Popular Posts

Tuesday, August 9, 2016

Xiaomi MIUI 8 အကြောင်း တစ်စေ့တစ်စောင်း


Xiaomi MIUI 8 ဆိုတာဟာ Android 6.0  Marshmallow ကို အခြေပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။  MIUI 8 မှာ 7 ထက် ပိုမိုကောင်းမွန်တဲ့ feature တွေပါရှိသလို၊ ဒီဇိုင်းပိုင်းလည်း ပိုမို ကောင်း မွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Xiaomi MIUI 8 မှာ အပြန်အလှန် ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ Animations (လှုပ်ရှားပုံရိပ်တွေ) နဲ့ မြောက်မြားလှစွာသော Themes တွေကိုလည်း ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
MIUI 8 ကို  Mi 5, Mi Max, Mi Note, Mi 4i, Mi 4, Mi 3, Mi 2, Redmi Note 3, Redmi Note 2, Redmi Note Prime, Redmi Note, Redmi 2 Prime, Redmi 2 နဲ့ Redmi 1s တို့မှာ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Beta Version ကို ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ဝေခဲ့ပြီး Stable Version ကိုတော့ သြဂုတ်လ ၁၆ ရက်နေ့မှာ ဖြန့်ချိပါလိမ့်မယ်။
MIUI 7 မှာ ပါတာတွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးထား တာတွေလည်း ပါလာမှာ ဖြစ်ပါတယ်။
MIUI 8 ရဲ့ Feature အသစ် ၈ မျိုးကတော့
Power saving mode
Xiaomi က လျှပ်စစ်သုံးစွဲမှု စီမံခန့်ခွဲတဲ့ feature သစ်ကို  မိတ်ဆက်ထားပါတယ်။ ဒီ Feature ကနေပြီး နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ မလိုအပ်တဲ့ app တွေကို ရပ်တန့်နေအောင် သုံးစွဲသူက လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Sync, Update နဲ့  နောက်ကွယ်ကနေ လုပ်ကိုင်နေတာတွေ အားလုံးကို စောင့်ကြည့် စီမံခန့်ခွဲ နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။
“Note” application
“Notes” application ကတော့ သင့်ဖုန်းမှာရှိတဲ့ မှတ်စုတွေကို Password ခံထားနိုင်အောင် လုပ်ပေးထားတဲ့ feature ပဲဖြစ်ပါတယ်။ ဒီ ဟာကို fingerprint ပါ ပိတ်ထားနိုင်ပါတယ်။
Energy saving mode
ဒီ Feature ကတော့ ဖုန်းအားနည်း နေချိန်မှာ နောက်ကွယ် က အလုပ်လုပ်နေတဲ့ App တွေ၊ App update တွေနဲ့ Sync တွေကို ပိတ်ထားပေးမှာ ဖြစ်ပါတယ်။ ဒီအချက်က Mi ဖုန်းကို ကြာရှည်သုံးနိုင်သမျှ သုံးလို့ရအောင် လုပ်ပေးထားတဲ့အချက် ဖြစ်ပါတယ်။  နောက်ထပ် ဒီ Funtion က လုပ်ပေးနိုင်တာကတော့ သုံးစွဲသူရဲ့အချက်အလက်တွေကို တစ်စုံတစ်ခုက လာရောက်ထိတွေ့ ကိုင်တွယ်နေတဲ့ အချိန်မှာ သတိပေးမယ်ဆိုတာ ဖြစ်ပါတယ်။
Photo gallery feature
Xiaomi MIUI 8 လုပ်ဆောင်နိုင်စွမ်းတွေ ပိုကောင်းအောင် လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ပုံတွေကို မိမိရှဲချင်တာနဲ့ ရှဲလို့ရအောင် လုပ်ပေးထား ပါတယ်။  ဓာတ်ပုံများစွာကို Selection လုပ်နိုင်ပါတယ်။ ပုံတွေကို Sticker တွေ ထည့်နိုင်ပါတယ်။ MIUI 8 သုံးစွဲသူတွေအနေနဲ့ ဓာတ်ပုံတွေပေါ်မှာ ပုံတွေထပ်ဆွဲနိုင်တဲ့ Doodle ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို မူရင်းထည့်ပေးထားတဲ့ ဗီဒီယိုတည်းဖြတ်မှု app အသုံးပြပြီး စာတမ်းထိုးနိုင်မှာ ဖြစ်သလို မြောက်မြားလှစွာသော Effect တွေနဲ့ သီချင်းတွေလည်း ထည့်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဗီဒီယို တည်းဖြတ်တဲ့အခြား app တွေလုပ်နိုင်တဲ့ အရာတွေကိုလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
Mi Lanting font
MIUI 8 မှာတော့ ဖောင့်အဟောင်းကို အစားထိုးထားတဲ့ Mi Lanting နဲ့ Xiaomi claims ဆိုတဲ့ ဖောင့်အသစ်နှစ်မျိုး ပါဝင်လာပါတယ်။ ဒီဖောင့်တွေက မျက်စိနဲ့ အလွန်သင့်တော်ပြီး Mi စမတ်ဖုန်းရဲ့ Display ကနေ ၆ နာရီအထက် စာဖတ်တာတောင် မျက်စိကို မပင်ပန်းစေဘူး လို့ဆိုပါတယ်။
QR-code scanner နဲ့ calculator
QR-code scanner နဲ့ calculator ကို အဆင့်မြှင့် ပေးလာပါတယ်။ QR-code scanner နဲ့ ဖတ်လိုက်တာနဲ့ ပုံမှာပါတာတွေကို ခွဲခြမ်းဖော်ပြပေးမှာ ဖြစ်သလို အင်တာနက်မှာလည်း ရှာဖွေပေးမှာ ဖြစ်ပါတယ်။ Calculator (ဂဏန်းတွက်စက်) ကတော့ တရုတ်ကျောင်းတွေမှာ သင်ကြားနေတဲ့ သင်္ချာတွေကို တွက်ချက်နိုင်အောင် စီမံပေးထားပါတယ်။
New MIUI 8 Lock Screen Wallpaper
MIUI အဟောင်းမှာတော့ Lock Screen Wallpaper တွေက အတော်လေးကို နည်းပါးတာတွေက ရပါတယ်။ MIUI 8 မှာတော့ Wallpaper အသစ်တွေ များစွာထည့်ပေးထားပြီး ပူးပေါင်းဆောင်ရွက်သူ ၅၀ ကျော်ရဲ့ Wallpaper တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
Application Colour
Xiaomi ဒီဇိုင်နာတွေက စံသတ်မှတ် ထည့်သွင်းထားတဲ့ App တွေကို အရောင်တွေ ပြန်လည် ပြင်ဆင်ရေးဆွဲ ထားကြပါတယ်။ ဒါကြောင့် MIUI 8 မှာတော့ သန့်ရှင်း၊ တောက်ပပြီး သပ်ရပ်တဲ့ အရောင်စုံနဲ့ app တွေကို တွေ့ကြရမှာပါ။
Application Manager သစ်
MIUI 8 မှာ သုံးထားတဲ့ Application Manager သစ်ဟာ ရွေးချယ်လုပ်ဆောင်စရာတွေ အတော်များများ ထပ်ပါလာပါ တယ်။ Browser windows အားလုံးဟာ အထက်ကနေအောက်ကို အစီအစဉ်တကျ စီရီထားပါ တယ်။ အလုပ်လုပ်နေတဲ့ application အားလုံးက ဘယ်ကနေ ညာဘက်ကို စီပေးထားပါတယ်။ App ကို ပိတ်ချင်ရင်တော့ သိပ်လွယ်ပါတယ်။ ဘေးဘက်ကို ဆွဲထုတ်ပေးလိုက်ရုံပါပဲ။
MIUI 8 ရဲ့ ထိပ်တန်း Feature တွေကတော့
Dual apps (Cloned Apps Feature)
Xiaomi စမတ်ဖုန်း သုံစွဲသူတွေဟာ လက်ရှိဖုန်းထဲမှာပဲ App တစ်ခုကို အကောင့်ခွဲတွေနဲ့ သုံးနိုင်အောင် လုပ်ပေးထားတဲ့ Feature ဖြစ်ပါတယ်။ ဥပမာအားဖြင့် WhatsApp သို့မဟုတ် Facebook တစ်ခုကို အကောင့်ခွဲ နှစ်ခုထားသုံးနိုင်တဲ့ Feature ပါ။
Second space (dual spaces)
ဒီ Feature ကို Xiaomi ကတော့ “Dual apps” ရဲ့ နောက်တစ်ဆင့်လို့ ခေါ်ပါတယ်။ ဖုန်းတစ်လုံးတည်းနဲ့ ဖုန်းနှစ်လုံးသုံးတဲ့အတိုင်း ပြုလုပ်သုံးစွဲနိုင်မှာပါ။ ကွဲပြားတဲ့ Lockscreen password တွေ (သို့မဟုတ်) လက်ဗွေကို ကွဲပြားတဲ့ Home Screeen၊ ကွဲပြားတဲ့ Apps တွေ၊ သီးခြား အချက်အလက်တွေနဲ့ ဓာတ်ပုံ သိုလှောင်မှုတွေအတွက် ထားနိုင်မယ်လို့ ဆိုပါတယ်။ Coopad Max မှာရှိတဲ့ feature နဲ့ ဆင်တူပါတယ်။
Scrolling screenshots
Xiaomi ဟာ Vivo မှာ သုံးစွဲ ထားတဲ့ FonTouch OS ရဲ့ page out နည်းပညာကို ဒီ Feature နဲ့ ရယူလိုက်တာ ဖြစ်ပါတယ်။ MIUI 8 မှာ screen များစွာကို လှည့်ပတ်ပြီး screenshoot ပြုလုပ်နိုင်တဲ့အပြင် သူတို့ရဲ့ Feature တွေကိုလည်း တည်းဖြတ်နိုင်ပါတယ်။ ဒီအချက်က ရှည်လျားလှတဲ့ ဆောင်းပါးတွေကို ပုံတစ်ခုတည်းဖြစ်အောင် လုပ်တဲ့အချက်မှာ အလွန်ကို အသုံးဝင်မှာ ဖြစ်ပါတယ်။
Multi-window Management
ဖုန်းထဲမှာ ကွန်ပျူတာများ windows တွေ အများအပြား တစ်ပြိုင်နက်တည်း ဖွင့်နိုင်သလို ဖုန်းမှာလည်း app တွေကို ဖွင့်ထားနိုင်ပြီး ကိုင်တွယ်ထိန်းချုပ်တာလည်း ပြုလုပ်နိုင်ပါတယ်။
Quick ball
Xiaomi က လုပ်ကိုင် ဆောင်ရွက်မှုတွေကို လက်တစ်ဖက်တည်းနဲ့ လုပ်ကိုင်ဆောင်ရွက် ချင်သူတွေအတွက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို Lockscreen နဲ့ လင့်ချိတ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Caller ID
ဒီ Feature ကတော့ ဘယ်သူက ဖုန်းခေါ်နေလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ လူကြိုက်များ ရေပန်းစားနေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဖုန်းနံပါတ်တွေ ပါရှိလာအုံးမှာပါ။ ဒါကြောင့် သူတို့ရဲ့ ဖုန်းနံပါတ်တွေကို မသိတောင် သူတို့ကို ဖုန်းခေါ်ဆို နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Message တွေကနေလည်း ဘယ်စီးပွားရေး လုပ်ငန်းကနေပို့ ထားလဲဆိုတာ သိနိုင်အောင် လုပ်ထားပါတယ်။ ဒီနေရာမှာတော့ ကုန်အမှတ်တံဆိပ် (brand name) နဲ့ ဖော်ပြနိုင်အောင် လုပ် ပေးထားတာ ဖြစ်ပါတယ်။
Ref: xiaomi-mi.com
indianexpress.com
gsmarena.com

No comments:

Post a Comment