Popular Posts

Showing posts with label blog ဆိုင်ရာ. Show all posts
Showing posts with label blog ဆိုင်ရာ. Show all posts

Wednesday, October 23, 2013

Blog မှာ Cbox ထည့်နည်း

Blogger လူသစ်များအတွက် - Blog မှာ Cbox ထည့်နည်း

       အစ်ကိုရေ Bloggerမှာ cbox ထည့်နည်းလေး တင်ပေးပါအုံး

ဒီနေ့တော့ တောင်းထားတဲ့လူရှိတုန်း Blog မှာ Cbox ထည့်နည်းကို ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်..။ တခြား Cbox ထည့်လို့ရတဲ့ ဆိုဒ်တွေ အများကြီး ရှိပေမယ့် ယခုလက်ရှိ ကျနော်အသုံးပြုနေတဲ့ Cbox ဆိုဒ်မှာပဲ လုပ်နည်းကို Blogger လူသစ်များအားလုံးပဲ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ အားလုံးပြီးသွားရင်တော့ အပေါ်ကလို Short Link [link] လေးနဲ့ Cbox တခုကို ရရှိမှာ ဖြစ်ပါတယ်..။  အရင်ဆုံး ဒီလင့် http://www.cbox.ws/ ကနေ ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ အဲ့ဒီမှာ Sign Up စာသားကို နှိပ်ပြီး မိမိတို့ရဲ့ E-mail နဲ့ အကောင့်တခုကို အရင်ဖွင့်လိုက်ပါ..။

အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်နဲ့ အကောင့်တခုကို ဖွင့်လိုက်ပါတယ်..။ 



Cbox Created ဆိုရင်တော့ ကျနော့် အသစ်ဖွင့်လိုက်တဲ့ အကောင့်တခုကို အသုံးပြုလို့ ရသွားပါပြီ..။ ဒါကြောင့် Login မှာ Name နဲ့ Password ကို မှန်အောင် ပြန်ရိုက်ထည့်ပြီး ဝင်လိုက်ပါတယ်..။ 



အပေါ်က ပုံအတိုင်း မြင်ရရင် Publish ကို ကလစ်လိုက်ပါ..။ အောက်ကပုံမှာ မျှားပြထားတဲ့ ကုဒ်တွေကို copy ယူထားရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် ကျနော် အောက်ကပုံလေးတွေအတိုင်း ကုဒ်တွေကို copy ယူလိုက်ပါတယ်..။ 

ဒီကုဒ်တွေကို ပုံမှာ ပြထားတဲ့ Step 1-2-3-4 အတိုင်း သွားထည့်ပေးရမှာပါ..။



ကျနော် ကုဒ်တွေကို Right Click >> copy နဲ့ ယူပြီး Notepad မှာ အရင် ထည့်သိမ်းလိုက်ပါတယ်..။ အောက်ကပုံအတိုင်းပါ..။


ပြီးရင်တော့ မိမိတို့ Blog ထဲကို ဝင်ပြီး Layout ကနေ Gadget ကိုဖွင့်လိုက်ပါ.. အောက်ကပုံတွေအတိုင်းပါပဲ..။ 




အပေါ်မှာ Notepad ထဲမှာ မှတ်ထားတဲ့ ကုဒ်တွေကို အပေါ်က ပုံအတိုင်း copy-paste နဲ့ ထည့်လိုက်ပြီး Save လိုက်ပါတယ်..။ Save မလုပ်ခင် အပေါ်ပုံမှာ ပြထားတဲ့ မျှားကတော့ မိမိတို့ရဲ့ Cbox ကို ထပ်ရှည်ချင်၊ ကြီးချင်ရင်တော့ သို့မဟုတ် သေးချင်ရင် အဲ့ဒီမျှားပြထားတဲ့ နေရာတွေကို တန်ဖိုးတွေကို အတိုး၊ အလျှော့လုပ်ပေးရမှာပါ..။ ဒါဆိုရင် ကျနော့် Blog မှာ လက်ရှိ မြင်နေရတဲ့ Cbox အတိုင်း ပုံစံပြောင်းယူလို့ ရမှာ ဖြစ်ပါတယ်..။


အပေါ်ပုံတွေ အတိုင်း Save လိုက်ရင်တော့ အောက်ကပုံတွေအတိုင်း မိမိတို့ရဲ့ Blog မှာ Cbox တခုကို ရရှိပါပြီ..။ 



နောက်တခုကတော့ ကျနော်တို့ Cbox ဆိုဒ်ထဲကို ပြန်ဝင်ပြီး အောက်ကပုံအတိုင်း အနည်းငယ် ပြောင်းလဲပေးလိုက်ရင် ကျနော့် Blog မှာ လက်ရှိအသုံးပြုနေတဲ့ အတိုင်း စာလိမ်တွေနဲ့ ဝင်ရမယ့် ၊ [link] လို့ စာသားနဲ့ ပေါ်နေစေမယ့် Cbox လေးကို ရရှိပါပြီ..။


အောက်ကပုံကတော့ မိမိတို့ Cbox မှာ မရှိစေချင်တဲ့ ၊ Reader တွေရဲ့ Comments တွေကို ဖျက်ပစ်လို့ ရတဲ့ နေရာလေးပါ..။ အောက်ကပုံအတိုင်း ဖျက်ပစ်လို့ ရပါတယ်..။


အပေါ်ပုံမှာ ပြထားတဲ့ Option မှာ ပြောင်းလဲထားတဲ့အတိုင်း Cbox မှာ စာတွေရေးထည့်ရင်တော့ အရင်ဆုံး အောက်ကပုံအတိုင်း စာလိမ်ဖြေပြီးမှ ထည့်လို့ ရမှာပါ..။ ပြီးရင်တော့ အောက်ဆုံးပုံလေးအတိုင်း မိမိနဲ့ Reader တွေပေးလိုက်တဲ့ ဝဘ်ဆိုဒ်တွေ၊ Blog တွေကို [link] ဆိုတဲ့ စာသားလေးနဲ့ပဲ ပေါ်နေပါလိမ့်မယ်..။ ဒီအဆင့်တွေကို ကြိုက်ရင်တော့ ထည့်ပါ..။ မကြိုက်ရင်တော့ ရိုးရိုးနဲ့ပဲ Option မှာ ဝင်ပြောင်းဖို့ မလိုတော့ပါဘူး..။ ဒါဆိုရင်တော့ Blogger လူသစ်များအတွက် Blog မှာ Cbox လေး ထည့်တတ်သွားပါပြီ..။



 အားလုံးပဲ လုပ်တတ်၊ ကိုင်တတ်၍ အဆင်ပြေကြပါစေ..။