Popular Posts

Friday, August 19, 2016

ချိန်း - Nay Toe & Kyaw Kyaw Bo

ခိုင်မင်းခ (နေတိုး) က ၀ူရှုးပညာကို လေ့လာလိုက်စားသလို ၀ူရှုးသင်တန်းကျောင်းဖွင့်လိုသူပါ။ ကေသွယ် (အိန္ဒြာကျော်ဇင်) ကတော့ အကပညာကို ၀ါသနာပါသူဖြစ်ပြီး ခေတ်ပေါ်အကသင်တန်းကျောင်းတစ်ခုဖွင့်လှစ်ရန် ဆန္ဒရှိနေသူပါ။ .....

တစ်နေ့ သူတို့နှစ်ယောက် ဆုံဆည်းရာက လူငယ်တို့ထုံးစံအတိုင်း စနောက်စကားများရင်း အချင်းချင်း အမြင်ကပ်သွားကြပါတယ်။ ဒီလိုနဲ့ ၀ူရှုးသင်တန်းဖွင့်ချင်တဲ့ခိုင်မင်းခက ပိုက်ဆံကြောင့် မိဘပေးစားတဲ့မိန်းမကိုယူရန် ခေါင်းညိတ်သလို တစ်ဖက်မှာလည်း ကေသွယ်က အကသင်တန်းဖွင့်ဖို့ငွေကြောင့် ခိုင်မင်းခကို လက်ထပ်ရန်ခေါင်းညိတ်လိုက်ပါတယ်။ ဒီမှာတင် လက်ထပ်ရမယ့်သူက ရန်သူတော်ဆိုတာ ကိုယ်စီသိသွားတဲ့အခါမှာလည်း ပိုက်ဆံလိုချင်ဇောနဲ့ ဟန်ဆောင်လင်မယားလုပ်ဖို့ သဘောတူကြပြန်ပါတယ်။ မင်္ဂလာပွဲအပြီးမှာ နှစ်ယောက်သား အက်စီးဒင့်ဖြစ်ရာက ခိုင်မင်းခကိုယ်ထဲ ကေသွယ့်ဝိညာဉ်က၀င်မိသလို ကေသွယ့်ကိုယ်ထဲလည်း ခိုင်မင်းခ ၀င်မိပါတယ်။ ဒီမှာတင် နှစ်ယောက်သား Change (ချိန်း) ပါပြီ။

Kaing Kaung , TV -- Film By Soe Ya

ဒါရိုက်တာ

-

ဦးသိန်းဟန်

ထုတ်လုပ်ရေး

-

ဖီးနစ်

သရုပ်ဆောင်

-

နေတိုး၊ အိန္ဒြာကျော်ဇင်

No comments:

Post a Comment