Popular Posts

Wednesday, January 7, 2015

Samsaung S3,S4,Note2 ဖုန်းများအတွက် Dead Boot နိုးနည်း

Samsaung S3,S4,Note2-  Dead Boot 

 Samsaung ဖုန်းများပါဝါမလာတော့လျှင် ပထမဦးစွာ DC Power Supply ဖြစ်ချိတ်ပြီး ဖွင့်ကြည့်ပါ Power ပွင့်တယ်ဆိုလျှင် Battery လဲပြီးပြန်သုံးနိုင်ပါသည်။DC Power Supply ဖြင့် နိုးသော်လည်း တစ်ကယ်လို့ မှ ၀.၁၆A သို့ မဟုတ် ၀.၂၈A ပတ်ချာလည် သို့ ဆွဲပြီး ပါဝါမနိုးလျှင် ထိုဖုန်းမှာ Dead Boot ဖြစ်နေသည်ဟု ယူဆနိုင်ပါသည်။

(၁)ထိုအခြေအနေမျိုးတွင် ကျွန်တော်တို့ က Memory Card ဖြင့်နိုးကြည့်ရပါမည်။ပထမဦးစွာ ကျွန်တော်တို့  Deadboot Memory Card ပြုလုပ်ရပါမည်။ပြုလုပ်နည်းကတော့ ဒီမှာဒေါင်းပါ https://www.dropbox.com/s/g86ulgqmq8xdg6y/Deadboot%20Memory%20Card%20%28Hellothargyi%29.pdf?dl=0
Dead Boot Memory Card ပြုလုပ်ပြီးလျှင် Jip တစ်ခုလိုပါသည်။ပထမဦးစွာ ဖုန်းကို Battery ဖြုတ်ထားပါ ပြီးနောက်
Memory Card ကို ဖုန်းထဲထည့်ပြီး Jip ကိုထိုးပါ ပြီးလျှင် Battery ပြန်တပ်ပါ
၂ မိနစ်ခန့် ထားပါ။
ထို့ နောက် ဖုန်းကို Battery ဖြုတ်ပြီး Memory Card ကိုပြန်ထုတ်ပါ။
ဖုန်းအား Battery ပြန်တပ်ပြီး Download Mode ၀င်ပါ ထိုအခါဖုန်းတွင်
Download Mode ပြောင်းပြန်ပေါ်နေတတ်ပါသည် သို့ မဟုတ် Product Name ပျောက်နေတတ်ပါသည်။ထိုသို့ ပေါ်လာလျှင် မိတ်ဆွေ Deadboot နိုးတာအောင်မြင်သွားပါပြီး နောက်တဆင့် ဆက်ပြီးလုပ်ဆောင်ရပါမည်။


(၂)ဖုန်းအားကွန်ပြူတာနှင့်ချိတ်ဆက်ပြီး Firmware ပြန်ရေးရပါမည် ပြန်ရေးရာတွင် File အစုံပါသော Firmware ဖြင့်ပြန်ရေးရပါမည်။Firmware တတ်လာလျှင်ထို ဖုန်းကို ဖုန်းဆက်ရန်အတွက် အသုံးပြုဖို့ မရသေးပါ အဘယ်ကြောင့်ဆိုသော် ဖုန်းကို *#06# ဖြင့် IMEI ပြန်စစ်ကြည့်ပါ
004999……. ဖြစ်နေသည်ကိုတွေ့ နိုင်ပါသည်။ထို IMEI မှာ IMEI အတုဖြစ်ပါသည် ထို့ ကြောင့် ဖုန်းခေါ်မရတာပါ ဖုန်းအသုံးပြုရန် မူလ IMEI သို့ မဟုတ် Super IMEI ကို ပြန်ပြီးရေးမှသာ ဖုန်းဆက် ၇န်အတွက် အသုံးပြုနိုင်မှာပါ။ IMEI ပြန်ရေးရန်အတွက် SPT BOX or Z3X BOX ကိုအသုံးပြုနိုင်ပါသည်။


(၃)SPT BOX အသုံးပြုနည်းနှင့် IMEI ပြန်ရေးနည်းကို ဒီမှာဒေါင်းပါ https://www.dropbox.com/s/qs8mu3ebbrk69x1/SPT%20BOX%20%28Hellothargyi%29.pdf?dl=0


(၄) အကယ်လို့ နံပါတ်(၁)တွင်ပါဝါမနိုးလာပါက EMMC လည်းမှရနိုင်ပါမည်
EMMC လဲနည်း ဒီမှာဒေါင်းပါ https://www.dropbox.com/s/f8ie5umie3o0o3b/Hello%20Thar%20Gyi%20EMMC.pdf?dl=0


EMMC လဲပြီးသွားလျှင် (၃) မှနည်းအတိုင်း IMEI ပြန်ရေးရပါမည်။
ဖတ်ရူသူအားလုံးအဆင်ပြေကြပါစေ အမှားပါလျှင်လည်း စေတနာအမှားလို့ ပဲမြင်ပေးပါ ။

No comments:

Post a Comment