှာ Start server ကို ရွေးပေးပါ။
  • - Stream ကြည့်ဖို့ အတွက်ဆိုရင်
  • - Security camera အဖြစ်ထားထားတဲ့ ဖုန်း အဟောင်းက IP address နဲ့ port နံပါတ်တို့ ကို ရှာပါ။
  • - တခြား ကွန်ပြူတာ၊စမတ်ဖုန်း၊ဒါမှမဟုတ် တက်ဘလက်ကနေကြည့်မယ်ဆိုရင် Web browser ရဲ့ address bar မှာ ဖုန်းအဟောင်းရဲ့ IP address ကို ရိုက်ထည့်ပေးပါ။

အဆင့် ၂ - သင့်ဖုန်းအဟောင်းကင်မရာ ရိုက်ဖို့ အတွက် နေရာရွေးပါ။

Stream စမ်းလုပ်ကြည့်တာ ရပြီဆိုရင် ကိုယ့်စိတ်ကြိုက် နေရာကို ရိုက်ကူးဖို့ အတွက် ဖုန်းကို သင့်တော်တဲ့ နေရာမှာ ထားထားပေးဖို့ လိုပါတယ်။

အဆင့် ၃ - ဖုန်းကို ငြိမ်အောင်ထားပြီး အားသွင်းထားဖို့ လိုပါမယ်။ ဗီဒီယိုကို streaming လွှင့်တာ အား အရမ်းစားပြီး ဖုန်းက တစ်ချိန်လုံး ဖွင့်ထားရမှာ ဖြစ်တဲ့ အတွက် အားသွင်းနိုင်မယ့် နေရာနား ဖြစ်ဖို့ လည်း လိုပါတယ်။ အားသွင်းတဲ့ နေရာနဲ့ ဝေးဝေးမှာ ထားချင်တယ် ဆိုရင် ဆယ်ပေရှည်တဲ့ micro USB ကြိုးကို ၀ယ်ယူ အသုံးပြုနိုင် ပါတယ်။
လင်းဝင်း ( နည်းပညာ )
REF : အင်တာနက်

Miracle Box Crack V2.14











Miracle Box က အရမ်း ခေတ်စား နေတော့ မ၀ယ်နိုင်တဲ့ ဘ၀တူ တွေများ ရှိမလားလို့ Crack Free လေး ရှာကြည့်တာ တွေ့လို့ ပြန်တင်ပေးတာပါ။

Miracle Box Crack V2.14 ပါ။ အသုံးပြုနည်း ကလည်း အဆင်ပြေပါတယ်။

  • Miracle Crack V2.14 Use Now Without Box
  • MTK-SPD-MASTER-ANDROID-SPD7710-7715 MTK Android
  • And Other Android Phone Support Read/Write/Flash/Unlock
  • With Without Any Box JUST Use Now Miracle Box Crack v2.14 USB Cable

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

Ghost Push Killer 1.7

Monkey Test အပါအဝင် Ghost Push Virus တွေကို အမြစ်ပြတ် ရှင်းပေးမယ့်

Ghost Push Killer 1.7











Android Device တွေမှာ တော်တော် ဒုက္ခ ပေးနေတဲ့ Monkey Test အပါ အဝင် Ghost Push Virus တွေကို အမြစ်ပြတ် ရှင်းပေးမယ့် Ghost Push Killer 1.7 ထွက်လာပါပြီ..

MPPG က ကိုဖြိုးညီညီ ရေးသား ထားတာ ဖြစ်ပါတယ်.. အရင် ဗားရှင်းတွေထက် ပိုမို ပြည့်စုံ ကောင်းမွန်ပါတယ်..



  • အရင် version တွေမှာ busybox install လုပ်တာ မပါ ပါဘူး။
  • busybox မသွင်းထားတဲ့ ဖုန်းဆို Virus မသေပဲ ဖြစ်နေပါလိမ့်မယ်။
  • ခု busybox ကို တိုက်ရိုက် install လုပ်ပြီးမှ RUN တာမို့လို့ 100% အလုပ် လုပ်နိုင် ပါလိမ့်မယ်။
  • Firmware ပြန်တင်တာတောင် မသေတဲ့ Virus ကို သတ်ပေး ပါလိမ့်မယ်။
  • အရင်ဒေါင်းထား တာတွေ အကုန် လွှင့်ပစ် လိုက်ပါ" ဆိုပြီး ကိုဖြိုးညီညီက ရေးသား ထားပါတယ် ...။

Computer Windows နဲ့ သုံးရမှာ ဖြစ်ပါတယ် ...။

userscloud.com
OR
my.pcloud.com

Monday, August 15, 2016

Software Collections (12.8.2016 )

ios-9-3-4
1. iOS 9.3.4
i-Device သမားတွေအတွက် နောက်ဆုံးထွက်ရှိလာတဲ့ Firmware ဗားရှင်းသစ်ဖြစ်ပါတယ်။ ယခင်ကထက် Security ပိုင်းတွေပိုမိုကောင်းမွန်လာပြီး အဆင့်မြှင့်တင်ထားတဲ့ Features သစ်များစွာပါဝင်မှာပါ။

ios-9-3-4

2. iTunes 12.3. & iTools 3.3.4
Entertainment ပိုင်းမှာသိပ်ကိုအားထားရတဲ့ iTunes ဗားရှင်းသစ်နဲ့ Phone Management ပိုင်းအတွက် Features စုံလင်လှတဲ့ iTools ဗားရှင်းသစ်တို့ကို တစ်ခွေတည်းနဲ့ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။



3. Revit MEP 2017 Essential Training
Electrical ပိုင်း၊ Mechanical ပိုင်းနဲ့ Plumbing ပိုင်းတွေအတွက် ကဏ္ဍစုံ Computer Aided Design တွေစိတ်ကြိုက်ဖန်တီးနိုင်တဲ့ Revit MEP 2017 အသုံးပြုပုံကို စနစ်တကျရှင်းလင်းတင်ပြထားတဲ့ သင်ကြားရေးခွေ ဖြစ်ပါတယ်။



4. Autodesk Navisworks Simulate & Manage 2017
Comments, redlining, viewpoint,  measurements အစရှိတဲ့ ကဏ္ဍစုံ Tool Set တွေများစွာပါဝင်တဲ့ နာမည်ကျော် 3D Design ဆော့ဖ်ဝဲလ် Navisworks Simulate ရဲ့ ဖန်တီးမှုအသစ် 2017 ဗားရှင်းဖြစ်ပါတယ်။



5. SAP Basis Essentials Training
အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေအတွက် Operations Management, Human Capital Management, Financials Management အစရှိတဲ့ကဏ္ဍစုံစီးပွားရေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာများကို စနစ်တကျတတ်ကျွမ်းနားလည်စေဖို့ ရှင်းလင်းတင်ပြထားတဲ့ Training ခွေဖြစ်ပြီး Topic (၁၀)ခု ခွဲခြားသင်ကြားပေးမှာပါ။

Credit to ==>  Myanmar Digital Life Journal

Ghost Push - Monkey Test & Time Service ဗိုင်းရပ်စ်


2015 August လအတွင်းမှာ Coolpad ဖုန်း သုံးတဲ့သူတွေဟာ Official update လုပ်ပြီးတဲ့နောက် သူတို့ရဲ့ ဖုန်းတွေမှာ MonkeyTest နဲ့ TimeService ဆိုတဲ့ ဗိုင်းရပ်စ် ၀င်ရောက်နေတာကို တွေ့ရပါတယ်။ 
အဲဒီဗိုင်းရပ်စ် တွေဟာ Ghost Push ဆိုတဲ့ ဗိုင်းရပ်စ် က အရင်ဝင်ရောက်ပြီးမှ ရောက်လာကြတာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၈) ရက်နေ့မှာဆိုရင် ဗိုင်းရပ်စ် ၀င်ရောက်ကူးစက်ခံရတဲ့ ဖုန်းအရေအတွက်က တရက်ကို (၇)သိန်းအထိ ရှိလာခဲ့ပါတယ်။ Samsung, Coolpad, Moto အပါအ၀င် ဖုန်းမော်ဒယ် (၁)သောင်းကျော် ကူးစက်ခံခဲ့ရပါတယ်။
စူးစမ်းစစ်ဆေးချက်တွေအရ ဒီဗိုင်းရပ်စ် အဓိက ကူးစက်ခံရတာက အမေရိက၊ ရရှား၊ အရှေ့တောင်အာရှ နဲ့ တရုတ်တောင်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။


Ghost Push ဟာ system-level access ကို ရယူပါတယ်။ ပြီးရင် ဖုန်းကို root လုပ်ပါတယ်။ MonkeyTest နဲ့ TimeService တွေကို ထပ်ပြီး download ချပါတယ်။ ဖုန်းဟာ အလွန်လေးလံသွားမယ်၊ ဘက်ထရီ အမြန်ကုန်သွားမယ်၊ အင်တာနက် network traffic ကို သိသိသာသာ ဆွဲသုံးမယ်။ အန္တရာယ်ကြီးတာက ဒီဗိုင်းရပ်စ်တွေကို အလွယ်တကူ သတ်လို့မရပဲ၊ Uninstall လုပ်ရင်လဲ ဖုန်းကို restart လုပ်လိုက်တာနဲ့ ပြန်ပေါ်လာပါတယ်။

အဲဒီတော့ Ghost Push ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို ရှင်းထုတ် ရမလဲဆိုတာ လေ့လာကြည့်ကြပါမယ်။

Ghost Push ဟာ ဖုန်းရဲ့ root access ကို ရယူတယ်။ အင်တာနက် data ကို သုံးပြီး ကြော်ငြာတွေကို ဆွဲချပါတယ်။ ဖုန်းသုံးသူမသိလိုက်ပဲ အခြား အသုံးမ၀င်တဲ့ application တွေကိုလဲ download ချပါတယ်။
Hacker တွေက Ghost Push ဗိုင်းရပ်စ် code တွေကို နံမယ်ကြီး application တွေမှာ ညှပ်ထည့်ပြီး original application ပုံစံနဲ့ ဖြန့်ဝေပါတယ်။ သုံးတဲ့သူတွေက အစစ်အမှန်ထင်ပြီး install လုပ်လိုက်မိချိန်မှာ ပြဿနာ တက်တော့တာပါပဲ။ ဗိုင်းရပ်စ်ပိုး ထည့်သွင်းခံထားရတဲ့ application တွေကို နောက်ဆက်တွဲ (၁) မှာ ဖော်ပြထားပါတယ်။

(၁) ဗိုင်းရပ်စ် ၀င်ရောက်ပြန့်နှံ့ပုံအား လေ့လာခြင်း
------------------------------------------------



(၁-က) Root ရအောင် လုပ်ခြင်း
--------------------------------


Ghost Push ဟာ ဖုန်းမော်ဒယ် နဲ့ အခြား information တွေကို "http://api.aedxdrcb.com/ggview/rsddateindex" ဆိုတဲ့ server ဆီကို ပေးပို့ပါတယ်။ အဲဒီကနေမှ http://down.upgamecdn.com/onekeysdk/tr_new/rt_0915_130.apk ကနေ root toolkit ကို download ချပါတယ်။ ပြီးတာနဲ့ ဖုန်းကို တိတ်တိတ်လေး root ဖောက်ပါတယ်။ နောက်တဆင့်အနေနဲ့ debuggerd ဖိုင်ကို အစားထိုးတယ်၊ install-recovery.sh ဖိုင်မှာ code တွေ ပြင်တယ်၊ /system/xbin folder ထဲမှာ bin ဗိုင်းရပ်စ် ဖိုင်တွေ ဖန်တီးတယ်၊ ROM virus ကို install လုပ်ပါတယ်။ /system/priv-app, /system/app folder တွေထဲမှာ "camera_update" လိုဖိုင်တွေ ဖန်တီးပါတယ်။

camera_update ဟာ ဗိုင်းရပ်စ် ဖိုင်ဖြစ်ပြီး /system/priv-app folder ထဲမှာ ရှိနေပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ ဖုန်းရဲ့ ROM ထဲကို ၀င်နေပြီး uninstall လုပ်လို့ မရအောင် လုပ်ထားပါတယ်။ ဒီ ဖိုင်ကနေပဲ http://massla.hdyfhpoi.com/gkview/info/801 ကနေ MonkeyTest, http://u.syllyq1n.com/mmslow/api/821 ကနေ TimeService apk တွေကို install လုပ်ယူပါတယ်။ ပြီးတော့ အခြား ဘာမှန်းမသိတဲ့ application တွေကိုလဲ install လုပ်ယူပါတယ်။


(၂) မူရင်းဗိုင်းရပ်စ်ကို သတ်မရအောင် အကာအကွယ် လုပ်ထားပုံ
------------------------------------------------------------------

(၂-က) ROM ထဲက မူရင်း ဗိုင်းရပ်စ်ကို Bin က အကာအကွယ် ပေးထားတယ်
------------------------------------------------------------------------------




စက်ကို ပါဝါစဖွင့်တာနဲ့ install-recovery.sh နဲ့ debuggerd ဖိုင်တွေကို execute လုပ်ပါတယ်။ အဲဒီ ဖိုင်၂ခုကနေ ဗိုင်းရပ်စ် bin ဖိုင်ကို execute ဆက်လုပ်ပါတယ်။ ဒီဟာက ROM ထဲမှာ ရှိနေတဲ့ မူရင်းဗိုင်းရပ်စ်ကို အကာအကွယ်ပေးပြီး ဆက် run နေစေတယ်၊ မူရင်းဗိုင်းရပ်စ် ရဲ့ နောက်ဆုံး installation package ကို ရယူပါတယ်။
တကယ်လို့ မူရင်းဗိုင်းရပ်စ်ကို uninstall လုပ်လိုက်ရင် Bin ဖိုင်ကပဲ ဗိုင်းရပ်စ်ကို ထပ် download ချပြီး ROM ထဲမှာ ပြန် install လုပ်ပါတယ်။


 

 
(၂-ခ) Bin ဖိုင်ကို ဖျက်လို့ မရအောင် လုပ်ထားတယ်
---------------------------------------------------


စက်က run နေချိန်မှာ Bin ဖိုင်ဟာ "chattr +I" command ကို သုံးပြီး သူ့ကိုဖျက်လို့မရအောင် ကာကွယ်ထားတယ်။


(၂-ဂ) APK ဖိုင်ကို ဖျက်လို့မရအောင် လုပ်ထားတယ်

----------------------------------------------------

Ghost Push ကလဲ user တွေ သူ့ကို ဖျက်လို့မရအောင် "chattr +I" နဲ့ ကာကွယ်ထားတယ်။


၃။ ဗိုင်းရပ်စ် က ဘာတွေ လုပ်သလဲ
------------------------------------

(၃-က) ကြော်ငြာများ ဆွဲချပြခြင်း
---------------------------------


ဖုန်းသုံးတဲ့သူက အင်တာနက် ဖွင့်လိုက်တာနဲ့ ဗိုင်းရပ်စ် ဖိုင်တွေက ကြော်ငြာတွေကို download ဆွဲချပြီး ဇွတ်ပြတယ်။ သူက wifi connection ကို ပိတ်ပစ်ပြီး ဖုန်းရဲ့ data ကို သုံးတယ်။


(၃-ခ) Application များ install လုပ်ခြင်း
----------------------------------------

http://m.AEDXDRCB.COM/gcview/api/910 ကနေ MonkeyTest နဲ့ TimeService ကို download ချ၊ install လုပ်ယူတယ်။ ဒီလို ကြော်ငြာတွေ push လုပ်တာ၊ apk တွေ push လုပ်တာတွေအတွက် Ghost Push ဟာ SQLite Database ကို သုံးတာ တွေ့ရတယ်။


(၃-ဂ) Booster ကို သုံးခြင်း

-----------------------------

Application တွေကို download ချနိုင်ဖို့၊ install လုပ်နိုင်ဖို့အတွက် Accessibility ထဲက Booster ကို ဖွင့်ခိုင်းတတ်ပါတယ်။






(၄) ဗိုင်းရပ်စ် ပြဿနာ ဖြေရှင်းနည်း
-------------------------------------

(၄-က) StubbornTrjKiller

Google Play မှာ ဒီဗိုင်းရပ်စ်ကို သတ်တဲ့ APK ကို အောက်က Link မှာ download ချပြီး သုံးနိုင်ပါတယ်။
https://play.google.com/store/apps/details…

(၄-ခ) ကိုယ်တိုင် သတ်နည်း

ဖုန်းဟာ Root လုပ်ပြီး ဖြစ်ရပါမယ်။ Busybox install လုပ်ပြီး ဖြစ်ရပါမယ်။

ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ adb shell ကနေ "su" command ကို သုံးပြီး root permission ယူပါ။
-----------------------------------------------------------

adb shell မှာ အောက်က command တွေကို ရိုက်ထည့်ပါ။
------------------------------------------------------------

ps | grep .base ‪#‎get‬ the pid of file .base
kill pid
---------------------

Bin ဖိုင်ကို ဖယ်ရှားဖို့
---------------------
mount -o remount rw /system ‪#‎different‬ system may use different command
chattr –ia /system/xbin/.ext.base
chattr –ia /system/xbin/.bat.base
chattr –ia /system/xbin/.zip.base
chattr –ia /system/xbin/.word.base
chattr –ia /system/xbin/.look.base
chattr –ia /system/xbin/.like.base
chattr –ia /system/xbin/.view.base
chattr –ia /system/xbin/.must.base
chattr –ia /system/xbin/.team.base
chattr –ia /system/xbin/.type.base
chattr –ia /system/xbin/.b
chattr –ia /system/xbin/.sys.apk
chattr –ia /system/xbin/.df
chattr –ia /system/bin/daemonuis
chattr –ia /system/bin/uis
chattr –ia /system/bin/debuggerd
chattr –ia /system/bin/nis
chattr –ia /system/bin/daemonnis
chattr –ia /system/bin/.daemon/nis
chattr –ia /system/bin/uis
chattr –ia /system/bin/.sr/nis
chattr –ia /system/bin/mis
chattr –ia /system/bin/daemonmis
chattr –ia /system/bin/.daemon/mis
chattr –ia /system/bin/.sc/mis
rm /system/xbin/.ext.base
rm /system/xbin/.bat.base
rm /system/xbin/.zip.base
rm /system/xbin/.word.base
rm /system/xbin/.look.base
rm /system/xbin/.like.base
rm /system/xbin/.view.base
rm /system/xbin/.must.base
rm /system/xbin/.team.base
rm /system/xbin/.type.base
rm /system/xbin/.b
rm /system/xbin/.sys.apk
rm /system/xbin/.df
rm /system/bin/daemonuis
rm /system/bin/uis
rm /system/bin/debuggerd
rm /system/bin/nis
rm /system/bin/daemonnis
rm /system/bin/.daemon/nis
rm /system/bin/uis
rm /system/bin/.sr/nis
rm /system/bin/mis
rm /system/bin/daemonmis
rm /system/bin/.daemon/mis
rm /system/bin/.sc/mis
cp /system/bin/debuggerd_test /system/bin/debuggerd
------------------
ဒါနဲ့မှ မရသေးရင်
------------------
chattr –ia /system/priv-app/cameraupdate.apk
chattr –ia /system/priv-app/com.android.wp.net.log.apk
rm -rf /data/data/com.android.camera.update
rm -rf /data/data/com.android.wp.net.log
rm /systam/priv-app/cameraupdate.apk
rm /systam/priv-app/com.android.wp.net.log.apk
adb shell
cp /system/etc/install-revcovery.sh /sdcard/
adb pull /sdcard/install-revcovery.sh
adb push install-revcovery.sh /sdcard/
cp /sdcard/install-revcovery.sh /system/etc/
open /system/etc/install-recovery.sh,remove code below.
/system/bin/daemonuis --auto-daemon &
#!/system/bin/sh
/system/xbin/.ext.base &
#!/system/bin/sh
/system/xbin/.ext.base &
====================

(၄-ဂ) လုံခြုံရေး အကြံပြုချက်

Ghost Push ဗိုင်းရပ်စ် ဟာ ကြော်ငြာ SDK တွေ၊ browser ကြော်ငြာတွေ ကနေ ကူးစက်တတ်ပါတယ်။ နံမယ်ကြီး Application ပုံစံအနေနဲ့လဲ ဟန်ဆောင်ပြီး လာတတ်ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ source ကို လေ့လာကြည့်တဲ့အခါ တရုတ်ကုမ္ပဏီ Xinyinhe ကလာတာကို တွေ့ရပါတယ်။ Key ROOT master နဲ့ အဆက်အစပ် ရှိနိုင်ပါတယ်။

http://www.ngemob.com နဲ့ http://root.ngemob.com ကို Xinyinhe က ပိုင်ဆိုင်ပါတယ်။
Key Root Master http://www.dashi.com/ က http://www.ngemob.com ရဲ့ IP address နဲ့ အတူတူပါပဲ။

ဆက်စပ်စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

=====================

နောက်ဆက်တွဲ(၁)
--------------------
ဗိုင်းရပ်စ် ကူစက်ထားသော Application များ
--------------------------------------------

WiFi Enhancer
TimeService
Indian Sexy Stories 2
Assistive Touch
Accurate Compass
All-star Fruit Slash
Happy Fishing
MonkeyTest
PinkyGirls
XVideo Codec Pack
Amazon/应用中心
Hubii News
itouch
Light Browser
XVideo
Memory Booster
WordLock
Fast Booster
Talking Tom 3
Photo Clean
Super Mario
SmartFolder
Simple Flashlight
Daily Racing
SettingService
boom pig
WhatsWifi
Hot Video
Lemon Browser
Multifunction Flashlight
小白点/Assistive Touch
Hot Girls
Sex Cademy
iVideo
Fruit Slots
Wifi Speeder
WiFi FTP
Ice Browser
PronClub
======================

Ref: CheetahMobile


Ref:www.kyawzinhein.net

AFTool 4.3.7 Full Version


 
Credit - MPPG

SAMSUNG PHONE SECRET CODES

 
Samsungဖုန်း အသုံးပြုသူ များ အစစ်/အတု ခွဲခြားတတ်စေ ရန် နှင့် ဖုန်း၏ လျိုဝှက် ကုဒ်များ ကို အသုံးပြုတတ်စေရန် ရည်ရွယ် ချက်ဖြင့် ဒီ post ကို ရှာဖွေစုဆောင်းပြီး တင်ပေး ခြင်းဖြစ်ပါ တယ် ။ ခု ဖော်ပြ ပါ ကုဒ်တွေကို ဆန်ဆောင်း ဖုန်းတွေ ပဲ အသုံးပြုလို့ ရပါ လိမ့်မယ် ။ ဒါပင် မဲ့ imei ကုဒ်စစ်တာ မျိုးက တော့ အခြား ဖုန်း တွေ လဲ သုံးလို့ရပါတယ် ။ တစ်ချို့ ကုဒ်တွေဆိုရင် ဆန်ဆောင်း ဖုန်း ဖြစ်ရင်တောင်မှ model မတူ ရင် အသုံးပြု လို့ ရမှာ မဟုက် ပါ ဘူး ။
ဆန်းဆောင်း ဖုန်း ဆိုရင် ခု ပြထားတဲ့ ဂဏန်းတွေ ကို ရိုက်ကြည့်လိုက်ပါ ။
*#06#
IMEI နံပါတ်ကိုဖော်ပြပေးသည်။
*#*#4636#*#*
ဖုန်းမှာ အသုံးပြုထားသော အချက်လက်တွေကို စစ်လို့ရသည်။
Device, Battery, Usage, WiFi အစရှိသော ...
*#*#34971539#*#*
သင့် Camera အကြောင်းကိုအသေးစိတ်ဖော်ပြပေးလိမ့်မည်။
*#*#273283*255*663282*#*#*
မင်းရဲ့ Media ဖိုင်တွေကို အမြနှ်ဆုံး Backup လုပ်ပေးသည်။
*#*#0*#*#*
LCD Display ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#0289#*#*
အသံ ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#197328640#*#*
Enabling test mode for service activity.
*#*#0283#*#*
Packet Loopback Test.
*#*#0842#*#*
Vibration & Backlight ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#1234#
ကိုယ်သုံးထားသော firmware ဧ။် အချက်လက်ကို ဖော်ပြပေးသည်။
*#*#1575#*#*
GPS ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#2663#*#*
Touch-Screen ရဲ့ version ကြည့်ရန်
*#*#2664#*#*
Touch-Screen ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#0588#*#*
ထိတွေ့မှု sensor ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#3264#*#*
RAM ရဲ့ version ကြည့်ရန်
*#*#232331#*#*
Bluetooth ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#232337#*#* (or) *#232337#
bluetooth ရဲ့ လိပ်စာကိုပြပေးသည်။
*#*#232338#*#*
WiFi ရဲ့ MAC လိပ်စာကိုပြပေးသည်။
*#*#232339#*#*
Wireless LAN ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#*#1111#*#*
ဖုန်း၏ FTA software version ကိုဖော်ပြပေးသည်။
Galaxy S III - *#*#1111#
*#*#2222#*#*
ဖုန်း၏ FTA hardware version ကိုဖော်ပြပေးသည်။
Galaxy S III - *#*#2222#
*#*#44336#*#*
Build Time နှင့် Change List နံပါတ်တွေကို ပြပေးသည်။
*2767*4387264636#
Product Code ကိုဖော်ပြပေးသည်။
*#12580*369#
ဖုန်း Software နှင့် Hardware အချက်အလက်ကို ပြပေးသည်။
*#0228#
Battery အခြေအနေ ကိုဖော်ပြပေးသည်။
*#32489#
Ciphering INFO.
*#0782#
အချိန်အမှန် ကို စမ်းသပ်စစ်ဆေးရန်
*#2263#
RF BAND Selection.
*#9090#
ချွတ်ယွင်းချက်ကို စမ်းသပ်စစ်ဆေးရန်
*#7284#
USB I2C Mode ထိန်းချုပ်မှု
*#872564#
USB LOGGING ထိန်းချုပ်မှု
*#745#
RIL DUMP Menu.
*#746#
DEBUG DUMP Menu.
*#9900#
SYSTEM DUMP Mode.
*#03#
NAND FLASH Serial Number.
*#0589#
အလင်း sensor ကိုစမ်းသပ်စစ်ဆေးရန် အသုံးပြုသည်။
*#273283*255*3282*#
DATA CREAT Menu.
*#3282*727336*#
ဖုန်းအသုံးပြုထားသော အခြေအနေ ကိုကြည့်ရန်
*#3214789#
GCF Mode Status.
*#8736364#
OTA Update Menu.
*#301279#
HSDPA HSUPA Control Menu.
*#7353#
အမြန် စမ်းသပ်စစ်ဆေးရန် Menu.
*#7465625#
ဖုန်းရဲ့ lock အခြေအနေကို ကြည့်ရန်
အန္တရာယ် ရှိသော code များ !
*#*#7780#*#* (Factory Resets)
Google account settings , (System နှင့် download လုပ်ထားသော app) တို့ ရဲ့ data နှင့် setting ကို ဖျက်ပစ်သည်။
လက်ရှိအသုံးပြုနေသော system နှင့် app တို့ဧ။် packages , sdcard ထဲမှ (သီချင်း ၊ ပုံ ၊ ...) အစရှိသော file များကို မဖျက်ပါ။
*2767*3855# (Factory Format)
ရှိသမျှ files, settings, Internal Menory Storage ကိုဖျက်ပစ်သည်။
         . ကျေးဇူး တင်ပါတယ် ။

Tuesday, August 9, 2016

Xiaomi MIUI 8 အကြောင်း တစ်စေ့တစ်စောင်း


Xiaomi MIUI 8 ဆိုတာဟာ Android 6.0  Marshmallow ကို အခြေပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။  MIUI 8 မှာ 7 ထက် ပိုမိုကောင်းမွန်တဲ့ feature တွေပါရှိသလို၊ ဒီဇိုင်းပိုင်းလည်း ပိုမို ကောင်း မွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Xiaomi MIUI 8 မှာ အပြန်အလှန် ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ Animations (လှုပ်ရှားပုံရိပ်တွေ) နဲ့ မြောက်မြားလှစွာသော Themes တွေကိုလည်း ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
MIUI 8 ကို  Mi 5, Mi Max, Mi Note, Mi 4i, Mi 4, Mi 3, Mi 2, Redmi Note 3, Redmi Note 2, Redmi Note Prime, Redmi Note, Redmi 2 Prime, Redmi 2 နဲ့ Redmi 1s တို့မှာ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Beta Version ကို ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ဝေခဲ့ပြီး Stable Version ကိုတော့ သြဂုတ်လ ၁၆ ရက်နေ့မှာ ဖြန့်ချိပါလိမ့်မယ်။
MIUI 7 မှာ ပါတာတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးထား တာတွေလည်း ပါလာမှာ ဖြစ်ပါတယ်။
MIUI 8 ရဲ့ Feature အသစ် ၈ မျိုးကတော့
Power saving mode
Xiaomi က လျှပ်စစ်သုံးစွဲမှု စီမံခန့်ခွဲတဲ့ feature သစ်ကို  မိတ်ဆက်ထားပါတယ်။ ဒီ Feature ကနေပြီး နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ မလိုအပ်တဲ့ app တွေကို ရပ်တန့်နေအောင် သုံးစွဲသူက လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Sync, Update နဲ့  နောက်ကွယ်ကနေ လုပ်ကိုင်နေတာတွေ အားလုံးကို စောင့်ကြည့် စီမံခန့်ခွဲ နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။
“Note” application
“Notes” application ကတော့ သင့်ဖုန်းမှာရှိတဲ့ မှတ်စုတွေကို Password ခံထားနိုင်အောင် လုပ်ပေးထားတဲ့ feature ပဲဖြစ်ပါတယ်။ ဒီ ဟာကို fingerprint ပါ ပိတ်ထားနိုင်ပါတယ်။
Energy saving mode
ဒီ Feature ကတော့ ဖုန်းအားနည်း နေချိန်မှာ နောက်ကွယ် က အလုပ်လုပ်နေတဲ့ App တွေ၊ App update တွေနဲ့ Sync တွေကို ပိတ်ထားပေးမှာ ဖြစ်ပါတယ်။ ဒီအချက်က Mi ဖုန်းကို ကြာရှည်သုံးနိုင်သမျှ သုံးလို့ရအောင် လုပ်ပေးထားတဲ့အချက် ဖြစ်ပါတယ်။  နောက်ထပ် ဒီ Funtion က လုပ်ပေးနိုင်တာကတော့ သုံးစွဲသူရဲ့အချက်အလက်တွေကို တစ်စုံတစ်ခုက လာရောက်ထိတွေ့ ကိုင်တွယ်နေတဲ့ အချိန်မှာ သတိပေးမယ်ဆိုတာ ဖြစ်ပါတယ်။
Photo gallery feature
Xiaomi MIUI 8 လုပ်ဆောင်နိုင်စွမ်းတွေ ပိုကောင်းအောင် လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ပုံတွေကို မိမိရှဲချင်တာနဲ့ ရှဲလို့ရအောင် လုပ်ပေးထား ပါတယ်။  ဓာတ်ပုံများစွာကို Selection လုပ်နိုင်ပါတယ်။ ပုံတွေကို Sticker တွေ ထည့်နိုင်ပါတယ်။ MIUI 8 သုံးစွဲသူတွေအနေနဲ့ ဓာတ်ပုံတွေပေါ်မှာ ပုံတွေထပ်ဆွဲနိုင်တဲ့ Doodle ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို မူရင်းထည့်ပေးထားတဲ့ ဗီဒီယိုတည်းဖြတ်မှု app အသုံးပြပြီး စာတမ်းထိုးနိုင်မှာ ဖြစ်သလို မြောက်မြားလှစွာသော Effect တွေနဲ့ သီချင်းတွေလည်း ထည့်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဗီဒီယို တည်းဖြတ်တဲ့အခြား app တွေလုပ်နိုင်တဲ့ အရာတွေကိုလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
Mi Lanting font
MIUI 8 မှာတော့ ဖောင့်အဟောင်းကို အစားထိုးထားတဲ့ Mi Lanting နဲ့ Xiaomi claims ဆိုတဲ့ ဖောင့်အသစ်နှစ်မျိုး ပါဝင်လာပါတယ်။ ဒီဖောင့်တွေက မျက်စိနဲ့ အလွန်သင့်တော်ပြီး Mi စမတ်ဖုန်းရဲ့ Display ကနေ ၆ နာရီအထက် စာဖတ်တာတောင် မျက်စိကို မပင်ပန်းစေဘူး လို့ဆိုပါတယ်။
QR-code scanner နဲ့ calculator
QR-code scanner နဲ့ calculator ကို အဆင့်မြှင့် ပေးလာပါတယ်။ QR-code scanner နဲ့ ဖတ်လိုက်တာနဲ့ ပုံမှာပါတာတွေကို ခွဲခြမ်းဖော်ပြပေးမှာ ဖြစ်သလို အင်တာနက်မှာလည်း ရှာဖွေပေးမှာ ဖြစ်ပါတယ်။ Calculator (ဂဏန်းတွက်စက်) ကတော့ တရုတ်ကျောင်းတွေမှာ သင်ကြားနေတဲ့ သင်္ချာတွေကို တွက်ချက်နိုင်အောင် စီမံပေးထားပါတယ်။
New MIUI 8 Lock Screen Wallpaper
MIUI အဟောင်းမှာတော့ Lock Screen Wallpaper တွေက အတော်လေးကို နည်းပါးတာတွေက ရပါတယ်။ MIUI 8 မှာတော့ Wallpaper အသစ်တွေ များစွာထည့်ပေးထားပြီး ပူးပေါင်းဆောင်ရွက်သူ ၅၀ ကျော်ရဲ့ Wallpaper တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
Application Colour
Xiaomi ဒီဇိုင်နာတွေက စံသတ်မှတ် ထည့်သွင်းထားတဲ့ App တွေကို အရောင်တွေ ပြန်လည် ပြင်ဆင်ရေးဆွဲ ထားကြပါတယ်။ ဒါကြောင့် MIUI 8 မှာတော့ သန့်ရှင်း၊ တောက်ပပြီး သပ်ရပ်တဲ့ အရောင်စုံနဲ့ app တွေကို တွေ့ကြရမှာပါ။
Application Manager သစ်
MIUI 8 မှာ သုံးထားတဲ့ Application Manager သစ်ဟာ ရွေးချယ်လုပ်ဆောင်စရာတွေ အတော်များများ ထပ်ပါလာပါ တယ်။ Browser windows အားလုံးဟာ အထက်ကနေအောက်ကို အစီအစဉ်တကျ စီရီထားပါ တယ်။ အလုပ်လုပ်နေတဲ့ application အားလုံးက ဘယ်ကနေ ညာဘက်ကို စီပေးထားပါတယ်။ App ကို ပိတ်ချင်ရင်တော့ သိပ်လွယ်ပါတယ်။ ဘေးဘက်ကို ဆွဲထုတ်ပေးလိုက်ရုံပါပဲ။
MIUI 8 ရဲ့ ထိပ်တန်း Feature တွေကတော့
Dual apps (Cloned Apps Feature)
Xiaomi စမတ်ဖုန်း သုံစွဲသူတွေဟာ လက်ရှိဖုန်းထဲမှာပဲ App တစ်ခုကို အကောင့်ခွဲတွေနဲ့ သုံးနိုင်အောင် လုပ်ပေးထားတဲ့ Feature ဖြစ်ပါတယ်။ ဥပမာအားဖြင့် WhatsApp သို့မဟုတ် Facebook တစ်ခုကို အကောင့်ခွဲ နှစ်ခုထားသုံးနိုင်တဲ့ Feature ပါ။
Second space (dual spaces)
ဒီ Feature ကို Xiaomi ကတော့ “Dual apps” ရဲ့ နောက်တစ်ဆင့်လို့ ခေါ်ပါတယ်။ ဖုန်းတစ်လုံးတည်းနဲ့ ဖုန်းနှစ်လုံးသုံးတဲ့အတိုင်း ပြုလုပ်သုံးစွဲနိုင်မှာပါ။ ကွဲပြားတဲ့ Lockscreen password တွေ (သို့မဟုတ်) လက်ဗွေကို ကွဲပြားတဲ့ Home Screeen၊ ကွဲပြားတဲ့ Apps တွေ၊ သီးခြား အချက်အလက်တွေနဲ့ ဓာတ်ပုံ သိုလှောင်မှုတွေအတွက် ထားနိုင်မယ်လို့ ဆိုပါတယ်။ Coopad Max မှာရှိတဲ့ feature နဲ့ ဆင်တူပါတယ်။
Scrolling screenshots
Xiaomi ဟာ Vivo မှာ သုံးစွဲ ထားတဲ့ FonTouch OS ရဲ့ page out နည်းပညာကို ဒီ Feature နဲ့ ရယူလိုက်တာ ဖြစ်ပါတယ်။ MIUI 8 မှာ screen များစွာကို လှည့်ပတ်ပြီး screenshoot ပြုလုပ်နိုင်တဲ့အပြင် သူတို့ရဲ့ Feature တွေကိုလည်း တည်းဖြတ်နိုင်ပါတယ်။ ဒီအချက်က ရှည်လျားလှတဲ့ ဆောင်းပါးတွေကို ပုံတစ်ခုတည်းဖြစ်အောင် လုပ်တဲ့အချက်မှာ အလွန်ကို အသုံးဝင်မှာ ဖြစ်ပါတယ်။
Multi-window Management
ဖုန်းထဲမှာ ကွန်ပျူတာများ windows တွေ အများအပြား တစ်ပြိုင်နက်တည်း ဖွင့်နိုင်သလို ဖုန်းမှာလည်း app တွေကို ဖွင့်ထားနိုင်ပြီး ကိုင်တွယ်ထိန်းချုပ်တာလည်း ပြုလုပ်နိုင်ပါတယ်။
Quick ball
Xiaomi က လုပ်ကိုင် ဆောင်ရွက်မှုတွေကို လက်တစ်ဖက်တည်းနဲ့ လုပ်ကိုင်ဆောင်ရွက် ချင်သူတွေအတွက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို Lockscreen နဲ့ လင့်ချိတ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Caller ID
ဒီ Feature ကတော့ ဘယ်သူက ဖုန်းခေါ်နေလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ လူကြိုက်များ ရေပန်းစားနေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဖုန်းနံပါတ်တွေ ပါရှိလာအုံးမှာပါ။ ဒါကြောင့် သူတို့ရဲ့ ဖုန်းနံပါတ်တွေကို မသိတောင် သူတို့ကို ဖုန်းခေါ်ဆို နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Message တွေကနေလည်း ဘယ်စီးပွားရေး လုပ်ငန်းကနေပို့ ထားလဲဆိုတာ သိနိုင်အောင် လုပ်ထားပါတယ်။ ဒီနေရာမှာတော့ ကုန်အမှတ်တံဆိပ် (brand name) နဲ့ ဖော်ပြနိုင်အောင် လုပ် ပေးထားတာ ဖြစ်ပါတယ်။
Ref: xiaomi-mi.com
indianexpress.com
gsmarena.com

USB Debugging On မထားပဲ Lock ပြန်ဖွင့်နိုင်တဲ့ AndroidSystem Tool

Pattern Lock မေ့နေသာ Android ဖုန်းကို USB Debugging On မထားပဲ Lock ပြန်ဖွင့်နည်း
အသုံးပြုပုံကတော့ အရမ်းးလွယ်ကူပါတယ်။ Pattern Lock ကျနေသောဖုန်းကို Recovery Mode ၀င်လိုက်ပါ။
ပြီးရင် USB Cable ကို အသုံးပြု၍ Computer နှင့်ချိတ်ဆက်ပါ။ AndroidSystem Tool.bat ကို Run ပြီး ဖုန်းကို Rebot ချပေးပါ။ ပြန်တက်လာရင် Pattern Lock ပြုတ်ပါပြီ။ အဆင်ပြေကြပါစေ။




Thursday, July 28, 2016

android အတွက်အနှစ်ချုပ်စာအုပ်



ကဲ…ဒီစာအုပ်လေးကတော့ android ဖုန်းကိုင်

ဆောင်အသုံးပြုနေသူတွေလေ့လာသင့်တဲ့ ကိုဝင်းဟိန်း ရေးသားပြုစုပေးထားတဲ့

"android အတွက်အနှစ်ချုပ်" ဆိုတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။pdf file

နဲ့ပြုလုပ်ပေးထားတာပါ။android တစ်လုံးရဲ့ လျှို့ဝှက်ချက်အဖုံဖုံနဲ့ android သမိုင်းကြောင်းကအစ android apk ရေးသားနည်းတွေအပါအဝင် android တလုံးကိုကျွမ်းကျင်စွာနဲ့ဘယ်လိုကိုင်တွယ်အသုံးပြုရမယ်ဆိုတာတွေကိုပါပြည့်ပြည့်စုံစုံနဲ့ရှင်း

ပြရေးသားပေးထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဆိုရင်လည်းမမှားပါဘူး။androidသမား

တိုင်းရှိထားဖတ်ထားလေ့လာထားသင့်တယ်လို့ယူဆမိတဲ့အတွက်ကြောင့်တင်ပေးလိုက်တာပါ။

pdf file size12MB ရှိပြီး pages စာမျက်နှာပေါင်း ၁၆၀ ကျော်ပါဝင်ပါတယ်။

နောက်မှပဲဒေါင်းမယ်တွေပါတွေလုပ်မနေနဲ့နော်

တွေ့ ထားတုန်းတခါတည်းဒေါင်းသွားလိုက်ပါ။

ရှိထားရထားစေချင်လို့ပါဗျာ။

အောက်မှာ လင့်ခ် တွေအများကြီးတင်ပေးထားပါတယ်။မိမိတို့

ကြိုက်နှစ်သက်အဆင်ပြေတဲ့ လင့်ခ် ကနေသာ

ဒေါင်းလုပ်ရယူသွားပေတော့…………

 One Click Download(တိုက်ရိုက်လင့်ခ်)

 Download From "MediaFire"

 Download From "Box"

 Download From "dropbox"

 Download From "copy.com"

 Download From "MegaCloud"

အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။

                             လင်းဝင်း(နည်းပညာ)

Wednesday, June 29, 2016

OTG Cable နဲ့ သင့် Android Device ရဲ့ စွမ်းရည်ကိုတိုးမြှင့်နိုင်မယ့် နည်းလမ်း ၆ သွယ်


1
Device တွေကြားမှာချိတ်ဆက်ဖို့အတွက် USB On The Go (OTG) ဟာ အလွန်အသုံးဝင်ပါတယ်။ သင့် Device ရဲ့ စွမ်းရည်ကိုတိုးမြှင့်ဖို့အတွက် OTG ကိုနည်းလမ်းများစွာနဲ့ အသုံးပြုနိုင်ပါတယ်။ OTG ကြိုးဟာဈေးလည်းသက်သာပြီးကျပ် ထောင်ဂဏန်းသာရှိပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍမှာ OTG ကြိုးကိုအသုံးချနိုင်မယ့် အကောင်းဆုံးနည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Game Controller နဲ့ ဖုန်းကိုချိတ်ဆက်ပါ။
2
စမတ်ဖုန်းများဟာသေးငယ်တဲ့အတွက် ဂိမ်းအများစုအတွက်တော့ ကစားရတာအဆင်မပြေပါဘူး။ Game Controller နဲ့ ကစားမှ အဆင်ပြေတဲ့ ဂိမ်းများရှိပါတယ်။ အထူးသဖြင့် ကားပြိုင်ပွဲများ၊ သေနတ်ပစ် ကစားနည်းများ၊ အားကစားဂိမ်းများကိုကစားရင် Game Controller က အကောင်းဆုံးပါ။
Android Games တော်တော်များများက External Controller ကိုထောက်ပံ့ပေးပါတယ်။ External Controller ကိုဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက် OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ အချို့ဖုန်းများဟာ Game Controller ကိုအပြည့်အ၀ထောက်ပံ့ပေမယ့် အချို့ဖုန်းများမှာတော့ Root လုပ်ထားရမှာပါ။
၂။ ဖုန်းတစ်လုံးကိုအခြားဖုန်းဖြင့် အားသွင်းပါ။
3
OTG ကြိုးကိုအသုံးပြုပြီးဖုန်းတစ်လုံးမှ အားကိုအခြားဖုန်းသို့ ပေးပို့နိုင်ပါတယ်။ နည်းလမ်းကလွယ်ကူပါတယ်။ အားပေးမယ့် ဖုန်းမှာ OTG ကြိုးကိုတပ်ဆင်ပါ။ အားယူမယ့် ဖုန်းမှာOTG ကြိုးရဲ့ အခြားတစ်ဖက်ရှိသာမာန် USB ခေါင်းနဲ့ ချိတ်ဆက်ပါ။
အားပေးမယ့် ဖုန်းရဲ့ ဘက်ထရီပမာဏဟာအားယူမယ့် ဖုန်းရဲ့ ဘက်ထရီပမာဏထက် ပိုများဖို့ လိုအပ်ပါတယ်။
၃။ USB Flash Drive or Hard Drive ကိုဖုန်းနဲ့ ချိတ်ဆက်ပါ။
4
USB Flash Drive or Hard Drive များကိုဖုန်းနဲ့ ချိတ်ဆက်ဖို့ OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ Flash Drive ကို ကြိုးရဲ့ ဒုတိယ Port မှာချိတ်ဆက်လိုက်ရုံပါပဲ။ ဖုန်းမှ ဖိုင်မန်နေဂျာကိုအသုံးပြုပြီး Flash Drive မှ ဖိုင်များကိုရယူနိုင်ပါတယ်။
၎။ USB Mouse or Keyboard များကိုဖုန်းနဲ့ ချိတ်ဆက်ပါ။
5
Android ဖုန်းမှာစာရိုက်ရတာခက်ခဲပါတယ်။ ဖုန်းမှာစာရိုက်ရတာဟာကွန်ပြူတာမှာစာရိုက်ရတာလောက် မမြန်သလိုမတိကျပါဘူး။ ဒါပေမယ့် OTG ကြိုးကိုအသုံးပြုပြီးဖုန်းကို Mouse or Keyboard များနဲ့ ချိတ်ဆက်နိုင်ပါတယ်။

၅။ Modem နဲ့ ချိတ်ဆက်ပါ။

6
သင့်ရဲ့ ဖုန်းမှာအင်တာနက် အသုံးပြုဖို့အတွက် Mobile Data နဲ့ WiFiကိုအသုံးပြုနိုင်ပါတယ်။ လူသိနည်းတဲ့ နောက်ထပ် နည်းလမ်းတစ်ခုက OTG ကြိုးနဲ့ Modem ကိုချိတ်ဆက်ပြီးအင်တာနက် အသုံးပြုနိုင်ပါတယ်။
၆။ External Microphone နဲ့ အသံဖမ်းယူပါ။
7
သင့်ဖုန်းမှာပါတဲ့ မိုက်ကရိုဖုန်းဟာကိစ္စအများစုအတွက်တော့ အဆင်ပြေလုံလောက်ပါတယ်။ ဒါပေမယ့် အရည်အသွေးမြင့်တဲ့ အသံများကိုဖမ်းယူဖို့အတွက်တော့ သီးခြားမိုက်ကရိုဖုန်းကပိုမိုကောင်းမွန်ပါတယ်။ USB Port ပါတဲ့ မိုက်ကရိုဖုန်းမော်ဒယ်များစွာရှိပါတယ်။ အဲဒီမိုက်ကရိုဖုန်းကိုဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက်လည်း OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ USB Audio Recorder Pro လို App များရဲ့ အကူအညီကိုတော့ လိုအပ်ပါတယ်။

Credit to ==>  Myanmar Digital Life Journal

Tuesday, June 28, 2016

Android ဖုန်းများတွင် ဖုန်းမှတ်ဉာဏ်ထဲရှိ မလိုအပ်သော Temp ဖိုင်များအား ရှင်းလင်းခြင်း (SpeedUp Android







Android ဖုန်း အသုံးပြုသူတွေ အနေနဲ့ မိမိအသုံးပြုနေတဲ့ ဖုန်းမှာ ဖုန်းမှတ်ဉာဏ်ဟာ မှတ်သားမှုများ မပြုလုပ်ရသေးဘဲ ပြည့်လာတတ်တဲ့ အခက်အခဲရှိ တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့ ဖုန်းထဲမှာရှိနေတဲ့ Temporary လို့ခေါ်တဲ့ Temp ဖိုင်တွေကို ရှင်းလင်းပေးရပါတယ်။




Temp ဖိုင်တွေကို ရှင်းလင်းတဲ့အခါမှာ ဖုန်းရဲ့မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ Temp တွေကို ရှင်းလင်းရသလို အင်တာနက် အသုံးပြုတဲ့ Browser ပေါ်မှာရှိနေတဲ့ အင်တာနက် Temp ဖိုင်တွေကိုလည်း ရှင်းလင်းပေး ရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းတဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။

အင်တာနက် အသုံးပြုခဲ့တဲ့ Temp ဖိုင်တွေကို ရှင်းလင်းချင် တယ်ဆိုရင်တော့ ပထမဆုံးကိုယ့် ရဲ့ ဖုန်းမှာရှိနေတဲ့ Setting ထဲကို ဝင်လိုက်ပါ။




Setting ထဲမှာတော့ App ဆို တဲ့ စနစ်ထဲကို သွားပါ။ အချို့ဖုန်း တွေမှာတော့
Manage App ဆိုပြီး ဖော်ပြတတ်ပါတယ်။




App ထဲကို ရောက်ပြီဆိုရင် တော့ ခုလိုမြင်ရ ပါလိမ့်မယ်။ မြင် ရတဲ့ မြင်ကွင်းမှာ
 ကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ Browser App တွေကို ရှာဖွေပါ။




Browser App ကိုတွေ့ရင်တော့ App ကိုနှိပ်လိုက်ပါ။
ဒါဆို ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။




မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အောက်ဘက်ကို ဆက်ပြီးကြည့်
လိုက်မယ်ဆိုရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။




Clear data, Clear Cache, Clear Defaults အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။
Clear Cache ဆိုတဲ့စနစ်ကို နှိပ်ပြီးတော့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
Clear Data ကိုနှိပ်ပြီးတော့လည်း Browser ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ဖယ်ရှင်းနိုင်ပါတယ်။

ဒါကတော့ အင်တာနက် အသုံးပြုထားတဲ့ Temp တွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပြီး အင်တာနက် အသုံးပြုသမျှ Browser တွေအားလုံးမှာ ဒီလိုမျိုး လိုက်လံရှင်းလင်း နိုင်ပါတယ်။

နောက်တစ်ခုကတော့ ဖုန်းရဲ့ မှတ်ဥာဏ်ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ထဲက အရာတွေကို ရှင်းလင်းဖို့အတွက် ပထမဆုံး ဖုန်းရဲ့
Setting ထဲကိုဝင်လိုက်ပါ။




Setting ထဲမှာ Storage ဆိုတာရှိပါတယ်။ Storage ထဲကို ဝင်လိုက်ပါ။




Storage ထဲမှာတော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။




မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Make more space ဆိုတာရှိပါတယ်။
အဲဒါကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။




ဒါကတော့ မှတ်ဉာဏ်ထဲက မလိုအပ်တဲ့ အရာတွေကို ဖယ်ရှင်းနိုင်မယ့် နေရာဖြစ်ပါတယ်။
 အသုံးပြုတဲ့ ဖုန်းအမျိုးအစားနဲ့ Android Interface ဖွဲ့စည်းပုံ ပေါ်မူတည်ပြီး မြင်တွေ့ရမယ့် မြင်ကွင်းတွေတော့ ကွဲပြားမှု ရှိနိုင်ပါလိမ့်မယ်။

Make more space ဆိုတဲ့ အချို့ဖုန်းတွေမှာတော့ Cached Data ဆိုပြီး ဖော်ပြလေ့ ရှိတတ်ပါတယ်။
 Cached Data ဆိုတဲ့ ထဲမှာလည်း မလိုအပ်တဲ့ အချက်အလက်တွေကို ၀င်ရောက်ရှင်းလင်း နိုင်ပါတယ်။



 Credit: Internet Journal


Visit website

Android Version 4xx ကနေ 6xx တွေအတွက် Myanmar Zawgyi & Unicode Font Installer (New Updated)








Rooted ဖုန်းတွေအတွက် Android Version 4xx ကနေ 6xx အထိ Myanmar Zawgyi Font နှင့် Myanmar Unicode Font ကို အလွယ်တကူထည့်သွင်းပေးနိုင်မည့်  2 in 1 Tool ကို Setup ဖိုင်လ် တခုတည်းဖြစ်အောင် ညီလေး Sithu Ye' Yint Htun  က Update လုပ်ပေးလိုက်ပါပြီ။


အောက်မှာ ဒေါင်းယူနိုင်ပါတယ်....


(For PC-Need Root)

Zawgyi Font or Unicode Font Installer for Android 4.4.2, 4.4.3, 4.4.4, 5.0, 5.0.2, 5.1.1, 6.0, 6.0.1 (Only an exe file)



Debugging On

Plug cable between PC and Phone

Run Software





Type 2 or 3 and Enter to Install.



Link Updated at 26-6-2016 - 9:50PM

Download From Here

OR

Link Updated at 27-6-2016 - 5:30AM
Download Here


Credit: Sithu Ye' Yint Htun






Rooted ဖုန်းတွေအတွက် Android Version 4xx ကနေ 6xx အထိ Myanmar Zawgyi Font နှင့် Myanmar Unicode Font ကို အလွယ်တကူထည့်သွင်းပေးနိုင်မည့်  2 in 1 Tool ကို Setup ဖိုင်လ် တခုတည်းဖြစ်အောင် ညီလေး Sithu Ye' Yint Htun  က Update လုပ်ပေးလိုက်ပါပြီ။


အောက်မှာ ဒေါင်းယူနိုင်ပါတယ်....


(For PC-Need Root)

Zawgyi Font or Unicode Font Installer for Android 4.4.2, 4.4.3, 4.4.4, 5.0, 5.0.2, 5.1.1, 6.0, 6.0.1 (Only an exe file)



Debugging On

Plug cable between PC and Phone

Run Software





Type 2 or 3 and Enter to Install.



Link Updated at 26-6-2016 - 9:50PM

Download From Here

OR

Link Updated at 27-6-2016 - 5:30AM
Download Here



Tuesday, May 31, 2016

Samsung တွေအတွက် Samsung Kies 3



Samsung Kies ဆိုရင် Samsung ကို ကိုင်တွယ်နေတဲ့ မိတ်ဆွေအားလုံးနီးပါးသိပြီးသားဖြစ်ပါတယ်.. Samsung အတွက် Driver ကို အပြည့်အဝထောက်ပံ့ပေးထားပြီး PC နဲ့ Sync လုပ်နိုင်လို့ Service သမားတွေသာမက ကလိသူတွေပါ အသင့် ဆောင်ထားကြပါတယ်.. ခုထွက်တဲ့ Samsung Kies3 မှာတော့ Android 4.3 နဲ့အထက်တွေကို Support လုပ်ပေးနိုင်တာကြောင့် လက်မနှေးဘဲ Update လုပ်ထားသင့်ပါကြောင်း....



ဖုန်းထဲကနေ တရားတော်များကိုနားကြားကြမယ်



ဆရာတော်ဘုရားများ ၏ ဟောကြားထားတဲ့ ပရိတ် နှင့် တရားတော်များကိုဖုန်းထဲကနေ နားကြားချင်တယ်ဆိုရင်တော့ Dhamma Talks ဆော့ဝဲလ်ကိုဒေါင်းယူနိုင်ပါပြီ။
ဆော့ဝဲလ်အားဒေါင်းယူရန်။



                                   Download Here

Lollipop 5.0 နှင့်အထက် ဖုန်းများအတွက် မြန်မာထည့်ပေးမဲ့ Myanmar L v.10 (2016) Apk




ခုနောက်ပိုင်းထွက်တဲ့ Lollipop Version 5.0 နှင့်အထက်များအတွက် မြန်မာဖောက်ထည့်သွင်းနိုင်မယ့် Myanmar L v.10 (2016) Apk တွေ့လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ 
ဒီကောင်လေးက
Samsung Lollipop တွေမှာ Unicode,Zawgyi ပါတဲ့အကောင်တွေ Web မှမြန်မာစာ တိုင်ပါတ်နေသေးရင် ဒါလေးနဲ့ထည့်ကြည့်ပါ...  အခြားသော Lollipop တွေမှာလည်းထည့်လို့ရပါတယ်။  နဂိုမူလပါရှိတဲ့ Unicode တွေပြန်ထည့်ချင်ရင် Repair Fonts ခလုတ်ကိုနဲ့ပြန်သွင်းပါ။ အဲ့ဒါက Backup လုပ်ပြီး Restore ပြန်လုပ်တာတော့မဟုတ်ပါဘူး တစ်ခြားဖောင့်နဲ့သွင်းမိလို့ Facebook မှာ မြန်မာလိုနာမည်မပေါ်တာတို့ Group Name တွေမှာမြန်မာလိုနာမည်မပေါ်တာတို့ဆိုရင် အရင်ဆုံး Repair Fonts ခလုတ်နဲသွင်းပါ။  ပြီးတော့မှ အပေါ်က Install ခလုတ်နဲ့ပြန်သွင်းပါ။


 Font Changer အသုံးပြုမယ်ဆိုရင် မိမိဖုန်းမှာ Root ဖောက်ထားပြီးသားဖြစ်ရမည်။
Android version 5.0 နှင့် အထက်များသာ Font Changer က အလုပ်လုပ်ပါမည်။


 

Monday, May 30, 2016

iPhone 6S မှာတဲ့ 3D Touch အသုံးပြုနည်း


iPhone 6S မှာ 3D Touch ပါဝင်လာပြီး တစ်ခြား iPhone တွေမှာမပါဝင်တဲ့ အသုံးပြုပုံတွေပါဝင်လာပါတယ်။ ဒါပေမဲ့ လူသိနည်းနေတာကြောင့်ဖော်ပြပေးလိုက်ပါတယ်။
Home Screen
Home Screen မှာ app တွေကို 3D Touch နဲ့အသုံးပြုပြီး လိုအပ်တဲ့ feature ကိုပဲဖွင့်နိုင်ပါတယ်။
Safari
Safari မှာ 3D Touch ကို Preview tab လုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်။ Safari tab တွေကိုဖွင့်လိုက်ပြီး tab တစ်ခုကို 3D Touch နှိပ်လိုက်ရင် မဝင်သွားပဲ preview အနေနဲ့ ပြပေးမှာဖြစ်ပြီး လွှတ်လိုက်တာနဲ့ tab တွေအကုန်ပြတဲ့နေရာပြန်ရောက်သွားမှာပါ။
Message
Message တွေဖတ်မယ်ဆိုရင်လဲ 3D Touch နဲ့နှိပ်ပြီး preview ဖတ်နိုင်မှာဖြစ်ပါတယ်။ unread notification ဖြစ်တဲ့ အပြာရောင်အဝိုင်းလေးလဲပျောက်မှာမဟုတ်ပါဘူး။ preview နေတဲ့အချိန်မှာ အပေါ်ကိုဆွဲတင်လိုက်မယ်ဆိုရင်တော့ reply ပြန်တာမျိုး mark as read လုပ်တာမျိုးတွေ လုပ်နိုင်မှာဖြစ်ပါတယ်
Contact Picture
ကိုယ့် Contact တစ်ယောက်ကိုတစ်ခြား app တွေမှာတွေ့ရင် သူတို့ရဲ့ contact photo ကိုနှိပ်လိုက်တာနဲ့ infomation တွေအကုန်ကျလာမှာဖြစ်ပြီး ဖုန်းခေါ်တာမျိုး mail ပို့တာမျိုးလျှင်လျှင်မြန်မြန်လုပ်နိုင်မှာဖြစ်ပါတယ်။
Text Selection
Text Selection လုပ်ရတာပိုမြန်လာပါတယ်။ ကိုယ် select လုပ်ချင်တာစာကို ထိလိုက်ရင် ပုံမှန် select ဖြစ်သွားပါတယ်။ အဲ့ဒါကိုမလွှတ်ပဲ 3D Touch နဲ့ဆက်ဆွဲမယ်ဆိုရင်တော့ စာတွေကို select လုပ်ပေးမှာဖြစ်ပါတယ်။
Multitasking
App Switcher ကိုဖွင့်ဖို့ Home Button ကိုနှစ်ချက်နှိပ်စရာမလိုတော့ပါဘူး။ 3D Touch နဲ့ ဘယ်ဘက် screen အစွန်းကနေဆွဲလိုက်ရင် app တစ်ခုနဲ့တစ်ခုကူးသွားတာမျိုး app switcher ကိုဖွင့်တာမျိုးလုပ်နိုင်ပါတယ်။


www.myanmarmobileapp.com


အဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ)

Android 6.0 များကို Rooling Out ပြုလုပ်နိုင်သော Samsung Devices များထွက်ပေါ်လာ



ဒီလပိုင်းအသစ်ထွက်ရှိလာတဲ့သတင်းများအရ Android 6.0 များကို
 Rooling Out ပြုလုပ်နိုင်သော Samsung Devices များထွက်ပေါ်လာကြောင်း
သိရှိရပါသည်။

အဆိုပါ Android 6.0 များကို Rooling Out ပြုလုပ်နိုင်သော
Samsung Devices များမှာ Official မှတိုက်ရိုက်ချပေးထားသော
Devices များဖြစ်သောကြောင့် မိမိတို့အနေဖြင့် Android 6.0 ကို
အသုံးပြုချင်တယ်ဆိုရင်တော့ ဘာဆော့ဝဲမှအသုံးပြုစရာမလိုပဲ
ဖုန်းမှာတင် Setting>About Device>Software Update> Update ဆိုပြီး
ဖုန်းမှာတင် သက်ဆိုင်ရာ Official Firmware ကို Upgrade ပြုလုပ်နိုင်ပါပြီ

Android 6.0 များကို Rooling Out ပြုလုပ်နိုင်သော Samsung Devices များ
=======================
Samsung Galaxy Note5 - [Q1,2016]
Samsung Galaxy Note Edge - [Q1,2016]
Samsung Galaxy Note 4 - [Q1,2016]
 Samsung Galaxy Note 4 Duos - [Q1,2016]
 Samsung Galaxy Note Edge - [Q1,2016]
Samsung Galaxy S6 Edge+  [Q1,2016]
Samsung Galaxy S6 Edge - [Q1,2016]
Samsung Galaxy S6 - [Q1,2016]
 Samsung Galaxy S6 Duos - [Q1,2016]
 Samsung Galaxy S5 - [Q1,2016]
 Samsung Galaxy S5 NEO - [Q1,2016]
 Samsung Galaxy S5 LTE-A - [Q1,2016]
Samsung Galaxy ALPHA - [Q2,2016]
 Samsung Galaxy Tab A - [Q2,2016]
 Samsung Galaxy Tab S2 9.7 - [Q2,2016]
Samsung Galaxy Tab S2 8.0 - [Q2,2016]

မှတ်ချက်
=========
အထက်ပါ Official ရဲ့ Announced သည် အချိန်တစ်ပြေးညီ
ပြောင်းလဲနေမှာဖြစ်သောကြောင့်အဆင်ပြေမှုမပြေမှုသည်
သတင်းထုတ်ပြန်မှုအပေါ်မှာသာမူတည်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။


Ref-www.youmobile.org


အဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ)

မူပိုင် Google မှ ထုတ်ပြန်လိုက်ပြီးဖြစ်တဲ့ နောက်ဆုံးထွက် Android N 7.0 Version Features

ကဲလာပြီနောက် အားလုံးစောင့်မျှော်နေတဲ့ နောက်ဆုံးထွက် Android N 7.0 ကြီး၊
နောက်ဆုံးထွက် ဗားရှင်းကိုမှ အကြိုက်တွေ့နေတာလား March 10 ရက်နေ့က
မူပိုင် Google မှ Android N 7.0 New Features နဲ့ပတ်သက်ပြီး Announces လုပ်လိုက်ပါပြီ။
မထွက်ကတည်းက နာမည်ကြီးနေတဲ့ Android N 7.0 ကြီးဟာ အခုဆိုရင်
developer preview အနေဖြင့် ထွက်ရှိလာခဲ့ပါပြီ၊ နောက်ဆုံးဆိုတာကိုမှ 
ခုန်မင်တတ်တဲ့ သူတွေအတွက် Android ကမ္ဘာရဲ့ နောက်ဆုံးမဟုတ်သေးတဲ့
နောက်ဆုံးဗားရှင်း Android N 7.0 ရဲ့ New Features ကို နားလည်သလောက်
ဘာသာပြန်တင်ပေးလိုက်ပါတယ်။

အကြီးမားဆုံး အပြောင်းအလဲအနေဖြင့် ယခု Android N 7.0 မှာ အရင်ဗားရှင်း
ဟောင်းများနဲ့ မတူညီတဲ့ Features များဝင်လာပါတော့တယ်။
Android platform ပေါ်မှ မှုန်ဝါးဝါး Future များကို အကောင်းဆုံး တွန်းလှန်ပေးမယ့်
တောက်ပတဲ့ စနစ်များဖြင့် အသုံးပြုသူ User များနဲ့ Developer များအတွက် စိတ်ကြိုက်
ဖြစ်စေမယ့် နောက်ဆုံးထွက် ဗားရှင်းဖြစ်မယ်ထင်ပါတယ်။
ဒီတော့ နာမည်ကြီး လူကြိုက်များလာမယ့် Android N 7.0 Version ရဲ့ 
bigger additions လေးအကြောင်းကို အောက်မှာဆက်လေ့လာကြည့်လိုက်ပါဦး
Multi-tasking
========
Multi-tasking အနေဖြင့် ယခုဗားရှင်းတွင် ဓာတ်ပုံများနဲ့ ဗွီဒီယိုများကို 
split-screen လို့ခေါ်တဲ့ အုပ်စုခွဲ စနစ်မျိုးဖြင့် ကြည့်ရှုနိုင်မှာဖြစ်သလို
Tablets များရဲ့ ကြီးများတဲ့ Screen များနည်းတူ အထူးဖန်တီးထားပါတယ်။
Improved Notifications
==============
ဖုန်းတစ်လုံးရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Notification ဧရိယာများကို
အရင်ဗားရှင်းဟောင်းများနဲ့ လုံးဝမတူပဲ ထူးခြားချက်များအဖြစ် ဖန်တီးထားသလို
ဖုန်း Call များနဲ့ Social Message Call များကို အကောင်းဆုံး reply ပြုလုပ်
နိုင်အောင် ဖန်တီးထားပါတယ်။
Battery Improvements
==============
Battery အကုန်မြန်တဲ့ စနစ်ဟောင်းထဲက Features များကို အပြီးအပိုင်
ထားခဲ့တော့မှ Battery Improvements နဲ့ပတ်သက်ပြီး Google ရဲ့ Marshmallow ဗားရှင်း
လောက်ကတည်းက Revolution ပြုလုပ်ထားခဲ့ပြီးဖြစ်သလို၊ ယခု ဗားရှင်းမှာဆိုရင်တော့
မိမိဖုန်း၏ screen ကို off လုပ်ထားတဲ့အချိန်ဆိုရင်၊ battery power အားကို 
အထူးတာရှည်ခံနိုင်အောင် ဖန်တီးထားပေးထားပါတယ်။
Memory Improvements
===============
Android တွင်ပြောစရာတစ်ခုဖြစ်နေသေးတဲ့ Memory အကြောင်းနဲ့ပတ်သက်
ပြီးတော့လည်း အရင် စနစ်များနဲ့ မတူပဲ ကောင်းသထက်ကောင်းလာအောင်
Google က reduce ပြုလုပ်ထားလာပါတယ်၊ Memory ပြသနာများအတွက် 
Limit အနေဖြင့် အကျိုးသက်ရောက်မှုရှိအောင် အထူးဖန်တီးပေးထားပါတယ်။
Java 8 Support
==========
ဒီတစ်ခါ အားလုံးထက် ထူးပြီး New တစ်ခုတိုးလာတာကတော့ Java 8 ပါ
Android Developers များအတွက် စိတ်ကြိုက် ကလစ်ယူနိုင်အောင် 
ထည့်သွင်း ပေးလာခြင်းလည်းဖြစ်ပါတယ်။
General Improvement and Tweaks
======================
ဒီ General Improvement and Tweaks ပတ်သတ်ပြီးတော့ Google က
ဟိုအရင် marshmallow ကတည်းက မိတ်ဆက်ပြသတ်ပြီးခဲ့ပြီးဖြစ်ပါတယ်။
ယခု Android N 7.0 ဗားရှင်းမှာတော့ ပိုကောင်းလာအောင် Final release 
အနေဖြင့် ဖန်တီးလာတာဖြစ်ပြီး၊ Tweaks များနဲ့ UI အဓိကဦးစားပေးဖြင့် ရေးဆွဲထားပါတယ်။
Google ရဲ့ Android N 7.0 သည် တောက်ပပြီး ကောင်းမွန်လှတဲ့ နည်းပညာများဖြင့်
ဖန်တီးထားတဲ့ စမတ်ဖုန်းများအဖြစ် နေ့စဉ်ဘ၀မှာ မရှိမဖြစ် အသုံးပြုကြရမယ့် ဇိမ်ခံ
ပစ္စည်းများအနေဖြင့် အထူးတလည် ရေးဆွဲဖန်တီးပေးလာခဲ့ခြင်း ဖြစ်လေသလောဟု
သုံးသပ်ကြည့်ရင်း မူပိုင် Google ရဲ့ နောက်ဆုံး ဗားရှင်း မဟုတ်သေးတဲ့ နောက်ဆုံး
ဗားရှင်း Android N 7.0 Version New Features ကို သုံးသပ်တင်ပြပေးလိုက်ရပါတယ်။
အဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ)