Popular Posts

Friday, August 19, 2016

ဖုန်းအဟောင်း တစ်လုံးကို အိမ်လုံခြုံရေး ကင်မရာ အဖြစ် ပြောင်းလဲရအောင်

       

          ဖုန်းအသစ် တစ်လုံး ၀ယ်လိုက်ပြီးတာနဲ့ ဖုန်းအဟောင်းလေးကို ဘာလုပ်ရမှန်းမသိဖြစ်နေပါသလား။ သင့် ဖုန်းအဟောင်းဟာ သုံးလို့ ရပြီး နောက်ကျော ကင်မရာ ကလည်း ကောင်းနေ သေးတယ် ဆိုရင်တော့ security camera အဖြစ် အကျိုးရှိရှိ ပြောင်းလဲ အသုံးပြုကြည့် ရအောင်။
  IP Webcam ဆိုတဲ့ appလေးကိုထည့်သွင်းထားပါ ။ Free အခမဲ့အနေနဲ့  lite version ရနိုင်ပြီး Pro version နဲ့ သူ့ ရဲ့စွမ်းဆောင်ရည် feature တွေ အကုန် လိုချင်တယ် ဆိုရင်တော့ ၃.၉၉ ဒေါ်လာ သွင်းဖို့ လိုပါတယ်။

IP Webcam app ဟာ local ကော ဒါမှမဟုတ် ကြိုက်တဲ့ နေရာ ကနေ အင်တာနက်နဲ့ live stream လွှင့်နေတာကို ကြည့်ဖို့ အတွက် Ivideon ဆိုတဲ့ cloud video streaming ၀က်ဘ်ဆိုဒ်ကို အသုံးပြု နိုင်ပါတယ်။


  • - IP Webcam ကို Google Play ကနေ ဖုန်းအဟောင်းထဲ သွင်းပါ။
  • - IP Webcam ကို ဖွင့်ပြီး စိတ်ကြိုက် video preference ၊ effect ၊ power management တွေ ချိန်လို့ ရပါတယ်။ အသံ ချည်း ဒါမှမဟုတ် လှုပ်ရှားမှု ချည်းပဲ ရိုက်ကူး ချင်လည်း ရွေးနိုင်ပါတယ်။
  • - Ivideon ကနေ stream လွှင့်မယ်ဆိုရင် register ဒါမှမဟုတ် sign in လုပ်ဖို့ လိုအပ်ပြီး ကိုယ့်ဖုန်းနဲ့  ရလားဆိုတာ compatibility စစ်လို့ ရပါတယ်။
  • - Stream တိုက်ရိုက်လွှင့်ဖို့ အတွက် app အောက်ဆုံးနားမှာ Start server ကို ရွေးပေးပါ။
  • - Stream ကြည့်ဖို့ အတွက်ဆိုရင်
  • - Security camera အဖြစ်ထားထားတဲ့ ဖုန်း အဟောင်းက IP address နဲ့ port နံပါတ်တို့ ကို ရှာပါ။
  • - တခြား ကွန်ပြူတာ၊စမတ်ဖုန်း၊ဒါမှမဟုတ် တက်ဘလက်ကနေကြည့်မယ်ဆိုရင် Web browser ရဲ့ address bar မှာ ဖုန်းအဟောင်းရဲ့ IP address ကို ရိုက်ထည့်ပေးပါ။

အဆင့် ၂ - သင့်ဖုန်းအဟောင်းကင်မရာ ရိုက်ဖို့ အတွက် နေရာရွေးပါ။

Stream စမ်းလုပ်ကြည့်တာ ရပြီဆိုရင် ကိုယ့်စိတ်ကြိုက် နေရာကို ရိုက်ကူးဖို့ အတွက် ဖုန်းကို သင့်တော်တဲ့ နေရာမှာ ထားထားပေးဖို့ လိုပါတယ်။

အဆင့် ၃ - ဖုန်းကို ငြိမ်အောင်ထားပြီး အားသွင်းထားဖို့ လိုပါမယ်။ ဗီဒီယိုကို streaming လွှင့်တာ အား အရမ်းစားပြီး ဖုန်းက တစ်ချိန်လုံး ဖွင့်ထားရမှာ ဖြစ်တဲ့ အတွက် အားသွင်းနိုင်မယ့် နေရာနား ဖြစ်ဖို့ လည်း လိုပါတယ်။ အားသွင်းတဲ့ နေရာနဲ့ ဝေးဝေးမှာ ထားချင်တယ် ဆိုရင် ဆယ်ပေရှည်တဲ့ micro USB ကြိုးကို ၀ယ်ယူ အသုံးပြုနိုင် ပါတယ်။
လင်းဝင်း ( နည်းပညာ )
REF : အင်တာနက်

1 comment: