Popular Posts

Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

Wednesday, June 29, 2016

Gamer တစ်ယောက်ဖြစ်ခြင်းရဲ့ ကျန်းမာရေး အကျိုး ၅ ခု


Image result for video gamer
ဗီဒီယိုဂိမ်းတွေဆော့တယ်ဆိုတာ အချိန်ဖြုန်းနေတာပဲ၊ အကြမ်းဖက်သတ်ဖြတ်ချင်စိတ်တွေ ဦးတည်တယ်ဆိုတဲ့ ခေတ်တွေ ကျန်ခဲ့ပါပြီ။ Gamer တစ်ယောက်မှာလည်း သူ့ ကိုယ်ပိုင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ယုံကြည်လာအောင် သိပ္ပံပညာက ယုတ္တိရှိတဲ့ အကြောင်းပြချက် လုံလုံလောက်လောက် သယ်ဆောင်လာပါပြီ။ ကဲ Gamer တို့ ဖတ်ကြည့်ရအောင်။


၁။ ကိုယ်လက်ကြံ့ခိုင်မှုကို မြှင့်တင်ပေးတယ်။

တကယ်လို့ ခင်ဗျားဟာ တစ်နေကုန် ဖင်ချထိုင်ပြီး ဂိမ်းဆော့နေတဲ့လူဆိုရင်တော့ ဘယ်အရာကမှ ခင်ဗျားကို မကယ်တင်နိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားမှုအသားပေးဂိမ်းတွေကို အကူပစ္စည်းနဲ့ ဆော့ရတဲ့ Nintendo Wii, Playstation Move နဲ့ Xbox Kinect တို့ ဆော့မယ်ဆိုရင်တော့ ပျော်ရမယ့် အချက်လေးတွေရှိပါတယ်။ လှုပ်ရှားမှုဂိမ်းတွေဟာ ကိုယ်လက်ကြံ့ခိုင်မှုအပြင် ပေါ့ပါးဖျတ်လတ်မှုတို့ အတွက် လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ပေးလိုက်ပါပြီ။ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်းအား ဖြင့် သင့်ရဲ့ ကိုယ်လက်ကြံ့ခိုင်မှုအခြေအနေကို တိုးတက်စေနိုင်ပါတယ်။

၂။ ဥာဏ်ရည်ဥာဏ်သွေး နဲ့ တုံ့ ပြန်မှု စွမ်းရည်ကို မြင့်တက်စေတယ်။

သင့်ရဲ့ ဂိမ်းကစားတဲ့အရည်အချင်းတွေကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်မယ်ဆိုရင် သင့်ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အမြင့်ဆုံးရောက်အောင်လုပ်နိုင်ပါတယ်။ Gamer တစ်ယောက်ဟာ မှတ်ဥာဏ်စူးရှဖို့ လိုပြီး တခြား အကျိုးလည်း ရနိုင်ပါသေးတယ်။ ဂိမ်းကစားခြင်းဟာ မှတ်ဥာဏ်တွေကို စူးရှစေယုံမက သင့်ရဲ့ တုံ့ ပြန်နိုင်မှု စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဂိမ်းကစားတာဟာ သင့်ရဲ့ ဦးနှောက်ကို ထက်မြက်လာအောင်လို့  လေ့ကျင့်မောင်းနှင်နေတာနဲ့ တူပါတယ်။

၃။ အမြင်အာရုံစူးစိုက်နိုင်မှု တိုးတက်ကောင်းမွန်စေတယ်။

ဂိမ်းထဲမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုမရှိဘဲ သင်ကစားနေတဲ့ ဂိမ်းကို အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဗီဒီယိုဂိမ်းတွေဟာ အမြင်အာရုံချို့ တဲ့နေတဲ့လူတွေမှာ အမြင်အာရုံပြန်လည်ရရှိလာစေတယ်ဆိုတဲ့  အကြောင်း သုတေသနပြုလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ လှုပ်ရှားပြီးဂိမ်းကစားခြင်းက အာရုံစူးစိုက်နိုင်မှု မြင့်တက်စေတယ်တဲ့အချက်ကို စစ်ဘက်ဆိုင်ရာအတွက် စစ်သားတွေကို လေ့ကျင့်ပေးတဲ့နေရာမှာတောင် အသုံးဝင်လာပါပြီ။

 ၄။ စိတ်ကျမှုကို တိုက်ဖျက်ပေးတယ်။

ကျည်ဆံသံတွေ၊ အရှိန်အမြင့်ဆုံးနဲ့ ပြိုင်နေတဲ့ ကားတွေရဲ့ အသံလောက် ဘယ်ဂီတကမှ ယောင်္ကျားတစ်ယောက်အတွက် ပိုမကောင်းနိုင်ပါဘူး။ လေ့လာမှုတွေအရ ဂိမ်းကစားတာဟာ စိတ်ကျရောဂါဝင်ရောက် မှုနဲ့ ဖိအားတွေကို အမှန်တကယ် တိုက်ဖျက်နိုင်တယ်လို့ သိရပါတယ်။

၅။ သင့်ရဲ့ အိပ်မက်တွေကို ထိန်းချုပ်နိုင်တယ်။

များသောအားဖြင့် ဗီဒီယိုဂိမ်းတွေဆိုတာ စိတ်ကူးစိတ်သန်းတွေ ကွန့် မြူးရာ နယ်ပယ်တွေပါပဲ။ ဂိမ်းထဲမှာ ဖြစ်ပျက်နေသမျှ အခြေအနေအားလုံးကို ထိန်းချပ်ရတဲ့ နေရာမှာ သင်ကိုယ်တိုင် ပါဝင်ရပါတယ်။ ဒါကြောင့် ညတိုင်းမက်တဲ့ အိပ်မက်တွေကိုတွေ သင်ကိုယ်တိုင် ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ဖြစ်နိုင်ရင် အိပ်မက်ဆိုးတွေကိုတောင် ချောင်ထိုးထားနိုင်ပါတယ်။


Credit:ThitHtooLwin

Google က စွမ်းဆောင်ရည်မြင့် လူသားစက်ရုပ်တီထွင်ဖို့ ပြင်ဆင်နေ


Image result for Terminator
 နည်းပညာနာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Google ကတော့ စွမ်းဆောင်ရည်မြင့် လူသားပုံစံစက်ရုပ်တစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ Terminator ဇာတ်ကားထဲက စက်ရုပ်လိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ စက်ရုပ်ပရောဂျက်ကို Google က ကြံရွယ်နေတာဖြစ်ပြီး လူသားတွေနဲ့ တစ်ထေရာတည်းတူနိုင်ဖို့အတွက် အဆင့်မြင့် ဆီလီကွန်နည်းပညာတစ်ခုကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီစက်ရုပ်ကိုတော့ Google ရဲ့ Deep Mind အဖွဲ့(AI ပရိုဂရမ်ရေးဆွဲသောအဖွဲ့) ကပဲ တာဝန်ယူတည်ဆောက်သွားမှာဖြစ်ပြီး လူသားတွေရဲ့ လူနေမှုစရိုက်ကို သတ္တုစက်ရုပ်တစ်ခုနဲ့ အစားထိုးရင် အမှားတွေ့နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ လောလောဆယ်မှာတော့ စက်ရုပ်အတွက် ပြဿနာဖြေရှင်းနည်းတွေကို Google ရဲ့ အကြမ်းဖျင်းအတွေ့အကြုံနဲ့ အချက်အလက်တွေကနေ ထုတ်လုပ်ဖို့ စီစဉ်နေပြီး လူသားတွေရဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးရမယ်ဆိုတာတွေကို စဉ်ဆက်မပြတ်သင်ယူသွားနိုင်မယ့် အလားအလာမှာရှိနေပါတယ်။

တီထွင်လေ့လာသူတွေကတော့ ဒီစက်ရုပ်ကို လူသားစိတ်ကြိုက်ထိန်းလို့ရနိုင်မှာဖြစ်ပြီး လူသားတွေတွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေရှင်းပေးရမယ်ဆိုတာ သိရှိတဲ့ အဆင့်မြင့်စက်ရုပ်ဖြစ်လာမှာပါလို့ ဆိုပါတယ်။

Credit:ThitHtooLwin