Popular Posts

Tuesday, April 29, 2014

Facebook ကို ဖုန်း နှင့် အသုံးပြုသူများအတွက်RAMနည်းသောဖုန်းများအတွက်နည်းလမ်း

Facebook ကို ဖုန်း နှင့် အသုံးပြုသူများအတွက်

Facebook ကို မိမိတို့ ရဲ့  မိုဘိုင်းလ် ဖုန်းများမှ တဆင့် အသုံးပြုသူများ အတွက်။ ပြီးတော့ ဖုန်း ရဲ့  RAM နည်းတဲ့ ဖုန်းပိုင်ရှင်တွေ အတွက် နည်းလမ်းလေးပါ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ Facebook application ကို Phone ထဲမှာ install လုပ်ပြီး သုံးမယ်ဆိုရင် ဖိုင်ဆိုက် က 16MB ကျော် ရှိပါတယ်။ ဒီကောင်ကြီး Run နေရင် စက် လေး နေတာမျိုး နဲ့  အခြား Application တွေ သုံးတဲ့အခါ ပိုပြီး လေး နေတက်ပါတယ်။ ခုပြောသလို လုပ်လိုက်မယ်ဆိုရင် ဖိုင်ဆိုဒ်က KB လောက်ပဲ ရှိမှာဖြစ်ပြီး Facebook App မှာ သုံးသလို အပြည့်အဝ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နည်းလမ်းကတော့ ရိုးရိုးလေးပါ။ ပထမဆုံး မိမိရဲ့ ဖုန်းထဲမှာပါတဲ့ default browser ကို သုံးပြီး facebook.com ကို ဖွင့်ပါမယ်။ အဲလိုဖွင့်တဲ့အခါ Address bar မှာ m.facebook.com ဆိုတာ ပေါ်နေတာ သေချာပါစေ။ ပြီးရင် စာမျက်နှာ တစ်ခုလုံး စုံ သွားပြီဆိုရင် News feed မှာ ရှိမရှိ ပြန်စစ်ဆေးပါ။ သေချာပြီရင်တော့ ဖုန်းအောက်မှာပါတဲ့ Menu ကို တစ်ချက်နှိပ်ပြီး Add bookmark ကို ရွေးပြီး bookmark မှတ်လိုက်ပါ။ ပြီးရင် ဖုန်း browser ထဲက ပြန်ထွက်လိုက်ပါမယ်။ Home screen လွတ်တဲ့ နေရာမှာ ၅ စက္ကန့်  ခန့်  ဖိထားပြီး Add widget ကို ရွေးမယ်။ ပြီးရင် အဲဒီအထဲက bookmark ကို ရွေးမယ်။ ပြီးရင် bookmark ထဲက facebook ကို ရွေးပြီး တင်လိုက်ပါ။ ပုံမှန်အားဖြင့် bookmark တွေဟာ အနီရောင် ဖဲကြိုးစ လို မျိုးပေါ်တက်ပေမယ့် ဖေ့စ်ဘုက် ဘွက်မက် ကတော့ သူ့ ရဲ့  Logo F ပုံစံနဲ့ တွေ့ရမှာပါ။ အဲဒါလေးကို နှိပ်ပြီး ဝင်လိုက်မယ်ဆိုရင် ဖုန်းထဲမှာ ထည့်တဲ့ Facebook app လို ပဲ အပြည့်အစုံ အသုံးပြုနိုင်တာကို တွေ့ ရမှာပါ။ ဒီနည်းလမ်းလေးဟာ လွယ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့်လည်း ဖုန်းရဲ့  မမ်မိုရီ နှင့် RAM စားတာကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။facebook-logo-3

No comments:

Post a Comment