Popular Posts

Showing posts with label facebook ဆိုင်ရာ. Show all posts
Showing posts with label facebook ဆိုင်ရာ. Show all posts

Saturday, December 28, 2013

Facebook ကိုမြန်မာဘာသာဖြင့် သုံးရအောင်

  Myanmar Facebook


Post မတင်တာလဲ ကြာပြီဆိုတော့ အခု Facebook မှာမြန်မာဘာသာဖြင့် ဘယ်လိုသုံးရမလဲ ဆိုတာလေးကို ရေးဆိုပါတယ် Facebook ကိုမြန်မာဘာသာဖြင့် သုံးချင်နေတာတော့ ကြာပြီ
ကဲစလိုက်ရအောင်။ အရင်ဦးဆုံးအောက်က Link မှာဝင်ပါ
 https://www.facebook.com/?sk=translations

အပေါက Link ကိုသွားပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း အမဲရောင်လေး နဲ့ဝိုင်းထားတဲ့ နေရာ
မှာ " မြန်မာဘာသာ " ကိုရှာလိုက်တော့ ရင်တော့ အဲတာကို Select လိုက်ပါ ။

Select လုပ်ပြီးရင်တော့ Continue ကို Click လိုက်။
 

နောက်ပြီးတော့ Use Facebook In မြန်မာဘာသာ ကို Click လိုက်ပါ။

ကျွန်တော်ပြောသလို အကုန်လုပ်တယ် ဆိုရင်တော့အဆင်ပြေ သွားမှာပါ။ Firefox သုံးရင်တော့
အောက်ဟာလေးကို Add-On မှာ Add ပေးထားပါ ။
https://addons.mozilla.org/en-US/firefox/addon/myanmarfonttagger/?src=userprofile 

စမ်းကြည့်ကြပါအုံး....
 အဆင်ပြေကြပါစေဗျာ....
------------------------------------------------------

Saturday, October 26, 2013

FACEBOOK အကောင့် ကို COMFIRM CODE မတောင်းအောင် ဖွင့်နည်း



အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies

တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail

အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out

မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် ..

(ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ်

Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့

တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18

နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း

ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ (

မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip

လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို

လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို

ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook

က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် ..

သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. (

ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က

သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က

ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ

ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို

မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue

ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း

နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ

Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ ..

အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request

လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ

ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို

သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ (

အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab

ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက်

ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ

မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab

တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

Thursday, October 24, 2013

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ်

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ်ရစေရမယ်နော်

တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင် facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့ facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ( သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)


အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)


1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို(1.EasyOvpn/ 2.OpenVPNConnect) ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ




3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ





5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ






6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။



7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ




8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး create new account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။ facebook နာမည်တွေ ဖြည့်တဲ့အခါ English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ . . .


(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မရေးဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)
Ref and Credit to http://readtohelp.blogspot.com/

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Wednesday, October 23, 2013

Android phone နဲ. ဖေ့ဘွတ်သုံးရင်း auto logout ဖြစ်သောပြသနာအားဖြေရှင်းကြည့်ခြင်း

ကျွန်တော်လဲ ဖုန်းနဲ. facebook သုံးပါတယ် ဘာလို.ဆို မီးပျက်လို.ပါ (ကြော်ငြာဝင်ထှာာာ ခိခိ)။
ဖုန်းနဲ.သုံးရင်း နဲ. သူများတွေတင်ထားတဲ့ ပိုစ့်တစ်ခုကို Like လုပ်လိုက်ရင် စပီးပြသနာတက်ပါတယ်။ဘာပြသနာလဲဆိုရင်
Auto သူ.ဟာသူ logout သွားတဲ့ ပြသနာပါ။ အဲ့တာနဲ.နောက်ပိုင်း ဖုန်းနဲ.သုံးရင်း လိုက်ခ် လုပ်ရမှာကို ကြောက်လာပါတယ် :P။
လိုက်ခ် မလုပ်ဘဲ သုံးနေမိတာ အတော်ကြာပါပီ(ကြုံတုံးကြွားတာပါ)။ ကြာလာတော့ အတော်ဆိုးလာပါတယ် ဘယ်လိုဆိုးလာလဲဆိုရင်ဖုန်းထဲကဖေ့ဘွတ် application ကနေ
ဖေ့ဘွတ်အကောင့်ကို ဖွင့်လို.မရအောင် ကို ဆိုးလာပါတယ် ဆာဗာerror တက်တယ် ဘာညာပေါ့ဗှာ စာတန်းအရှည် ကြီးနဲ.ကို ပြပါတယ်(အလကားနေရင်းနော် :P)။
အရင်ကတော့ အဲ့လိုဖြစ်လာရင် ဖုန်းကို factory reset ချလိုက်ပါတယ်
ခုတော့ အဲ့လိုမလုပ်တော့ပါဘူး တစ်ချက်ခုတ် နှစ်ချက်ပြတ်မဲ့ နည်းလမ်းတစ်ခုကို ကိုယ်တိုင် ကလိရင်း နဲ. တွေ.လာမိတယ်လေ :D
စကားရှည်နေတာနဲ. လိုရင်မရောက်တော့ဘူး ဒီနည်းက ၁၀၀ % အဆင်ပြေမဲ့ နည်းလမ်းပါ ။
like command share ရဲရဲဝံ၀ံ ဖုန်းထဲကနေ ဖေ့ဘွတ်သုံးရင်းလုပ်လို.ရမယ် like လုပ်လို. Auto logout တာ မရှိ တော့ဘူး ဒါ့အပြင် ဖေ့ဘွတ်သုံးရတာ ပိုပီးမြန်ဆန်သွက်လက်လာမယ်
စမ်းကြည့်လိုက်ရအောင်နော်

setting ထဲ သွားပါ ဖေ့ဘွတ် application ကိုတွေ.အောင်ရှာပါ တွေ.ရင် တစ်ချက်နှိပ်ပါ။ အဲ့ဒီမှာ Uninstall ဆိုတာ တွေ ဘာတွေတွေ.ပါလိမ့်မယ်မနှီပ်ပါဘူး အဲ့တာက။ို အောက်နည်းနည်းလောက် ဆင်းကြည့်ပါ။
Clear Data ဆိုတာကို တွေ.ပါလိမ့်မယ် တွေ.ရ့င် တစ်ချက်နှိပ်လိုက်ပါ။ ပီးရင်တော့ အရင်ဝင်နေကြအတိုင်း ဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။ အကောင့်တွေ ပက်ဝက်တွေ ပြန်ရိုက်ထည့်ပီး သုံးကြည့်ပါ။ ရဲရဲဝံ၀ံ. နဲ. like လုပ်ကြည်ပါ ပိုစ့်တွေကို
logout လုံးဝမဖြစ်တော့တာကို တွေ.ရပါလိမ့်မယ် ။ ပီးတော့ ဖေ့ဘွတ်သု့းံရတာ ပိုပီးမြန်ဆန်လာပါလိမ့်မယ် ။ဒါ့အပြင် ဖုန်းထဲက နေ ဖေ့ဘွတ်ဝင်လို.မရတဲ့ ပြသနာလဲ ရှင်းသွားပါလိမ့်မယ်။ တစ်ချက်တည်းနဲ. အကုန်ရတယ်နော် တွေ.လား ခိခိ (ရဲရဲဝံ၀ံကြီး လက်မထောင်လိုက်ပါ)

စိတ်ကြိုက်လိုက်ခ် လုပ်ပါ လုံးဝ အောက်စရာအကြောင်းမရှိတော့ပါဘူး ဒါပေမဲ့ တစ်ရက် နှစ်ခါလောက် လုပ်ပေးဖို.တော့ လိုမယ်နော် :)









အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်