Popular Posts

Showing posts with label စားမယ် သောက်မယ်. Show all posts
Showing posts with label စားမယ် သောက်မယ်. Show all posts

Wednesday, June 29, 2016

အမျိုးသမီးတိုင်း အမြဲ စားသင့်တဲ့ အစားအစာတွေ


အိုမင်းရင့်ရော်လာခြင်းနဲ့ လွတ်လပ်ခြင်းတွေ ဆုံးရှုံးရမယ့်အရေးဟာ သာမန်လူသားတိုင်း ကြောက်လန့်ကြတဲ့ အရာဖြစ်ပါတယ်။ အထူးသဖြင့် အိုမင်းရင့်ရော်လာခြင်းကို တားဆီးလို့ မရနိုင်ပါဘူး။

ဒါပေမဲ့ အိုမင်းခြင်းကို အချိန်ဆွဲလို့ရမယ့် နည်းလမ်းတွေတော့ရှိပါတယ်။ အမျိုးသမီးတွေ သာမန်ထက်ပိုပြီး နုပျိုစေဖို့ ဆေးဝါးအကူအညီမယူဘဲ အစားအသောက်နဲ့ ဖန်တီးယူနိုင်ပါတယ်။ အမျိုးသမီးတိုင်း စားသင့်တဲ့ အသီး (၅) မျိုးရှိပါတယ်။
၁။ ပဲသီးစိမ်း

ပဲသီးစိမ်းအပါအဝင် ဖိုက်ဘာဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ် အလေးချိန်မတက်လာစေဖို့ များစွာ အထောက်အကူ ပြုပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဖိုက်ဘာဓာတ်ကြွယ်ဝရင် ဝိတ်တက်လာဖို့ မလွယ်ဘဲ ဖိုက်ဘာဓာတ်နည်းနေရင်တော့ ဝိတ်တက်လာဖို့ အလားအလာများကြောင်း သုတေသီတွေက ဆိုပါတယ်။
၂။ ဆော်လမွန်ငါး

အိုမီဂါ-၃ ဆိုတဲ့ ဓာတ်ကြွယ်ဝတဲ့အတွက် ဒီငါးဟာ ကျန်းမာရေးအတွက် အထူးညီညွတ်လို့ လူကြိုက်များပါတယ်။ ဒီဓာတ်က ဘာကောင်းသလဲ ဆိုရင် အရေပြားကို ထိန်းသိမ်းပေးပြီး ခရမ်းလွန်ရောင်ချည်ကာကွယ်ပေးပါတယ်။ ဆော်လမွန်ငါးနဲ့ တူနာငါးမှာ ဒီဓာတ်တွေ ရှိပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှ မဟုတ်ပါဘူး။ စပျစ်သီး၊ စတော်ဘယ်ရီသီး စတာတွေကို ရှစ်ပတ်လောက် နေ့စဉ်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ကိုလက်စထရောဓာတ် ထိန်းညှိပေးပြီး သွေးတိုးတာ ကာကွယ်ပေးပါတယ်။

၎။ ဖရဲသီး

ဖရဲသီး၊ စိမ်းစားဥတို့လို အရည်ပါဝင်မှု ရာခိုင်နှုန်းများတဲ့ အသီးအနှံတွေက ကင်ဆာကို သိသိသာသာ ကာကွယ်ပေးပါတယ်။ ဖရဲသီးမှာ အရည်ပါဝင်မှုက ၉၂ ရာခိုင်နှုန်းဖြစ်ပြီး ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေလည်း ပါတာကြောင့် နှလုံးနဲ့ပတ်သက်ရင် ကျန်းမာရေး ကောင်းစေပါတယ်။

၅။ ခရမ်းချဉ်သီး

ဗီတာမင်စီ ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီးတွေက အသားအရေလှပဖို့ တာဝန်ယူပေးပါတယ်။ အများအားဖြင့် ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ အသီးတွေက အသားအရေလှစေတယ်လို့ အကြမ်းဖျင်း မှတ်ယူရမှာပါ။ အသားခြောက်တာနဲ့ အိုမင်းတာကို ဒီအသီးအနှံတွေက ကာကွယ်ပေးပါတယ်။

Credit : Duwun

ကျန်းမာရေးအတွက် ဂွေးတောက်ရွက်ကို ဘယ်လိုသုံးမလဲ


အရက်သောက်သူတွေအတွက် ဂွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက်ပြယ်စေပါတယ်။မန်မာ့ဆေးကျမ်းတွေမှာတော့ ဂွေးတောက်ရွက်ဟာ ဝမ်းမီးကိုတောက်စေပြီး ဓာတ်လေများကို ခိုင်မာစေတယ်လို့ ဖော်ပြထားပါတယ်။ သလိပ်ကိုကြေစေပြီး သွေးတိုးပွားစေတယ်လို့ ဆိုပါတယ်။အောက်ပါနည်းလမ်းတွေကတော့ ဂွေးတောက်ရွက်ကို အသုံးပြုပုံတွေဖြစ်ပါတယ်။

၁ - အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်စေပါတယ်။ နုရင်ပိန်သွားမှာဖြစ်ပြီး ရင့်ရင်တော့ ပြည်ပေါက်သွားမှာဖြစ်ပါတယ်။

၂ - အရက်သောက်သူတွေအတွက် ဂွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက်ပြယ်စေပါတယ်။

၃ - ကြော်စားမယ်၊ဟင်းခါးချက်သောက်မယ်ဆိုရင် လေထိုးလေအောင့်နဲ့ ဆီးချုပ်တာပျောက်ပါတယ်။

၎ - အရွက်ကိုကြိတ်ပြီး အုံစည်းပေးထားမယ်ဆိုရင် အဖုအကြိတ်တွေပျောက်ပါတယ်။

၅ - သကြားနဲ့ထောင်းပြီး အုံပေးရင် အကြောအဆစ်လွဲတာပျောက်ပါတယ်။

၆ - ဘဲဥနဲ့ကြော်စားမယ်ဆိုရင် ခွန်အားတိုးစေပါတယ်။

Duwun

သကြားက သင့်ကို ပေးတဲ့ လက်ဆောင်



ကင်ဆာရောဂါ အဖြစ်အများဆုံးက ဘယ်သူတွေလဲဆိုတာ သင် မှန်းဆပြီးနေလောက်ပါပြီ။ ကံမကောင်းစွာနဲ့ပဲ လူများစွာဟာ သကြားစားပြီး ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှု သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိကြပါတယ်။

သိပ်မကြာသေးမီက ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုမှ ပြုလုပ်တဲ့ သုတေသနတစ်ခု ရှိပါတယ်။ နှစ်တိုင်း ကမ္ဘာတစ်ဝှမ်း ဝေဒနာရှင် ၃၅ မီလီယံကျော် ဖြစ်ပေါ်စေပါတယ်။ သူတို့ စားသုံးတဲ့ အစားအသောက်အသီးသီးမှာ သကြားတွေ ပေါင်းစပ်ပါဝင်နေတာ တွေ့ပါတယ်။ သကြားက ဆီးချို၊ metabolic syndrome၊ hypoglycemia၊ hyperglycemia၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ ကျန်းမာရေးပြသနာများစွာ စတင်ဖြစ်ပေါ်စေပါတယ်။ အမေရိကနိုင်ငံ အိုတပြည်နယ်ရှိ ကင်ဆာရောဂါအသင်းအဖွဲ့မှာ ပြုလုပ်တဲ့ လေ့လာမှုမှာ သကြားဟာ အကြိတ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကတရားခံ ဖြစ်ကြောင်း တွေ့ရပါတယ်။

အကြိတ်ဆဲလ်တွေဟာ သာမန်ဆဲလ်များထက် ဂလိုးကို့စ် ပိုသုံးကြပါတယ်။ အချိုဓာတ် ပိုစားတဲ့လူတွေဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း များစွာသော တခြားလေ့လာချက်တို့က ဖော်ပြထားပါတယ်။ ကင်ဆာဆဲလ်တွေဟာ သာမှန် ကာဗွန်ဟိုက်ဒရိုက်နဲ့ အသက်ရှင်နိုင်ပါတယ်။

သကြားဟာ အလားအလာရှိတဲ့ ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပြီး ကင်ဆာဆဲလ်များအတွက် အကောင်းဆုံးအစာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သကြားစားသုံးမှု လျော့ချသင့်တယ် သို့မဟုတ် လုံးဝအသုံးမပြုသင့်ဘူးလို့ ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။

Ref:healthyfoodstar
ပေါ်ထွန်း - Trend Myanmar

နေကြာစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

နေကြာစေ့ကို မြန်မာနိုင်ငံ အထက်အညာဒေသမှာ ဆီအတွက် စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် သွားရေစာအဖြစ် နေကြာစေ့လှော်စားတဲ့ ဓလေ့ဟာလည်း မြန်မာနိုင်ငံမှာ ဘယ်တုန်းကတည်းက ခေတ်စားခဲ့မှန်းမသိရပါ။ သို့သော် ယခုအချိန်ထိ နေကြာစေ့လှော်တွေဟာ တံဆိပ်အမျိုးမျိုးနဲ့ ဖြစ်ပြီး ရောင်းအားလည်း ကောင်းနေဆဲပါ။ နေကြာစေ့ကို စားခြင်းဖြင့် ရနိုင်တဲ့အကျိုးကျေးဇူး(၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆစ်ရောင်ရောဂါနဲ့ ပန်းနာရင်ကြပ်ကို ပျောက်ကင်းစေနိုင်တယ်

နေကြာစေ့မှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အရိုးအဆစ် ရောင်ရမ်းခြင်း အပါအ၀င် အဆစ်အမြစ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဗီတာမင် E ဟာ ပန်းနာရောဂါကိုလည်း နိုင်နင်းပါတယ်။

(၂) အရိုးကို သန်မာစေတယ်

ကယ်လ်စီယံနဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်တဲ့ နေကြာစေ့ကို ပုံမှန်စားသုံးပေးပါက အရိုးကို သန်မာစေပါတယ်။ ကလေးငယ်လေးတွေအတွက်လည်း အရို့ဖွံ့ဖြိုးမှုကို အားပေးပြီး သံဓာတ်ချို့တဲ့တဲ့ အမျိုးသမီးတွေအတွက်လည်း သင့်တော်ပါတယ်။

(၃) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်

နေကြာစေ့မှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ phytosterol နဲ့ lignans ဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။ phyto- sterol နဲ့ lignans ဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ပေါ်ပေါက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၄) အရွယ်တင် နုပျိုစေတယ်

နေကြာစေ့ကို ပုံမှန်စားသုံးပေးပါက အရွယ်တင် နုပျိုစေနိုင်ပါတယ်။ နေကြာစေ့မှာ ဗီတာမင် E နဲ့ Beta carotene ဓာတ်တွေပါဝင်လို့ အသားအရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်း၊ မျက်စိမှုန်ခြင်း စတာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၅) ဆံပင်ပါးခြင်းကိုလည်း ပျောက်ကင်းစေတယ်

ဗီတာမင် E ကြွယ်ဝတဲ့ နေကြာစေ့ဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 လည်း ပါဝင်လို့ ဦးရေခွံ့ကို အောက်ဆီဂျင်ထောက်ပံမှုကို ပိုပေးနိုင်ပြီး ဆံပင်ပေါက်နှုန်းကို မြင့်မားစေပါတယ်။

(၆) အသားအရေကို ပျော့ပြောင်းစေတယ်

နေ့စဉ် နေကြာစေ့ ပုံမှန်စားသုံးပေးပါက နေကြာစေ့မှာပါတဲ့ Fatty Acid ကြောင့် အသားအရေကို နူးညံ့ပျော့ပြောင်းစေနိုင်ပါတယ်။

(၇) ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်ကို မဖြစ်စေဘူး

နေကြာစေ့မှာပါတဲ့ Fatty Acid ရဲ့ အစွမ်းကြောင့် မျက်နှာပြင်မှာ တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက် စတာတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

(၈) နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

နေကြာစေ့ဟာ သွေးတွင်း ကိုလက်စထရောနဲ့ အဆီဓာတ်ကို ချေဖြတ်နိုင်တဲ့ phytosterols, monounsaturated နဲ့polyunsaturated fat တွေ ပါဝင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ သွေးပေါင်ချိန်မမှန်တဲ့ ရောဂါတွေကို ကာကွယ်ပေး
နိုင်ပါတယ်။

နတ်စည်တော် (Shwemom)

မိုးအေးအေးမှာ ကျန်းမာလန်းဆန်းစေမယ့် အစားအစာလေးတွေ

မြင်းခွာရွက်ဟင်းခါး၊ ဗူးသီးဟင်းခါး - မိုးတွင်းကာလမှာ တစိမ့်စိမ့်အေးပြီး စိုစွတ်နေတာကြောင့် သွေးလေ လှည့်ပတ်မှု နှေးကွေးတဲ့အပြင် ဘက်တီးရီးယားပိုးမွှား အန္တရာယ်လည်း များစေပါတယ်။ ဘူးသီး၊ ကျောက် ဖရုံသီးစတဲ့ အသီးတွေအပြင် မြင်းခွာရွက်၊ ဟင်းနုနွယ်ရွက်၊ ဆူးပုပ်ရွက်စတဲ့ အရွက်တွေကိုလည်း ဟင်းခါး ချက်သောက်လိုက်ရင်တော့ နွေးထွေးသွားမှာ အသေအချာပါပဲ။ ဟင်းခါးချက်တဲ့အခါ ငရုတ်ကောင်းစေ့ လတ်လတ်ဆတ် ဆတ်နဲ့ ကြက်သွန်ဖြူကို ထောင်းထည့်ဖို့က အရေးအကြီးဆုံးပါပဲ။ ငရုတ်ကောင်းနဲ့ ကြက်သွန် နံ့မွှေးနေတဲ့ ဟင်းခါးပူပူတစ်ခွက်ဟာ ထမင်းမြိန်စေပြီး အစာလည်းကြေကာ နွေးထွေးကျန်းမာစေမှာ ဖြစ်ပါတယ်။

ပြောင်းဖူးပြုတ်၊ ပြောင်းဖူးကြော် - ပြောင်းဖူးဟာ ပရိုတင်းဓါတ်အပြည့်ပါတဲ့အပြင် မိုးရာသီမှာ အင်မတန် လတ်ဆတ်ပြီး ချိုပါတယ်။ ပရိုတင်းဓါတ်မြောက်များစွာ ပါဝင်တဲ့အပြင် ရာသီဥတုဒဏ်ကို ပိုခံနိုင်စေတဲ့ ကိုယ်ခံအားကို တိုးပွားစေ ပါတယ်။ ပြောင်းဖူးပြုတ်ပူပူနွေးနွေးလေးကို မိုးအေးအေးမှာ ညနေဖက်စားလိုက် ရရင်တော့ အရမ်းကို ကျေနပ်စရာပါပဲ။ပြောင်းဖူးပြုတ်ကို အစေ့လေးတွေခြွေပြီး ဆီနဲ့ပြန်သုတ်စားတာ၊ ကြော်စားတာတို့ကလည်း အရမ်းစားကောင်းပါတယ်။

အသီးအရွက်ကြော်၊ မှိုကန်စွန်းကြော် - မိုးရာသီဟာ အသီးအရွက်စိမ်းတွေ အရမ်းကို ဖွံ့ထွားလတ်ဆတ်တဲ့ ရာသီပါပဲ။ နုပြီးချိုနေတဲ့ ဟင်းနုနွယ်ရွက်၊ ကန်စွန်းရွက်၊ ဆူးပုပ်ရွက်၊ ဗူးညွန့်၊ ဂေါ်ရခါးညွန့်၊ ကညွတ်၊ ကိုက်လန် စတဲ့အရွက်တွေကို တမျိုးချင်းစီ ကြော်စားတာဖြစ်ဖြစ်၊ ရောပြီးကြော်စား တာဖြစ်ဖြစ် စားတဲ့အခါ ဗီတာမင်ဓါတ် များစွာရရှိမှာဖြစ်ပါတယ်။ အရွက်တွေ ကို ရေသေချာဆေးဖို့နဲ့ အရမ်းနွမ်းသွားအောင် မကြော်ဖို့တော့ အကြံပြုချင်ပါတယ်။

သရက်သီးမှည့်လတ်လတ်ဆတ်ဆတ် - “အသီးများရဲ့ ဘုရင်” လို့ သတ်မှတ် ထားတဲ့ သရက်သီးမှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ တကယ့်ကို ပြောမ ကုန်ဖွယ်ပါပဲ။ မိုးရာသီရဲ့ ရာသီပေါ် သစ်သီးဖြစ်တဲ့ သရက်သီးမှည့်ဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရများစွာကို ဖြည့်တင်းပေးနိုင်တဲ့ သစ်သီးပါ။ သရက်သီးအမျိုးအစားများစွာဟာ စားချင့်စဖွယ် မွှေးကြိုင်တဲ့အပြင် ၀င်းဝါနေတဲ့အရောင်လေးကလည်း ဆွဲဆောင်နေတာပါပဲ။ မချစ်စု၊ ရင်ကွဲ၊ မြကျောက်၊ စိန်တစ်လုံး စတဲ့ သရက်သီးမှည့်တွေကို အော်ဂင်းနစ် စစ်စစ်မှည့်တဲ့အသီး ဟုတ်မဟုတ် သေချာလေ့လာပြီးမှ ဝယ်တာက အကောင်းဆုံးပါပဲ။

Photo credit - jabalent.com , science-all.com, zmescience.com
စံဝန်းနီ(ရိုးရာလေး)

သင် အဆိပ်တွေကို မသိမသာနဲ့ နေ့စဉ် တဖြည်းဖြည်းစားသုံးမိနေသလား


သတင်းစာ ၊ ဂျာနယ်စားပွဲခင်း နှင့် ကျန်းမာရေး ဆိုတဲ့ ကျန်းမာရေးအ သိပေးဆောင်းပါးလေးကို ဖတ်ရူပြီး ကိုယ့်အနီးအနားဝန်းကျင်က လူတွေပါသိအောင် Share ပေးလိုက်ကြဦးနော်။

အချို့သူတွေက ထမင်းစားခါနီးမှာ စားပွဲခုံပေမှာစိုးလို့ဆိုပြီး အလွယ်တကူ တွေ့ရာဂျာနယ်တွေ ၊ သတင်းစာတွေနဲ့ ခင်းကျင်းပြီး ထမင်းပွဲပြင်ဆင်စားသောက်လေ့ရှိကြပါတယ်။

ဘာကြောင့် ဒီလိုသတင်းစာတွေခင်းကျင်းစားသောက်နေရလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ကြပါဘူး။

တစ်ချို့တွေကတော့ စားပွဲပေမှာစိုးလို့ ၊ ဒီလိုခင်းကျင်းထားတော့ ပိုသန့်တယ်ထင်ကြပါတယ်။ တစ်ချို့ဆို ပုံများတဲ့ဂျာနယ်ဆို ပိုပြီးတော့တောင် ရွေးချယ်ခင်းလေ့ရှိကြပါတယ်။

ဒါဆို ဒီလိုသတင်းစာခင်းကျင်းစားသောက်ရင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးဖြစ်ပြီး ဘယ်လို တကယ်တော့ အစားသောက်တွေ စားသောက်ချိန်မှာ အခုလိုChemical တွေနဲ့ပေါင်းစပ်ပြီး ဖေါ်စပ်ထားတဲ့ မင်တွေကြောင့် ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်နေ တယ်ဆိုတာ သတိမထားမိကြပါဘူး။

ကျန်းမာရေးပညာရှင်တစ်ချို့ အခိုင်အမာပြောဆိုကြတာကတော့ ဒီလိုဂျာနယ်တွေ ၊ သတင်းစာတွေမှာ ရိုက်နှိပ်ထားတဲ့ မှင်တွေမှာပါဝင်တဲ့ ခဲဓါတ်၊ ခရိုမီယမ်ဓါတ်၊ ကက်ဒမီယံ ဓာတုဒြပ်စင်တွေ၊ မာကျူရီသတ္တုဓါတ်တွေ ပါဝင်ပါတယ်။ ဥပမာ ဒီထဲက ခဲဓါတ်က လူတွေရဲ့ ခန္ဓာကိုယ်ကို ဘာဆိုးကျိုးဖြစ်စေနိုင်သလဲဆိုတော့ အကြောင်းကြောင်းကြေင့် လူ့ရဲ့ပါးစပ်ထဲရောက်သွားပြီဆိုပါက လူတွေရဲ့သွေးကြော ထဲမှာရှိတဲ့ဆဲလ်အသစ် ပေါက်ဖွားမှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ဒိထက်ဆိုးရင် သွေးကြောကနေတဆင့် ဦးနှောက်ထဲထိ ၀င်ရောက်ပြီး ဆဲလ်တွေကိုဖျတ်ဆီးပြီး ဦးနှောက်ရဲ့အတွင်းပိုင်းထိ ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ပေါ်ပေါက်နိုင်လဲဆိုတော့ ခေါင်းမူးတာတွေ ၊ အိပ်မပျော်တာတွေ၊ ခေါင်းကိုက် တာတွေ ၊ မှတ်ဥာဏ်ချို့ယွင်းမှုတွေ အထိဖြစ်ပေါ်လာနိုင်ပါတယ်။

နောက်ပြီး ဒီသတင်းစာတွေ၊ ဂျာနယ်တွေဟာ နေ့စဉ်ဖတ်ရူသူတွေလက်ထဲရောက်ဖို့ အလျဉ်မှီရိုက်နှိပ်နေရတဲ့အတွက် ဒီမှင်တွေခြောက်နေပေမဲ့လည်း အမှုံအမွှားကတော့ လွင့်နိုင်သေးပါတယ်။ ဒီမှာ တစ်ချို့သူတွေကမေးကောင်းမေးပါလိမ့်မယ် ဒါဆိုသတင်းစာအဟောင်းတွေဆိုရင်တော့ မှင်တွေက ခြောက်ပြီး ဘယ်ဘေးဥပါဒ်မှမရှိဘူးပေါ့ဆိုပြီး ။ ဒီလိုလဲမဟုတ်ပါဘူး။

အကောင်းဆုံးကတော့ အစားသောက်တွေစားရင် ဒီလိုသတင်းစာတွေ ၊ ဂျာနယ်တွေခင်းပြီးမစားသောက်တာ အကောင်းဆုံးပါပဲ ။ သတင်းစာ ၊ ဂျာနယ်တို့ဆိုတဲ့အရာဟာ တစ်ဦးတစ်ယောက်ထဲလှန်လှောပြီး ထားထားတဲ့အရာမဟုတ်ပါဘူး။ လူပေါင်းစုံက ကိုင်တွယ်ဖတ်ရူကြပါတယ်။ နောက်ပြီး လူတွေရဲ့လက်ဆိုတာက ဘာတွေကိုင်မိလို့ ကိုင်မိမှန်းမသိနိုင်ပဲ ရောဂါပိုးမွှားမျိုးစုံ ကပ်တွယ်နေတဲ့ အစိတ်အပိုင်းပါ။ ဒီလိုလက်တွေအများကြီးကနေ ကိုင်တွယ်ဖတ်ရူထားတဲ့ ဂျာနယ်တွေ ၊ သတင်းစာတွေမှာလည်း ဘာရောဂါတွေကပ်ပါနိုင်လဲဆိုတာ ဘယ်သူမှ မျက်စိနဲ့မမြင်နိုင်ဘူးလေ ။

ဒါကြောင့် အကောင်းဆုံးကတော့ အစားသောက်စားရင် အခင်းအကျင်းအဖြစ် ဒီလိုသတင်းစာတွေ ၊ ဂျာနယ်တွေကို အသုံးမပြုဖို့ အကောင်းဆုံးအကြံပြုပါတယ်။

တစ်ချို့တွေဆို အသီးအရွက်တွေ ၊ သစ်သီးဝလံတွေရောင်းချတဲ့နေရာမှာလည်း အသီးတွေအောက်မှာ သတင်းစာတွေကို အလွယ်တကူ ခင်းကျင်းထားတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုအသီးအနှံတွေဝယ်မိတယ်ဆိုရင်လည်း ရေနဲ့သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ စားသောက်ဖို့လည်းမမေ့ပါနဲ့။

  Credit :  Lwin Pyin

ဆီချက်ခေါက်ဆွဲ လုပ်နည်း

ဆီချက်ခေါက်ဆွဲဆိုတာ မြန်မာတိုင်းသိတဲ့ အစားအသောက်တမျိုးပါ။ မူလကတော့ တရုတ်အစားအစာဖြစ်ပြီး တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို လာရောက်ရောင်းချရာကနေ တဖြည်းဖြည်း မြန်မာမှုပြုလိုက်တာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊ မြန်မာပြည်မှာသာရှိတဲ့ ဆီချက်ခေါက်ဆွဲဆိုပြီး ဖြစ်လာပါတော့တယ်။ (စင်ကာပူမှာတော့ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲတို့နဲ့ အတော်ဆင်တူတဲ့ မလေးမှု ပြုထားတဲ့ ခေါက်ဆွဲတွေ တွေ့ရပါတယ်။) အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး စားရတာအရသာရှိတဲ့ ဆီချက်ခေါက်ဆွဲ လုပ်နည်းကို စာရှုသူမိတ်ဆွေတို့အတွက် ရေးသားတင်ဆက်လိုက်ရပါတယ်။

ဆီချက်ခေါက်ဆွဲ (လူ ၃ ယောက်မှ ၆ ယောက်စာ) လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ...
  • ခေါက်ဆွဲပြား - ၃ - ၆ ခွက်စာ (အသင့်စားခေါက်ဆွဲတွေ ၀ယ်ပြုတ်လဲ ရပါတယ်။ ပိုတောင် အရသာ ကောင်းပါသေးတယ်။ ဆီနဲ့ကြော်ထားတာမဟုတ်တာကို ကျန်းမာရေးအတွက် ရွေးချယ်ပါ။)
  • ၀က်နံရိုးသား (သို့မဟုတ်) ကြက်ရင်အုပ် - ၁၅ ကျပ်သား (၀က်ကတော့ ပိုကောင်းသပေါ့လေ)
  • ကြက်သွန်ဖြူ - ၁ မြှောင့်၊ ၂ မြှောင့် (၃-၄ မြှောင့် ဟိဟိ)
  • ဆီ - တမှုတ် (ကျန်းမာရေးနဲ့ ညီညွတ်သော နေကြာဆီကို သုံးစွဲသင့်ပါသည်။)
  • ကြက်သွန်မြိတ် - ၁ ပင်၊ ၂ ပင် 
  • ပဲငံပြာရည် (နောက်) - ၁ စားပွဲဇွန်း
  • ပဲငံပြာရည် (ကြည်) - ၂ စားပွဲဇွန်း
  • ဆန်ရှာလကာရည် - ၁ စားပွဲဇွန်း
  • ဆား - အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။


ကြက်သွန်ဖြူကို အခွံခွာ၊ ရေဆေးပြီး အပေါ်မှာ ပြထားသလို သေးသေးလေးတွေ လှီးပါ။ (ကြိတ်စက်ရှိရင် ထည့်ကြိတ်လိုက်ပါ။) ပြီးနောက် ကြွေပန်းကန် (ပလတ်စတစ်၊ မယ်လမင်း ပန်းကန် မသုံးပါနှင့်) တစ်လုံးထဲကို ထည့်ထားပါ။ ၀က်နံရိုးကို ရှာလကာရည်၊ ပံငံပြာရည် (ကြည်/နောက်) နှင့် ဆားတစ်ဇွန်းခန့်ထည့်ပြီး (အောက်ကပုံအတိုင်း) နယ်ပါ။ ဒယ်အိုးတစ်လုံးထဲကို ဆီထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ။


ဆီပူပြီး အငွေ့ထွက်လာရင် စောစောတုန်းက ကြက်သွန်ဖြူပန်းကန်ထဲကို (အိုးဖင်ကပ် ဇွန်းတ၀က်စာလောက် ချန်ပြီး) လောင်းထည့်လိုက်ပါ။ ဒီအပိုင်းဟာ အလွန်အရေးကြီးပါတယ်။ ကြက်သွန်ကို ဆီပူအိုးထဲထည့် ကြော်ရတာ အင်မတန်ခက်ပါတယ်။ အကြော်မတတ်ရင်၊ အလေ့အကျင့်မရှိရင် ကြက်သွန်ဟာ အမြဲတူးပါတယ်။ (ငရုတ်သီးဆီချက်ချက်ဖို့လဲ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။) ဆီအငွေ့တထောင်းထောင်း ထွက်နေဖို့တော့ လိုအပ်ပါတယ်။ ဆီကိုလောင်းထည့်ပြီး တအောင့်လောက် အကြာမှာ အောက်မှာပြထားသလို ရွှေရောင်လေးနဲ့ ကြက်သွန်ဆီချက် ကျက်သွားပါလိမ့်မယ်။


အိုးကို မီးဖိုပေါ်ပြန်တင်ပါ။ စောစောက နယ်ထားတဲ့ ၀က်နံရိုးနဲ့ ငံပြာရည်တွေ၊ ရှာလကာရည်တွေအားလုံးကို အိုးထဲလောင်းထည့်ပါ။ နည်းနည်းမွှေပေးပြီး ရေတခွက်လောက် လောင်းထည့်ပါ။ ရေခမ်းစပြုတဲ့အထိ စောင့်ကြည့်ရင်း ခဏခဏ မွှေပေးပါ။ ရေခမ်းပြီဆိုရင် ရေထပ်ထည့်ပြီး နာရီဝက်လောက်ကြာအောင် ချက်ပါ။ ရေတွေအရမ်းများအောင် လောင်းမထည့်ပါနဲ့။ အရသာမကောင်းပဲ ဖြစ်တတ်ပါတယ်။
နာရီဝက်လောက်ကြာအောင် စောင့်ပြီး ချက်ရမှာပျင်းရင် ပထမတခါ ရေနည်းနည်းခမ်းတာနဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး ချက်လိုက်လဲ ရပါတယ်။ မီးအပြင်းဆုံးနဲ့ ၃ မိနစ်ကနေ ၅ မိနစ်အထိ အသားရဲ့ အနေအထားပေါ်လိုက်ပြီး ချက်ရပါမယ်။ မိုက်ခရိုဝေ့ဖ်ထဲကို သတ္တုအိုးတွေမထည့်ဖို့၊ မိုက်ခရိုဝေ့ဖ်နဲ့ ချက်လို့ရတဲ့ အာမခံဘူးကိုပဲ သုံးဖို့ သတိထားပါ။ ရေအရမ်းခမ်းသွားရင် ဆီအပူရှိန်အရမ်းမြင့်သွားတတ်လို့ ရေခမ်းရင် ရေဖြည့်ပေးဖို့ မမေ့ပါနဲ့။

အသားကျက်အောင် ချက်ပြီးရင် အောက်မှာပြထားသလိုရအောင် အသားကို လှီးပါ။ (တောက်တောက်မစဉ်းပါနဲ့။ လှီးတာကို ကြွက်သားမျှင်အတိုင်း မလှီးပါနဲ့။ အဲဒါဆို ရှည်ရှည်ဖတ်တွေပဲ ရတတ်ပါတယ်။ ကြွက်သားမျှင်တွေကို ကန့်လန့်လှီးပါ။)

စိတ်မရှည်ဖြစ်နေပြီလား။ မပူပါနဲ့။ ပြီးတော့မှာပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး သေးသေးလေးတွေ လှီးပါ။ ပြင်ပေးမဲ့ ပန်းကန်ထဲမှာ ၀က်နံရိုးဟင်းက အရည်ရယ်၊ ဆီချက်ဖတ်ရယ် (ဆီတွေ မယူပါနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး) ဆားနည်းနည်းရယ်ထည့်၊ စဉ်းထားတဲ့ အသား တော်သင့်ရုံနဲ့ ခေါက်ဆွဲကိုထည့်ပြီး ရောမွှေပေးပါ။ မွှေပြီးရင် အပေါ်မှာ ကြက်သွန်မြိတ်ဖတ်လေးတွေ ဖြူးလိုက်ရင် ဆီချက်ခေါက်ဆွဲ ရပြီပေါ့။ လွယ်တယ်၊ မြန်တယ်၊ အကုန်အကျ သက်သာတယ် (အသား ၁၅ ကျပ်သားပဲလေ၊ ကျန်တာက သိပ်ဈေးမကြီးဘူး) နော်။ ဒါကြောင့် ခေါက်ဆွဲဆိုင်ဖွင့်တဲ့ တရုတ်တွေ မြန်မြန်ချမ်းသာကြတာနေမှာ။

(ချက်ပြီးခါနီးမှ သတိရလို့ ပုံမှာ ကြက်သွန်မြိတ်မပါပါ။)

ဖာလူဒါ လုပ်နည်း

















     ၂ ခွက်စာလေးဘဲ လုပ်တာမို့..လက်မှန်းနဲ့ မြည်းစမ်းကြည့်ရင်း လုပ်ထားတာလို့. ပါဝင်ပစ္စည်းတွေကို အတိအကျ ရေးဘို့ ခက်နေတယ်..။ ခန့်မှန်းချေလေး ရေးပေးလိုက်ပါတယ်..၊
ဖာလူဒါ က အန္ဒိယ အစားစာမို့ သူတို့တွေ ဘယ်လိုလုပ် ဆိုတာ သွားရှာဖတ်ကြည့်တော့ cardamon အမှုန့်ထည့်ကြတယ်..၊ မမီးတို့က မျှော့ချောင်း၊ ကျောက်ကျော ချောင်းတွေ အသုံးပြုပေမဲ့ သူတို့ကတော့ falooda sev လို့ ခေါ်တဲ့ ကြာဆံလို အချောင်းလေးတွေ သုံးကြတယ်..။

အိမ်လုပ် ဖာလူဒါလေးမို့ အိမ်မှာ ရှိတဲ့ အလွယ်တကူ ရနိုင်တာတွေနဲ့ အစားထိုးပီးတော့သာ လုပ်ကြပါကုန်။ ပါဝင်ပစ္စည်းတွေ စုံစုံလင်လင် ပါရင် မျက်စိပသာဒ ကျပေမဲ့ အဓိကကျတာတော့ ရေခဲမုန့်၊ ပူတင်း၊ ပင်ပွားစေ့၊ နို့၊ နှင်းဆီရနံ့ တို့ပါ။

များများလုပ်တာ မဟုတ်တော့ ..ပူတင်းကိုလည်း ကြက်ဥ ၁ လုံး ကို သကြား ၂ စားပွဲဇွန်းနဲ့ခေါက်..နွားနို့ ၁၀၀ မီလီလီတာရော၊ ဂျုံမှုန့် ၁/၂ စားပွဲဇွန်း ဇကာလေးနဲ့ စစ် ဖြန့်ထည့်မွှေပေးပီး..ပေါင်းလိုက်တယ်..
ပါဝင်ပစ္စည်းများ

1. ပင်ပွားစေ့
2. နို့
3. ကျောက်ကျော
4. ရေခဲမုန့်
5. အစာ ဆိုးဆေး ( အနီ၊ အစိမ်း၊ အ၀ါရောင်)
6. သာကူ
7. နှင်းဆီ ရနံ့
8. မုန့်လက်ဆောင်းဖတ် လုပ်နည်း http://media.wix.com/…/32a42b_362b21614dec497f874c634598caf…
9. ပူတင်း (https://www.facebook.com/126426514367385/photos/pb.126426514367385.-2207520000.1442803006./159253524418017/?type=1&theater
ပြုလုပ်ပုံ

1. ပင်ပွားစေ့ ၂ လဘဇ ကို ရေ ၂-၃ နာရီစိမ်ပါ။ သုံးမယ် ဆိုတဲ့ အခါ အပေါက်ပါတဲ့ ဇွန်းလေးနဲ့ ရေစစ်ပီး ခပ်ယူထည့်ပါ။

2. နို့ ၄၀၀ မီလီလီတာ ကို ဆူ လာရုံလေး ကျိုပါ၊ သကြား ၅ စပဇ ထည့်မွှေ၊ အအေးခံပီးမှ နှင်းဆီနံ့ ၄ စက် နှင့် အနီရောင် ၁ စက် ထည့်မွှေပေးပီး ရေခဲသေတ္တာ ထဲတွင်ထည့်ထားပါ။

3. တယ်လီဖုန်းတံဆိပ် ကျောက်ကျောမှုန့်၅ ပုံ ၁ပုံကို သကြား ၃ စပဇ ဖြင့် မွှေပါ၊ ရေဆူ ၃၀၀ မီလီလီတာတွင် ထည့်မွှေပီး ကြိုပါ(ခပ်မာမာလေး ကြိုပါ)၊ ကိုယ်သုံးမည့် အရောင် အမျိုးမျိုး အပေါ်မူတည်ပီး ခွက် ၃ ခုတွင် အညီမျှ ခွဲထည့်ပီး အေ၇ာင်ဆိုးပါ။ ခဲသော အခါ အတုံးလေးများတုန်းထားပါ။ (အရောင်ဆိုးဆေးသုံးတဲ့ အခါ ဇွန်းတဇွန်းပေါ် ရေ အနည်းငယ်ထည့်၊ အရောင် ၁စက်လောင်းချ၊ မွှေပီးမှ ကျောက်ကျောခွက်ထဲ တစက်ချင်းစီ ချပီး မွှေပေးရင် အရောင်လက်လွန်သွားတာမျိုး မဖြစ်တော့ဘူး..။)

4. သာကူ ၂ စားပွဲဇွန်းကို နာရီဝက် ရေစိမ်ပီး ရေစစ်ထားပါ။ ဆူပွက်နေသော ရေများများဖြင့် မျက်စေ့ပျောက်သည့် အထိကျိုပါ။ ဇကာတွင် စစ်ချ၊ ရေအေးလောင်းပီး ခွက်တခုတွင်ထည့်ပါ။

5. မုန့်လက်ဆောင်းဖတ်လုပ်ပါ.။

6. ကြက်ဥပူတင်းလုပ်ထားပါ။

7. အားလုံး အသင့်ဖြစ်တဲ့အခါ ..ပါဝင်ပစ္စည်းတွေ ထည့်ပီး၊ ရေခဲမုန့်လေး ထည့်၊ ဖာလူဒါ ချိုအေးမွှေးလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပီ..။

Meemeetofu