Popular Posts

Showing posts with label Tabalet. Show all posts
Showing posts with label Tabalet. Show all posts

Friday, March 28, 2014

Tablet တစ်လုံးကို အကောင်းဆုံးအသုံးချနည်း



Tablet PC တွေဟာ ဈေးကွက်အတွင်းမှာ အောင်မြင်မှု အတိုင်းအတာအနေနဲ့ ရောင်းအားမြင့်တက်လာတာကို တွေ့ရမှာပါ။ ဒါဟာလည်း Apple ကထုတ်လုပ်လိုက်တဲ့ iPad တွေဟာ Tablet လောကကိုစိုးမိုးနေခဲ့တာ ကြာပါပြီ . လက်ရှိအချိန်မှာတော့ Apple iPad နဲ့အတူ Samsung Galaxy Tab , Acer Iconia Tablet တို့အပြင် အခြားတံဆိပ်မျိုးစုံနဲ့ Tablet တွေဟာ ဈေးကွက်အတွင်းမှာ ပြိုင်ဆိုင်လျက်ရှိပါတယ်။ ဒီအတွက်ကြောင့် Tablet တစ်လုံးကို အကောင်းဆုံးအသုံးချနိုင်မယ့် အချက်(၉)ချက်ကို ပြောပြပေးလိုက်ပါတယ် .။
၁။ Phone တစ်လုံးအသွင်အသုံးပြုခြင်း
Tablet တစ်လုံးဟာ 3G စနစ်လိုမျိုး ပါဝင်လာမယ်ဆိုရင်တော့ Mobile ဖုန်းတစ်လုံးလို အသုံးပြုနိုင်မှာပါ . ။Tablet ကိုကိုင်ပြီး တိုက်ရိုက်စကားပြောရင်တော့ ပတ်ဝန်းကျင်က သူငယ်ချင်းကို ကြောင်တယ်လို့ပြောပါလိမ့်မယ်။ အဲ့ဒါကို Bluetooth Headset လိုမျိုးနဲ့ တွဲဖက် အသုံးပြုတဲ့အခါမှာတော့ အဆင်ပြေစေမှာပါ . ။ 3G အသုံးပြုနိုင်တဲ့ Tablet တွေရဲ့ လိုင်းဆွဲအားအနေနဲ့ကလည်း မဆိုးတဲ့အတွက် Tablet တစ်ဖြစ်လဲ Phone တစ်လုံးအသွင်အသုံးပြုနိုင်မှာပါ ။
၂။ ကွန်ပျူတာတစ်လုံးအသွင် အသုံးပြုခြင်း
Tablet တစ်လုံးရဲ့ စွမ်းဆောင်ရည်ဟာ အရမ်းကိုမြင့်တက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကွန်ပျူတာတစ်လုံးအသွင် အသုံးချနိုင်လာပြီဖြစ်တယ်။ Android အသုံးပြုထားတဲ့ Tablet တွေတော်တော်များများထွက်ပေါ်လာပြီး Tablet တို့ရဲ့ အရေးပါမှုဟာ ပိုမိုကျယ်ပြန့်လာပါတယ် . ။ Application တွေရဲ့ စွမ်းဆောင်ရည်တွေကလည်း အရမ်းကောင်းလာတဲ့အတွက် Tablet တစ်လုံးကို ကွန်ပျူတာတစ်လုံးအသွင် အသုံးပြုလာနိုင်ပါပြီ ။
၃။ ခရီးဆောင် Gadget အဖြစ်အသုံးပြုခြင်း
ယခင်အချိန်က Laptop , Notebook , Netbook လိုမျိုး နေရာသိပ်မယူတဲ့ ကွန်ပျူတာတွေကို ခရီးဆောင်အဖြစ် အသုံးပြုကြပါတယ် . ။ ဒီနေရာကို တာဝန်ယူခဲ့တာက Tablet တွေပဲဖြစ်ပါတယ်။ ခရီးသွားရာမှာ စာဖတ်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် အလွယ်တကူပြုလုပ်နိုင်တာဟာ Tablet တွေပဲဖြစ်ပါတယ် ။
၎။ တခြားစက်တစ်ခုအသွင် အသုံးပြုခြင်း
Tablet တွေမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ ပမာဏမြင့်မားပြီး၊ Screen အရွယ်အစားကလည်း အသင့်အတင့်ရှိတဲ့အတွက်ကြောင့် တခြားစက်တွေလိုအသုံးပြုနိုင်ပါတယ် . ။ multimedia အနေနဲ့သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာဖြစ်သလို့ အချို့သော Musical Specialist များဟာ Tablet မှာပါဝင်တဲ့ Application တွေကို အသုံးပြုပြီး ဂီတာတို့ ၊ စန္ဒာရားတို့ လိုမျိုး အသုံးပြုနိုင်မှာပါ ။
၅။ Game စက်တစ်ခုအဖြစ်အသုံးပြုခြင်း
Tablet တွေရဲ့ အကောင်းဆုံး အားသာချက်တစ်ခုလို့လဲပြောနိုင်ပါတယ်။ Phone ထက်မျက်နှာပြင်ကျယ်ပြန့်တဲ့ Screen ဟာဂိမ်းကစားဖို့အတွက် အရမ်းကောင်းသလို၊ Tablet Game တွေကလည်း နာမည်ကြီးလာကြပါပြီ . ကွန်ပျူတာတစ်လုံးကို ဂိမ်းအကြီးစားတွေ ဆော့ကစားနိုင်ဖို့အတွက် မလွယ်ကူသေးပေမယ့် ကစားလို့ကောင်းတဲ့ ဂိမ်းတွေကိုလည်း Tablet ပေါ်မှာ ကစားလို့ရနေပါပြီ။
၆။ Internet အသုံးပြုနိုင်တဲ့ ပစ္စည်းအဖြစ်အသုံးပြုခြင်း
Internet အသုံးပြုတဲ့နေရာမှာ Tablet တွေဟာလည်း အားသာချက်တွေနဲ့ ပြည့်နေပါတယ်။ Tablet တွေမှာ Wi-Fi တွေပါလာပြီမို့လို့ ကြိုက်တဲ့နေရာမှာ အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ် . ပြီးတော့ ဖုန်းတွေထက်လည်း Screen တွေကကျယ်ပြန့်လို့ Gtalk , Facebook သုံးတဲ့နေရာမှာလည်း အရမ်းကိုအဆင်ပြေပါတယ်။
၇။ စာသင်ကြားရာတွင်အသုံးပြုခြင်း
မြန်မာနိုင်ငံမှာTablet တွေကိုသာ စာသင်တဲ့နေရာမှာသင်ရင်တော့ စာသင်ခန်းကြီး ဇောက်ထိုးဖြစ်သွားမှာစိုးလို့ . ပေးမသင်တာလားမသိဘူး ။နိုင်ငံခြားတွေရဲ့ ကောလိပ်အစ မူလတန်းအဆုံး စာသင်ကြားရာမှာ Tablet တွေကိုအသုံးပြုလာပါပြီ ။ မြန်မာနိုင်ငံမှာလည်းနေချင် Tablet နဲ့လည်းစာသင်ချင်တဲ့သူတွေအတွက် Online School တွေပေါ်လာပါပြီ . ။ အထူးသဖြင့် အင်္ဂလိပ်စာ သင်ယူရာမှာ Online ကနေသင်ယူနိုင်ပါပြီ . ။
၈။ ကင်မရာတစ်လုံးအဖြစ် အသုံးပြုခြင်း
Tablet အများစုမှာ ပါဝင်တဲ့ ကင်မရာတွေဟာ နောက်ပိုင်းမှာ ရုပ်ထွက်ကောင်းလာပါတယ် . ။၊ဓာတ်ပုံ။ဗွီဒီယို ရိုက်ကူးခြင်း အသံဖမ်းခြင်းနဲ ပြီးတော့ ဓာတ်ပုံတွေကို ပြင်ချင်၊ ဖျက်ချင် တဲ့သူတွေအတွက် Tablet နဲ့ အလွယ်တကူပြင်နိုင်၊ ဖျက်နိုင်ပါတယ် . ။ Tablet နဲ့လည်းဓာတ်ပုံတွေကို ကြည့်နိုင်ပါတယ်။
၉။ Memory Stick တစ်ခုအဖြစ် အသုံးပြုခြင်း
Tablet တစ်လုံးကို ကိုယ်သိမ်းထားချင်တဲ့ ဓာတ်ပုံ၊ ဆော့ဖ်ဝဲလ်၊ ရုပ်ရှင်၊ သီချင်း စတာ တွေကို သိမ်းထားနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါတယ် . . ပြောရရင် Stick လိုမျိုးပေါ့ . ။
အထက်ပါ နည်းလမ်း(၉)မျိုးဟာ Tablet တစ်ခုကို အကျိုးရှိရှိ အသုံးချနိုင်မှာပါ . . * * * * *