Popular Posts

Monday, May 30, 2016

Android Device အား လုံခြုံစိတ်ချစွာ Reset ပြုလုပ်နည်း (PDF-စာအုပ်)


Android Device တစ်ခုကို အကြောင်းအမျိုးမျိုးကြောင့် Reset ပြုလုပ်ကြရမှာပါ။ ကိုယ်အသုံးပြုနေတဲ့ ဖုန်းကို ပြန်ရောင်းမယ့် အခါမှာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ပေးတဲ့အခါမှာပဲဖြစ်ဖြစ် Reset ပြုလုပ်ပြီးမှ ပေးကြမှာဖြစ်ပါတယ်။ ဒီနေရာမှာပုံမှန် Factory Reset ပြုလုပ်ပြီး အခြားသူတစ်ယောက်ကို ပေးလိုက်တယ်ဆိုရင် နောက်ထပ်အသုံးပြု သူတွေဟာ သင့်ရဲ့ဓာတ်ပုံတွေ၊ စာတွေနဲ့အခြားသော ဖိုင်များကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။
ဒီနည်းလမ်းဟာ တကယ်တော့ ကျွမ်းကျင်သည့် ပညာရှင်တစ်ဦး၏ လက်ထဲသို့ သင့်ရဲ့ Factory Reset ပြုလုပ်ပြီးသား Android Device ကို ပေးလိုက်တယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အဆင့်မှာ မရှိသေးပါဘူး။ Recovery Tool တစ်ခုခုနဲ့ ရှာဖွေပြီးသင့်ရဲ့ Data တွေကို ပြန်လည်ရှာဖွေ နိုင်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Android Device တစ်ခုကို Reset ပြုလုပ်မယ်ဆိုရင် နောက်ပိုင်ဆိုင်မယ့်လူက ပြန်လည်ပြီး Recovery မပြုလုပ်နိုင်အောင် ဖိုင်တွေကို Encrypt ပြုလုပ်ပြီးမှသာ Reset ပြုလုပ်မယ့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ Device ကို Encrypt မပြုလုပ်ခင်မှာ လိုအပ်တာကတော့ ပထမဦးဆုံး Device ကို Password ပေးဖို့လိုအပ်ပါတယ်။
Android Device အား လုံခြုံစိတ်ချစွာ Reset ပြုလုပ်နည်းကိုတော့
အားလုံးအတွက်အကောင်းဆုံးဖြစ်အောင် PDF လေးလုပ်ပေးထားပါတယ်
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ


Download Here


Credit Internet Journal


အဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ)

No comments:

Post a Comment