Popular Posts

Friday, March 28, 2014

Deep Freeze Enterprise Server Enterprise 7.71.270.4499 (100 MB)


 Deep Freeze Enterprise  Server Enterprise 7.71.270.4499
ဒီကောင်လေးကတော့ အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ် Internet ဆိုင်တွေမှာဆောင်ထား



သင့်တဲ့ကောင်ဆိုလည်းမမှားပါဘူး မြန်မာ ကလူတွေအတွက်တော့ ဖိုင်ဆိုဒ်နည်းနည်းကြီးပါမယ် :P
လိုခြင်တဲ့သူများအောက်လင့်ခ်မှာဝင်ဒေါင်းနိုင်ပါပြီ...

Download>>>>>>Deep freeze<<<<<<<<

                                  အားလုံးအဆင်ပြေပါစေဗျာ

ကွန်ပျုတာမလိုပဲ ဖုန်းထဲကနေ Root လုပ်နည်းနှင့် မြန်မာစာ မြန်ဖောင့်ထည့်သွင်းနည်း



ဒီရက်ပိုင်း Android OS ဖုန်းအသုံးပြုသူတွေအတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့
အခုမှဖုန်းစသုံးမယ့် user တွေရော ၊ သုံးနေကျ users တွေရောလိုအပ်မယ့်ဆော့ဝဲတစ်ခုကိုရေးသားဖြစ်သွားပါတယ်။ ဆော့ဝဲနာမည်ကိုတော့
MMAS Root & Font Installer လို့အမည်ပေးထားပါတယ်။ ဒီဆော့ဝဲလေးက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။






Download- MMAS Root & Font Installer(1).apk


Credit to -MMAS-ThetNaing Soe

USB မှ Window တင်နည်း ( အပြည့်အစုံ)

USB မှ Window တင်နည်း



USB မှ Window တင်နိုင်ဖို့ အတွက်

1.ပထမဆုံး ကိုယ့်ရဲ့ စက်မှာ 64 Bit တင်ချင်လို့ စစ်ဆေးကြည့်ချင်ရင်တော့ ဒီမှာ စစ်ကြည့်နိုင်ပါတယ်..။

2.ကိုယ်လိုချင်တဲ့ Window ISO File တွေကို ဒီမှာ ရွေးချယ်ပီး Download ရယူနိုင်ပါတယ်...။
3. ISO File ကို Download ရယူပီးပီးဆိုရင် Rar File ကိုဖြေလိုက်ပါ...။
4. USB မှ Window တင်နိုင်စေဖို့ အတွက် Bootable USB ဖြစ်အောင် ပြောင်းလဲ ယူရမှာပါ..။
အဲလို လုပ်ဖို့အတွက်   USB Stick ကို Computer မှာ  Plug ထိုးလိုက်ပါ...။



5.Bootable  USB   ဖြစ်အောင်ပြောင်းနိုင်စေဖို့ အတွက် ပထမဆုံး  မိတ်ဆက်ပေးချင်  တာကတော့ 
Win ToFlash ဆိုတဲ့ Tool လေးပါပဲ ဒီ Tool လေးကတော့ ကိုယ်တို့ ISO ရဲ့
Components တွေ စုံလင်မှု ရှိမရှိပါစစ်ဆေးပေးတဲ့ အတွက် အကြိုက်တွေ့စေပါတယ်..။
လိုချင်ရင်တော့ ဒီမှာ ယူနိုင်ပါတယ်..။
1. ပထမဆုံးသူရဲ့ ဒီလို Interface လေးရှိမှာပါ..။



2. Advanced Mood ကိုသွားပါ..။ Task အောက်က Drop Down လေးမှာ

ကိုပြောင်းမယ့် Window Version ကိုရွေးပါ..။
3.Create ကိုဆက်နှိပ်လိုက်တဲ့ အခါမှာ ဒီလို Interface လေးမှာ အပေါ်ကတော့
ISO File ရှိတဲ့ Path ကိုရွေးပေးရမှာ ဖြစ်ပီးအောက်ကတော့ USB ရှိနေတဲ့
Path ကိုရွေးချယ်ပီး Run ကိုနှိပ်လိုက်ရုံပါ..။
ပြောင်းလဲမှုပီးဆုံးသွားရင်တော့ Finished လို့ပေါ်လာမှာပါ..။
ဒါဆိုရင်တော့ Window တင်ဖို့ အတွက် Bootable USB တစ်ခုရပါပီ...။


အဲဒီလို Bootable USB  ပြောင်းလဲနိုင်တဲ့ တစ်ခြား Tool လေးတွေနဲ့ မိတ်ဆက်ပေးပါမယ်..။
1. ဒီ Tool လေးကတော့ ISO to USB လေးပါ...။ 
ဒီမှာ ယူနိုင်ပါတယ်...။
2. ဒီ Tool လေးကတော့ Win To Bootic လေးပါ ..။
လိုချင်ရင်တော့ ဒီမှာ ယူနိုင်ပါတယ်..။
3.နောက်တစ်ခုကတော့ WinUSB Maker ပါတဲ့ ..။ 
ယူချင်ခဲ့ရင်တော့ ဒီိကို သွားလိုက်ပါ..။
အပေါ်က မိတ်ဆက်ပေးခဲ့တဲ့ Software တွေကိုမသုံးဘဲ Command Prompt ကနေ ပီး
USBကိုပြောင်းချင်ပါတယ်ဆိုရင်တော့  ကို  Thura  ရေးတဲ့ USB မှ Window တင်နည်း
PDF ကို ဒီမှာ ယူနိုင်ပါတယ်...။


USB Window တင်နည်း


1. ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ..။


2. BIOS ထဲကိုရောက်ရင် Advanced BIOS Features ကို select လုပ်ပြီး Enter ခေါက်ပါ ။


3.F irst Boot ကို USB HDD  လို့ပြောင်းပေးပါ.။

4. Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ..။


5. Keyboard မှ F10 ကိုနှိပ်ပြီး Save ပါ..။
ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတက်မှာပါ..။


.......................................................................
ရိုးရိုး CD ကတင်နည်းစာအုပ်ကတော့ ဒီနေရာ မှာ ယူနိုင်ပါတယ်..။
ဝင်းဒိုး တင်ပီး အပ်တီဗိတ် ဖြစ်စေဖို့ အတွက် လိုအပ်တဲ့ ၀င်းဒိုး လုပ်ဒါ ကိုတော့
   အောက်မှာယူလိုက်ပါ..။

ကိုစုဆောင်းထားသမျှကို အားလုံး တစ်ခါတည်း ယူချင်ပါတယ်ဆိုရင်တော့ 
လုပ်ဒါ ( 7 ) ခုထည့်ပေးထားပါတယ်


မသိသေးသော သူများအတွက်သာ
 
အားလုံးအဆင်ပြေကြပါစေ

USB ကို ဘယ်လို အသုံးချမလဲ


သင့်ရဲ့ ရိုးရိုးရှင်းရှင်း USB drive လေးဟာ data သယ်တဲ့ ပစ္စည်းဆိုတာထက် ပိုပါတယ်။ သူရဲ့ multi tasking abilities တွေက သူ့ကို data သယ်ယူတဲ့ device ဆိုတာထက် ပိုစေခဲ့တာပါ။ USB device တွေ မပေါ်ခင်က floppy disk တွေကို သုံးခဲ့ကြတာပေါ့ L44MB သာ ဆံ့ပြီး ခဏခဏ ပျက်တတ်တဲ့ floppy ကို အခုအချိန်မှာ storage 1GB မှတွေ အများကြီးနဲ့ USB သုံးနေတဲ့သူတွေက ရယ်ကြမှာပေါ့။ ကဲဒါဆို USB ကလဲ storage သက်သက်အတွက်ပဲ ရတာလား။ မဟုတ်ဘူးနော်။ အပေါ်မှာ ပြောခဲ့သလိုပဲ Pen drive က သင့်ဘဝအတွက် အသုံးဝင်အရေးပါတဲ့ tool တစ်ခုအနေနဲ့ portable OS တွေမှာ သုံးလို့ ရတယ်။

Portable App များအတွက် သုံးခြင်း

အခုနောက်ပိုင်း software တော်တော်များများမှာ portable version တွေ ပေါ်လာပါတယ်။ သင်လုပ်ရမှာက stick ကိုထည့် exe file ကိုရွေး၊ run ပြီးရင်း ပြီးပြီ၊ ဥပမာ- office ဆိုရင် office ကိုဖွင့်၊ word, excel, power point, image edition နဲ့ access တို့ portable application အနေနဲ့ ပါတာ တွေ့လိမ့်မယ်။ အခြား အလားတူ pre-packaged app တွေနဲ့ menu system တွေကို သုံးပြီးတော့လဲ app store တွေကနေတစ်ဆင့် သင့် flash drive ပေါ်မှာ install လုပ်လို့ ရပါသေးတယ်။

File တွေလည်း စီလို့ရတယ်

သင်က hard disk နဲ့ USB ကြား အပြန်အလှန် ဖိုင်တွေကူးမယ့်အစား USB ကို ဖိုင်တွေ အလိုအလျှောက်စီပေးတာ မလိုချင်ဘူးလား။ ဒီအတွက် ဘာမှော်စွမ်းအားတွေမှ မလိုဘူးနော်။ သင့် OS ရဲ့ built-in feature တစ်ချို့ကို သိရင်ရပြီ။ ဥပမာ-သင်အလုပ်လုပ်ဖို့ USB ထဲ ဖိုင်တွေ အထုတ်အသွင်း လုပ်ရတယ်ဆိုရင် window XP ရဲ့ Windows briefcase feature က ကူညီပါလိမ့်မယ်။ Brief case က သုံးရလွယ်တဲ့ document synchronisation tool တစ်ခုဖြစ်ပြီး သင့် document တွေအတွက် virtual container အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။

PC ရဲ့ memory ကိုလည်း မြင့်တက်စေမည်

သင်က vista (သို့) windows7 ကို သုံးရင် သင်ရဲ့ flash drive ကို ready boost နည်းပညာသုံးပြီး system ကို speed up လုပ်လို့ ရတယ်။ ဒီ feature က သင့် stick ထဲက free space တွေကို RAM လို အသုံးချမှာ ဖြစ်ပြီး သုံးမယ်ဆိုရင် သင့် USB drive ပေါ်မှာ Right-click နှိပ်ပြီး properties ကိုရွေးပါ။ ပြီးရင် Ready Boost tab ကို click နှိပ်ပြီး option တွေကို select လုပ်ပြီး USB free Space တွေ memory အသွင်ရောက်အောင် ဖန်တီးလို့ ရပါတယ်။

Portable OS လည်း Install လုပ်လို့ ရတယ်

သင့် OS ကြီး တစ်လုံးကိုလည်း Flash Drive ထဲ ထည့်လို့ရတယ်နော်။ အပြောထက်တောင် အလုပ်က ပိုလွယ်သေးတယ်။ အခုဆို Linux Ubuntu နဲ့ အခြား Portable OS တွေ အများကြီး ပေါ်နေပြီမို့ သင်ဘယ်သွားသွား desktop ကို ကိုယ်နဲ့မကွာ ယူသွားလို့ ရပြီနော်။ OS ရယ်၊ desktop application တွေနဲ့ file email တွေ၊ personal setting.favourite နဲ့ game တွေပါမကျန် သင့်အိတ်ကပ်ထဲ ထည့်လို့ ရပြီပေါ့။

PC ကိုလည်း Lock ချလို့ရတယ်

PC ကို USB နဲ့ Lock/unlock လုပ်လို့ရတာကို သင်သိပါလား။ သင် idea ကို ကြိုက်ပြီး windows7 နဲ့ vista ကို သုံးတယ်ဆိုရင် သင်အကောင်အထည်ဖော်လို့ ရပြီ၊ ဒါမှမဟုတ်ရင်တော့ သင့် USB Key ကို actual key ပြောင်းဖို့ third party software တစ်ခုခုလိုမှာ ဖြစ်ပြီး သင်ပုံမှန် အလုပ်လုပ်ဖို့ ရတယ်။ stick ဖြုတ်လိုက်ရင် စက်က lock ကျသွားပြီ။

Tool Kit တွေကိုလည်း အမှားရှာလို့ ရတယ်

Windows boot CD ကို pen drive ပေါ်မှာ install လုပ်လို့ရပါတယ်။ Boot CD ဟာ repair, restore, diagnose အကုန်လုပ်နိုင်တဲ့ powerful ဖြစ်ပါတယ်။ Temporary windows Lite desktop ကို booting လုပ်ပြီး အသုံးပြုရမှာပါ။ Disk deletion, Partiton, software & hardware diagnostics နဲ့ အခြား စက်အတွက် သေရေးရှင်ရေး ကိစ္စတွေကိုပါ stick ထဲက CD နဲ့ အသုံးပြုလို့ ရပါတယ်။

Password နဲ့လည်း ကာကွယ်လို့ ရတယ်

သင့် stick ထဲ password လိုမျိုး၊ bank account data လိုမျိုး အရေးကြီး data တွေ သိမ်းထားပါသလား။ ဒါဆို သင့် stick ကို password နဲ့ ကာကွယ်သင့်ပါတယ်။ Rohos Mini Drive (သို့) True Crypt စတဲ့ utility program တွေ သုံးလို့ ရပါတယ်။ ဒီ program တွေက သင့်ကို password ထည့်ခိုင်းပြီး သင့် drive ရဲ့ secret partition ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒီ USB safeguard က သင်မသိဘဲ သင့် USB ကို တစ်ယောက်ယောက်က သုံးတဲ့အခါ သင့်လျှို့ဝှက်ဖိုင်တွေကို ဝှက်ထားပေးပါလိမ့်မယ်။
By Mobile Guide

USB Collection (USB အတွက် ဆော့ဝဲလ် များ စုစည်းပေးခြင်း)


USB Collection  လို့ခေါင်းစဉ်တပ်လိုက်တာကတော့ အစုံအလင်ပါပြီး
 တစုတစည်းထဲ ရအောင်စုစည်းထားတာလေးဝေမျှလိုက်တာပါ။လိုအပ်
မယ်ဆိုရင်အောက်မှာ ကြိုက်တဲ့ခေါင်းစဉ်လေးတွေကြည့်ပြီးဒေါင်းလုပ်
သာယူသွှားလိုက်ပါ။အခုလိုတနေရာထဲမှာ USB  နဲ့ပတ်သတ်တဲ့ဆော့ဝဲလေးတွေ 
အများကြီးဝေမျှပေးလိုက်နိုင်လို့ကျွန်တော်တော့တော်တော်ပီတိဖြစ်မိတယ်ဗျာ။
စာဖတ်သူတို့လည်းဝမ်းသာမယ်ထင်ပါတယ်။အားလုံးအဆင်ပြေကြပါစေဗျာ။

7.    USBVACCINE




အားလုံးအဆင်ပြေပါစေနော်..

အသင့်သုံးနောက်ခံ Photo Frames Psd များ (23Mb)


သူငယ်ချင်းတို့အတွက် အသင့်သုံးလို့ရမယ့် Photo Frames PSD လေးတွေစုပေးလိုက်ပါတယ်။အများကြီးမ
မဟုတ်ပါဘူး 4 ခုတည်းပါ။ ဒါပေမယ့် တစ်ခုမှာအများကြီးပါဝင်ပါတယ်။ မိမိဓါတ်ပုံလေးကို အရင်ယူလိုက်ပါ။
ပြီးရင်ဒေါင်းလော့စ်ဆွဲလို့ရတဲ့ဖိုင်ထဲကနေ Psd ကိုအရင် Desktop ပေါ်ကိုဆွဲထုတ်ထားပါ။ ဖိုတိုရှော့စ်ကနေ
ရိုးရိုးပုံခေါ်တဲ့အတိုင်းပဲခေါ်ယူသုံးဆွဲလို့ရပါတယ်။ 1 ခုမှာတင်ပုံတွေအများကြီးပါတာမို့ ကိုယ့်မယူချင်တဲ့ပုံကို
Layer မှာ မျကိစိပိတ်ထားလိုက်ပါ။ ဒီလောက်တော့ သူငယ်ချင်းတို့သိမှာပါ။ ပုံတွေထဲကနေ ကိုယ်ကြိုက်တဲ့
နေရာလေးကို ဖျတ်ပြီူးယလို့ရပါတယ်။လိုအပ်ရင်အောက်မှာဆွဲလိုက်ပါ။


Download Photo Frames Psd
http://adfoc.us/14251335376764
http://adfoc.us/14251335380047
 http://adfoc.us/14251335380051 

Tablet တစ်လုံးကို အကောင်းဆုံးအသုံးချနည်း



Tablet PC တွေဟာ ဈေးကွက်အတွင်းမှာ အောင်မြင်မှု အတိုင်းအတာအနေနဲ့ ရောင်းအားမြင့်တက်လာတာကို တွေ့ရမှာပါ။ ဒါဟာလည်း Apple ကထုတ်လုပ်လိုက်တဲ့ iPad တွေဟာ Tablet လောကကိုစိုးမိုးနေခဲ့တာ ကြာပါပြီ . လက်ရှိအချိန်မှာတော့ Apple iPad နဲ့အတူ Samsung Galaxy Tab , Acer Iconia Tablet တို့အပြင် အခြားတံဆိပ်မျိုးစုံနဲ့ Tablet တွေဟာ ဈေးကွက်အတွင်းမှာ ပြိုင်ဆိုင်လျက်ရှိပါတယ်။ ဒီအတွက်ကြောင့် Tablet တစ်လုံးကို အကောင်းဆုံးအသုံးချနိုင်မယ့် အချက်(၉)ချက်ကို ပြောပြပေးလိုက်ပါတယ် .။
၁။ Phone တစ်လုံးအသွင်အသုံးပြုခြင်း
Tablet တစ်လုံးဟာ 3G စနစ်လိုမျိုး ပါဝင်လာမယ်ဆိုရင်တော့ Mobile ဖုန်းတစ်လုံးလို အသုံးပြုနိုင်မှာပါ . ။Tablet ကိုကိုင်ပြီး တိုက်ရိုက်စကားပြောရင်တော့ ပတ်ဝန်းကျင်က သူငယ်ချင်းကို ကြောင်တယ်လို့ပြောပါလိမ့်မယ်။ အဲ့ဒါကို Bluetooth Headset လိုမျိုးနဲ့ တွဲဖက် အသုံးပြုတဲ့အခါမှာတော့ အဆင်ပြေစေမှာပါ . ။ 3G အသုံးပြုနိုင်တဲ့ Tablet တွေရဲ့ လိုင်းဆွဲအားအနေနဲ့ကလည်း မဆိုးတဲ့အတွက် Tablet တစ်ဖြစ်လဲ Phone တစ်လုံးအသွင်အသုံးပြုနိုင်မှာပါ ။
၂။ ကွန်ပျူတာတစ်လုံးအသွင် အသုံးပြုခြင်း
Tablet တစ်လုံးရဲ့ စွမ်းဆောင်ရည်ဟာ အရမ်းကိုမြင့်တက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကွန်ပျူတာတစ်လုံးအသွင် အသုံးချနိုင်လာပြီဖြစ်တယ်။ Android အသုံးပြုထားတဲ့ Tablet တွေတော်တော်များများထွက်ပေါ်လာပြီး Tablet တို့ရဲ့ အရေးပါမှုဟာ ပိုမိုကျယ်ပြန့်လာပါတယ် . ။ Application တွေရဲ့ စွမ်းဆောင်ရည်တွေကလည်း အရမ်းကောင်းလာတဲ့အတွက် Tablet တစ်လုံးကို ကွန်ပျူတာတစ်လုံးအသွင် အသုံးပြုလာနိုင်ပါပြီ ။
၃။ ခရီးဆောင် Gadget အဖြစ်အသုံးပြုခြင်း
ယခင်အချိန်က Laptop , Notebook , Netbook လိုမျိုး နေရာသိပ်မယူတဲ့ ကွန်ပျူတာတွေကို ခရီးဆောင်အဖြစ် အသုံးပြုကြပါတယ် . ။ ဒီနေရာကို တာဝန်ယူခဲ့တာက Tablet တွေပဲဖြစ်ပါတယ်။ ခရီးသွားရာမှာ စာဖတ်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် အလွယ်တကူပြုလုပ်နိုင်တာဟာ Tablet တွေပဲဖြစ်ပါတယ် ။
၎။ တခြားစက်တစ်ခုအသွင် အသုံးပြုခြင်း
Tablet တွေမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ ပမာဏမြင့်မားပြီး၊ Screen အရွယ်အစားကလည်း အသင့်အတင့်ရှိတဲ့အတွက်ကြောင့် တခြားစက်တွေလိုအသုံးပြုနိုင်ပါတယ် . ။ multimedia အနေနဲ့သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာဖြစ်သလို့ အချို့သော Musical Specialist များဟာ Tablet မှာပါဝင်တဲ့ Application တွေကို အသုံးပြုပြီး ဂီတာတို့ ၊ စန္ဒာရားတို့ လိုမျိုး အသုံးပြုနိုင်မှာပါ ။
၅။ Game စက်တစ်ခုအဖြစ်အသုံးပြုခြင်း
Tablet တွေရဲ့ အကောင်းဆုံး အားသာချက်တစ်ခုလို့လဲပြောနိုင်ပါတယ်။ Phone ထက်မျက်နှာပြင်ကျယ်ပြန့်တဲ့ Screen ဟာဂိမ်းကစားဖို့အတွက် အရမ်းကောင်းသလို၊ Tablet Game တွေကလည်း နာမည်ကြီးလာကြပါပြီ . ကွန်ပျူတာတစ်လုံးကို ဂိမ်းအကြီးစားတွေ ဆော့ကစားနိုင်ဖို့အတွက် မလွယ်ကူသေးပေမယ့် ကစားလို့ကောင်းတဲ့ ဂိမ်းတွေကိုလည်း Tablet ပေါ်မှာ ကစားလို့ရနေပါပြီ။
၆။ Internet အသုံးပြုနိုင်တဲ့ ပစ္စည်းအဖြစ်အသုံးပြုခြင်း
Internet အသုံးပြုတဲ့နေရာမှာ Tablet တွေဟာလည်း အားသာချက်တွေနဲ့ ပြည့်နေပါတယ်။ Tablet တွေမှာ Wi-Fi တွေပါလာပြီမို့လို့ ကြိုက်တဲ့နေရာမှာ အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ် . ပြီးတော့ ဖုန်းတွေထက်လည်း Screen တွေကကျယ်ပြန့်လို့ Gtalk , Facebook သုံးတဲ့နေရာမှာလည်း အရမ်းကိုအဆင်ပြေပါတယ်။
၇။ စာသင်ကြားရာတွင်အသုံးပြုခြင်း
မြန်မာနိုင်ငံမှာTablet တွေကိုသာ စာသင်တဲ့နေရာမှာသင်ရင်တော့ စာသင်ခန်းကြီး ဇောက်ထိုးဖြစ်သွားမှာစိုးလို့ . ပေးမသင်တာလားမသိဘူး ။နိုင်ငံခြားတွေရဲ့ ကောလိပ်အစ မူလတန်းအဆုံး စာသင်ကြားရာမှာ Tablet တွေကိုအသုံးပြုလာပါပြီ ။ မြန်မာနိုင်ငံမှာလည်းနေချင် Tablet နဲ့လည်းစာသင်ချင်တဲ့သူတွေအတွက် Online School တွေပေါ်လာပါပြီ . ။ အထူးသဖြင့် အင်္ဂလိပ်စာ သင်ယူရာမှာ Online ကနေသင်ယူနိုင်ပါပြီ . ။
၈။ ကင်မရာတစ်လုံးအဖြစ် အသုံးပြုခြင်း
Tablet အများစုမှာ ပါဝင်တဲ့ ကင်မရာတွေဟာ နောက်ပိုင်းမှာ ရုပ်ထွက်ကောင်းလာပါတယ် . ။၊ဓာတ်ပုံ။ဗွီဒီယို ရိုက်ကူးခြင်း အသံဖမ်းခြင်းနဲ ပြီးတော့ ဓာတ်ပုံတွေကို ပြင်ချင်၊ ဖျက်ချင် တဲ့သူတွေအတွက် Tablet နဲ့ အလွယ်တကူပြင်နိုင်၊ ဖျက်နိုင်ပါတယ် . ။ Tablet နဲ့လည်းဓာတ်ပုံတွေကို ကြည့်နိုင်ပါတယ်။
၉။ Memory Stick တစ်ခုအဖြစ် အသုံးပြုခြင်း
Tablet တစ်လုံးကို ကိုယ်သိမ်းထားချင်တဲ့ ဓာတ်ပုံ၊ ဆော့ဖ်ဝဲလ်၊ ရုပ်ရှင်၊ သီချင်း စတာ တွေကို သိမ်းထားနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါတယ် . . ပြောရရင် Stick လိုမျိုးပေါ့ . ။
အထက်ပါ နည်းလမ်း(၉)မျိုးဟာ Tablet တစ်ခုကို အကျိုးရှိရှိ အသုံးချနိုင်မှာပါ . . * * * * *

Memory stick မှ virus များကို အလွယ်ဆုံးသတ်နည်း.......



ကျွန်တော် ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေ ဖြေရှင်းတဲ့နည်းလေး ပြောပြမှာပါ....
Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..ဘာတို့ ညာတို့ ပေါ့…
အဲဒီ virus တွေကို USB Disk Security မှာလာပြတယ်လေ…
အဲဒါတွေကို အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး…
USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို delete လုပ်လို့ မရပါဘူး.....
တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..


ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…

ပြီးရင် အောက်မှာ ရေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ…

@echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del:
E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del:
E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo

ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Kill.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…

အဲဒီ Kill.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…
Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…

ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……
------------------------------------------------------------------------------------------------

သတိထားရမည့် virus (၉) မျိုးနှင့် အလုပ်လုပ်ပုံ

 
 
သင်ဟာ ကွန်ပျူတာ လုံခြုံရေး ခြိမ်းခြောက်မှုအကြောင်းကို အများအပြား မသိဘူး ဆိုရင်တောင်မှ ခြေခံ ဗဟုသုတက အသုံးကျနိုင်ပါသည်။ တခါတရံမှာ သူတို့ရဲ့ အကျိုးဆက်များကို မသိခင် ဘယ်လို အန္တရာယ် ရှိလဲဆိုတာကို သိဖို့ ခက်ခဲပါလိမ့်မယ်။ Computer virus နဲ့အတူ အကျိုးဆက်တွေက တခါတရံမှာ မည်သို့ သင့်ရဲ့ အချက်အလက်တွေ ဆုံးရှုံးပုံ မည်မျှ အထောက်အထားတွေ ခိုးယူမှု ဖြစ်ပုံတို့ ဖြစ်သည်။ ဒါကြောင့် နောက်ကျတာထက်ကို ပိုပြီး သင်ယူဖို့ ကောင်းပါတယ်။

၁။Boot Sector Virus
မူလ MS-DOS မှလာသော ယေဘုယျ အမည်ကို “boot sector” ဟု သတ်မှတ်သည်။ သို့ပေမယ့် ယခုအခါ ဘယ် operating system မှာ ဖြစ်ဖြစ် ယေဘုယျအားဖြင့် boot information ကို အသုံးပြုခဲ့သည်။ Modern computer များမှာ အထူးသဖြင့် “master boot record” ဟုခေါ်ပြီး ၎င်းသည် partitioned storage device တစ်ခုပေါ်က first sector ဖြစ်သည်။ Computer ကို boot တက်စေရန် floppy disks ကို အသုံးပြုခြင်းကြောင့် boot sector virus ဟာ ကျော်ကြားလာပါသည်။ Internet အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့် virus ကူးစက်ခြင်းခံရတဲ့ floppy တွေကြောင့် virus ပျံ့နှံ့မှုဟာ ပိုပြီး အကျိုး သက်ရောက်လာတယ်။

၂။ Browser Hijacker

ဒီ virus အမျိုးအစားမှာ ဆိုရင် အလကားရတဲ့ download တွေမှာ နည်းလမ်း အတော်များများနဲ့ သူကိုယ်တိုင် ပျံ့နှံ့နိုင်ခြင်း၊ အချို့ browser function တွေကို ထိထိရောက်ရောက် ပုန်းကွယ် တိုက်ခိုက်ခြင်း၊ အထူးသဖြင့် re-directing ပုံစံဖြင့် user တွေရဲ့ particular site တွေဆီသို့ အလိုအလျောက် ပျံ့နှံ့နိုင်သည်။ Web ကြော်ငြာများမှ ငွေကြေးတိုးပွားစေဖို့ သူတို့က နည်းဗျူဟာ designed ပြုလုပ်ခဲ့တယ်လို့ ယေဘုယျအားဖြင့် ယူဆရသည်။ သူတို့တွေက virus များစွာကဲ့သို့ အထူးသဖြင့် “search” ကဖော်ပြချက်ရဲ့ တနေရာရာမှာ ပါဝင်ပါသည်။ Cool web search သည် ကောင်းစွာသိနိုင်တဲ့ နမူနာ ဖြစ်ပါသည်။ ဒါပေမယ့် တခြားဟာက သာမန်လုနီးပါးပါ။

၃။ Direct Action Virus
ဒီ virus အမျိုးအစားဟာ မကြိုက်ဆုံးနှင့် ဖိုင်ထဲမှာပါဝင်တဲ့ virus ကိုစီမံတဲ့အခါ လုပ်ဆောင်မှုထဲမှာ သာလျင် ပါဝင်သည်။ ပျံ့နှံ့အားက ဖြန့်ဝေပြီးနောက် virus များဟာ အခြေခံအားဖြင့် ပုန်းကွယ်နေပြီး ၎င်းတို့က virus ကူးစက်ထားတဲ့ ဖိုင်က နောက်တစ်ကြိမ် စီမံခြင်းမရှိဘဲ နဲ့ အခြားလှုပ်ရှားမှုများ မရှိပါ။ Virus အများစုဟာ အလွယ်တကူ ပြန်လည် ထုတ်လုပ်ခြင်း၏ တိုက်ရိုက်လုပ်ဆောင်မှုနည်းလမ်းကို အသုံးမပြုပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းက လျင်မြန်စွာ မပေါက်ပွားပါဘူး။ ဒါပေမယ့် အဲဒီ အမျိုးအစား virus က အရင်ထဲက ပျက်စီးပြီးသားပါ။ ၁၉၈၈ မှာ computer များကို ခဏ ခြိမ်းခြောက်ခဲ့တဲ့ Vienna virus ဟာ တိုက်ရိုက်လုပ်ဆောင်မှု virus ရဲ့ နမူနာ ဖြစ်ပါသည်။

၎။ File Infector Virus

Virus ရဲ့ အကောင်းဆုံး အမျိုးအစား ဖြစ်ကောင်းဖြစ်နိုင်၊ အကိုက်ခံရတဲ့ ဖိုင်တွေဟာ host file မှာ root ပြုလုပ်ပြီး ဖိုင်ကိုစီမံတဲ့အခါ သူ့ operation စတင်ပါသည်။ virus ကူးစက်ခြင်းခံရသောကြောင့် ဖိုင်တွေကို လုံးဝ overwrite ဖြစ်နိုင်ပါတယ်။ သို့မဟုတ် ဖိုင်ရဲ့ အစိတ်အပိုင်း အစားထိုးရုံသာ ဖြစ်နိုင်၊ သို့မဟုတ် ဘယ်ဟာဖြစ်ဖြစ် အစားထိုးလို့ မရနိုင်၊ ဒါပေမယ့် ဖိုင်တွေကို re-write အစား user ရည်ရွယ်ခဲ့တဲ့ program ထက် virus ကစီမံခဲ့ရတယ်။ File virus လို့ အဓိပ္ပါယ် သတ်မှတ်သော်လဲ ယေဘုယျအားဖြင့် ဖိုင်အားလုံးထဲမှာ ရှိတဲ့ virus အားလုံးကို မသက်ရောက်နိုင်ပါ။ ဥပမာအားဖြင့် Macro virus က file virus ရဲ့ အောက်ကလို့ မရည်ရွယ်ပါဘူး။ Definition ကယေဘုယျအားဖြင့် virus သာ အဓိပ္ပါယ် ရည်ညွန်းခဲ့ပြီး အဲဒီ virus အစား သူတို့ host ကို (.exe) ကဲ့သို့ တရားဝင် သတ်မှတ်ထားတဲ့ file format ကို သုံးခဲ့တယ်။

၅။ Macro Virus
Program ရဲ့အမျိုးမျိုးသော ကျယ်ပြန့်မှုမှာ Microsoft excel ကဲ့သို့ application ထုက်လုပ်မှု ပါဝင်ပြီး တိကျတဲ့ macro programming language ကို သုံးတဲ့ document ထဲမှာ ပုန်းနေတဲ့ virus အတွက် ၎င်းက ပြုလုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ Macro virus ရဲ့ ပျံ့နှံ့အားဟာ အရမ်းကျယ်ပြန့်ပါသည်။ Macro virus ကို ကောင်းကောင်းသိနိုင်တာက သေချာသလောက်တော့ Melissa ဖြစ်ပြီး ညစ်ညမ်း website တွေမှာ စကားလုံး စာရွက်စာတမ်းလို့ ထင်ရတဲ့ password တွေ ပါဝင်နေပါသည်။ Virus တွေက စကားလုံးနဲ့ link တွေ ကို အသုံးချပြီး Microsoft outlook ကနေ အလိုအလျောက် email တွေကို သူတို့ကိုယ်တိုင် ကူးနိုင်ပါသည်။

၆။ Multipartite Virus
အချို့ virus များဟာ နည်းလမ်းတစ်ခုမှ တဆင့် ပျံ့နှံ့ဖို့ သို့မဟုတ် payload တစ်ခုသို့ ပေးပို့စဉ်တွင် multipartite virus က အားလုံးကို လိုချင်သည်။ ဒီ အမျိုးအစား virus က နည်းလမ်းများစွာနဲ့ ပျံ့နှံ့နိုင်ပြီး ၎င်းက ပြောင်းလဲနိုင်သော ရောဂါပိုး ၀င်တဲ့ ကွန်ပျူတာဟာ operating system install လုပ်ခြင်း သို့မဟုတ် တိကျတဲ့ ဖိုင်ရဲ့ ရပ်တည်ရေး ကဲ့သို့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်မှု ကွဲပြားပါ လိမ့်မည်။

၇။ Polymorphic Virus

အခြား jack-of all trades မှာ polymorphic virus တွေဟာ အမှန်တကယ် ပိုပြီး အသွင်ပြောင်းခြင်း သို့မဟုတ် virus သတ်ပြီးတိုင်းနောက် သူတို့ဟာ payload ပေးပို့ဖို့ ပြောင်းလဲနေတဲ့ code ကို အသုံးပြုခဲ့သည်။ တနည်းအားဖြင့် ဒါမှမဟုတ် ဒါ့အပြင် စိတ်ချနိုင်တဲ့ အခြေအနေမှာ တွေဆုံတဲ့အခါ သူ့ဟာသူ အလိုအလျောက် ပြောင်းလဲနေသော polymorphic virus တွေဟာ encryption algorithm နှင့်အတူ သူ့ဟာသူ စောင့်ရှောက်နိုင်ပါသည်။ သူ့ လှည့်စားမှု ရဲ့ ၇ည်ရွယ်ချက်က ရှောင်လွဲဖို့ ဖြစ်ပါတယ်။ Antivirus program တွေဟာ တိကျတဲ့ code ကို သုံးခြင်းဖြင့် virus ကို မကြာခဏ ရှာနိုင်ပါသည်။ Virus ရဲ့ code ပြောင်းလဲခြင်းက virus ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားဖို့ ကူညီနိုင်သည်။

၈။ Resident Virus
ဒီ ကျယ်ပျံ့တဲ့ virus definition က အချို့ virus ကို system ရဲ့ memory ထဲမှာ သူကိုယ်တိုင် ထည့်ခြင်းဖြင့် သက်ရောက်နိုင်ပါသည်။ ထို့နောက် အချို့ လုပ်ဆောင်မှုရဲ့ အရေအတွက် တော်တော်များများကို ယူပြီး မူလ ကူးစက်ပြီးသား ဖိုင်ကို သီးခြား run နိုင်ပါသည်။ Resident virus ဟာ direct payload virus နဲ့ နှိုင်းယှဉ်ပြီး သူတို့ဟာ system ရဲ့ memory ထဲကို သူတို့ကိုယ်တိုင် မထည့်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ရောဂါ ကူးစက်ပြီးသား ဖိုင်ကို စီမံတဲ့အခါမှာ သာလျင် လုပ်ဆောင်ပါသည်။

၉။ Web Scripting Virus
များစွာသော website တွေမှာ စိတ်ဝင်စားစရာ ပါရှိတဲ့ စီစဉ်မှုအရ ရှုပ်ထွေးတဲ့ code တွေနဲ့ စီမံထားသည်။ သင့်ရဲ့ browser မှာ online video ပြနေသောအခါ ဥပမာအားဖြင့် video ကိုယ်တိုင်နှင့် player ကြားခံနှစ်ခုလုံး ထောက်ပံ့ဖို့ တိကျတဲ့ code language စီမံခြင်း လိုအပ်ပါတယ်။ ဟုတ်ပါတယ် code တွေဟာ တခါတရံမှာ စွန့်စားရနိုင်တယ်။ ၎င်းက computer ကို virus ၀င်ဖို့ သို့မဟုတ် website ကို ဖြတ်ပြီး computer ပေါ်မှာ လှုပ်ရှားနိုင်ဖို့အတွက် သူဟာ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ပါတယ်။ Malicious site တွေမှာတောင်မှ ရည်ရွယ်ထားတဲ့ ကူးစက်ပြီးသား code တွေနဲ့ တခါတရံ ဖန်တီးနိုင်သည်။ Virus တွေ့နိုင်တဲ့ အခြေအနေ အမျိုးမျိုးမှာ webmaster ရဲ့ သိရှိမှုမပါဘဲ site တစ်ခုထဲ code တွေ ထည့်သွင်း နိုင်ပါသည်။

နိဂုံးချုပ် အနေဖြင့် ဒီ article မှာ computer virus အမျိုးအစားတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် လူတွေသိတဲ့ virus အမျိုးအစားတိုင်းရဲ့ စာရင်းတွေ မပါဝင်ပါဘူး။ အချို့ worms ဒါမှမဟုတ် Trojans လည်းပဲ မပါဝင်ပါဘူး။ အဲဒါဟာ သာမန် ခြိမ်းခြောက်မှု နှစ်ခုဖြစ်ပြီး virus နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် နည်းစနစ်အရ မတူပါဘူး။ 
 
-------------------------------------------------------------------------------------------------------------------------------------------------

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ



Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ ။ Memory Stick ထိုးလိုက်ရင် Autorun.inf တို့  Recycled.exe တို့ 
Rundll32.exe တို့ ပေါ့ ။ ဒီ Virus တွေကို USB Disk Security တွေမှာလာပြတယ် ။ အဲဒီထက်ကိုအရမ်းကောင်းပါတယ်ဆိုတဲ့ Kasper ကတောင်မဖျတ်နိုင်ဘူး ။ USB Disk Security မှာ Delete လုပ်လဲ တချိုဟာတွေဆို Delete လုပ်လို့ ကိုမရဘူး ။ ဒီတော့ဘာ software မှာသုံးဖို့မလိုပဲ ကျွန်တော်ပြောတဲ့နည်းလေးတိုင်းစမ်းကြည်လိုက် ။ အားလုံးကိစ္စချောပြီး ရှိသမျှ Virus တွေအကုန်သေစေရမယ် ။ ( ဟဲ ဟဲ Virus ဆိုတဲ့အကောင်းသာစကားပြောတက်ရင် ကျွန်တော် ကိုထဆဲမယ်ထင်တယ် )
လုပ်ပုံလုပ်နည်းလေးရှင်းပြမယ် လိုက်လုပ်ကြည်ပါ ။
- Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး လွယ်တယ် Bat file နဲ့  Command ရေးပြီးရှင်းတဲ့နည်းပါ ။
-အရင်ဆုံး Notepad တခုကိုဖွင့်လိုက်ပါ ဖွင့်ပြီးရင်တော့ ကျွန်တော် အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူလိုက်ပါ ။
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
-Copy ယူပြီးတော့ ဖိုင်ကိုနာမည်တခုခုပေးပြီး save မယ် .bat (ဥပမာ- MemoryStick.bat)ဆိုပြီးတော့ ကိုယ် Memory Stick ထဲ
မှာ save ထားလိုက် ။ MemoryStick.bat ဆိုတဲ့ ဖိုင်လေးကိုမဖျတ်လိုက်နဲ့ နော် Stick ထိုးလိုက်တိုင် ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက် ။ အဲဒါဆိုရင်တာ့ မိမိတို့ ရဲ့ Memory Stick ထဲမှာရှိနေတဲ့ Virus တွေကို ဒီကောင်လေးကရှင်းပေးလိမ့်မယ်။
အဆင်မပြေတာများရှိရင် အော်ခဲ့ပါနော် ...........

Virus များကို CMD ဖြင့်သတ်ခြင်း



ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြုထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကိုရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာအသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်းတစ်ဆင့်ခြင်းစီ ပြုလုပ်သွားရပါမည်။
၁။ Start \ Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။
၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus 0င်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက် D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။
၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက၍ Enter ပေးရပါမည်။ virus name.frile extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့်အမျိုးအစားကိုဆိုလိုခြင်းဖြစ်ပါသည်။
၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟုcmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del(virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။
@ www.cherrymyay.com

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းနည်း


CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 
 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

လင်းဝင်း(နည်းပညာ)

သင့် ကွန်ပျူတာ အရမ်းလေးနေပါသလား ? AMIGABIT POWERBOOSTER PRO ကို သုံးပြီး ဖြေရှင်းပေးလိုက်ပါ

AMIGABIT POWERBOOSTER PRO


ဒီ Software လေးကတော့ ကွန်ပျူတာရဲ့ အဓိက အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Registry ကို Clean ပေးခြင်း ၊ Error အမျိုးမျိုးကို Click တစ်ချက်ထဲနဲ့ ရှင်းလင်းပေးနိုင်ခြင်း ၊ ကွန်ပျူတာရဲ့ စွမ်းရည်ကို တိုးမြင့်ပေးခြင်း စ,တဲ့ စွမ်ဆောင်ချက်တွေအပြည့်နဲ့မို့ အားလုံး ဆောင်ထားသင့်ပါတယ်..။ အသေးစိတ်ကိုhttp://www.amigabit.com/powerbooster  မှာ လေ့လာနိုင်ကြပါတယ်..။


Is Your PC Slowing? Speed up and boost your computer performance today!

~ Scan thoroughly and fix frustrating errors, crashes and freezes with just 1 click
~ Cleans up PC junks, invalid registry, repeated files to boost computer
~ Speeds up PC startup, registry, Internet connection for top performance
~ Secures your privacy and personal data from Internet thieves when surfing online
~ Customize your power plan to save more energy
~ All-in-one PC tune-up utility works with Windows 8.1




Click Here to Download Setup

Download Crack Only


★★PGWare SuperRam 6.3.3.2014 (5Mb)★★



ဒီဆော့စ်ဝဲလေးကတော့သင့် computer ရဲ့လှုပ်ရှားမှု့တွေမြန်ဆန်စေဖို့နောက်ကွယ်ကနေ Ram အားကို
မြှင့်တင်ပေးတဲ့ PGWare SuperRam ဆော့စ်ဝဲပဲဖြစ်ပါတယ်။Windows page file နဲ့ programs software
တွေဖွင့်တဲ့အခါ running slow ဖြစ်နေရင်တော့ ဒီကောင်လေးကိုမိမိစက်မှာအင်စတောလုပ်ထားလိုက်ပါ။
computer ရဲ့ background ကနေ games and applications တွေမြန်ဆန်မှု့ရှိအောင်အလိုအလျှောက်
Ram အားကိုမြှင့်တင်ပေးနေမှာပါ။ဖိုင်ဆိုဒ်က 5Mb ပဲရှိပြီးဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။

Faster Applications
Applications and games instantly load and run faster than before since they have access to
more RAM on your computer. This instantly makes your computer run smoother and faster.

Take Control
You are now in control of your computer and decide how the system works. SuperRam gives you instant access to control how the computer operates and then works in the background for you.

Always Running
SuperRam constantly runs in the background even if no user is logged in, works great for
server systems and desktop machines whether they are in full use or idle.

Infinite Memory
SuperRam constantly frees wasted memory back to the computer giving the impression you have an unlimited supply of RAM available to your applications at all times.
SuperRam intelligently manages memory unlike many other memory management programs available on the internet. SuperRam monitors how much of your computer processor is being utilized; ensuring that it does not free memory when the computer is processing large amounts of data and cause slowdowns. SuperRam can also detect when a program is running full screen, such as a game or a DVD and prevent memory from being freed to also prevent the screen from lagging and causing video problems to occur. If you are using a laptop SuperRam can also be told not to run when the laptop is on battery power and only work when plugged in. These settings allow you to fully control SuperRam and dictate how your computer works.If you notice your computer is running slower, trying our software SuperRam is as easy as downloading the current version, clicking the install button and letting everything work on its own. SuperRam's simple to use interface allows you to set it and forget it, and let SuperRam automatically manage your computer's memory. However if you would rather take control directly, SuperRam offers many settings to let you decide how much memory to free, and when memory should be freed depending on CPU utilization, full screen applications running and many other factors. Download a trial version of SuperRam and make your computer faster.

Features
Compatible with Microsoft Windows 8, 7, Vista, XP &amp; Windows Server 2012, 2008, 2003. 32-

BIT/64-BIT ready.
Allows games and applications to run faster by giving them access to more physical memory installed on the computer.
Runs in the background, which allows the software to run quietly freeing memory back to the computer without user interaction.
SuperRam can even run when no user is logged in allowing server systems to free memory leaks or give server software access to more RAM.
Memory benchmark test feature has been added in to get an estimate of how fast and stable
your computer memory is.Full customizable settings allow users the ability to fully control how memory behaves empowering the user to control their computer.
New and improved modern user interface, easy and intuitive to use and compliant with Windows user interface guidelines.
Software updates can be downloaded and installed directly from inside the application without having to visit our web site.

Latest Update: 6.3.3.2014 - Minor update which makes a change to a few of the graphics. Also updated date in the versioninfo to reflect the change of year on all executables
http://bc.vc/qUHYV1 
(or)
http://adfoc.us/14251339172668 

အင်တာနက် ဆိုင် သမားတွေ အထောက် အကူ ပြု CAFEZEE


cafezee  ဆော့ ဝဲ လေး ကို အင်တာ နက် ဆိုင် တွေ အတွက် အခု နောက်ဆုံး ထွက် up date လေးကို ပြန် လည် မျှဝေ ပေးလိုက်ပါတယ်။ ဆိုင်သမား မဟုတ်ပေ မယ့်  အင် တာနက် ဆိုင် တွေ မှာ cafezee ကို ဘယ်လို အသုံး ပြု တယ်ဆို တာ လေ့ လာ ချင်သ ပ ဆို ရင်
အခက် မကြုံ ရလေအောင် pdf  file လေး ကို ပြန်လည် မျှ ဝေ ထားပါတယ်။

အင်တာနက် အမြန်နှုန်းကို မြှင့်တင်ပေးမယ့် cFosSpeed_9.05_Build_2103_Beta

 cFosSpeed_9.05_Build_2103_Beta

ဒီ Cfos လေးက အင်တာနက်အမြန်နှုန်းကိုမြှင့်တင်ပေးမယ့်
ဆော့ဝဲတစ်မျိုးမှာ အသုံးပြုနည်းကတော့လွယ်ပါတယ်
နဂိုကတည်းက လိုင်းမကောင်းတဲ့ လိုင်းဆိုရင်တော့သိပ်မထူးပါဘူး
ဒါပေမယ့် အင်တာနက်လိုင်း တစ်လိုင်းတည်းမှာ
user တွေ အများကြီးသုံးနေတဲ့အချိန် မိမိမှာ လိုင်းအပြည့်ရရှိနိုင်စေမယ့်
ဆော့ဝဲလေးပါ... Online Gamer တွေအတွက် အထူးကောင်းမွန်တဲ့
ဆော့ဝဲလေးပါ
File Size:5MB ပဲရှိပါတယ်
မူရင်းက ။            ။       ဒီမှာသွာကြည့်လိုက်ပါ

ကွန်ပျူတာထဲမှာ Galaxy S3 ဆော့ဝဲထည့်ပီး ဖုန်းဆော့ဝဲတွေ အကုန်သုံးရ Viber လည်းသုံးရ ဖုန်းဂိမ်းတွေလည်းဆော့ရမယ့်နည်းလမ်း


ကွန်ပျူတာထဲမှာ Galaxy S3 ဆော့ဝဲထည့်ပီးသုံးမယ်

ဒီဆော့ဝဲကိုသာ ကွန်ပျုတာထဲထည့်လိုက်ရင် ဖုန်းဆော့ဝဲတွေ ကွန်ပျုတာမှာသုံးရပြီ

Viber ထည့်ရတယ် ထူးခြားတာက ကုဒ်ထည့်တဲ့အခါ ဘယ်ဖုန်းနံပတ်မဆိုရပါတယ်

အခုလူသုံးများနေတဲ့ Viberက သုံးမယ်ဆို ဖုန်းမှာ viber ရှိမှရတာ။ ဒါက မလိုတော့

SMS ကုဒ်ပြန်ပို့ ရမယ့်ဖုန်းဆိုပီးရော Nokia အဖြူမဲလည်းရတယ် ဖုန်းနံပတ်ဆိုရပီ

ဖုန်းမှာ Viber ရှိမှရတာက ဖုန်းမှာလည်းတူ ကွန်ပျူတာကလည်းတူဆို မကိုက်ဘူး

အခု ဖုန်းမှာနံပတ်တစ်ခုသုံးတယ် ကွန်ပျူတာမှာလည်း ဒီဆော့ဝဲထည့်လိုက်ပြီးတော့

နံပတ်နောက်တစ်လုံးနဲ့ သုံးနေတာ အရမ်းလန်း။အရင် Viber လိုဖုန်းမှာဘာရှိစရာမလို

နောက်တစ်ခုက ဖုန်းတစ်လုံးရသလိုပဲ ဖုန်းဆော့ဝဲမှန်သမျှ ကွန်ပျုတာမှာထည့်ရတယ်

ဒေါင်းပီး အင်စတောလုပ်တာနဲ့ ပုံထဲကလိုပေါ်လာတယ် နမူနာကျနော့တင်တဲ့ပုံကြည့်

ဖုန်းတစ်လုံးနဲ့ ညီမျှတဲ့ဆော့ဝဲမလို့ ဖုန်းမှာသုံးနေသမျှအကုန် ကွန်ပျုတာမှသုံးရတယ် 
  
ဒီဆော့ဝဲနဲ့  S3 Version နဲ့ ညီမျှပါတယ် ဒီဆော့ဝဲက GT9300 Version ဖြစ်တယ်

ဂိမ်းတွေလည်း ထောက်ပံ့ပါတယ် Mssk.apk လည်းကွန်ပျုတာမှာသုံးလို့ ရတယ် 


ဒါကြောင့် ကွန်ပျုတာရှိရင် ဒီဆော့ဝဲကို သုံးသင့်တဲ့ အသုံးဝင်လှတဲ့ ဖလမ်းဖလမ်းပါ

ဖုန်းမှာ Play Store ပါသလို ဒီဟာကို ကွန်ပျုတာမှာထည့်လိုက် Playstore ပါတယ်

ကိုယ်တိုင်သုံးကြည့်ပါ ဖုန်းတစ်လုံး အပိုရလိုက်သလိုပဲ အရမ်းအဆင်ပြေတဲ့ဆော့ဝဲ 

အသုံမပြုဖူးသေးသူ သုံးချင်သူ အောက်ကလင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ

Download - BlueStacks-SplitInstaller_native.exe

အပေါ်ကလင့်က ဒေါင်းမရရင်နှိပ် - မူရင်းDownload 


Android ဖုန်းနဲ့  Tablet တွေကို Root လုပ်နည်း နဲ့ Vroot မြန်မာဗားရှင်း ဆော့ဝဲလိုချင်ရင်

Android ဖုန်းနဲ့  Tablet တွေကို Root လုပ်နည်း နဲ့ Vroot myanmar version



Android ဖုန်းတွေကို Root ချင်ရင် ဒီဆော့ဝဲသုံးပါ မြန်မာလိုမြင်ရတာမလို့ မခက်ပါ

ကွန်ပျုတာမှာ ဒီဆော့ဝဲလေးထည့်ထား Root လုပ်ချင် အလွယ်သုံးလို့ ကောင်း၏ 

မြန်မာစာထည့်ဖို့ အဆင်ပြေဖို့  Root လုပ်မယ်ဆိုရင် ဒီဆော့ဝဲက အဆင်ပြေတယ်

အသုံးလိုသူများ အောက်ကလင့်မှာ Download ယူပါ မြန်မာလိုဆော့ဝဲဖြစ်ပါတယ်


ဒေါင်းလုပ်ဖိုင်ထဲမှာ ၃ခုပါပါတယ် ပထမဆုံး Vroot ဆော့ဝဲကို အင်စတောလုပ်ပါ

ဒုတိယ Vroot Myanmar ဖောင့်ကို အင်စတောလုပ်ပါ တတိယအဆင့် Rooter

လို့ အမည်ပေးထားတဲ့ Rar ဖိုင်ကို ကော်ပီယူပါ။Dasktop က VRoot Iconကို

Right ထောက်လိုက်ပြီးရင် Properties နှိပ်ပါ Open File Location ကိုသွားပါ

Rooter ဆိုတဲ့မူလဖိုင်လေးကိုဖျက်လိုက်ပါ။ ပီးရင် ဒေါင်းလုပ်ယူထားတဲ့ထဲက

Rooter ဖိုင်လေးကို ကော်ပီကူးထည့်လိုက်ရင် မြန်မာလို့ မြင်ရပါလိမ့်မယ်။


Download - Vroot by Myanmar Language


                                     www.linwin22.blogspot.com