မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီတစ်ခါတော့ Microsoft Windows တွေကိုတစ်ခါတင်ထားပြီးရင်ထပ်တင်စရာမလိုတဲ့
Windows တစ်ခုလုံး ကို Windows ခွေ မလို ၊ တခြား System Recovery Boot
ခွေတွေ တစ်ခုမှမလိုတဲ့ အလွယ်ကူဆုံး One Key Recovery Restore
အလွယ်လုပ်နည်းလေး လမ်းညွန့်လိုက်ပါတယ်။ Computer Service သမားတွေကတော့ One
Key Recovery ဆို ကြားဖူးကြမှာပါ။အခုနောက်ပိုင်း Laptop တွေ ၀ယ်ရင်
Original Recovery ပါတဲ့ Windows တွေမြင်ဖူးကြမှာပါ။ Dell ၊ Lenovo ၊ Acer ၊
Laptop တွေ အသီးသီးမှာ ပါတဲ့အတိုင်း Recovery ပုံစံမျိုးနဲတူတူပါပဲ။User
Guide & Software ကော တင်ပေးလိုက်ပါတယ်။ကျွန်တော် တင်ပေးလိုက်တဲ့ EBook
အသစ်တွေ့လေ့လာပြီး ကောင်းကောင်း အသုံးချနိုင်ရင်
ကျေနပ်ပါပြီးဗျာ။မိတ်ဆွေများအားလုံး 2016 နှစ်သစ်မှာ 100% စိတ်ရောကိုယ်ပါ
အကြံသစ်၊ဥာဏ်အသစ်တွေနဲကျန်းမာ ပျော်ရွင်ကြပါစေခင်ဗျာ။
Popular Posts
-
ကျားဆော့တာကတော့ မြန်မာတွေ အတော်များများ ဆော့ဖူးမှာပါ ဒီဆော့ဝဲက ကျားထိုးတာဝါသနာပါသူတွေအတွက် အဆင်ပြေတယ် ခေါင်းစားရတယ်လေ စဉ်းစားပ...
-
မင်္ဂလာပါ ကျနော် ဒီနေ့တင်ပေးလိုက်တဲ့ postလေးက ကျနော့်ဘော်ဘော်တွေ အမေးများနေလို့ Root မလိုပဲ Coc မြန်မာစာမရသူများအတွက်ပါ ဒီတစ်ခ...
-
No Title Singer Listen/Download Size 1 ပြောပေးကြပါ ဟန်ထူးလွင် Click Here !! 2.00 MB 2 ငါတို့ဝေး လွှမ်းပိုင် Click Here !...
-
ဒီဟာလေးကို တွေ့ မှပဲ ဇာတ်လမ်းကောင်းတာတွေ မြန်မာလို ကြည့်ရတော့တယ် ဇာတ်လမ်းတွေ အတော်လေးစုံပါတယ် ။ ပြည်သူ့ တရားရှင် ပေါင်ချိန်ကားတေ...
-
အခြေခံ အီလက်ထရွန်းနစ် နည်းပညာ လေ့လာလိုသူအတွက်စာအုပ် Download - www.mediafire.com -မြန်မာပြန်အခြေခံစာအုပ်
-
မြန်မာစာအုပ်တွေ လိုချင်တဲ့သူများအတွက် သူငယ်ချင်းများ အားလုံးမင်္ဂလာပါ... ကျွန်တော် တစ်နေ့က Free download ဆွဲလို့ရတဲ့ ဆိုဒ်(၁၈)ခု...
-
SONY OFFICIAL FIRMWARE တွေ စုစည်းဖော်ပြပေးးလိုက်ပါတယ် CREDIT >> MMUG & KO BOBO << Innocent Love လိုအပ်မယ်ထင်ပ...
-
www.linwin22.blogspot.com Download - InDesign CS3 (www....
-
27 seagames အ တွက် အလွန် အသုံး ဝင် တဲ့ application မ ရှိ မ ဖြစ် ဆောင် ထား သင့် တဲ့ အ ရာ လေး နော် အား လုံး မင်္ဂလာ ပါ ခင် ဗျာ ဗမာ ပြ...
Showing posts with label windows ဆိုင်ရာ. Show all posts
Showing posts with label windows ဆိုင်ရာ. Show all posts
Tuesday, May 31, 2016
ကွန်ပြူတာများအတွက်shortcut keysစုစည်းမှု
shortcut keys
Short-cuts key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှုံ့ပြီး လိုတဲ့ နေရာ ရောက်အောင် သွားနိုင်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။
အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။
ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို click နှိပ်ရင် ပွင့်ပါတယ်။ ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့် ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။ Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ’start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။ ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။ လူသိ အများဆုံး shortcuts key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။
Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။
Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။
F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + C - မိတ္တူ ပွားပေး ပါမယ်။
Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။
Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။
Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။
ှShift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။
General Keyboard
F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။
Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen - Multiple Doc**ent Interface ကို ပြသ ပေးတယ်။
Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။
Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။
Selected objects & shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။
F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။
Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။
Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။
Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။
Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။
မည်သည့်ကွန်ပျူတာမဆို မြန်မာစာ နှင့် မြန်မာ Keyboard ထည့်သွင်းနည်း (For All Window)
ကွန်ပျူတာပေါ်မှ မြန်မာစာအဆင်မပြေသမျှကို စုစည်းပေးလိုက်ပါတယ်..။
မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာထည့်ချင်လို့ပဲဖြစ်ဖြစ် ပထမဆုံး... သိထားရမှာက.... မိမိကွန်ပျူတာဟာ 32Bit Operating System လား ? 64Bit Operating System လား ? ဆိုတာ သိထားဖို့လိုပါမယ်..။
တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့ 64Bit ပါ..
ကဲ.... 32Bit Operating System (Or) 64Bit Operating System ဆိုတာ သိပြီးပြီဆိုရင်.. မြန်မာ Font ကို စ,တင် Install လုပ်နိုင်ပါပြီ...
ပထမဆုံး လိုအပ်တဲ့...
ဒေါင်းလို့ရလာတဲ့ Zawgyi Font Installer လေးကို Double Click နဲ့ Run လိုက်ပါ...
ပထမဆုံး လိုအပ်တဲ့...
Zawgyi Font Installer လေးကို ဒီနေရာကိုနှိပ်ပြီး ဒေါင်းယူပါ...
[Zawgyi Font ရော Keyboard
ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ.... 32Bit Operating System မှာရော 64Bit Operating System မှာပါ
အသုံးပြုနိုင်ပါတယ်။Window
XP,Vista ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်ပါတယ်.. ညီလေး Phyo Zin Linn ဖန်တီးထားတာဖြစ်ပါတယ်]
Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...
Next
Next
Finish
==>XXX====>XXXXX====>XXX===>>
Next
Next
Next
Finish
သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။
==>XXX====>XXXXX====>XXX===>>
တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
Install Keyboard ကို ဆက်နှိပ်ပေးကာ Next နဲ့ Install လုပ်ပေးပါ...
ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
စက်ပြန်တတ်လာတဲ့အခါ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့ Keyboard ကို ခေါ်မရတာမျိုးဖြစ်နေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Window Logo ပေါ်ကို Right Click နှိပ်ပြီး Control Panel ကိုရွေးပါ......
Category ကို နှိပ်ပြီး Large icon ကို ရွေးပါ... (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
Language ကို နှိပ်ပါ...
Advanced settings ကို ထပ်နှိပ်ပါ...
Override for default input method အောက်မှ English (United States) ကို နှိပ်ပါ...
English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...
ပြီးရင် Save ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shift နှင့် Keyboard ကိုခေါ်ကာ မြန်မာလို ရေးနိုင်ပါပြီ။
=====XXXXXX=====
(26/5/2016 - 1:50AM Edited)
အိုင်တီ ရမ်းကု ဖန်တီးထားတဲ့ YS Easy Zawgyi Font Installer
လေးကိုတွေ့လို့ ထပ်ဖြည့်ပေးလိုက်ပါတယ်... အပေါ်က Zawgyi Installer လိုပဲ
အသုံးပြုနိုင်ပါတယ်... ထူးခြားတာကတော့ အားလုံး မြန်မာလိုရေးထားတာမို့
ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ... ဒီနေရာကို နှိပ်ပြီး==> ဒေါင်းယူနိုင်ပါတယ်..။
=====XXXXXX====
Window 8/8.1 နှင့် Window 10 မှာ မြန်မာစာမမှန်သေးရင်...
ဒီ Window 10 Font (New)==> ကို ဒေါင်းယူပြီး Zip ဖိုင်လ်ကိုဖြည်ကာ.. အထဲမှ Font နှစ်ခုစလုံးကို
Install လုပ်ပေးလိုက်ပါ...။ (32bit မှာရော 64 bit မှာပါ အလုပ်လုပ်ပါတယ်)
====XXXXXX====
ကွန်ပျူတာပေါ်မှာ မြန်မာလိုရေးဖို့အတွက် လက်ကွက် လေ့ကျင့်ချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပါ==>
=====XXXXXX=====
Window 7 မှာစာရိုက်ဖို့ Keyboard ခေါ်မရတာဆိုရင်တော့ ဒီနေရာကိုနှိပ်လိုက်ပါ==> အသေးစိတ်ရှင်းပြထားပါတယ်။
======XXXXXXX======
နောက်ထပ်...
မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....
********************
Window 8 / 8.1 / 10 တွေက Folder Name , Desktop Icon တွေမှာရေးမှတ်ထားတဲ့ မြန်မာစာတွေ မမှန်ရင် ၊ လေးထောင့်တုံးတွေဖြစ်နေရင် ဒီနေရာကိုနှိပ်လိုက်ပါ==> ဖေါ်ပြပါ Post ထဲကအတိုင်း လုပ်ဆောင်ပေးလိုက်ပါ ။
=====XXXXXXX=====
Window 7 မှာ Folder Name , Desktop Icon စ တဲ့နေရာတွေမှာ မြန်မာစာ မမှန်တာ ၊ လေးထောင့်တုံးတွေ ဖြစ်နေတာဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့်
Window Color
Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..
အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..
OK နဲ့ ထွက်လိုက်ပါ...။
အောက်ကပုံလေးအတိုင်း မြန်မာစာတွေ အဆင်ပြေသွားပါပြီ...။

=====XXXXXXX=====
နောက်တစ်ခုကတော့ ...
Internet Browser (IE,Chrome,Firefox) တွေက Menu , Message Box တွေမှာ မြန်မာစာတွေ ဖတ်မရဖြစ်နေတတ်ပါတယ်...
အဲ့ဒီ ပြဿနာကိုတော့...
စောစောကအတိုင်း Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့် Window Color ကနေ ဝင်ပြီး..
Menu နှင့် Mseeage Box ဆိုတဲ့ နေရာလေး နှစ်နေရာကို အပေါ်ကအတိုင်း Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။
Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...
Font မှာ Zawgyi-One ကို ရွေးပေးပါ...
နောက်တခါ... Menu မှ Message Box ကိုရွေးပါ....
Font မှာ Zawgyi-One ကို ရွေးပေးပါ...
အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....
ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu , Message Box တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။
=====XXXXXX=====
နောက်ထပ်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (??????) တွေချည်းဖြစ်နေတတ်တာပါ...
အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။
=====XXXXXX=====
Firefox Browser မှာ မြန်မာစာမမှန်ရင် ဒီနေရာကိုနှိပ်ပါ==> ရေးထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင်မပြေသေးရင် ဒီနေရာကိုနှိပ်လိုက်ပါ==> Video လေးကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်..။
======XXXXXXX======
Chrome Browser အတွက်ကိုတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>
======XXXXXXX======
Opera Browser အတွက်ကတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>
======XXXXXX======
အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက်
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့ ဒီနေရာကိုနှိပ်ပြီး==> ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)
လက်ကိုင်ဖုန်းကတဆင့်လေ့လာာချင်တယ်ဆိုရင် ဒီ App လေးကို==> ဒေါင်းယူပြီး Install လုပ်ပေးပါ..။
====XXXXXX====
ဒီ Font တွေကတော့ ကွန်ပျူတာတိုင်း ထည့်သွင်းထားသင့်တဲ့ Myanmar Font တွေပါ...
Myanmar Font For Window 10
====XXXXX====
Font တွေကို ထည့်သွင်းမယ်ဆိုရင် Double Click နှင့် Install ကို နှိပ်ပြီး ထည့်သွင်းပေးနိုင်ပါတယ်.။
ပုံပါအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ Install ဆိုတာလေးက ရေးရေးလေးပဲ ပေါ်နေတာဆိုရင် Font ကို ထည့်သွင်းပြီးသွားပါပြီ..။
=====XXXXX=====
Comment မှာ ပြောသွားလို့ပါ...
Win - researcher Font ဆိုတာကတော့... Zawgyi Font Support မလုပ်တဲ့နေရာမှာ ဒီ Win - researcher Font ကို အသုံးပြုနိုင်ပါတယ်။
Font သွင်းနည်းကတော့ အပေါ်မှာ ပြထားသလိုပဲ အလွယ်တကူသွင်းယူနိုင်ပါတယ်..
သွင်းချင်တဲ့ Font ကို Double Click (သို့) Click နှစ်ချက်နှိပ်ပြီး Install ကိုနှိပ်လိုက်ပါ..
Install လုပ်နေပါလိမ့်မယ်...
အပေါ်ကပုံလို Install နေရာလေးမှာ ခပ်ရေးရေးလေးပဲပေါ်နေပြီဆိုရင် Font သွင်းပြီးသွားပါပြီ..။
အခြား Font ထည့်သွင်းနည်းကတော့ Control Panel > Font Folder
မှတဆင့်သွင်းနိုင်ပါတယ်.. အခုဖေါ်ပြပေးတာကတော့ အလွယ်ကူဆုံးနည်းလမ်းကို
ဖေါ်ပြပေးတာပါ။
=====XXXXXX=====
Download YS Easy Zawgyi Font Installer (New) 32/64Bit ==>
Zawgyi Myanmar Font For Window 10 (New) 32/64Bit ==>
ဒီဇိုင်းသမားများ နှင့် စာစီစာရိုက် လုပ်ငန်းများအတွက် မြန်မာဒီဇိုင်းဖေါင့် အလှတွေကို ဒီနေရာမှာ==> နှင့် ဒီနေရာမှာ==> ဒေါင်းယူပါ။
X========XXXXXXXX=====XXXXXXXXXXXXXX=====XXXXXXXX========X
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း
ခင်မင်လျှက်
လင်းဝင်း(နည်းပညာ )
Monday, May 30, 2016
Windows 10 နှင့် ပတ်သက်၍ သိထားရမည့် အချက်များ (PDF)
ယခုအခါတွင် Windows 10 ကို အခမဲ့ download ပြုလုပ်၍ install ပြုလုပ်ထားသည့်
သူများသည် Windows ဗားရှင်းသစ်နှင့် ပတ်သက်၍ သတင်းအချက် အလက်များ
သိရှိလိုကြသည်။ ထို့ ကြောင့် သုံးစွဲသူများကHow-to geek ဝက်ဘ်ဆိုက်ထံသို့
အီးမေးလ်များ ပေးပို့၍ Windows 10 နှင့် ပတ်သက်၍ မေးခွန်းပေါင်းရာပေါင်း
များစွာကို မေးမြန်းကြသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် How-to geek
ဝက်ဘ်ဆိုက်သို့ လူပေါင်းများစွာက မကြာခဏ မေးမြန်းကြသည့် မေးခွန်းများ
ဖြစ်ပါသည်။
Windows 10 က အခမဲ့လား။
လူများအကြားတွင် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည့် Windows 10 ၏
ဈေးနှုန်းနှင့် ပတ်သက်၍ ရောထွေးမှုများ ဖြစ်ပေါ်နေသည်။ Microsoft အနေဖြင့်၎င်း
OS သစ်ကို တိုးတက်လာစေရန် ဆောင်ရွက်ခြင်းနှင့် beta ဗားရှင်း စမ်းသပ်
စဉ်ကာလအတွင်း upgrade နှင့် ဈေးနှုန်း သတ်မှတ်ရေး အစီအစဉ် တို့ကို အကြိမ်ရေ
အနည်းငယ် ခန့် ပြောင်းလဲခဲ့သည်။
သုံးစွဲသူ အများအပြားအတွက် ရည်ရွယ်၍ Windows 10 သည် ခြွင်းချက်မရှိ
အခမဲ့ဖြစ် သည်။ လက်ရှိတွင် သင့်အနေဖြင့် တရားဝင်Windows 7 သို့မဟုတ်
Windows 8.1 အသုံးပြုထားပါက Windows 10 ကိုအခမဲ့ အဆင့်မြှင့်တင်နိုင်သည်။
အကယ်၍ pirate ဗားရှင်း အသုံးပြုထားသည့် Windows ထုတ်ကုန်တွင်လည်း အခမဲ့
အဆင့်မြှင့်တင်မှု များ ပြုလုပ်နိုင်ကြောင်း Microsoft မှ အရိပ်အမြွက်
ပြောကြားခဲ့သည်။ Windows 7/ Home/Basic/Premium နှင့် Windows 8.1
သုံးစွဲသူများ သည် Windows 10 Home ကို အခမဲ့ အဆင့်မြှင့်တင်နိုင်သည်။
Windows 7 Professional/ Ultimate နှင့် Windows 8.1 Pro သုံးစွဲသူများသည်
Windows 10 Pro အား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သည်။
သတိပြုရန်မှာ Windows 10 စတင်ထွက်ရှိလာသည့် ပထမဆုံး နှစ်တွင်သာ
အဆင့်မြှင့်တင်မှုများ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။ Windows 10 ကို
၂၉.၇.၂၀၁၅ တွင် တရားဝင် ဖြန့်ချိခဲ့သောကြောင့်
၎င်းအဆင့်မြှင့်တင်မှုကို၂၈.၇.၂၀၁၆ အထိသာ အသုံးပြု နိုင်မည် ဖြစ်သည်။
Windows 10 ကိုဘယ်လိုရယူ အသုံးပြုမလဲ။
Windows 10 သုံးစွဲလိုသူများ အနေဖြင့် Microsoft မှ Windows 10 intaller
tool ကို download ပြုလုပ်ပြီး reboot တွင် install ပြုလုပ်ကာ
သုံးစွဲနိုင်သည်။ ၎င်းလုပ် ငန်းစဉ်သည် အလွန် ရိုးရှင်းပြီး
အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာ တွင် လွယ်ကူချောမွေ့မှု ရှိ သည်။ Windows 7
သို့မဟုတ် 8.1 မှ Windows 10 သို့ update ပြုလုပ်သည့်အခါ အင်တာနက်
ချိတ်ဆက်မှုဖြင့်လည်း download ပြုလုပ်နိုင်သည်။
ကွန်ပျူတာတိုင်းမှာ Windows 10 အသုံးပြုနိုင်မလား။
သုံးစွဲသူ တစ်ဦးချင်းစီ၏ အသုံးပြုထားသည့် ကွန်ပျုတာအပေါ် မူ တည်၍
မေးမြန်းထားသည့် မေးခွန်းတစ်ခု ဖြစ်သည်။ Windows 7 သို့မဟုတ် Windows 8
အသုံးပြုနေသည့် သုံးစွဲသူများတွင် hardware သစ်များ အသုံးပြုထား ပါက ၎င်းတို့၏
ကွန်ပျူတာတွင် Windows 10 အသုံးပြုနိုင်မည့် အခွင့်အရေးများပြားမည်
ဖြစ်သည်။ သို့မဟုတ်ပါက Windows XP သုံးစွဲထားသည့် ကွန်ပျူတာများတွင်
Windows 7 ကို စိတ်ကျေနပ်မှု အပြည့်အဝဖြင့် အသုံးမပြုနိုင်လျှင် Windows 10
အား ကောင်းမွန်စွာ အသုံးပြုနိုင်မည် မ ဟုတ်ပေ။
Windows 10 ကို အဆင့်မြှင့်တင် မှု လုပ်ကို လုပ်ရမှာလား။
Windows သုံးစွဲသူများ အနေဖြင့် Windows 10 ကိုမဖြစ်မနေ
ပြောင်းလဲအသုံးပြုရန် မလိုအပ် ပေ။ Microsoft အနေဖြင့် Windows 10 ထုတ်ကုန်
အလွန် အမင်း ကြော်ငြာမှုများ ပြုလုပ်နေ သော်လည်း သုံးစွဲသူများ ဆန္ဒရှိမှသာ
အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်သည်။
Windows 10 အဆင့်မြှင့်တင်မှု လုပ်သင့်သလား။
Windows 10 သည် Windows 7 နှင့် အလွန်အမင်းကွာခြားသွားသည်။ Windows 10 မှ
တိုးတက် ပြောင်းလဲမှုများသည် Windows 8 ၏ အားနည်း ချက်များကြောင့်
ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် Windows 8 ကို ဦးစွာ update ပြုလုပ်၍
သုံးစွဲသင့်သည်။ Windows 10 သည် ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီများ အတွက်
driver များ update ပြု လုပ်ရန် အချိန်အတိုင်းအတာ တစ်ခု အထိရထားပြီး ၎င်းတွင်
မမြင်မတွေ့ရသော ပြဿနာများကို ပြင်ဆင်ထားရခြင်းမရှိသေးပေ။ Windows 10 ကို
သုံးစွဲလိုသူများသည် ဖိုင်များ အားလုံးကို backup ပြုလုပ်၍ ၎င်း OS ကို
ပြောင်းလဲရန် အသင့်ပြင်ဆင်ထားသင့်သည်။ သုံးစွဲသူများ အနေဖြင့် ၁ လ
သို့မဟုတ် ၆ လခန့် စောင့်ဆိုင်းလိုက်လျှင် Windows 10
သည်တည်ငြိမ်မှုရှိလာမည် ဖြစ်သည်။
Windows 10 အသုံးပြုဖို့ Clean install ပြုလုပ်ရမှာလား။
Windows 10 ကို အဆင့်မြှင့် တင်ရာတွင် စိတ်ပျက်စရာ အ ကောင်းဆုံးတစ်ခုမှာ
clean install ပြုလုပ်လိုလျှင် installer တွင် တရားဝင် Windows 7 သို့မဟုတ်
8 key ကိုအသုံးပြုရမည် မဟုတ် တော့ပေ။ သုံးစွဲသူအနေဖြင့် Windows 7
သို့မဟုတ် 8 ကို Windows 10 update ပြုလုပ်ပြီး မှသာ clean install
ပြုလုပ်ရန် installer ကို အသုံးပြုရမည် ဖြစ်သည်။
Windows 10 မသုံးလိုလျှင် Windows 7 ပြန်သုံးနိုင်သလား။
Windows 10 မှ ယခင် Windows 7 သို့မဟုတ် Windows 8.1 ကို downgrade
ပြုလုပ်၍ အသုံးပြုနိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် Windows 10 ကို ဖယ်
ရှား၍ ယခင် key အဟောင်းဖြင့် Windows ဗားရှင်းဟောင်းများကို ပြန်လည်
install ပြုလုပ်နိုင်သည်။
သို့ရာတွင် ၎င်းလုပ်ငန်းစဉ်မှာ Windows 10 ကို install ပြုလုပ်ပြီးနောက် ပထမဆုံး ရက် ၃၀ အတွင်းသာ ပြုလုပ်နိုင်မည် ဖြစ်သည်။
အကယ်၍ ရက် ၃၀ အထက်ကျော်လွန်သွားပါက ကွန်ပျူတာတွင် သိမ်းဆည်းထားသော rollback
ဖိုင်များ ပျက်သွားမည် ဖြစ်ပြီး ယခင် Windows ဗားရှင်းကို ပြန်သွင်းရန်
မလိုအပ်ဘဲ downgrade ပြုလုပ်သော လုပ်ငန်းစဉ်မှာ ဖြစ်နိုင်ခြေမရှိတော့ပေ။
App အဟောင်းနှင့် ဆက်စပ်ပစ္စည်းများ ဆက်အသုံးပြုနိုင် သေးသလား။
Windows 10 တွင် အသုံးမပြုနိုင်သည့် app များမရှိသေးပေ။ သို့သော်လည်း
Windows 7 တွင် အသုံးပြုရ အဆင်ပြေသည့် photo print သည်လည်း Windows 8
driver များမရှိသလို Windows 10 ထောက်ပံ့မှု မရရှိသေးပေ။ Win-dows 10 တွင်
app ၏ update များအလိုအလျောက် download ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ အလို
အလျောက် update ပြုလုပ်ပေးသည့် setting များကို Windows 10
တွင်ပြောင်းလဲထားနိုင်သည်။
Solitaire နဲ့ DVD Playback ကို ငွေပေးချေပြီး သုံးရမှာလား။
Microsoft သည် နှစ် ၂၀ ကျော်ခန့် Windows OS များ တွင် ပါဝင်ခဲ့သော
Solitarie နှင့် Minesweeper app များကို Windows 8 ၌ ဖယ်ထုတ်ခဲ့သည်။
Windows 10 တွင်လည်း Solitarire နှင့် Minesweeper ဂိမ်းများကစားလိုပါက
တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၀ ပေးရမည် ဖြစ်သည်။ Windows 7 မှ Windows 10
ပြောင်းလဲ အသုံးပြုရာတွင် ထူးခြားမှာ DVD playback ထောက်ပံ့မှု ပါဝင်လာခြင်း
မရှိပေ။ သုံးစွဲသူများ အနေဖြင့် data DVD များ ဆက်လက်
အသုံးပြုနိုင်သေးသော်လည်း Windows အတွင်း DVD ဗွီဒီယို playback အတွက်
လိုင်စင်လည်း မပါဝင်ပေ။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကွန်ပျူတာအတွင်း
ပုံမှန် DVD ရုပ် ရှင်များ ထည့်သွင်း၍ ကြည့်ရှု၍ မရနိုင်သောကြောင့် တရားဝင်
Windows အတွက် Microsoft DVD App ကို ၁၅ ကန်ဒေါ်လာဖြင့် ဝယ်ယူရမည် ဖြစ်သည်။
PDF စာအုပ်အဖြစ်သိမ်းဆည်းထားချင်တဲ့သူတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ
Ref: Howtogeek
Internet Journalအဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ)
အသုံးတည့်သော ADB COMMAND များ (PDF)
မင်္ဂလာပါ
ဒီနေ့တော့ Android ချစ်ပရိတ်သတ်များအတွက်
ရန်ကုန်တော့မှာ
ဈေးကြီးပေးပြီးဝယ်ရတဲ့ ADB
Command များကိုရနိုင်သလောက်စုစည်းပြီး
PDF လေးလုပ်ပေးလိုက်ပါတယ်။
ADB Command နဲ့ လုပ်ဆောင်နိုင်တဲ့အချက်များကတော့-
-device ကို သိမသိစစ်ခြင်း
-device က root acess ရမရ
-device ထဲကိုဆော့ဝဲသွင်း /ဖျက်
-device ထဲကို ကွန်ပျူတာကနေ ဖိုင်လှမ်းသွင်း
Device ထဲကဖိုင်တွေကိုကွန်ပျူတာထဲကိုလှမ်းထုတ်
-Partition အစိတ်အပိုင်းများကိုကြည့်ရှုခြင်း
နှင့် အခြားကိစ္စရပ်များစွာအတွက်အသုံးပြုနိုင်ပါတယ်။
ကျန်တဲ့အသုံးပြုနည်းပိုင်းကိုတော့အောက်ကလင့် PDF မှာ
ဒေါင်းလော့ရယူပြီးဖတ်ကြည့်လိုက်ပါ
လင်းဝင်း(နည်းပညာ)
Thursday, October 31, 2013
Windows XP Professional SP3 32-bit -Black Edition
Windows XP Professional SP3 32-bit -Black Edition September 2012
Windows XP Professional SP3 32-bit -Black Edition 2012.9.12
မေးလ်ထဲက သူငယ်ချင်းတယောက်အတင်းရှာခိုင်းလို့ သူ့အတွက်လုပ်ပေးရင်း ဒီမှာတင်လိုက်ပါတယ်
အသုံးလိုသူတွေအတွက် ဆွဲသွားပေါ့ဗျာ..ကျနော်လည်း ဆွဲလာခဲ့ပါတယ်
အဆင်ပြေပါစေ
For questions and bug reports go
to http://www.zone54.com You can Support this project by making a donation or by clicking
1-4 times through the website and then once on a banner ad.
SHORT INFORMATION ABOUT THIS WINDOWS XP. This Windows XP includes all the latest
Windows XP updates with over
200 MB additional CPU, LAN, WLAN, and SATA/AHCI drivers. This Windows XP is updatable and there no Windows XP Activation or Crack needed, A CD-Key and all the other user required inputs during the Windows XP installation will be filled in automatically. This Windows XP has also a few
extra useful programs included and some preconfigured settings, but you can choose after the Windows XP installation if you want to integrate them or not. There are also some useless Windows XP components removed to make Windows XP slimmer and a little bit faster, but nothing has been removed that could cause system problems or any problems with
other software applications. FULL READ ME FILE. * I can’t post the whole Read Me file because of the description length restriction. If you like to read the whole Read Me file visit http://www.zone54.com or download the torrent file and open the Read Me file. In this Read Me file you will find all the detailed information
you want.CHANGELOG.
2012.9.12
Changelog:
* Updated K-Lite Mega Codec Pack from “v9.1.9″ to “v9.2.0″.
* Updated Microsoft Visual C++ 2008 SP1 from “v9.0.30729.6276″ to “v9.0.30729.6313″.
* Updated Microsoft Visual C++ 2010 SP1 from “v10.0.40219.406″ to “v10.0.40219.414″.
* Updated Java SE Runtime Environment (JRE) from “v7 Update 6″ to “v7 Update 7″.
* Updated Flash Player ActiveX Control form “v11.3.300.271″ to “v11.4.402.265″. * Updated Tweak “Suppressing Microsoft Update nagging to install Windows Malicious Software Removal Tool (KB890830)” from “v4.11″ to “v4.12″.
* Integrated all Windows XP Service Pack 3 Updates form 15.8.2012 till 11.9.2012
Key 1: CB9YB-Q73J8-RKPMH-M2WFT-P4WQJ
Produkt ID: XXXXX-640-1457236-XXXXX
Key 2: PD9WR-BDGBK-RPXKR-W3CK4-QHYF3
Produkt ID: XXXXX-640-2972611-XXXXX
Key 3: D6FY9-288V2-QHKC8-WW9DY-YCKJJ
Produkt ID: XXXXX-640-1974194-XXXXX
Key 4: CCFRD-B49C2-XC9JV-49DW9-MKTHQ
Produkt ID: XXXXX-640-0437133-XXXXX
Key 5: BDV7T-3JK2Y-BT4RM-3GHH2-6QHDY
Produkt ID: XXXXX-640-0542082-XXXXX
Download Windows XP Professional SP3 32-bit -Black Edition September 2012 Mediafire
Pass: hendrygeorge.com
MF (Mediafire) :
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
RS (Rapidshare) :
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
HF (Hotfile) :
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
EB (Extabit-Single Link) :
ISO Format
Subscribe to:
Posts (Atom)





































