Popular Posts

Sunday, November 3, 2013

“ရွှေဒေသ” App

APP အလန်းလေးတစ်ခု

ကျွန်တော် တစ်နေ့က အင်တာနက်ပေါ်မွှေရင်းနှောက်ရင်းတွေ့ခဲ့တာလေးပါ
“ရွှေဒေသ” လို့သိရပါတယ်..။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသမျှသတင်းတွေကို အချိန်နှင့်တစ်ပြေးညီ သိချင်ပါတယ်ဆိုတဲ့ ကိုကို မမ တို့အတွက်ပေါ့နော်..။
တော်တော်လေးကောင်းပါတယ်..
သူအလုပ်လုပ်ပုံက
အင်တာနက် (wifi/3g/2g) ဖွင့်ထားတဲ့အချိန်မှာ အင်တာနက်မှ သတင်းများကို ဒေါင်းလော့ဒ် ချယူပါတယ်..။
ကျွန်တော်စမ်းသပ်ကြည့်တာတော့ ၁၀ မိနစ်လောက် wifi free ရတဲ့နေရမှာ ဖွင့်ထားတာ သတင်း ၁၀၀ ကျော် ရတယ်ဗျ..။အံ့ရော..။စုတ်ရှာနေတဲ့လိုင်းနော် အဲ့ဒါ..။ပြီးသွား ရင် အင်တာနက်ပိတ်လိုက်တော့ရပြီ.။ကိုယ်ဖတ်ချင်တဲ့သတင်းကို ဖတ်နေယုံပဲ.။တစ်ရက်တစ်ခါလောက် လုပ်ပေးရင် အဆင်ပြေတယ်..။နောက်တစ်ခုကျွန်တော်တွေးမိတာပေါ့.နော်..။ဒီလိုကြီးသာ ဆက်တိုက် ဒေါင်းနေရင်..ဖုန်း memory ပြည့်သွားမှာပေါ့လို့..။သူက ပြည့်စုံတယ်ဗျ.။ တစ်ပါတ်တစ်ခါ သူ့ application ကိုauto clean up လုပ်ပေးလိုက်တာ အကုန်ပျက်ကုန်ရော..။တော်တော်မိုက်တယ်..။ဒါပေမယ့် တစ်ပါတ်ကို လည်း တက်တဲ့ သတင်းက မနည်းဘူး..။၁၀၀၀ ကျော်တယ်..။မနည်းဖတ်ယူရတယ်..။ထိပ်တန်းသတင်းကော …။မထိပ်တန်းတာကော စုံလို့..။ဟူး ညွှန်းတာလည်း များသွားပြီ..။ကဲကဲ လိုချင်ရင်ဒေါင်းလိုက်ကြပေါ့ဗျာ…။
ဒီမှာ ဒေါင်းလိုက်ပါဗျာ..။
သူ့ရဲ့ official site က
http://www.shwedaetha.cu.cc  လို့ဆိုပါတယ်ဗျာ..။
ကျေးဇူးတင်လျှက်
လင်းဝင်း(နည်းပညာ)

No comments:

Post a Comment