Popular Posts

Monday, May 30, 2016

Huawei ဖုန်းများအတွက် Stock Rom firmware ရေးသားနည်း

Huawei ဖုန်းများအတွက် Stock Rom firmware ရေးသားနည်းကို 
ရေးသားပေးလိုက်ပါတယ်။
ဖေါ်ပြပါ Huawei ဖုန်းများအတွက် Stock Rom firmware ရေးသားနည်းသည်လည်း
Huawei ဖုန်းမှားအတွက် ကွန်ပျူတာမလိုပဲ သက်ဆိုင်ရာ ဖုန်းများ၏ Devices ပေါ်တွင်
SD Card ဖြင့် အလွယ်တကူ ရေးသားနည်းကို ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းတွင် ဘက်ထရီအား 20-30% ရှိနေရပါမည်။
၂။ Huawei Official Firmware ဖြစ်နေရပါမည်။
၃။ Firmware Folder ထဲမှာ dload ရှိနေရပါမည်။
၎။ dload Folder ထဲမှာ Update.app ရှိနေရပါမည်။
၅။ Micro SD Card (2GB/4GB etc) တစ်ခုခုရှိရပါမည်။
SD Card ဖြင့် firmware ရေးသားနည်း
========================   
Firmware ရေးသားရန်အတွက် အထက်ဖေါ်ပြပါ လိုအပ်ချက်များနဲ့ ပြည့်စုံပြီးရင်တော့
 Huawei Ascend ဘယ်အမျိုးအစားကို မဆို SD Card ဖြင့် ကွန်ပျူတာမလိုပဲ
သက်ဆိုင်ရာဖုန်းများ၏ Devices ပေါ်တွင် အလွယ်တကူရေးယူနိုင်မှာပဲဖြစ်ပါတယ်။
၁။ Huawei Ascend ဖုန်းများ၏ Official Firmware များကို အောက်ပါလင့်တွင်
သွားရောက်ပြီး ဒေါင်းလော့ရယူနိုင်ပါတယ်။
             http://firmwarefile.com/category/huawei

      
၂။ ဖုန်းမှာ Micro SD Card ကိုထည့်သွင်းပြီး ထို SD Card တွင် dload ဆိုပြီး 
New folder တစ်ခုတည်ဆောက်ပါ။
၃။ Firmware.zip ဖိုင်ကို ဖြည်လိုက်ပြီးတဲ့အခါ ပုံမှန်အားဖြင့် dload ဆိုတဲ့ folder လေး
ရှိနေစမြဲပါ၊ ပြီးရင် အဲဒီ dload folder ထဲတွင်တော့ Update.app ဆိုတာ ရှိနေတတ်ပါတယ်။
၎။ UPDATE.APP ဖိုင်ကို copy ကူးယူပြီး အသစ်တည်ဆောက်ထားတဲ့ 
dload folder ထဲမှာ paste ပြုလုပ်ပေးလိုက်ပါ။
Note: ပုံမှန်အားဖြင့် Firmware zip ဖိုင်ကိုဖြည်လိုက်ပြီးတဲ့အခါ dload folder ကိုတွေ့ပါလိမ့်မယ်၊ အဲဒီ dload folder တွင်တော့ update.app ဆိုပြီး ရှိနေတတ်ပါတယ်၊ တကယ်လို့သာ မရှိနေခဲ့ဘူးဆိုရင်တော့ dload ဆိုပြီး New folder တစ်ခုတည်ဆောက်ပြီး UPDATE.APP ဖိုင်ကို copy ယူပြီး dload folder ထဲမှာ ထည့်ပေးရမှာပါ။
၅။ ဖုန်းကို Power Off ပြုလုပ်ပေးလိုက်ပါ။
၆။ Volume UP + Volume Down + Power ကီးများကို တစ်ပြိုင်နက်တည်း
5-8 စက္ကန့်ခန့်လောက် တွဲနှိပ်ထားလိုက်ပါ။
၇။ အောက်ပါပုံအတိုင်း Update Process တစ်ခုပြုလုပ်နေတုန်း ခနစောင့်ပါ
အနည်းဆုံး 5-10 မိနစ်ကြာနေပါလိမ့်မယ်။
၈။ အောက်ပါပုံအတိုင်း Update process တစ်ခု OK ပြပြီး အောင်မြင်စွာပြီးဆုံးသွားတဲ့အခါ
မိမိဖုန်းက သူ့အလိုလို Restart ကျသွားပါလိမ့်မယ်။
၉။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းက ready to use အသုံးပြုရန်အတွက် အသင့်ဖြစ်နေပါလိမ့်မယ်။
မှတ်ချက်။ အပေါ်မှ Tutorial ကိုတော့ G730 အလုံးဖြင့် စမ်းပြထားတာပဲဖြစ်ပါတယ်။
အခြားသောနည်းလမ်းတစ်ခု
================
အထက်ဖေါ်ပြ နည်းလမ်းအတိုင်း Huawei ဖုန်းများအတွက် Huawei Ascend များကို
Stock Rom firmware အလွယ်ရေးသားနိုင်သလို အောက်ဖေါ်ပြ နည်းလမ်းဖြင့်လည်း
ရေးသားနိုင်ပါသေးတယ်၊ အောက်မှာ တခြားနည်းလမ်းတစ်ခုကိုလည်း ဆက်ပြီးလေ့လာကြည့်ပါ။
ဖုန်းကို Power Off မပြုလုပ်ပဲလည်း Firmware ရေးသားနိုင်တဲ့အတွက် SD Card တွင် 
dload ဆိုပြီး Folder အသစ်တည်ဆောက်လိုက်ပါ၊ ပြီးရင် Update.app ဖိုင်ကို dload folder မှာ copy ကူးထည့်လိုက်ပါ။
Settings>>Huawei Smartphone>>About Phone>>System Update>>Lockal Update များကို
တစ်ချက်ချင်းသွားလိုက်ပြီး Firmware ကိုအလွယ်တကူ Flash တစ်ခု ရေးသားနိုင်ပါတယ်။
အထက်ဖေါ်ပြ နည်းလမ်းသည် Huawei ဖုန်းများတွင် Huawei Ascend ဖုန်း ဘယ်အမျိုးအစားများကို မဆို
SD Card ဖြင့် မိမိဖုန်းများ၏ Devices ပေါ်တွင် အလွယ်တကူရေးသားနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်

လင်းဝင်း (နည်းပညာ)

No comments:

Post a Comment