Popular Posts

Showing posts with labelွGmail ဆိုင်ရာ. Show all posts
Showing posts with labelွGmail ဆိုင်ရာ. Show all posts

Tuesday, February 4, 2014

G-Mail အကောင့်အသစ်လွယ်လွယ်လုပ်ရအောင်



ကျွန်တော်ကို မေးတဲ့အကို တွေလည်းရှိပါတယ် .. ကျွန်တော်လည်း ပြန်မဖြေဖြစ်ဘူး ဖြစ်နေလို့ အခုနည်းလမ်း လေးကို ညီလေးတစ်ယောက်က ပြောလို့ စမ်းကြည့်လိုက်တာ အဆင်ပြေတာနဲ့ ပြန်တင်ပေး လိုက်ပါတယ် .. ကျွန်တော်တို့ အခုနောက်ပိုင်း G-Mail အကောင့်ဖောက် ချင်တယ်ဆိုရင် အရင်တုန်းကလို လွယ်လွယ်ကူကူ ဖောက်လို့မရတော့ ပါဘူး .. အကောင့် တစ်ခုဖောက်ချင်ပြီ ဆိုရင် Security ပိုင်းအရ ပိုပြီးလုံခြုံမှုရှိလာအောင် Verification လုပ်ပေးပြီး ကုဒ် ထည့်ပေးမှ အကောင့်အသစ် တစ်ခုကို ဖောက်လို့ရမှာဖြစ်ပါတယ်..အခုနည်းလမ်းလေးကတော့ မိမိတို့ကဖောင်ချင်တဲ့ အကောင့်တစ်ခုကို မိမိတို့အကောင့်မှာ ပြန်ပြီး Invite လုပ်ပေးရပါမယ်  . . အဲ့ဒီအခါမှာ G-Mail Service ကနေပြီးတော့ အခု Invite လုပ်တဲ့အကောင့်ဟာ သူတို့ဆီမှာမရှိကြောင်း Mail တစ်စောင့် ပြန်ပို့ပါလိမ့်မယ် .. ပြီးရင် အဲ့ဒီမှာ Mail ထဲမှာတင် အကောင့်အသစ်ဖောက်ဖို့အတွက် Sing in Link ပါတစ်ခါထဲ ပေးလိုက်ပါမယ် .. ကျွန်တော်တို့က အဲ့ဒီလင့်ကနေပြီး အကောင့် ဖောက်ပေးရမှာ ဖြစ်ပါတယ် .. ကျွန်တော် အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 


အရင်ဆုံး မိမိတို့ရဲ့ G-Mail မှာ အကောင့်တစ်ခုကိုအပ်ပေးလိုက်ပါ .. အဲ့ဒီအကောင့်က သူများဖောက်ပြီးသား မဖြစ်ဖို့လိုပါတယ် .. အဲ့ဒီတော့ ဘယ်လိုအကောင့်မျိုးကိုအပ်မလည်းဆိုတော့ ဥပမာ .. nnnaymin , naymmmin , naayminmaung , naymiinmaung  တို့လိုပုံစံမျိုးနဲ့ Invite လုပ်ပေးလိုက်ပါ .. နာမည်တွေကိုပေါင်းတဲ့ အခါမှာစာလုံးတစ်လုံးထဲကို နှစ်ခါရေးတဲ့ပုံစံဖြစ်ပါတယ် .. ကျွန်တော်အောက်မှာ   ပုံလးတွေနဲ့လည်း ပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ရဲ့ G-Mail ကိုဖွင့်လိုက်ပါ .. ပြီးရင် Invite a Friend ကနေပြီးတော့ ကျွန်တော်အပေါ်မှာ နမူနာ ပြခဲ့တဲ့ ပုံစံမျိုးနဲ့ အကောင့်တစ်ခုအပ်ပေးလိုက်ပါ .. ပြီးရင် Send Invite ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း မေးလ်ဝင်လာပါလိမ့်မယ် .. မေးလ်ကိုဖွင့်ကြည့်လိုက်ပါ ..
မေးလ်ကိုဖွင့်ပြီးပြီ ဆိုရင်တော့ မိမိထံဝင်လာတဲ့ မေးလ်ရဲ့ အောက်ဆုံးမှာ အောက်ကပုံမှာ ပြထားသလို Sign up လုပ်ဖို့ လင့်လေးပေးထား ပါလိမ့်မယ် .. အဲ့ဒီလင့်လေးကို Copy ကူးလိုက်ပါ .. ပြီးရင် Internet Explorer ကနေ အကောင့်အသစ်တစ်ခု ဖောက်ပေးရပါဖြစ်ပါတယ် .. 


အပေါ်ကပုံအတိုင်း Sing up Link လေးကို Copy ကူးပြီးပြီဆိုရင်တော့ Internet Explorer ကိုဖွင့်လိုက်ပါ .. ပြီးရင် Copy ပေးထားတဲ့လင့်လေးကို Internet Explorer မှာဖွင့်ပြီး အကောင့်တစ်ခု ဖောက်လိုက်ယုံပါပဲ ..

ဒီနေရာမှာ တစ်ခုသတိထားရမှကြ Re-enter password ရိုက်ပြီးသွားရင် အောက်က Stay signed in နဲ့  Enable Web History တို့မှာ အမှန်ခြစ်လေးတွေကို ဖြုတ်ပေးဖို့ လိုပါလိမ့်မယ် .. .



အားလုံးပဲ ဒီလောက်ဆိုရင်တော့ G-Mail အကောင့်တစ်ခုကို Verification လုပ်စရာမလိုပဲ ဖောက်လို့ ရသွားပါ လိမ့်မယ် ..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာယူပါ ..

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..




အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Wednesday, October 23, 2013

Gmail အကောင့်လား ဘယ်နှခု ရချင်သလဲ

 

 
gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..

ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...

Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...

Andriod ဆိုတဲ့နေရာမှာလည်း Android ဖုန်းတိုင်းမရပါဘူး ...

သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...

ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application
ပါပါတယ် ...

စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)

ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...

အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကိုသွားပါ ..



အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကိုနှိပ်လိုက်ပါ ...





sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ


 နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ



ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ
ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ


အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်


Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ



 နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ




ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..


( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)

အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်


ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်



ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်


အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်


Next ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့  gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..


ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...
အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...

ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ
ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၇၀ ကျော်နေပြီဖြစ်ပါတယ်

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
Special Credit to အိုင်တီမုဆိုး

Android အတွက် Google application များသွင်းနည်း

အားလုံးပဲမင်္ဂလာပါခင်ဗျာ . . . စီဘောက်မှာ မေးထားတဲ့အတွက် အားလုံးလည်း သိရအောင် ပို့စ်မှာပဲတင်ပေးလိုက်ပါတယ်ခင်ဗျာ . . .
ဒါဆို စပြီးပြောတော့မယ်နော်. . .
  1. အရင်ဆုံး ဖုန်းကို Root လုပ်ထားရပါမယ်ခင်ဗျာ။ အဲဒါတော့လွယ်ပါတယ် ဒီTools တွေနဲ့ ရပါတယ်ခင်ဗျာ V-root (or) E-root (or) Farmroot.apk /စမ်းပြီးသား
  2. ဒါပြီးရင်တော့ ကိုဖြိုးချမ်း(MMSD)မှ လက်စွမ်းပြထားတဲ့ ဒီကောင်လေးကိုဒေါင်းလိုက်ပါ။ ဒီလင့်မှာ သွားရောက်ဒေါင်းယူပါ
  3. ဒေါင်းပြီးရင် Zip file လေးဖြည်ပြီး ရလာတဲ့ myandroid 1.3.exe လေးကို ဖွင့်လိုက်ပါ။ အဲဒီမှာ G-talk သွင်းရန်ဆိုတာလေးကိုနှိပ်လိုက်ပါ ဒါဆိုခဏနေရင် သူဟာသူ Restartကျပြီးပြန်တက်လာရင် Gmail,G-talk,Google play အားလုံးသွင်းပြီးသားဖြစ်သွားတာကိုမြင်ရမှာပါခင်ဗျာ . . .
မှတ်ချက်။ ။ ဖုန်းမှာ Unknown source နဲ့ Usb Debugging ကို ON ထားပေးပါ။ ဒီပို့တင်ဖို့အတွက် ကျွန်တော်ဖုန်း G610-U00 ကိုစမ်းပြီးဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲ အန္တရာယ်ကင်းပါတယ် အဆင်ပြေပါစေ