Popular Posts

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, June 29, 2016

Gamer တစ်ယောက်ဖြစ်ခြင်းရဲ့ ကျန်းမာရေး အကျိုး ၅ ခု


Image result for video gamer
ဗီဒီယိုဂိမ်းတွေဆော့တယ်ဆိုတာ အချိန်ဖြုန်းနေတာပဲ၊ အကြမ်းဖက်သတ်ဖြတ်ချင်စိတ်တွေ ဦးတည်တယ်ဆိုတဲ့ ခေတ်တွေ ကျန်ခဲ့ပါပြီ။ Gamer တစ်ယောက်မှာလည်း သူ့ ကိုယ်ပိုင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ယုံကြည်လာအောင် သိပ္ပံပညာက ယုတ္တိရှိတဲ့ အကြောင်းပြချက် လုံလုံလောက်လောက် သယ်ဆောင်လာပါပြီ။ ကဲ Gamer တို့ ဖတ်ကြည့်ရအောင်။


၁။ ကိုယ်လက်ကြံ့ခိုင်မှုကို မြှင့်တင်ပေးတယ်။

တကယ်လို့ ခင်ဗျားဟာ တစ်နေကုန် ဖင်ချထိုင်ပြီး ဂိမ်းဆော့နေတဲ့လူဆိုရင်တော့ ဘယ်အရာကမှ ခင်ဗျားကို မကယ်တင်နိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားမှုအသားပေးဂိမ်းတွေကို အကူပစ္စည်းနဲ့ ဆော့ရတဲ့ Nintendo Wii, Playstation Move နဲ့ Xbox Kinect တို့ ဆော့မယ်ဆိုရင်တော့ ပျော်ရမယ့် အချက်လေးတွေရှိပါတယ်။ လှုပ်ရှားမှုဂိမ်းတွေဟာ ကိုယ်လက်ကြံ့ခိုင်မှုအပြင် ပေါ့ပါးဖျတ်လတ်မှုတို့ အတွက် လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ပေးလိုက်ပါပြီ။ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်းအား ဖြင့် သင့်ရဲ့ ကိုယ်လက်ကြံ့ခိုင်မှုအခြေအနေကို တိုးတက်စေနိုင်ပါတယ်။

၂။ ဥာဏ်ရည်ဥာဏ်သွေး နဲ့ တုံ့ ပြန်မှု စွမ်းရည်ကို မြင့်တက်စေတယ်။

သင့်ရဲ့ ဂိမ်းကစားတဲ့အရည်အချင်းတွေကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်မယ်ဆိုရင် သင့်ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အမြင့်ဆုံးရောက်အောင်လုပ်နိုင်ပါတယ်။ Gamer တစ်ယောက်ဟာ မှတ်ဥာဏ်စူးရှဖို့ လိုပြီး တခြား အကျိုးလည်း ရနိုင်ပါသေးတယ်။ ဂိမ်းကစားခြင်းဟာ မှတ်ဥာဏ်တွေကို စူးရှစေယုံမက သင့်ရဲ့ တုံ့ ပြန်နိုင်မှု စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဂိမ်းကစားတာဟာ သင့်ရဲ့ ဦးနှောက်ကို ထက်မြက်လာအောင်လို့  လေ့ကျင့်မောင်းနှင်နေတာနဲ့ တူပါတယ်။

၃။ အမြင်အာရုံစူးစိုက်နိုင်မှု တိုးတက်ကောင်းမွန်စေတယ်။

ဂိမ်းထဲမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုမရှိဘဲ သင်ကစားနေတဲ့ ဂိမ်းကို အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဗီဒီယိုဂိမ်းတွေဟာ အမြင်အာရုံချို့ တဲ့နေတဲ့လူတွေမှာ အမြင်အာရုံပြန်လည်ရရှိလာစေတယ်ဆိုတဲ့  အကြောင်း သုတေသနပြုလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ လှုပ်ရှားပြီးဂိမ်းကစားခြင်းက အာရုံစူးစိုက်နိုင်မှု မြင့်တက်စေတယ်တဲ့အချက်ကို စစ်ဘက်ဆိုင်ရာအတွက် စစ်သားတွေကို လေ့ကျင့်ပေးတဲ့နေရာမှာတောင် အသုံးဝင်လာပါပြီ။

 ၄။ စိတ်ကျမှုကို တိုက်ဖျက်ပေးတယ်။

ကျည်ဆံသံတွေ၊ အရှိန်အမြင့်ဆုံးနဲ့ ပြိုင်နေတဲ့ ကားတွေရဲ့ အသံလောက် ဘယ်ဂီတကမှ ယောင်္ကျားတစ်ယောက်အတွက် ပိုမကောင်းနိုင်ပါဘူး။ လေ့လာမှုတွေအရ ဂိမ်းကစားတာဟာ စိတ်ကျရောဂါဝင်ရောက် မှုနဲ့ ဖိအားတွေကို အမှန်တကယ် တိုက်ဖျက်နိုင်တယ်လို့ သိရပါတယ်။

၅။ သင့်ရဲ့ အိပ်မက်တွေကို ထိန်းချုပ်နိုင်တယ်။

များသောအားဖြင့် ဗီဒီယိုဂိမ်းတွေဆိုတာ စိတ်ကူးစိတ်သန်းတွေ ကွန့် မြူးရာ နယ်ပယ်တွေပါပဲ။ ဂိမ်းထဲမှာ ဖြစ်ပျက်နေသမျှ အခြေအနေအားလုံးကို ထိန်းချပ်ရတဲ့ နေရာမှာ သင်ကိုယ်တိုင် ပါဝင်ရပါတယ်။ ဒါကြောင့် ညတိုင်းမက်တဲ့ အိပ်မက်တွေကိုတွေ သင်ကိုယ်တိုင် ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ဖြစ်နိုင်ရင် အိပ်မက်ဆိုးတွေကိုတောင် ချောင်ထိုးထားနိုင်ပါတယ်။


Credit:ThitHtooLwin

နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်းလမ်း ၁၀ ခု


တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင်  ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင်ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေပါတယ်။

နည်းလမ်း (၁)
သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီးပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါးထည့်စားပါ။

နည်းလမ်း (၂)   
သင် အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင်စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့စားပေးပါ။

နည်းလမ်း (၃)
သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေဝါးပေးတာက ညစာ လျှော့စားမိစေပါတယ်။

နည်းလမ်း (၄)
စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက်ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ်မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲအာရုံစိုက်ပြီး စားပေးပါ။

နည်းလမ်း (၅)
ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာကြည့်တဲ့အခါ ယောဂ လေ့ကျင့်သူတွေဟာ အစားအသောက် စားရာမှာလည်း သတိထားပြီး စားသောက်တဲ့အကျင့် ရသွားပြီး အစားအသောက်တွေကို အလွန်အမင်း ပြည့်အင့်တဲ့အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလာတာကြောင့်လို့ ဆိုပါတယ်။

နည်းလမ်း (၆)
ဝက်ဆားနယ်ခြောက်စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ်စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစားအသောက်ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချနိုင်ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)
ကောက်နှံတစ်ခုလုံးကို စားသုံးပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွနစေပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပထားတဲ့ အစားအသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

နည်းလမ်း (၈)
အချိုရည်တွေ သောက်မယ့်အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာထက သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသားဖြစ်စေပါတယ်။ ရေပဲသောက်ရတာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အနည်းငယ်ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

နည်းလမ်း (၉)
ညစဉ်အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းစေတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန်ပိုယူတာက အကျိုးသက်ရောက်မှု ရှိစေပါတယ်။

နည်းလမ်း (၁၀)
အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်းစားပါ။ ဒါဟာ ရှင်းလင်းလွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်းတစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံစားသုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ်သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ဆီ ပို့ဆောင်တဲ့နေရာကို ပိတ်ဆို့လိုက်တာကြောင့် အစာပိုစားမိစေပါတယ်။

Credit  : Shwe Beauty