Popular Posts

Thursday, July 28, 2016

သင့်ချစ်သူကို ခံစားမှုအထွဋ်အထိပ်သို့ အမြန်ရောက်ရှိစေမည့် နည်းလမ်းများ




မိန်းကလေးတစ်ယောက်အတွက်လိင်ပိုင်းဆိုင်ရာသာယာမှုတွေကိုတွေ့ကြုံခံစားရဖို့အတွက်လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့်သင့်ချစ်သူနဲ့အတူနေတဲ့အခါမှာသူမမြန်မြန်ကိစ္စပြီးအောင်ဆိုပြီး အင်အားသုံးပြီး အပြင်းအထန်အားထုတ်နေလို့လည်း ထူးမှာမဟုတ်ပါဘူးသူမခံစားမှုအရှိန်မသေစေပဲ ကိစ္စမြန်မြန်ပြီးစေမယ့် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။

၁။မတွေ့ခင်ကတည်းကကြိုတင်နှိုးဆွပါသင့်ချစ်သူဆီကိုအရင်တစ်ခေါက်အတူနေတုန်းကအကြောင်း
အရာလေးတွေကိုပဲဖြစ်ဖြစ်သူမကိုဘယ်လိုတမ်းတမိတဲ့အကြောင်းသူမကိုဘယ်လိုစိတ်ကျေနပ်စေမယ့် အကြောင်းတွေကိုမက်ဆေ့ဂ်ျပို့တာမျိုးတွေဖုန်းနဲ့ဆက်သွယ်ပြီးပြောတာမျိုးလေးတွေလုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ သင်နဲ့ သူမကိုပိုမိုစိတ်လှုပ်ရှားစေမှာဖြစ်ပြီးနောက်တစ်ခါအတူနေချင်စိတ် များလာစေမှာဖြစ်ပါတယ်ဒါ့အပြင်တကယ်အတူနေဖြစ်ကြတဲ့အချိန်မှာလည်းသင့်အတွက်ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

၂။ နမ်းရှုံ့နူးနှပ်တာတွေက မလုပ်မဖြစ်ပါ။ ယောင်္ကျားလေးတွေအတွက်ကတော့ နမ်းရှုံ့နူးနှပ်တာက အတူမနေခင်မှာ လုပ်ဆောင်တဲ့ ရှေ့ပြေးကိစ္စ သက်သက်ပါ။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူးနမ်းတာကိုင်တွယ်တာတယုတယပွတ်သပ်ပေးတာပါးစပ်နဲ့ဒါမှမဟုတ်လက်နဲ့နှိုးဆွပေးတာတွေကတကယ်အတူနေတဲ့အခါမှာကိစ္စမြန်မြန်ပြီးစေဖို့အထောက်အကူဖြစ်စေပါတယ်ပညာရှင်တွေက ပြောထားတာကတော့ အတူမနေခင်မှာ အနည်းဆုံး မိနစ်(၂၀)လောက်အထိ နူးနှပ်ပေးဖို့ လိုအပ်ပါတယ်လို့ဆိုပါတယ်ဒီလောက်နဲ့မကျေနပ်သေးရင်နူးနှပ်နေတဲ့အချိန်မှာလိင်ကိစ္စနဲ့ပတ်သက်တဲ့စကားတွေသူမကိုဘယ်လိုဘယ်ပုံဆက်ဆံမယ့်အကြောင်းကိုနားရွက်နားကပ်ပြီးခပ်တိုးတိုးလေးပြောပေမယ့်ဆိုရင်သူမရဲ့ခံစားမှုတွေအမြန်ဆုံးအထွဋ်အထိပ်ကိုရောက်ရှိသွားဖို့အကူအညီဖြစ်စေမှာဖြစ်ပါတယ်။

၃။ အတွင်းရောအပြင်ရောလှုပ်ရှားပါ။ မိန်းကလေးအများစုက သာမန်ရိုးရိုးပုံစံတွေနဲ့ ဆက်ဆံနေရုံနဲ့ ကိစ္စပြီးခဲပါတယ်။ ဒါ့ကြောင့် ပုံမှန် အသွင်းအထုတ်လုပ်နေရင်းကပဲ သူမရဲ့အဓိကနေရာတွေကို နှိုးဆွမှုတွေလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ လက်ကိုအသုံးပြုပြီး သူမရဲ့မိန်းမကိုယ်ကို ဆွပေးတာမျိုး သူမကိုယ်တိုင်နှိုးဆွစေတာမျိုးတွေကို ဆိုလိုပါတယ်။ ဒါ့အပြင် မိန်းကလေးကို အပေါ်ကနေစေတဲ့ အနေအထားမျိုးကလည်း သူမရဲ့ခံစားမှုတွေကို အရှိန်မြှင့်တင်ပေး နိုင်တဲ့အတွက် မြန်မြန်ကိစ္စပြီးစေနိုင်မှာဖြစ်ပါတယ်။

၎။ အထောက်အကူပြုပစ္စည်းတစ်ခုခုသုံးပါ။ ယောင်္ကျားအင်္ဂါအတုတို့၊ တုန်ခါစက်တို့လို့ လိင်ဆက်ဆံရာမှာသုံးတဲ့ ပစ္စည်းတွေကို သုံးတာက သူမရဲ့အဓိကနေရာတွေကို ခံစားမှုအရှိန်မြင့်တက်စေပြီး ကိစ္စမြန်မြန်ပြီးစေနိုင်ပါတယ်။ ဒီလို အထောက်အကူပြု ပစ္စည်းတွေကို အတူမနေခင် နူးနှပ်နေချိန်နဲ့ အတူနေချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။
 Gentleman Magazine

    Image result for sex

No comments:

Post a Comment