Popular Posts
Thursday, June 30, 2016
samsung lcd tv reset mode ဝင်နည်းလေးပါ
samsung lcd tv များ program ic error ဖြစ်ပါက factory reset လုပ်ရန်နည်းလေး ဖြစ်ပါတယ်
Samsung LCD TV Reset mode to recover original factory settings.
Samsung LCD TV in standby mode, use your Samsung LCD (Liquid Crystal Display) remote control and press INFO - Menu - Mute - Standby simultaniously.
Warning !!! All data settings will be reset to original factory settings. Your personal settings and all data will be deleted and can not be restore, reset metod only for to resolve the LCD TV problem, If your Samsung LCD television in good working, please do not reset the factory settings.
PSI ok receiver စက်to စက် data copy ကူနည်း
PSi ok receiver
မူရင်းစက် အကောင်းကို ကို
1*menuနှိုပ်
2*0000နှိုပ်
3*system setup မှာ okနှိုပ်
software upgrageမှာ okကိုနှိုပ်
6*startနှိုပ်  connecting 4လောက်ဆိုရင်
copy  dataကြိုထိုးပြီး copyကူးမယ့်စက်ကို
မီးထိုးပါ။transfering data 100%ပြရင် okပါပြီခင်များ။ logo သေတဲ့စက် လိုင်းသွင်းမရစက်
ဇယားကွက်ပေါ်နေတဲ့စက် ပြန်ကောင်းပြီး မူရင်းစက်မှာ ရှိတဲ့ လိုင်းတွေ တခါတည်း ကူးပြီသား
ဖြစ်သွားပါတယ်။ အီလက်ထရောနစ် ညီအစ်ကိုများအနေနဲ့ ပညာခုခု တိုးပွားနိုင်လိမ့်မည်ဟု
မျော်လင့ပါတယ်။
 လင်းဝင်း ( နည်းပညာ )
Variable DC Power Supply တည်ဆောက်ခြင်း
Variable DC Power Supply
〰〰〰〰〰〰〰〰〰〰〰〰〰〰
အီလက်ထရွန်းနစ် ဝါသနာရှင်များအတွက်
ဒီ variable dc power supply လေးဟာများစွာ
အသုံးဝင်မည့်  tools တစ်ခုဖြစ်ပါလိမ့်မည်
ယခု circuit ဟာအသစ်အဆန်းတော့
မဟုတ်ပါဘူး ဒါပေမဲ့ ရိုးရှင်းတယ်
ယုံကြည်စိတ်ချရတယ် output short circuit
ဖြစ်ခြင်းကိုခံနိုင်တယ်
ဗို့အား အနေဖြင့်  0.7 v မှ   24 v ထိ
အမ်ပီယာ အနေဖြင့်  50mA မှ 2A ထိ
ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်
သင့်အနေဖြင့်  မိမိလိုအပ်ချက်နှင့်ကိုက်ညီအောင် ထပ်ပြီး
ရှင်းပြလိုသည်မှာ
P1, P2 control များသည် current နှင့်  volt
ချိန်ညှိရန်ဖြစ်ပြီး သင်လိုအပ်သော ဗို့ နှင့်
အမ်ပီယာကိုချိန်ပါ
Volt နှင် current output
ကောင်းကောင်း လိုအပ်လျှင်တော့
Transformer အကောင်းစားကို ရွေးချယ်ပါ
အကောင်းဆုံး ကတော့
36,40,48v တို့ဖြစ်ပါတယ်
Capacitor C1 ကို အနဲဆုံး 2200 မှ
6800uf ဗို့အားအနေဖြင့် 35 မှ 50v ကြား
အသုံးပြုပေးပါ
Q4 transistor အတွက် output short circuit
ကိုတားဆီးနိုင်ရန်အကောင်းစား
Heatsink ကိုတပ်ဆင်အသုံးပြုပါ
သင့် Circuit လေး သေသပ်လှပခြင်ရင်တော့
Metal box နှင့် တည်ဆောက်ပေါ့
2N 3055 transistor မရရင်
အနဲငယ်စွမ်းဆောင်ရည်ညံ့သည့်ဈေးချိုသော
TIP 3055 ကိုသုံးပါ
Parts:
P1 500R Linear Potentiometer
P2 10K Log. Potentiometer
R1,R2 2K2 1/2W Resistors
R3 330R 1/4W Resistor
R4 150R 1/4W Resistor
R5 1R 5W Resistor
C1 3300µF 35V Electrolytic Capacitor
C2 1µF 63V Polyester Capacitor
D1,D2 1N5402 200V 3A Diodes
D3 5mm. Red LED
Q1 BC182 50V 100mA NPN Transistor
Q2 BD139 80V 1.5A NPN Transistor
Q3 BC212 50V 100mA PNP Transistor
Q4 2N3055 60V 15A NPN Transistor
T1 220V Primary, 36V Center-tapped Secondary 50VA Mains transformer
PL1 Male Mains plug
SW1 SPST Mains switch
အဲယားကွန်း gas ဖြည့်နည်း
အဲ ယား ကွန်း ကို Gas ဖြည့်‌ မယ်‌။
ဘယ်‌ က ‌နေ ဖြည့်‌ မှာ လဲ ?
Suction (or) Discharge ?
Suction ဆို တာ က စုပ်‌ ယူ တာ လို့ လူ တိုင်း သိ ကြ ပြီး သား ဖြစ်‌ လို့  အ လွယ်‌ တ ကူ မှတ်‌ ရန်‌ လွယ်‌ ကူ‌ ‌အောင်‌ Gas ပဲ ဖြည့်‌ မယ်‌ လို့ မှတ်‌ ယူ ပါ။
gas ဖြည့်‌ မယ်‌ ဆို လျှင်‌ လဲ Compressor ကို ‌မောင်း ထား ရ မှာ ဖြစ်‌ ပါ တယ်‌။
လို ချင်‌ တဲ့ Point ကို ‌ရောက်‌ ‌အောင်‌ အ ချိန်‌ ယူ ပြီး ဖြည့်‌ ရ မှာဖြစ်‌ ပါ တယ်‌။ အ ‌ရေး ကြီး တာ က ဖြည့်‌ ပုံ ဖြည့်‌ နည်း လို ပါ တယ်‌။ Compressor Cycle မှာ Air Lock မ ဖြစ်‌ ‌အောင်‌ gas pipe ‌တွေ connection လုပ်‌ တဲ့ အ ချိန်‌ မှာ အ ထူး က ရု ပြု ရ မှာ ဖြစ်‌ ပါ တယ်‌။ ဖြည့်‌ တင်း ‌နေ ကြ သူ များ အ တွက်‌ က ‌တော့ Easy Going ဖြစ်‌ ‌ပေ မယ့်‌ fresher တစ်‌ ‌‌ယောက်‌ အ တွက်‌ က ‌တော့ လက်‌ တုန်‌ ‌နေ မှာ ‌သေ ချာ ပါ တယ်‌။ ကိုယ်‌ တိုင်‌ လဲ ဖြစ်‌  ခဲ့ ဘူး ပါ တယ်‌။ လုပ်‌ ‌နေ ကျ ‌တော့ လဲ ယဉ်‌ ပါး သွား မှာ ‌ပါ။
A/C တစ်‌ လုံး ကို Suction Side က ‌နေ Gas ဖြည့်‌ သွင်း ‌တော့ မယ်‌ ဆို ရင်‌ အ ‌ရေး ကြီး လို အပ်‌ တာ က Ampere Clamp Meter ‌လေး ပါ။ Compressor motor load ကို တွက်‌ ပြီး Maximum amp ကို ‌ကျော်‌ လွန်‌ မ ဖြည့်‌ မိ ဖို့ လို အပ်‌ ပါ တယ်‌။
ပို ဖြည်‌ ရင်‌ ဘာ ‌တွေ ဆိုး ကြိုး ဖြစ်‌ နိုင်‌ လို့ လဲ ဆို ရင်‌ Compressor အ တွင်း မှာ ရှိ တဲ့ Valve ‌Plate ‌တွေ piston ring ‌တွေ ကျိုး ပြီး ပျက်‌ စီး နိုင်‌ လို့ ပါ။
Discharge ဆို တာ က ထုတ်‌ တယ်‌ လို့ မှတ်‌ ယူ ပြီး Liquid ပဲ ဖြည့်‌ ပါ။ ‌မေး စ ရာ ဖြစ်‌ လာ တာ က Liquid ကို ဘယ်‌ လို ဖြည့်‌ မ လဲ ?
Condenser side က ‌နေ Compressor ကို ရပ်‌ ပြီး Gas bottle ကို ‌ဇောက်‌ ထိုး အ ‌နေ အ ထား ‌လေး နဲ့ ဖြည့်‌ ယူ လို့ ရ ပါ တယ်‌။ Psi (or) bar က ‌တော့ depand on Compressor Size of capacity ‌ပေါ်‌တွင်‌ မူ တည်‌ ပြီး ဖြည့်‌ လို့  ပါ တယ်‌။ Compressor တိုင်း မှာ ဖြည့်‌ ရ မည့်‌ Freron Gas Bottle အ မျိုး အ စား ကို တစ်‌ ခါ ထည်း စက်‌ ရုံ မှ ထုတ်‌ပြီး တာနဲ့ ‌Compressor body name plate မှာ ‌ရေး သား ‌ဖော်‌ ပြ ထား တာ ဖြစ်‌ လို့  အလွယ်‌ တ ကူ ကည့်‌ မြင်‌ နိုင်‌ ပါ တယ်‌။ ဖြည့်‌ ရ မဲ့ amount ပ မာ ဏ ကို လဲ PSI / Bar / kg per cm3 ဖြင့်‌တစ်‌ ခါ တည်း ‌ဖော် ပြ ထား ပါ တယ်‌။
Gas ကို မ လို အပ်‌ ဖြည့်‌ ပို ‌စောင်း ဖြည့်‌ တင်း ထား စ ရာ မ လို အပ်‌ ပါ ဘူး။ Gas ဖြည့်‌ တယ်‌ ဆို တာ ဟာ Leakage ရှိ လို့ ဒါ မှ မ ဟုတ်‌ သက်‌ တမ်း ကြာ လာ လို့ ဖြည့်‌ ရ တာ မျိုး ။ တစ်‌ ခါ တစ်‌ ရံ Split type ‌တွေ မှာ AC service wash down လုပ်‌ တဲ့ အ ချိန်‌ ‌တွေ မှာ outdoor unit ‌တွေ ကို ဖြုတ်‌ တပ်‌ လုပ်‌ တဲ့ အ ချိန်‌ ‌တွေ မှာ Suction valve တို့ Discharge valve တို့ ကို ‌သေ ချာ close မ လုပ်‌ မိ တာ တို့  pump down မ လုပ်‌ မိ တာ မျိုး ‌တွေ မှာ Gas ယို ဆီး မှု့ ဖြစ်‌ ပါ တယ်‌။
ကျွန်‌ ‌တော်‌ တို့ တစ်‌ ချို့ Customer ‌တော်‌ ‌တော်‌ များ များ လက်‌ ခံ ထား တာ က aircond မ ‌အေး ဘူး ဆို လျှင်‌ outdoor ကို ဖြူတ်‌ ‌စေး တာ နဲ့ gas ဖြည့်‌ ကို ဖြည့်‌ ရ မယ်‌ လို့ တစ်‌ ထစ်‌ ချ ယုံ ကြည်‌ ထား တဲ့ အ ယူ အ ဆ အ လွဲ ‌လေး ‌တွေ ကို နား လည်‌ ‌စေ ချင်‌ ပါ တယ်‌။ ‌‌ပြင်‌ ပ ရာ သီ ဥ တု အ ပူ ရှိန်‌ တ အား မြင့်‌ တက်‌ ‌နေ တဲ့ အ ခု လို ရာ သီ မျိုး မှာ အဲ ယား ကွန်း လဲ ‌တော်‌ ယုံ နဲ့ မ ‌အေး နိုင်‌ ပါ ဘူး။
40 Degree ဆို တဲ့ ပြင်‌ ပ ရာ သီ ဥ တု အ ရှိန်‌ ကို ကျား ကန်‌ ရုန်း ‌ပေး ‌နေ တဲ့ Compressor ရဲ့ အ ပူ ချိန်‌ က လဲ ရှိ ‌သေး တာ မို့ cooling လုပ်‌ ‌ပေး မည့်‌ Condensor အ ‌နေ နဲ့ one Horse Power          တစ်‌ ‌ကောင်‌ အား ရှိ တဲ့ အဲ ယား ကွန်း က ၁၀ ‌ပေ ပတ်‌ လည်‌ အ ခန်း ကျင်းကို ‌တော့ ‌အေး နိုင်‌ ‌သေး ‌ပေ မယ့်‌ ‌ပေ ၂၀ ပတ်‌ လည်‌ အ ခန်း အ တွက်‌ က ‌တော့ မ ‌အေး နိုင်‌ ဘူး လို့ ‌ယေ ဘူ ယျ အ ကြမ်း ဖျင်း မှတ်‌ ယူ နိုင်‌ ပါ တယ်‌ ခင်‌ ဗျာ။
Cooling Load Method ‌တွေ ကို ‌တော့ အင်‌ ဂျင်‌ မီ ယာ ‌တွေ အ ‌နေ နဲ့ ပို မို နား လည်‌ နိုင်‌ မှာ ဖြစ်‌ ပါ တယ်‌။
အ ပူ ချိန်‌ မ များ ဘူး။ ပုံ မှန်‌ ပဲ ဆို လျှင်‌ ‌တော့ စစ်‌ ‌ဆေး ကြည့်‌ ဖို့ လို အပ်‌ ပါ တယ်‌။
ဖြစ်‌ နိုင်‌ ‌ချေ များ တာ ‌တွေ က ‌တော့
1.   Electronic PCB Supply card
2.   Temperature Thermostat sensor
3.   Expension Valve (or) caplliary tube
4.   Dryer Filter
5.   If compressor can't run capacitor or motor defected.
6.   Evaporator finder dirty
7.  Compression stroke ( freezing ice on compressor)
‌တွေ ပဲ ဖြစ်‌ ပါ တယ်‌။
မှတ်‌ မိသ ‌လောက်‌ ‌လေး ပဲ ‌ရေး သား ‌ဖော်‌ ပြ ထား ပါ တယ်‌။ ကျန်‌ တာ ‌တွေ ရှိ ရင်‌ လဲ ခွင့်‌ လွှတ်‌ ပါ။
တက်‌ သိ နား လည်‌ တဲ့ ဆ ရာ သ မား များ လဲ ဖြည့်‌ စွက်‌ ‌ရေး သား ကူ ညီ ပါ ခင်‌ ဗျာ။
အ ကုန်‌ မ သိ ‌သေး ‌သော
‌မေ တ္တာ ဖြင့်‌
TYMM
အဲ ယား ကွန်း ကို Gas ဖြည့်‌ မယ်‌။
ဘယ်‌ က ‌နေ ဖြည့်‌ မှာ လဲ ?
Suction (or) Discharge ?
Suction ဆို တာ က စုပ်‌ ယူ တာ လို့ လူ တိုင်း သိ ကြ ပြီး သား ဖြစ်‌ လို့  အ လွယ်‌ တ ကူ မှတ်‌ ရန်‌ လွယ်‌ ကူ‌ ‌အောင်‌ Gas ပဲ ဖြည့်‌ မယ်‌ လို့ မှတ်‌ ယူ ပါ။
gas ဖြည့်‌ မယ်‌ ဆို လျှင်‌ လဲ Compressor ကို ‌မောင်း ထား ရ မှာ ဖြစ်‌ ပါ တယ်‌။
လို ချင်‌ တဲ့ Point ကို ‌ရောက်‌ ‌အောင်‌ အ ချိန်‌ ယူ ပြီး ဖြည့်‌ ရ မှာဖြစ်‌ ပါ တယ်‌။ အ ‌ရေး ကြီး တာ က ဖြည့်‌ ပုံ ဖြည့်‌ နည်း လို ပါ တယ်‌။ Compressor Cycle မှာ Air Lock မ ဖြစ်‌ ‌အောင်‌ gas pipe ‌တွေ connection လုပ်‌ တဲ့ အ ချိန်‌ မှာ အ ထူး က ရု ပြု ရ မှာ ဖြစ်‌ ပါ တယ်‌။ ဖြည့်‌ တင်း ‌နေ ကြ သူ များ အ တွက်‌ က ‌တော့ Easy Going ဖြစ်‌ ‌ပေ မယ့်‌ fresher တစ်‌ ‌‌ယောက်‌ အ တွက်‌ က ‌တော့ လက်‌ တုန်‌ ‌နေ မှာ ‌သေ ချာ ပါ တယ်‌။ ကိုယ်‌ တိုင်‌ လဲ ဖြစ်‌  ခဲ့ ဘူး ပါ တယ်‌။ လုပ်‌ ‌နေ ကျ ‌တော့ လဲ ယဉ်‌ ပါး သွား မှာ ‌ပါ။
A/C တစ်‌ လုံး ကို Suction Side က ‌နေ Gas ဖြည့်‌ သွင်း ‌တော့ မယ်‌ ဆို ရင်‌ အ ‌ရေး ကြီး လို အပ်‌ တာ က Ampere Clamp Meter ‌လေး ပါ။ Compressor motor load ကို တွက်‌ ပြီး Maximum amp ကို ‌ကျော်‌ လွန်‌ မ ဖြည့်‌ မိ ဖို့ လို အပ်‌ ပါ တယ်‌။
ပို ဖြည်‌ ရင်‌ ဘာ ‌တွေ ဆိုး ကြိုး ဖြစ်‌ နိုင်‌ လို့ လဲ ဆို ရင်‌ Compressor အ တွင်း မှာ ရှိ တဲ့ Valve ‌Plate ‌တွေ piston ring ‌တွေ ကျိုး ပြီး ပျက်‌ စီး နိုင်‌ လို့ ပါ။
Discharge ဆို တာ က ထုတ်‌ တယ်‌ လို့ မှတ်‌ ယူ ပြီး Liquid ပဲ ဖြည့်‌ ပါ။ ‌မေး စ ရာ ဖြစ်‌ လာ တာ က Liquid ကို ဘယ်‌ လို ဖြည့်‌ မ လဲ ?
Condenser side က ‌နေ Compressor ကို ရပ်‌ ပြီး Gas bottle ကို ‌ဇောက်‌ ထိုး အ ‌နေ အ ထား ‌လေး နဲ့ ဖြည့်‌ ယူ လို့ ရ ပါ တယ်‌။ Psi (or) bar က ‌တော့ depand on Compressor Size of capacity ‌ပေါ်‌တွင်‌ မူ တည်‌ ပြီး ဖြည့်‌ လို့  ပါ တယ်‌။ Compressor တိုင်း မှာ ဖြည့်‌ ရ မည့်‌ Freron Gas Bottle အ မျိုး အ စား ကို တစ်‌ ခါ ထည်း စက်‌ ရုံ မှ ထုတ်‌ပြီး တာနဲ့ ‌Compressor body name plate မှာ ‌ရေး သား ‌ဖော်‌ ပြ ထား တာ ဖြစ်‌ လို့  အလွယ်‌ တ ကူ ကည့်‌ မြင်‌ နိုင်‌ ပါ တယ်‌။ ဖြည့်‌ ရ မဲ့ amount ပ မာ ဏ ကို လဲ PSI / Bar / kg per cm3 ဖြင့်‌တစ်‌ ခါ တည်း ‌ဖော် ပြ ထား ပါ တယ်‌။
Gas ကို မ လို အပ်‌ ဖြည့်‌ ပို ‌စောင်း ဖြည့်‌ တင်း ထား စ ရာ မ လို အပ်‌ ပါ ဘူး။ Gas ဖြည့်‌ တယ်‌ ဆို တာ ဟာ Leakage ရှိ လို့ ဒါ မှ မ ဟုတ်‌ သက်‌ တမ်း ကြာ လာ လို့ ဖြည့်‌ ရ တာ မျိုး ။ တစ်‌ ခါ တစ်‌ ရံ Split type ‌တွေ မှာ AC service wash down လုပ်‌ တဲ့ အ ချိန်‌ ‌တွေ မှာ outdoor unit ‌တွေ ကို ဖြုတ်‌ တပ်‌ လုပ်‌ တဲ့ အ ချိန်‌ ‌တွေ မှာ Suction valve တို့ Discharge valve တို့ ကို ‌သေ ချာ close မ လုပ်‌ မိ တာ တို့  pump down မ လုပ်‌ မိ တာ မျိုး ‌တွေ မှာ Gas ယို ဆီး မှု့ ဖြစ်‌ ပါ တယ်‌။
ကျွန်‌ ‌တော်‌ တို့ တစ်‌ ချို့ Customer ‌တော်‌ ‌တော်‌ များ များ လက်‌ ခံ ထား တာ က aircond မ ‌အေး ဘူး ဆို လျှင်‌ outdoor ကို ဖြူတ်‌ ‌စေး တာ နဲ့ gas ဖြည့်‌ ကို ဖြည့်‌ ရ မယ်‌ လို့ တစ်‌ ထစ်‌ ချ ယုံ ကြည်‌ ထား တဲ့ အ ယူ အ ဆ အ လွဲ ‌လေး ‌တွေ ကို နား လည်‌ ‌စေ ချင်‌ ပါ တယ်‌။ ‌‌ပြင်‌ ပ ရာ သီ ဥ တု အ ပူ ရှိန်‌ တ အား မြင့်‌ တက်‌ ‌နေ တဲ့ အ ခု လို ရာ သီ မျိုး မှာ အဲ ယား ကွန်း လဲ ‌တော်‌ ယုံ နဲ့ မ ‌အေး နိုင်‌ ပါ ဘူး။
40 Degree ဆို တဲ့ ပြင်‌ ပ ရာ သီ ဥ တု အ ရှိန်‌ ကို ကျား ကန်‌ ရုန်း ‌ပေး ‌နေ တဲ့ Compressor ရဲ့ အ ပူ ချိန်‌ က လဲ ရှိ ‌သေး တာ မို့ cooling လုပ်‌ ‌ပေး မည့်‌ Condensor အ ‌နေ နဲ့ one Horse Power          တစ်‌ ‌ကောင်‌ အား ရှိ တဲ့ အဲ ယား ကွန်း က ၁၀ ‌ပေ ပတ်‌ လည်‌ အ ခန်း ကျင်းကို ‌တော့ ‌အေး နိုင်‌ ‌သေး ‌ပေ မယ့်‌ ‌ပေ ၂၀ ပတ်‌ လည်‌ အ ခန်း အ တွက်‌ က ‌တော့ မ ‌အေး နိုင်‌ ဘူး လို့ ‌ယေ ဘူ ယျ အ ကြမ်း ဖျင်း မှတ်‌ ယူ နိုင်‌ ပါ တယ်‌ ခင်‌ ဗျာ။
Cooling Load Method ‌တွေ ကို ‌တော့ အင်‌ ဂျင်‌ မီ ယာ ‌တွေ အ ‌နေ နဲ့ ပို မို နား လည်‌ နိုင်‌ မှာ ဖြစ်‌ ပါ တယ်‌။
အ ပူ ချိန်‌ မ များ ဘူး။ ပုံ မှန်‌ ပဲ ဆို လျှင်‌ ‌တော့ စစ်‌ ‌ဆေး ကြည့်‌ ဖို့ လို အပ်‌ ပါ တယ်‌။
ဖြစ်‌ နိုင်‌ ‌ချေ များ တာ ‌တွေ က ‌တော့
1.   Electronic PCB Supply card
2.   Temperature Thermostat sensor
3.   Expension Valve (or) caplliary tube
4.   Dryer Filter
5.   If compressor can't run capacitor or motor defected.
6.   Evaporator finder dirty
7.  Compression stroke ( freezing ice on compressor)
‌တွေ ပဲ ဖြစ်‌ ပါ တယ်‌။
မှတ်‌ မိသ ‌လောက်‌ ‌လေး ပဲ ‌ရေး သား ‌ဖော်‌ ပြ ထား ပါ တယ်‌။ ကျန်‌ တာ ‌တွေ ရှိ ရင်‌ လဲ ခွင့်‌ လွှတ်‌ ပါ။
တက်‌ သိ နား လည်‌ တဲ့ ဆ ရာ သ မား များ လဲ ဖြည့်‌ စွက်‌ ‌ရေး သား ကူ ညီ ပါ ခင်‌ ဗျာ။
အ ကုန်‌ မ သိ ‌သေး ‌သော
‌မေ တ္တာ ဖြင့်‌
                   လင်းဝင်း( နည်းပညာ)
Wednesday, June 29, 2016
Proxy Server အကြောင်း
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Proxy  နဲ့ ပါတ်သတ်တာလေးတွေ တင်ပေးပါဦးပြောလာလို့ အားလုံး လေ့လာနိုင်အောင် လက်လှမ်းမှီသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Image result for Proxy Server
Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ
သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ 
ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။
Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ 
IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။
 Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။
Proxy Server အမျိုးအစားများ
HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။
SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)
Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ 
ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့..
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။
Credit
: http://skyboywaiyan.blogspot.com
အသေးစိတ် ရှောင်တိမ်းရေး proxy များ
အောက်မှာ ဖော်ပြထားတဲ့ ကိရိယာတွေနဲ့ proxy တွေကို အသုံးပြုပြီး အင်တာနက် ပိတ်ဆို့မှုတွေကို ရှောင်တိမ်းနိုင်တယ်။ ရှောင်တိမ်းရေး ကိရိယာအသစ်တွေကို ပုံမှန် ထုတ်လုပ်နေကြပြီး၊ လက်ရှိ သုံးစွဲနေတဲ့ ကိရိယာတွေကို မကြာခဏ မွမ်းမံပေးလေ့ ရှိကြတယ်၊ ဒါကြောင့် အွန်လိုင်း လုံခြုံရေး-သေတ္တာ ကွန်ရက် စာမျက်နှာကို လေ့လာထားသင့်တယ်။
Virtual Private Network (VPN) အခြေပြု proxies များ
အောက်မှာ ဖေါ်ပြထားတဲ့ VPN proxies တွေဟာ "လိုင်းချိတ်ဆက်"တဲ့အခါ အဲဒီ proxy ကနေတဆင့် အင်တာနက်လိုင်း တစ်လုံး ဖြတ်သန်းသွားတယ်။ မိမိနေထိုင်တဲ့ နိုင်ငံမှာ ပိတ်ဆို့ခံရတဲ့ အီးမေးလ် (သို့) လက်ငင်း စာတိုပေးပို့ရေး ဌာနတွေကို အသုံးပြုတယ် ဆိုရင် ဒါတွေက အထောက်အကူ ပြုနိုင်တယ်။
Riseup VPN ကတော့ Riseup ဆာဗာမှာ အီးမေးလ် အကောင့် ရှိထားတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်ပါတယ်။ ဒီစုစည်းချက်ဟာ အသုံးပြုပြီး လုံခြုံမှုရှိ၊ သီးသန့်ဖြစ်တဲ့ အခမဲ့ VPN proxy ဆာဗာကို ဆက်သွယ်ပေးတယ်။ Riseup VPN အကြောင်းနဲ့ ၄င်းကို ဆက်သွယ်နည်းကို လေ့လာ ဖတ်ရှုပါ။
Hotspot Shield ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့၊ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး ထည့်သွင်းဖို့ လိုပါတယ်။ Hotspot Shield ကို တည်ဆောက်တဲ့ ကုမ္ပဏီဟာ ထောက်ပံ့ငွေကို ကြော်ငြာကနေ ရရှိတာ ဖြစ်တယ်။ အဲဒါကြောင့် စာဝှက်စနစ် အသုံးမပြုတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့ အခါတိုင်း ဘရောင်ဆာ ဝင်းဒိုးရဲ့ ထိပ်ပိုင်းမှာ "နဖူးစည်း စာတမ်း ကြော်ငြာ" တစ်ခုကို မြင်တွေ့နေရမှာ ဖြစ်တယ်။ အတည်ပြုလို့ မရပေမဲ့၊ အဲဒီကုမ္ပဏီရဲ့ အဆိုအရ၊ ဒီကိရိယာကို သုံးစွဲနေတဲ့ သူတွေရဲ့ IP လိပ်စာတွေကို သိမ်းထားတာတို့၊ ကြော်ငြာဌာနတွေဆီ ပေးပို့တာတို့ မလုပ်ပဲ၊ ဖျောက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။
Your-Freedom ဟာ သီးသန့်ဖြစ်ပြီး၊ လုံခြုံမှုရှိတဲ့၊ VPN/SOCKS ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်တယ်။ အဲဒါဟာ အခမဲ့ ရှောင်တိမ်းရေး ဝန်ဆောင်မှု တစ်ခုခုကို ဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ အခမဲ့ ဆော့ဗ်ဝဲ ကိရိယာ တစ်ခု ဖြစ်တယ်။ bandwidth နဲ့ မိမိ သုံးစွဲနိုင်တဲ့ အချိန် အတိုင်းအတာကို (တစ်ရက်ကို ၃ နာရီ၊ တစ်ပတ်ကို ၉ နာရီ စသဖြင့်) ကန့်သတ်ထားတယ်။ ပိုမို မြန်ဆန်ပြီး ကန့်သတ်ချက် နည်းတဲ့ စီးပွားဖြစ် ဝန်ဆောင်မှု တစ်ခုခုကို အခကြေးငွေ ပေးပြီး အသုံးပြုနိုင်တယ်။ Your-Freedom ကို အသုံးပြုနိုင်ဖို့ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး အကောင့်တစ်ခု ဖွင့်ထားပါ။ ဒီနှစ်မျိုး စလုံးကို Your-Freedom ကွန်ရက် စာမျက်နှာပေါ်မှာ လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို ချိတ်ဆက်တဲ့အချိန်မှာ OpenVPN proxy ကို အသုံးပြုနိုင်ဖို့ ဘရောင်ဆာကို ပြုပြင်ဖန်တီးဖို့ လိုအပ်တယ်။ အသေးစိတ် အကြောင်းအရာကို Sesawe စီမံချက် ကွန်ရက်စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
Freegate ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးထွက် Freegate ဗားရှင်းကို ဒေါင်းလုဒ် ဆွဲပြီး ၄င်းနဲ့ပါတ်သက်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။
SecurityKISS ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ပရိုဂရမ် တစ်ခုကို ဒေါင်းလုဒ် လုပ်ပြီး ဖွင့်သုံးနိုင်တယ်။ အကောင့် တစ်ခုကို မှတ်တင်စရာ မလိုဘူး။ proxyကို ဖြတ်သွားတဲ့ အင်တာနက် စီးဆင်းမှုအတွက် အခမဲ့ သုံးစွဲသူတွေရဲ့ တစ်နေ့တာ သုံးစွဲခွင့်ကို MB ၃၀၀ အဖြစ် ကန့်သတ်ထားပေးတယ်။ အခကြေးငွေ ပေးသွင်းသူအတွက် ကန့်သတ်ချက်တွေ မရှိပဲ VPN ဆာဗာတွေကို ပိုမို သုံးစွဲနိုင်တယ်။ အသေးစိတ်ကို လေ့လာဖို့ SecureKISS ပင်မစာမျက်နှာကို ဖတ်ရှုပါ။
Psiphon3 ဟာ လုံခြုံပြီး၊ အများသုံး VPN နဲ့ SSH အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ဆော့ဗ်ဝဲ ပရိုဂရမ် ရရှိနိုင်တဲ့ လင့်ခ်တစ်ခုကို တောင်းဆိုရမှာ ဖြစ်ပြီး အဲဒီ ပရိုဂရမ်နဲ့ proxy ကို စီစဉ်သတ်မှတ်သွားမှာ ဖြစ်တယ်။ လင့်ခ်ကို တောင်းဆိုဖို့ get@psiphon3.com ဆီ အီးမေးလ် တစ်စောင် ပေးပို့ပါ။ Psiphon3 ပင်မစာမျက်နှာကို လေ့လာ ဖတ်ရှုပါ။
ကွန်ရက် Proxies များ
Psiphon2 ဟာ သီးသန့် ဖြစ်ပြီး အမည်ဝှက်တဲ့ webproxy ဆာဗာ နည်းစနစ် တစ်ခု ဖြစ်တယ်။ Psiphon2 ကို အသုံးပြုဖို့ မိမိဆီမှာ proxy ဆာဗာရဲ့ ကွန်ရက် လိပ်စာ (URL) နဲ့ အကောင့်တစ်ခု (သုံးစွဲသူ၊ စကားဝှက်) ရှိထားဖို့ လိုအပ်တယ်။ psiphon2 ကို ဖွင့်ဖို့ psiphon2 အကောင့် ရှိထားတဲ့ သုံးစွဲသူ တဦးဦးဆီကနေ ဖိတ်ကြားချက် တစ်ခု ရယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ထုတ်ပြန်ထားတဲ့ သုံးစွဲနည်း စာအုပ်ငယ်ထဲမှာ ပါတဲ့ ဖိတ်ကြားချက်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Psiphon2 ပင်မ စာမျက်နှာကို ဖတ်ရှုပါ။
Peacefire ဟာ အများသုံးဖြစ်ပြီး၊ သုံးစွဲမှုအပေါ် မူတည်ပြီး လုံခြုံမှု ရှိနိုင်သလို၊ လုံခြုံမှု မရှိတဲ့ ကွန်ရက် အခြေပြု proxy အစုအဝေး တစ်ခုကို ဖန်တီးပေးနိုင်တယ်။ Peacefire proxy တစ်ခုကို အသုံးပြုတဲ့အခါ၊ မိမိနဲ့ proxy ကြားမှာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေးလိုင်း တစ်ခု တည်ဆောက်ဖို့ HTTPS လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်တယ်။ proxy အသစ်တွေကို အီးမေးလ် အုပ်စု စာရင်းကနေ ပုံမှန် ထုတ်ပြန် ကြော်ငြာပေးလေ့ရှိတယ်။ မွမ်းမံချက်တွေကို ရရှိဖို့ Peacefire ကွန်ရက် စာမျက်နှာမှာ မှတ်ပုံတင်နိုင်တယ်
Raspberry PI Quick Start Guide
Raspberry Pi ကို set up ပြုလုပ်ရန် လိုအပ်ချက်များ
စဉ်
ပစ္စည်းများ
သတ်မှတ်ထားသည့် အနည်းဆုံးလိုအပ်ချက်များ
1
SD card
·         အနည်းဆုံး 4Gb ရှိသော class 4 အမျိုးအစား ကို အသုံးပြုရမည် (class က SD card ၏ အမြန်နှုန်းကို ဖေါ်ပြသည်)။
·         ကျွန်တော့်အနေဖြင့် စိတ်ချယုံကြည်ရသော branded SD card များကို အသုံးပြုရန် အကြံပြုပါသည်။ ဖြစ်နိုင်လျှင် 10Gb, class 10 ကို အသုံးပြုသင့်သည်။ မြန်မာကျပ်ငွေ နှစ်သောင်းကျော်ခန့်ဖြင့် ရရှိနိုင်သည်။
2a
HDMI to HDMI
သို့မဟုတ်
HDMI/DVI ကြိုး
·         HDMI ခေါင်း နှစ်ဖက်ပါသော ကြိုးကို အသုံးပြု၍ HDMI input ပါဝင်သော HD TV များနှင့် monitors များကို ချိတ်ဆက်နိုင်သည်။
·         သို့မဟုတ် HDMI ခေါင်းတစ်ဖက် DVI ခေါင်းတစ်ဖက်ပါသော ကြိုးကို အသုံးပြု၍ DVI input ပါဝင်သော monitor များနှင့် ချိတ်ဆက်နိုင်သည်။
2b
RCA video ကြိုး
·         HDMI ကို အသုံးမပြုနိုင်သည့် အခြေအနေမျိုးတွင် standard RCA composite video ကြိုးကို အသုံးပြု၍ analogue display များကို ချိတ်ဆက်နိုင်သည်။
3
keyboard
နှင့်
mouse
·         မည်သည့် standard USB keyboard နှင့် mouse ကိုမဆို အသုံးပြုနိုင်သည်။
·         သို့ရာတွင် ပါဝါ အသုံးများသော keyboard နှင့် mouse များ အသုံးပြုလိုလျှင် ပြင်ပ မှ ပါဝါပေးရသည့် USB hub အသုံးပြုရမည်။
·         အခြား USB ဆက်စပ်ပစ္စည်းများ အသုံးပြုနိုင်ရန်လည်း ပြင်ပမှ ပါဝါပေးရသည့် USB hub ကို အသုံးပြုရမည်။
4
Ethernet cable [လိုအပ်ပါက]
·         လိုအပ်ပါက နက်ဝက်ချိတ်ဆက်ရန် အသုံးပြုနိုင်သည်။ Raspberry Pi အတွက် software အသစ်များ ရယူရန် နှင့် update ပြုလုပ်ရန် အသုံးပြုရမည်။
5
Power adapter
·         အနည်းဆုံး 700 mA နှင့် 5V ပေးနိုင်သည့် အရည်အသွေးမြင့်မားသော micro USB power supply ကို အသုံးပြုနိုင်သည်။
·         ဖုန်းအားသွင်းသည့် chargers အများစုကို အသုံးပြုနိုင်ပါသည်။
·         အကယ်၍ supply က ပေးနိုင်သည့် voltage သည် 5V ထက် လျော့နည်းနေပါက Raspberry Pi အနေဖြင့် ပုံမှန် အလုပ်လုပ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ယုံကြည်စိတ်ချရမှု မရှိသည့် ဈေးပေါသော chargers များကို အသုံးမပြုသင့်ပါ။
·         Power supply ရဲ့ rating က 700mA ထက်ကျော်လွန်နေပါက ပိုမိုကောင်းမွန်ပါတယ်။ 1500mA power supply ကို သုံးဖို့ အများစုက အကြံပြုကြပါတယ်။ ကျွန်တော်ကတော့ 1000mA samsung mobile charger ကို အသုံးပြုထားပါတယ်။
6
Audio ကြိုး [လိုအပ်ပါက]
·         HDMI ကို အသုံးပြုထားခဲ့ပါက ၄င်းမှ တဆင့် digital audio ကို ရရှိနိုင်ပါတယ်။
·         အကယ်၍ analogue RCA ကို အသုံးပြုထားခဲ့မည်ဆိုလျှင် 3.5mm jack မှ တဆင့် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Mobile ear phone ကို အသုံးပြုနိုင်ပါတယ်။
Raspberry Pi တွင် အသုံးပြုရန် SD card အား ပြင်ဆင်ခြင်း
          SD card ထဲကို Raspberry Pi အတွက် operating system ထည့်သွင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ (OS ဆိုတာ PC ပေါ်က Windows နဲ့ Mac ပေါ်က OSX တို့လိုမျိုး software ကို ပြောတာ ဖြစ်ပါတယ်)။ အများစု အနေနဲ့ Raspberry Pi ကို setting ပြုလုပ်ရတဲ့အခါမှာ သုံးနေကျ မဖြစ်တာကြောင့် အခက်အခဲ တွေ့နိုင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီလမ်းညွှန်လေးကို ဖတ်ပြီး လိုက်လုပ်ကြည့်မယ်ဆိုရင် ထင်သလောက် မခက်ခဲတာကို တွေ့ရမှာပါ။ အောက်ဖော်ပြပါ ညွှန်ကြားချက်များက Windows အသုံးပြုသူများအတွက် ဖြစ်ပြီး Linux နဲ့ Mac အသုံးပြုသူများအတွက် အသေးစိတ် ညွှန်ကြားချက်များကို www.raspberrypi.org/downloads မှာ သွားရောက် ဖတ်ရှုလေ့လာနိုင်ပါတယ်။
1. Download the Raspberry Pi operating system
          ပထမဆုံး Raspberry Pi အတွက် OS တစ်ခုကို အင်တာနက်ကနေ download ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Raspbian OS ကို အသုံးပြုဖို့ အကြံပေးလိုပါတယ်။ အောက်ပါ လိပ်စာကနေ ရယူလိုက်ပါ။
http://downloads.raspberrypi.org/images/raspbian/2012-12-16-wheezy-raspbian/2012-12-16-wheezy-raspbian.zip
2. Unzip the file that you just downloaded
a) ဆွဲချထားတဲ့ ဖိုင်ကို Right click ပြုလုပ်ပြီး “Extract all” ကို ရွေးချယ်ပါ။
b).img အမျိုးအစား ဖိုင်တစ်ခုကို ရရှိလာမှာပါ။ အဲဒီ .img ဖိုင်ကို SD card မှာ ထည့်သွင်းဖို့အတွက် special disk imaging software တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။
3. Download the Win32DiskImager software
a) .img ဖိုင်ကို SD card ထဲ ထည့်သွင်းဖို့ လိုအပ်တဲ့ win32diskimager-binary.zip  ကို အောက်ပါ အင်တာနက် လိပ်စာကနေ ရယူလိုက်ပါ။
https://launchpad.net/win32-image-writer/+download
b) Unzip ပြုလုပ်လိုက်ပါ။
c) win32diskimager-binary ဆိုတဲ့ folder တစ်ခုကို ရရှိပါလိမ့်မယ်။ အခုဆိုရင် Raspbian image ဖိုင်ကို SD card ထဲ ထည့်သွင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။
4.Writing Raspbian to the SD card
a) SD card ကို ကွန်ပျူတာတွင် ပါဝင်သော သို့မဟုတ် USB cable နှင့် ချိတ်ဆက်ထားသော card reader ထဲကို ထည့်လိုက်ပါ။
b) step 3(b) တွင် ရရှိထားသောWin32DiskImager.exe ကို ဖွင့်လိုက်ပါ။
(Windows Vista, 7 နှင့် 8 များတွင် ၄င်းကို right click နှိပ်၍ “Run as administrator” ကို ရွေးချယ်ပါ)။ အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်သည်။
c) အကယ်၍ Device နေရာတွင် SD card ၏ drive letter ကို မတွေ့ရပါက drop down list မှ ရွေးချယ်ပေးရမည် ဖြစ်သည်။
d) Image File box ထဲတွင် အင်တာနက်မှ ရယူထားသော Raspbian .img ဖိုင်ကို ရွေးချယ် ထည့်သွင်းပေးရမည်။
e) Write ကို နှိပ်ပါ။
f) မိနစ်အနည်းငယ်အကြာတွင် SD အတွင်း .img ဖိုင် ရေးသားမှု ပြီးစီး၍  Raspberry Pi တွင် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
5. Booting your Raspberry Pi for the first time
a) ပထမဆုံး စာမျက်နှာတွင် ပြသထားသည့် ပုံကို အသုံးပြု၍ ချိတ်ဆက်ပါ။ ပါဝါကြိုးကို နောက်ဆုံးမှ ချိတ်ပါ။ ပါဝါကြိုး တပ်လိုက်သည်နှင့် စတင် boot လုပ်မည် ဖြစ်ပါသည်။
b) ပထမဦးဆုံး boot လုပ်သည့်အခါ Raspi-config window ပေါ်လာမည် ဖြစ်သည်။
c) Timezone နှင့် locale များကို အလိုရှိသည့် အတိုင်း သတ်မှတ်ပေးပါ။
d) နောက်ဆုံးတွင်
expand_rootfs ကို YES ရွေးချယ်၍ reboot လုပ်ပါ။
e) Raspberry Pi က reboot ပြုလုပ်ကာ raspberrypi login: ပေါ်လာမည် ဖြစ်သည်။
f) pi ဟု ရိုက်ထည့်ပါ။
g) Password ထည့်သွင်းခိုင်းပါလိမ့်မည်။
h) raspberry ဟု ရိုက်ထည့်ပေးလိုက်ပါ။
i) Login အောင်မြင်၍ အောက်ပါ အတိုင်း မြင်ရမည် ဖြစ်သည် -
pi@raspberry ~ $
j) Desktop ကို စတင်နိုင်ရန် startx ဟု ရိုက်ထည့်ပါ။
k) Windows နှင့် ဆင်တူသော desktop တစ်ခု ပေါ်လာမည် ဖြစ်သည်။
l) စမ်းသပ်၊ အသုံးချ ပျော်ရွှင်နိုင်ပြီ ဖြစ်ပါသည်။
ပိုမိုတိကျသော အသေးစိတ် အချက်အလက်များကို www.raspberrypi.org နှင့်
www.raspberrypi.org/phpBB3 forum များတွင် လေ့လာ ဖတ်ရှု ဆွေးနွေးနိုင်ပါသည်။
Raspbian ၏ နောက်ဆုံး ဗားရှင်းများကို www.raspberrypi.org/downloads တွင် ရယူနိုင်ပါသည်။
Raspberry Pi - Headless အသုံးြ​ပု​န​ည်းများ
     Raspberry Pi ကိုေ​မာ်​နီ​တာ၊ ကီး​ဘု​တ်၊ေ​မာက်စ် များ တပ်ဆ​င်​၍ အသုံး​မြ​ပု​ဘဲ နက်ဝက်မှ တ​ဆ​င့်​ ချိတ်ဆ​က်ြ​ပီး အသုံးြ​ပုြ​ခ​င်း​ကို headless အသုံးြ​ပုြ​ခ​င်း​ဟုေ​ခါ်​ပါ​သ​ည်။ Raspberry Pi ကို update, upgrade ျ​ပဳ​လုပ္ဖို​႔​နဲ​႔ အျ​ခား​လို​အပ္တဲ​႔ softwares ေ​တြ​ကို install ျ​ပဳ​လုပ္ဖို​႔​အတြက္ဆို​ရ​င် Raspberry Pi ကို အင်တာ​နက်နဲ့​ ချိတ်ဆက်ထား​ဖို့​ လို​အပ်ပါ​မ​ယ်။ အမ်ား​စု​အေ​န​နဲ​႔ ဒီ​အလု​ပ​္ေ​တြ​ကို အင္တာ​နက္ဆိုင္လို ေ​န​ရာမ်ိ​ဳး​ကေ​န​ပဲ ျ​ပဳ​လု​ပ်နိုင်မှာြ​ဖစ်ပါ​တ​ယ်။ ဒါေြ​ကာ​င့်​ အင်တာ​နက်ဆိုင်အ​တွ​င်း​မှာ Raspberry Pi ကို ပါ​ဝါ နဲ့​ နက်ဝ​က်ြ​ကိုး နှစ်ခု​တ​ည်းချိတ်ဆ​က်ြ​ပီး အသုံးြ​ပုနိုင်ဖို့​ လို​အပ်ပါ​တ​ယ်။ ဒီ​န​ည်း​ဟာ အြ​မဲ​တ​မ်း အသုံး​တ​ည့်ေ​န​မှာ​ပဲြ​ဖစ်ပါ​တ​ယ်။ ကို​ယ့်​​အိမ်မှာ ကိုယ်အ​သုံးြ​ပု​မယ်ဆို​လဲ ဒီ​န​ည်း​နဲ့​ အသုံးြ​ပုြ​ခ​င်း​က ပို​အဆ​င်ြေ​ပ​ပါ​တ​ယ်။ PC နဲ့​ သာ​မက၊ laptop, Android Smart Phone, Apple iPhone, iPad စ​တာေ​တွ​နဲ့​​လဲ ချိတ်ဆ​က် အသုံးြ​ပု နိုင်ပါ​တ​ယ်။   
ကွန်ပျူ​တာ​မှ​တ​ဆ​င့်​ Raspberry Pi အား Headless ချိတ်ဆက်န​ည်း
     နက်ဝက်တွင် ချိတ်ထားသည့် Rpi ၏ ip address ကို ရှာဖွေရန် Router ၏ ip range ကို ပုံတွင် ပြထားသည့်အတိုင်း (1) နှင့် (2) တွင် ထည့်သွင်းပေးပါ။ (3) Scan ကို နှိပ်၍ ခဏစောင့်လိုက်လျှင် နက်ဝက်အတွင်း ရှိသော ip address များနှင့် ၄င်းတို့၏ ပွင့်နေသော port များ ကို ပြသပေးမည် ဖြစ်ပါသည်။ Open ports များထဲမှ 22 Open (ssh) ကို ရှာ၍ တွေ့လျှင် Raspberry Pi ကို ရှာတွေ့ပြီဖြစ်၍ ip address ကို မှတ်သားထားပါ။ 
     Raspberry Pi ကို SSH ဖြင့် ချိတ်ဆက်နိုင်ရန် အင်တာနက်တွင် အခမဲ့ ရယူနိုင်သော PuTTY ဆော့ဖ်ဝဲလ်ကို အသုံးပြုမည် ဖြစ်ပါသည်။
     ပထမဦးစွာ Host Name (or IP address) နေရာတွင် မိမိ ချိတ်ဆက်လိုသည့် Raspberry Pi ၏ ip address ကို ထည့်သွင်းပေးပါ။ ထို့နောက် ဆက်သွယ်မှု စတင်ရန် Open ကို နှိပ်လိုက်ပါ။ Raspberry Pi ၏ ip address မှန်လျှင် အောက်ပါပုံအတိုင်း Login ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ 
     Raspberry Pi ၏ default Login မှာ pi ဖြစ်ပြီး password မှာ raspberry ဖြစ်ပါသည်။ အောက်ပါအတိုင်း ထည့်သွင်းပေးလိုက်ပါ။ 
      pi@raspberrypi ~ $ ဟူသော prompt ကို တွေ့ရမည် ဖြစ်သည်။ ၄င်းတို့အနက် pi သည် username ဖြစ်ပြီး ~ သည် user ၏ directory ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ပိုမိုသေချာစေရန် current directory ကို ပြသော pwd ဆိုသည့် command ကို သုံးကြည့်ပါ။ /home/pi ဟု ပြသပေးမည်ဖြစ်သည်။ 
Changing password
Raspberry Pi ရဲ့ default user name က pi ဖြစ်ပြီး စကားဝှက်က raspberry ဖြစ်တယ်ဆိုတာ အားလုံး သိကြပြီး ဖြစ်ပါတယ်။ စတင် အသုံးပြုပြီဆိုတာနဲ့ မိမိ Rpi ကို လုံခြုံမှု ရှိစေရန် စကားဝှက်ကို ချက်ချင်း ပြောင်းလဲပေးသင့်ပါတယ်။ ဒီလိုပြောင်းလဲဖို့အတွက် passwd command ကို အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်။
     (current) UNIX password: ဆိုတဲ့ နေရာမှာ လက်ရှိ စကားဝှက်ကို ထည့်သွင်းပေးရမှာ ဖြစ်ပြီး Enter new UNIX password: နဲ့ Retype new UNIX password: ဆိုတဲ့ နေရာမှာတော့ မိမိ ပြင်ဆင် ထည့်သွင်းလိုတဲ့ စကားဝှက် အသစ်ကို ထည့်သွင်းရမှာပါ။ စကားဝှက်တွေ ရိုက်ထည့်တာကို မော်နီတာပေါ်မှာ ပြသပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်လုံးချင်း သေသေချာချာ ရိုက်ပေးဖို့ လိုပါ့မယ်။
Update ပြုလုပ်ခြင်း
ပထမဦးဆုံး အသုံးပြုမယ့် Rpi တိုင်းကို update နဲ့ upgrade မဖြစ်မနေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ဖို့ အတွက် time zone ကို အရင် သတ်မှတ်ပေးရပါမယ်။
     60. Rangoon ဆိုတာ ကျွန်တော်တို့ ရွေးပေးရမယ့် Time Zone ပါ။ အဲဒါက နောက်ဆုံးနားမှာ ရှိပါတယ်။ Enter ကို တစ်ချက်ချင်း ရိုက်ပြီး နောက်ဆုံး စာမျက်နှာ အထိရောက်အောင်သွားပါ။ အောက်မှာ ဖေါ်ပြထားတဲ့ နေရာကို ရောက်ရင် ရပ်ပြီး 60 ကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပေးလိုက်ပါ။
     Update ပြုလုပ်ဖို့အတွက်တော့ sudo apt-get update လို့ ရိုက်ထည့်ပေးရမှာ ဖြစ်ပြီး upgrade အတွက် sudo apt-get upgrade လို့ ရိုက်ထည့်ပေးရပါမယ်။ အဲဒီ လို လုပ်ဖို့ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့ လိုပါမယ်။ အချိန်အတော်ကြာလဲ စောင့်ရတတ်ပါတယ်။
     Update နဲ့ upgrade တွေ ပြုလုပ်ပြီးပြီဆိုရင် နေ့၊ ရက်၊ နာရီတွေ ပြင်ဆင်ရပါတော့မယ်။ လက်ရှိ နေ့စွဲကို သိရှိနိုင်ဖို့ နဲ့ ပြင်ဆင်နိုင်ဖို့ date command ကို အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်။ 
Raspberry Pi Configuration
     မဖြစ်မနေ ပြုလုပ်ရမည့် Configureation များကို sudo raspi-config command အသုံးပြု၍ အောက်ပါအတိုင်း လုပ်ဆောင်နိုင်သည်။
     ပထမဦးစွာ SD card ၏ capacity ကို အပြည့်အဝ အသုံးချနိုင်စေရန် 1 Expand Filesystem အား ရွေးချယ်ပေးလိုက်ပါ။ ထို့သို့ ရွေးချယ်ပေးလိုက်သည်နှင့် နောက်တစ်ကြိမ် reboot လုပ်အပြီးတွင် SD card ၏ အရွယ်အစားအတိုင်း Filesystem ကျယ်ပြန့်သွားမည် ဖြစ်ပါသည်။ 
စကားဝှက်ကို ပြောင်းလဲရန်အတွက် 2 Change User Password ကို ရွေးချယ်နိုင်ပါသည်။ သို့မဟုတ် အထက်တွင် ဖေါ်ပြခဲ့သော passwd command နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။
3 Enable Boot to Desktop/Scratch ကိုမူ မဖြစ်မနေ ရွေးချယ်ပေးသင့်ပါသည်။ ရွေးချယ်မှု အစီအစဉ်သည် Raspberry Pi ကို မိမိတို့ အသုံးချမည့် အခြေအနေပေါ် မူတည်၍ စဉ်းစားရွေးချယ်ရမည် ဖြစ်ပါသည်။ boot option များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 
1 Console Text console, requiring login (default)
2 Desktop Log in as user 'pi' at the graphical desktop
3 Scratch Start the Scratch programming environment upon boot
     Console ကို ရွေးချယ်ပါက login ပြုလုပ်ရန် လိုအပ်ပြီး command များဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ အားသာချက်မှာ မြန်ဆန်စွာ လုပ်ဆောင်နိုင်စွမ်းရှိပြီး headless အသုံးပြုမည်ဆိုပါက ရွေးချယ်သင့်ပါသည်။ 
     Desktop ကို ရွေးချယ်ပါက user 'pi' အနေဖြင့် အလိုအလျောက် login ပြုလုပ်သွားမည် ဖြစ်ပြီး Graphical User Interface ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ အားနည်းချက်မှာ အသုံးပြုရ အနည်းငယ် နှေးကွေး နိုင်ပါသည်။ ယခုမှ စတင် အသုံးပြုသူများအနေဖြင့် ရွေးချယ်ပေးသင့်ပါသည်။
     Scratch Scratch programming ရေးသားရန် အသင့်အနေအထားဖြင့် ပွင့်လာမည်ဖြစ်သည်။ အဆိုပါ option ကို အထူးသဖြင့် ကလေးငယ်များအား Scratch programming သင်ကြားပေးရာတွင် လွယ်ကူလျှင်မြန်စေရန် ရွေးချယ်နိုင်ပါသည်။ 
     4 Internationalisation Options ကတော့ တစ်ခါ ရွေးချယ်ထားပြီးရင် ထပ်မံ ပြင်ဆင်စရာ မလိုတော့ပါဘူး။ အောက်ပါပုံအတိုင်း option သုံးခု ရှိပါတယ်။
I1 Change Locale
I2 Change Timezone
I3 Change Keyboard Layout 
     အဲဒီ option တွေထဲမှာ I2 Change Timezone ကို အထက်မှာ ဖော်ပြထားခဲ့တဲ့ sudo dpkg-reconfigure tzdata အစားလဲ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ option နှစ်ခုကိုတော့ မလိုအပ်ရင် မပြောင်းလဲဘဲ ထားနိုင်ပါတယ်။ 
     5 Enable Camera ကတော့ Raspberry Pi နဲ့ ကင်မရာ တွဲဖက် သုံးဖို့အတွက် လိုအပ်လာမယ်ဆိုရင် Enable ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။
     6 Add to Rastrack ကတော့ မိမိတို့ Raspberry Pi ကို Pi Map မှာ မှတ်ပုံတင်ထားဖို့ အပျော်သဘော သုံးနိုင်ပါတယ်။ 
     7 Overclock Options ကတော့ မိမိတို့ Raspberry Pi ကို သတ်မှတ်ချက်ထက် ပိုပြီး မြန်မြန်သုံးချင်တဲ့အခါ ပြင်ဆင်နိုင်ပါတယ်။ အောက်မှာ ဖေါ်ပြထားတဲ့ထဲက Median ကို ရွေးချယ်သင့်ပါတယ်။ Overclocking လုပ်တာဟာ Raspberry Pi ကို ပူလာစေမယ်ဆိုရင် သတိထားသင့်ပါတယ်။
8 Advanced Options ကတော့ A1 ကနေ A7 အထိ နောက်ထပ် ခုနှစ်မျိုး ထပ်မံ ပါရှိပါတယ်။ 
A1 Overscan - မော်နီတာမှာ အမဲစင်းတွေ မြင်နေရရင် ချိန်ညှိဖို့ အသုံးပြုနိုင်ပါတယ်။
A2 Hostname - Network ထဲမှာ အသုံးပြုမယ့် Raspberry Pi ရဲ့  နာမည်ကို သတ်မှတ်ပေးဖို့ အသုံးပြုနိုင်ပါတယ်။ အမည်ပေးရာမှာ a to z, 0 to 9 နဲ့ hyphen (-) တို့ကိုသာ အသုံးပြုရမှာ ဖြစ်ပြီး case-insensitive ဖြစ်တဲ့အတွက် စာလုံးအကြီးအသေး ကွာခြားမှု မရှိပါဘူး။ Hyphen (-) ကို သုံးတဲ့နေရာမှာလဲ အစ နဲ့ အဆုံးမှာ သုံးခွင့်မပြုပါဘူး။ အခြား သင်္ကေတတွေ နဲ့ space တွေကို အသုံးပြုခွင့် မပြုပါဘူး။ 
Hostname ကို အခြားနည်းလမ်း အသုံးပြု၍လည်း ပြင်ဆင်နိုင်ပါသည်။ ထိုသို့ပြုလုပ်ရန် /etc/hostname ဟူသော configuration file ကို sudo nano /etc/hostname command ဖြင့် ဖွင့်ကာ မိမိပေးလိုသော အမည်ကို အစားထိုး သိမ်းဆည်းလိုက်ရမည် ဖြစ်ပါသည်။ ထို့နောက် sudo /etc/init.d/hostname.sh start ဟူသော command ဖြင့် startup script အား run ပေးလိုက်ခြင်းဖြင့် ပြင်ဆင်မှုများကို အတည်တကျ ဖြစ်သွားစေမည် ဖြစ်သည်။
A3 Memory Split - ကျွန်တော်တို့အနေဖြင့် Raspberry Pi ပေါ်တွင် Memory အား GPU အတွက် မည်မျှ ခွဲဝေပေးမည် ဆိုသည်ကို သတ်မှတ်ပေးရန် လိုအပ်လာမည် ဖြစ်ပါသည်။ လိုအပ်ချက်အပေါ် မူတည်၍ ခွဲဝေပေးရမည် ဖြစ်ပြီး SSH ကို အဓိက သုံးမည်ဆိုပါက Memory အားအတတ်နိုင်ဆုံး အနည်းဆုံး ခွဲဝေပေးသင့်ပါသည်။
A4 SSH - ၎င်းသည် default အနေဖြင့် Enable ပေးထားခြင်းဖြစ်ပြီး SSH အသုံးမပြုလိုသည့် အချိန်တွင် ပိုမိုလုံခြုံမှု ရှိစေရန် Disable ပေးထားနိုင်ပေသည်။
A5 SPI - PiFace ကို အသုံးပြုသည့် အခါမျိုးတွင် လိုအပ်ပါက SPI kernel module အား အလိုအလျောက် loading ပြုလုပ်ပေးနိုင်ရန် Enable ပြုလုပ်ပေးနိုင်ပါသည်။
A6 Audio - အသံနဲ့ ပက်သက်ပြီး HDMI ကနေ ဒါမှမဟုတ် 3.5mm jack ကနေ အသံထုတ်ပေးဖို့ကို ရွေးချယ်ပေးနိုင်ပါတယ်။ မသေချာရင် 0 Auto မှာ ထားလိုက်ပါ။
A7 Update ကတော့ raspi-config ကိုယ်တိုင်ကို update ပြုလုပ်ဖို့ လိုအပ်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။
အထက်ပါ option တွေကို အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်ပါတယ်။ raspi-config ကို ပြန်လည်ခေါ်ယူလိုက်ရုံပဲ ဖြစ်ပါတယ်။
Raspberry Pi -  Static IP address ဖြစ်အောင် ပြုလုပ်နည်း
Note: Raspberry Pi ၏ network setting များကို /etc/network folder ထဲရှိ interfaces ဆိုသော text ဖိုင်ထဲတွင် သိမ်းဆည်းထားပါသည်။ မိမိတို့ ပြုပြင်လိုသော network setting များကို အဆိုပါ ဖိုင်ထဲတွင် ပြင်ဆင်ရေးသားနိုင်ပါသည်။ သို့သော် သတိထားရမည့် အချက်မှာ ပြင်ဆင်မှုများ မပြုလုပ်မီ အဆိုပါ မူရင်း interfaces ဖိုင်ကို ပွားယူထားရန်ဖြစ်ပါသည်။
ထိုသို့ ပြုလုပ်ရန်အတွက် ပထမဦးစွာ /etc/network နေရာသို့ ရောက်အောင် သွားရပါမည်။
ထို့နောက် ls command ကို သုံးပြီး အဆိုပါ folder အတွင်းရှိ ဖိုင်များကို ကြည့်ပါ။
interfaces ဟူသော ဖိုင်သည် ကျွန်တော်တို့ ပြင်ဆင်ရမည့် ဖိုင်ဖြစ်ပါသည်။ interfaces1 သည် မူရင်းဖိုင်အား ပွားယူထားလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပွားယူရန် sudo cp interfaces interfaces1 ဟူသော command ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ပြင်ဆင်လိုသည့် interfaces ဟူသော ဖိုင်ကို ဖွင့်ရန် sudo nano interfaces ဟူသော command ကို သုံးပါ။ အောက်ပါအတိုင်း မြင်ရမည် ဖြစ်သည် -
Ctrl + X ကို နှိပ်၍ ထွက်လိုက်ပါ။
အထက်ပါပုံတွင် အနီရောင်မျဉ်းသားထားသော iface eth0 inet dhcp သည် ကျွန်တော်တို့ လက်ရှိသုံးနေသော Ethernet အား router မှ DHCP ဖြင့် အလိုအလျောက် register ပြုလုပ်ပေးသော IP ကို ရယူ အသုံးပြုရန် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ စာကြောင်းကို ပြင်ဆင်ပေးရန် လိုအပ်ပါသည်။ ပထမဦးစွာ လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်းရမည် ဖြစ်ပါသည်။ ifconfig ကို အသုံးပြုပါ။
အထက်ပါပုံတွင် HWaddr b8:27:eb:6f:26:2d သည် ကျွန်တော် လက်ရှိ အသုံးပြုနေသည့် Raspberry Pi ၏ Hardware Address သို့မဟုတ် MAC Address ဖြစ်ပါသည်။
addr:192.168.1.2 သည် Router ၏ DHCP မှ ချပေးထားသော IP Address ဖြစ်ပါသည်။ ၎င်းကို မိမိတို့ အလိုရှိသော IP Address ဖြင့် အစားထိုး ပြောင်းလဲရမည် ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲရာတွင် နောက်ဆုံးအလုံးကိုသာ ပြောင်းလဲရမည်ဖြစ်ပြီး 1 မှ 255 အကြားတွင်သာ ထားရှိရမည် ဖြစ်ပါသည်။ ထို့ပြင် အခြားကွန်ပျူတာများနှင့် IP Address တူညီမှု မရှိစေရန် ကြိုတင် စာရင်းပြုစု စဉ်းစားထားဖို့ လိုအပ်မည်ဖြစ်ပါသည်။ များသောအားဖြင့် 1 သည် server တစ်ခုခု၏ IP Address ဖြစ်နိုင်ချေရှိသလို CPE များ အသုံးပြုထားပါက 254 သည် CPE ၏ IP Address ဖြစ်နိုင်ပါသည်။ ထို့ပြင် Router အများစုတွင် default အနေဖြင့် DHCP တွင် IP Address ကို 100 နှင့် 255 အကြား ချထားပေးရန် သတ်မှတ်ထားလေ့ ရှိပါသည်။ ထို့ကြောင့် static ip ပေးရာတွင် 100 အောက်ရှိ အခြား server များနှင့် လွတ်ကင်းမည့် IP Address ကို သတ်မှတ်ပေးထားရန် အရေးကြီးပါသည်။
Bcast - 192.168.1.255 သည် Broadcast IP Range ဖြစ်ပြီး မှတ်သားထားရန် လိုအပ်ပါသည်။
Mask - 255.255.255.0 သည် Subnet Mask Address ဖြစ်ပြီး မှတ်သားထားရမည် ဖြစ်ပါသည်။
ထို့နောက် လိုအပ်နေသေးသော အချက်အလက်အချို့  ထပ်မံရယူနိုင်ရန် netstat -nr ဟူသော command ကို အသုံးပြုပါမည်။
အထက်ပါပုံတွင် ကျွန်တော်တို့အတွက် လိုအပ်လာမည့် Destination နှင့် Gateway နှစ်ခုကို မှတ်သားထားရပါမည်။
Destination : 192.168.1.0
Gateway    : 192.168.1.1
အထက်ပါ အချက်အလက်အားလုံးကို မှတ်စု စာအုပ်တွင် ရေးမှတ်ထားရမည် ဖြစ်ပါသည်။ Raspberry PI casing ပေါ်တွင်လည်း ရေးမှတ်ထားသင့်ပါသည်။ ထို့နောက် /etc/network/ folder အတွင်းရှိ interfaces ဖိုင်အတွင်း ဝင်ရောက် ပြင်ဆင်ရန် sudo nano /etc/network/interfaces ဟူသော command ကို အသုံးပြုမည် ဖြစ်ပါသည်။
အောက်ပါပုံတွင် အနီရောင် ကွင်းခတ်ထားသော စာသားများသည် static ip ရရှိစေရန် ထည့်သွင်း ပြုပြင်ထားခြင်းပင် ဖြစ်ပါသည်။
address 192.168.1.2
netmask 255.255.255.0
network 192.168.1.0
broadcast 192.168.1.255
gateway 192.168.1.1
Ctrl + X ကို နှိပ်ပြီး ဖိုင်ကို Save လုပ်လိုက်ပါ။ နောက်တစ်ကြိမ် sudo reboot အပြီးတွင် IP Address များကို scan ပြုလုပ်ရန် မလိုအပ်တော့ဘဲ Raspberry Pi ၏ IP Address သည် 192.168.1.2 ဖြစ်သွားမည် ဖြစ်ပါသည်။ ပိုမို သေချာစေရန် ifconfig command သုံး၍ IP Address အား စစ်ဆေးကြည့်ပါ။ ထို့နောက် Gateway Address 192.168.1.1 အား ping ပြုလုပ်၍ အတည်ပြုနိုင်ပါသည်။
Raspberry Pi ပေါ်တွင် TightVNCserver အား install ပြုလုပ်ခြင်း
ယခုအခါ  GUI ဖြင့် အသုံးပြုနိုင်ရန်အတွက် tightvncserver ကို install ပြုလုပ်ရမည် ဖြစ်ပါသည်။ အသုံးပြုရမည့် command မှာ sudo apt-get install tightvncserver ဖြစ်ပါသည်။
ထို့နောက် tightvncserver ကို စတင်ရန် အတွက် sudo tightvncserver ဟူသော command ကို အသုံးပြုရမည် ဖြစ်ပါသည်။ ပထမဆုံးအကြိမ် စတင်အသုံးပြုရာတွင် Desktop အား access ပြုလုပ်ရန် စကားဝှက်တောင်းခံလာမည် ဖြစ်ပါသည်။ စကားဝှက်သည် စာလုံးရေ ၈ လုံးထက် မကျော်ရပါ။ View-only password သည် မလိုအပ်သဖြင့် n နှိပ်ကာ ကျော်သွားနိုင်ပါသည်။ ယခုအခါ tightvncserver သည် password သတ်မှတ်ပေးပြီး ချိတ်ဆက်အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
Start VNC automatically
Raspberry Pi ပါဝါ ပေးလိုက်တာနဲ့ အလိုအလျောက် tightvncserver ကို အလုပ်လုပ်စေဖို့ လိုအပ်ပါတယ်။ ဒါမှ မဟုတ်ရင် အမြဲတမ်း ssh ကနေ sudo tightvncserver command ကို အမြဲ run ပေးနေကြရမှာပါ။ ဒါကြောင့် tightvncserver အတွက် autorun ဖိုင် တစ်ခု တည်ဆောက်ပါမယ်။
sudo nano /etc/init.d/tightvncserver
ပေါ်လာတဲ့ nano editor ထဲမှာ အောက်ပါ ကုဒ်များကို ရေးထည့်ပေးရပါမယ်။
# First configure the user you want to run this under - this will generally be pi, unless you've created your own users
export USER='pi'
eval cd ~$USER
# Check the state of the command - this'll either be start or stop
case "$1" in
  start)
    # if it's start, then start vncserver using the details below
    su $USER -c '/usr/bin/vncserver :1 -geometry 1280x800 -depth 16 -pixelformat rgb565'
    echo "Starting vncserver for $USER "
    ;;
  stop)
    # if it's stop, then just kill the process
    pkill Xtightvnc
    echo "vncserver stopped"
    ;;
  *)
    echo "Usage: /etc/init.d/vncserver {start|stop}"
    exit 1
    ;;
esac
exit 0
ပြီးရင် Ctrl+X ကိုနှိပ်ပြီး Y ကိုနှိပ်ခြင်းဖြင့် startup file ကို သိမ်းဆည်းနိုင်ပါပြီ။
နောက်တစ်ခုက အဲဒီ startup file ကို run လို့ ရအောင် အောက်ပါ command သုံးပြီး ပြင်ဆင်ပေးရပါမယ်။
sudo chmod 755 /etc/init.d/tightvncserver
အဲဒီဖိုင်ကို startup sequence ထဲ ထည့်ဖို့အတွက်ကတော့ အောက်ပါ command ကို နောက်ဆုံး run ပေးရပါမယ်။
sudo update-rc.d tightvncserver defaults
အခုဆိုရင် Raspiberry Pi စတက်တာနဲ့ VNC Viewer ကနေတဆင့် ချိတ်ဆက်ရန် အသင့် ဖြစ်နေပါပြီ။
Raspberry Pi ၏ tightvncserver ကို ကွန်ပျူတာမှတဆင့် ဆက်သွယ် ထိန်းချုပ် အသုံးပြုနည်း
ကွန်ပျူတာပေါ်တွင် tightvnc အား install ပြုလုပ်ပါမည်။
TightVNC ဆော့ဖ်ဝဲသည် windows ကွန်ပျူတာပေါ်တွင် viewer သာမက server ပါ တင်ပေးခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ windows ကွန်ပျူတာပေါ်မှနေ၍ Raspberry Pi အား ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်သလို ၎င်းကွန်ပျူတာကိုလည်း အခြားကွန်ပျူတာ တစ်လုံးပေါ်မှ ချိတ်ဆက် ထိန်းချုပ်အသုံးပြုနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အောက်ဖေါ်ပြပါ ပုံသည် ၎င်းကွန်ပျူတာအား အခြားကွန်ပျူတာများမှ ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်စေရန် server setting များ ပြုလုပ်ပေးရသည့် screen ပုံဖြစ်ပါသည်။
အနီရောင် ပြထားသော နေရာသည် အခြားကွန်ပျူတာမှ ချိတ်ဆက်ရန် လိုအပ်သည့် စကားဝှက်ထည့်သွင်းရမည့် နေရာ ဖြစ်ပါသည်။ အစိမ်းရောင် ပြထားသည့် နေရာမှာ မသက်ဆိုင်သူများက server setting အား ဝင်ရောက်ပြင်ဆင်ခြင်း မပြုနိုင်စေရန် administrative password ပြုလုပ်ထားနိုင်သည့် နေရာပင် ဖြစ်ပါသည်။ အကယ်၍ ၎င်းကွန်ပျူတာသည် Raspberry Pi အား ချိတ်ဆက် ထိန်းချုပ် အသုံးပြုရန်အတွက်သာ ရည်ရွယ်ထားပါက ခရမ်းရောင်ဝိုင်းပြထားသော Do not change ကို ရွေးချယ်ပေးနိုင်ပါသည်။
Raspberry Pi နှင့် ချိတ်ဆက်ထိန်းချုပ်နိုင်ရန် ပုံတွင် ပြထားသည့် TightVNC Viewer ကို ဖွင့်ပါ။ Remote Host နေရာတွင် Raspberry Pi ၏ IP Address:1 ပုံစံ ရိုက်ထည့်ပါ။ ဥပမာ - 192.168.1.2:1 ။ ထို့နောက် Connect ကို နှိပ်ပါ။ 
အောက်ပါပုံကဲ့သို့ Vnc Authentication dialog box ပေါ်လာမည်ဖြစ်ပါသည်။ Password နေရာတွင် tightvncserver ကို Raspiberry Pi တွင် ပထမဆုံး run စဉ်က ပေးထားခဲ့သည့် စကားဝှက်ကို ထည့်သွင်းပေးပါ။
     စကားဝှက်မှန်ကန်ပါက ကွန်ပျူတာပေါ်တွင် Raspberry Pi ၏ Desktop ကို ပုံပါအတိုင်း တွေ့မြင် ထိန်းချုပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ 
iOS သို့မဟုတ် Android devices များမှ တဆင့် Raspberry Pi အား ချိတ်ဆက်နည်း
Raspberry Pi ကို iOS devices ဒါမှမဟုတ် Android devices တွေကလည်း ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။ iPhone နဲ့ ဖြစ်စေ၊ iPad နဲ့ဖြစ်စေ Android Phone တွေနဲ့ Tablet တွေနဲ့ဖြစ်စေ အသုံးပြုနည်းများကို တင်ပြပေးသွားမှာပါ။
iOS 8
ပထမဆုံး မိမိတို့ iPhone သို့မဟုတ် iPad ရဲ့ App Store ကနေ SSH နဲ့ VNC server တွေကို ချိတ်ဆက်နိုင်ဖို့ app တွေ ရှာဖွေပြီး install လုပ်ထားဖို့ လိုပါမယ်။ လက်ရှိ ကျွန်တော် အသုံးပြုနေတဲ့ app လေးတွေကတော့ SSH အတွက် Serverauditor နဲ့ VNC အတွက် VNC Viewer app လေးတွေပဲ ဖြစ်ပါတယ်။ Apple Application Store မှာ နောက်ထပ် အခမဲ့ရတဲ့ networking apps လေးတွေ အများအပြားရှိပါတယ်။ အောက်က ပုံမှာ app အချို့ကို နမူနာ ပြပေးထားပါတယ်။
     iOS8 မှာ ကျွန်တော် အဓိက တွဲဘက် အသုံးပြုတဲ့ app သုံးခုကတော့ အောက်မှာ ဖေါ်ပြထားတဲ့ Fing, Serverauditor နဲ့ VNC Viewer တို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့ကို Application store မှာ အခမဲ့ ရယူနိုင်ပါတယ်။
Fing
     Fing ကတော့ အခြေခံအကျဆုံး app ဖြစ်ပြီး အခြား app တွေနဲ့ပါ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ အနီရောင် ကွင်းခတ်ပြထားသလို IP Address နဲ့အတူ Raspberry Pi Foundation ဆိုပြီး ပြသပေးနိုင်တာကြောင့် မိမိတို့ Raspberry Pi ကို အလွယ်တကူ ရှာဖွေနိုင်တာပဲ ဖြစ်ပါတယ်။ အောက်မှာ Fing ကနေ Scan လုပ်ပြထားပါတယ်။
     Raspberry Pi ကို ရှာတွေ့တဲ့အခါ click လုပ်လိုက်ပါ။ အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မည်။
     Scan Services မှာ 4 services ဆိုပြီး ပေါ်နေတာ တွေ့ရပါလိမ့်မယ်။ Click ပြုလုပ်လိုက်ပါ။ အောက်ပါပုံအတိုင်း ချိတ်ဆက်နိုင်တဲ့ Services အမျိုးအစားများကို ပြသပေးမှာ ဖြစ်ပါတယ်။
     အဲဒီ services လေးမျိုးအနက် သုံးမျိုးကို ချိတ်ဆက်လို့ရပါတယ်။ ဒီဥပမာမှာတော့ 22 ssh နဲ့ 5901 vnc-1 တို့ကို ချိတ်ဆက်ပြမှာ ဖြစ်ပါတယ်။ မြားပြထားတဲ့ နေရာတွေကို click ပြုလုပ်မယ်ဆိုရင် သက်ဆိုင်ရာ app တွေကို ချိတ်ဆက်နိုင်တဲ့ menu တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ မိမိ install လုပ်ထားတဲ့ app ကို ရွေးချယ်ပြီး ချိတ်ဆက်နိုင်ပါတယ်ခင်ဗျာ။ ပထမဦးဆုံး ssh ကို ရွေးချယ်မှာ ဖြစ်ပါတယ်။
     စကားဝှက်ထည့်သွင်းပေးပြီးရင် Connect ပြုလုပ်လို့ရပြီဖြစ်ပါတယ်။ စကားဝှက် မှန်ကန်ခဲ့လျှင် အောက်ပါပုံအတိုင်း Raspberry Pi ရဲ့ command shell ပေါ်လာမှာ ဖြစ်ပါတယ်။ အထက်မှာ ဖေါ်ပြထားခဲ့တဲ့ ကွန်ပျူတာ အသုံးပြု ချိတ်ဆက်စဉ်က process များအတိုင်း update လုပ်ခြင်းနဲ့ tightvncserver အပါအဝင် လိုအပ်တဲ့ software များ install ပြုလုပ်ပေးရပါမယ်။
     Raspberry Pi ကို VNC နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Fing ရဲ့  5901 vnc-1 service ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ထိုအခါ အောက်ပါအတိုင်း vnc ကိုဖွင့်ဖို့ menu နှစ်ခုပေါ်လာတဲ့အခါမှာ Open with vnc ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။
     VNC Viewer app ပွင့်လာမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် VNC Viewer app ကို သီးသန့်ခေါ်ယူ အသုံးပြုနိုင်ပါသေးတယ်။ Confirmation dialog box မှာ OK ကို click နှိပ်ပေးလိုက်ပါ။
   VNC connection ဟာ Encryption ပြုလုပ်မထားဘူး ဆိုတာကို သတိပေးတဲ့ စာတန်းတွေ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။
     Connect ကိုသာ ရွေးချယ်ပေးလိုက်ပါ။ VNC connection အတွက် လိုအပ်တဲ့ စကားဝှက်ကို တောင်းခံလာပါလိမ့်မယ်။
     စကားဝှက်ထည့်သွင်းပြီး Done ကို နှိပ်လိုက်ပါ။ စကားဝှက် မှန်ကန်သွားလျှင် အောက်ပါအတိုင်း Raspberry Pi ကို ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ်။
Android OS
APK FOR NETWORKING
     SSH, VNC စတာတွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်တဲ့ apk များကို Google play store ကနေ ရယူလိုက်ပါ။
     ပုံမှာပြထားတဲ့ အတိုင်း apk အများအပြားကို အခမဲ့ ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အဓိက အသုံးပြုမယ့် apk နှစ်ခုကတော့ ConnectSSH နဲ့ VNC Viewer တွေပဲဖြစ်ပါတယ်။ ချိတ်ဆက်ပုံ ချိတ်ဆက်နည်း တွေက အထက်မှာ ရှင်းပြခဲ့ပြီးတဲ့ iOS app တွေနဲ့ ဆင်တူပြီး အောက်မှာ ပုံတွေနဲ့ ရှင်းလင်း ပြသပေးထားပါတယ်။ အခုဆိုရင် Android device တွေမှာလည်း Raspberry Pi ကို SSH နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အထက်မှာ ဖေါ်ပြထားခဲ့တဲ့ ကွန်ပျူတာ အသုံးပြု ချိတ်ဆက်စဉ်က process များအတိုင်း update လုပ်ခြင်းနဲ့ tightvncserver အပါအဝင် လိုအပ်တဲ့ software များ install ပြုလုပ်ပေးရပါမယ်။ အားလုံး ပြီးစီးသွားတဲ့ အခါမှာ VNC Viewer app ကနေ ချိတ်ဆက်ပြီး ထိန်းချုပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
SSH ချိတ်ဆက် အသုံးပြုပုံ အဆင့်ဆင့်
VNC ချိတ်ဆက် အသုံးပြုပုံ အဆင့်ဆင့်
 နိဂုံး
Raspberry Pi တစ်လုံးအား network ကနေတဆင့် headless အသုံးပြုပုံများကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားတင်ပြပေးထားပါတယ်။ Android ဖုန်းတစ်လုံး ဒါမှ မဟုတ် iPhone တစ်လုံး ရှိရုံနဲ့ Raspberry Pi ကို ချိတ်ဆက် ထိန်းချုပ် အသုံးပြုနိုင်တာကြောင့် မဖြစ်မနေ လေ့လာထားရမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ App တွေကတော့ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲ တိုးတက်လာနိုင်ပါတယ်။ Raspberry Pi အနေနဲ့လဲ အများကြီး တိုးတက် ပြောင်းလဲလာဦးမှာပါ။ နောင်တစ်ချိန်မှာ Linux သာမက Windows တွေကိုပါ Raspberry Pi ပေါ်မှာ run နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုပုံ နည်းလမ်းတွေ အနည်းငယ် ပြောင်းလဲသွားနိုင်ပေမယ့် ချိတ်ဆက် လုပ်ဆောင်မှု သဘောသဘာဝတွေ ကတော့ တူညီနေဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင် နိဂုံးချုပ်လိုက်ရပါတယ်။
Dr. အောင်ဝင်းထွဋ်(BluePhoenix)
ရည်ညွှန်းကိုးကားချက်များ
1. http://www.howtogeek.com/124849/how-to-remote-control-your-home-computer-from-anywhere-with-vnc/#
2. http://www.noveldevices.co.uk/rp-hostname
3. https://learn.adafruit.com/adafruit-raspberry-pi-lesson-7-remote-control-with-vnc/overview
4. http://myraspberrypiexperience.blogspot.co.uk/2012/08/My%20Raspberry%20Pi%20Experience%20%20Start%20VNC%20automatically.html
                        Credit :  Dr. အောင်ဝင်းထွဋ်(BluePhoenix)