Popular Posts

Monday, May 30, 2016

ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ်


iOS Device ဆိုင်ရာ Tip & Trick များကို လေ့လာနေကြတဲ့ ညီအကိုတွေအတွက်
မသိမဖြစ် သိထားသင့်တဲ့ Apple ID Account တစ်ခု ကွန်ပျူတာဖြင့်
 အလွယ်ဖွင့်ယူနည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ယခုဖေါ်ပြပါ Apple ID Account ဖွင့်နည်းသည် ကျနော်ကိုယ်တိုင် 
ဖွင့်လေ့ဖွင့်ထရှိတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် 100% လုံးဝအဆင်ပြေပါတယ်။
ကွန်ပျူတာမှာတော့ Windows OS အရ 32 bit ကွန်ပျူတာဆိုရင်တော့ iTunes 32 bit ကို
ထည့်သွင်းပေးရမှာဖြစ်သလို 64 bit ဆိုရင်တော့ iTunes 64 bit ကိုထည့်သွင်းပေးရမှာပါ။
iTunes ဆောဝဲသည် iOS Device အားလုံးအတွက် Driver ဖြစ်သလို PC Suite လည်းဖြစ်ပါတယ်၊
Android Device တွေလို Driver နှင့် Suite ကိုခွဲခြားပြီး ထည့်သွင်းနေစရာမလိုပါ။

iPhone & iPad ကိုင်ဆောင်ထားတဲ့ User တိုင်းတွင် မိမိ၏ ကိုယ်ပိုင် Device များအတွက် Apple ID 
ဆိုတာ ရှိကိုရှိနေရမှာပါ၊ တကယ်လို့ မိမိက songs, movies ကို iTunes မှ (သို့) Apple Store 
မှဒေါင်းလော့ ရယူချင်တယ်ဆိုရင်တော့ Apple ID ရှိနေမှဒေါင်းလော့ရယူမှုအဆင်ပြေမှာဖြစ်ပါတယ်။
Apple ID ကို Create ပြုလုပ်တဲ့အခါလည်း Free user အနေဖြင့် ဖွင့်ယူနိုင်သလို
Premiere member အနေဖြင့်လည်း မိမိ၏ Credit card information များကို
ထည့်သွင်း ပေးပြီး ဖွင့်ယူလို့ ရပါတယ်။
Apple ID ရှိထားခဲ့ရင် Apple App များနဲ့တစ်ခြား Payments စနစ်ဖြင့် ပေးဝယ်ယူရမယ့်
Ecosystem ကိုအကောင်းဆုံး အထောက်အကူပြုပေးမှာလည်း ဖြစ်ပါတယ်။
Apple Deivce သည် ကိုယ်ပိုင် App များနဲ့ Store များကို အဓိကထားထုပ်လုပ်နေတာမို့
အသုံးပြုသူ User များကိုလည်း Device တစ်ခုပိုင်ဆိုင်တဲ့ သူတိုင်း တစ်ဦးတစ်ယောက်လျှင်
ကိုယ်ပိုင် Apple ID Account တစ်ခုစီဖြင့် စမတ်ကျကျ အသုံးပြု လေ့လာနိုင်အောင် ဖန်တီး
ပေးထားတာလည်း ဖြစ်ပါတယ်။
ယခုစာအုပ်တွင် ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်းနဲ့
အောက်ပါ အကြောင်းအရာများကို အသေးစစ်လေ့လာရမှာပဲဖြစ်ပါတယ်။
ကွန်ပျူတာဖြင့် Apple ID အလွယ်ဖွင့်နည်း စာအုပ်
=============================
၁။ What is Apple ID? Apple ID ဆိုတာ ဘာလဲ? 

၂။ Apple ID ကို ဘာကြောင့်အသုံးပြုကြရတာလဲ?

၃။ Apple ID ကဘယ်နှစ်ခုတောင် လိုအပ်တာလဲ?

၎။ Apple ID ကို လူတိုင်းနှင့် Share ပြုလုပ်နိုင်တာပဲလား?

၅။ Apple ID ကို Change ပြုလုပ်ယူနိုင်တာပဲလား?

၆။ Apple ID Account ပြောင်းလဲအသုံးပြုနည်းများ

၇။ iCloud မှ Apple ကိုပြောင်းလဲနည်း

၈။ iTunes ကိုအသုံးပြု၍ Apple ID ကိုပြောင်းလဲနည်း

၉။ Apple ID Account တစ်ခု ကွန်ပျူတာဖြင့် အလွယ်ဖွင့်ယူနည်း

၁၀။ Email & Password Option အပိုင်း

၁၁။ Security Info Option အပိုင်း

၁၂။ Optional Rescure Email အပိုင်း

၁၃။ မွေးနေ့ မွေးရက် ခုနှစ် အပိုင်း

၁၄။ Payment Type Option အပိုင်း

၁၅။ Billing Adress အပိုင်း 

၁၆။ iPhone & iPad များတွင် Activate ပြုလုပ်နည်း

၁၇။ iTunes & App Store Option အပိုင်း
စတဲ့ Tip & Trick များကို လေ့လာဖတ်ရှုရမှာပဲဖြစ်ပါတယ်
ပထမဆုံး အကြိမ် Pre edition ဖြစ်တာမို့ စာလုံးပေါင်းအမှားများနဲ့
လိုအပ်ချက်များစွာဖြင့် ဖတ်ရှုကြရမှာလည်းဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်
အားလုံးအတွက်ပဲ ရည်ရွယ်ရေးထားတာဖြစ်လို့ Free Version အဖြစ်
အောက်ကလင့်မှာ ဒေါင်းလော့ရယူအားပေးနိုင်ကြပါပြီခင်ဗျား
အဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ)

No comments:

Post a Comment