Popular Posts

Monday, May 30, 2016

မူပိုင် Google မှ ထုတ်ပြန်လိုက်ပြီးဖြစ်တဲ့ နောက်ဆုံးထွက် Android N 7.0 Version Features

ကဲလာပြီနောက် အားလုံးစောင့်မျှော်နေတဲ့ နောက်ဆုံးထွက် Android N 7.0 ကြီး၊
နောက်ဆုံးထွက် ဗားရှင်းကိုမှ အကြိုက်တွေ့နေတာလား March 10 ရက်နေ့က
မူပိုင် Google မှ Android N 7.0 New Features နဲ့ပတ်သက်ပြီး Announces လုပ်လိုက်ပါပြီ။
မထွက်ကတည်းက နာမည်ကြီးနေတဲ့ Android N 7.0 ကြီးဟာ အခုဆိုရင်
developer preview အနေဖြင့် ထွက်ရှိလာခဲ့ပါပြီ၊ နောက်ဆုံးဆိုတာကိုမှ 
ခုန်မင်တတ်တဲ့ သူတွေအတွက် Android ကမ္ဘာရဲ့ နောက်ဆုံးမဟုတ်သေးတဲ့
နောက်ဆုံးဗားရှင်း Android N 7.0 ရဲ့ New Features ကို နားလည်သလောက်
ဘာသာပြန်တင်ပေးလိုက်ပါတယ်။

အကြီးမားဆုံး အပြောင်းအလဲအနေဖြင့် ယခု Android N 7.0 မှာ အရင်ဗားရှင်း
ဟောင်းများနဲ့ မတူညီတဲ့ Features များဝင်လာပါတော့တယ်။
Android platform ပေါ်မှ မှုန်ဝါးဝါး Future များကို အကောင်းဆုံး တွန်းလှန်ပေးမယ့်
တောက်ပတဲ့ စနစ်များဖြင့် အသုံးပြုသူ User များနဲ့ Developer များအတွက် စိတ်ကြိုက်
ဖြစ်စေမယ့် နောက်ဆုံးထွက် ဗားရှင်းဖြစ်မယ်ထင်ပါတယ်။
ဒီတော့ နာမည်ကြီး လူကြိုက်များလာမယ့် Android N 7.0 Version ရဲ့ 
bigger additions လေးအကြောင်းကို အောက်မှာဆက်လေ့လာကြည့်လိုက်ပါဦး
Multi-tasking
========
Multi-tasking အနေဖြင့် ယခုဗားရှင်းတွင် ဓာတ်ပုံများနဲ့ ဗွီဒီယိုများကို 
split-screen လို့ခေါ်တဲ့ အုပ်စုခွဲ စနစ်မျိုးဖြင့် ကြည့်ရှုနိုင်မှာဖြစ်သလို
Tablets များရဲ့ ကြီးများတဲ့ Screen များနည်းတူ အထူးဖန်တီးထားပါတယ်။
Improved Notifications
==============
ဖုန်းတစ်လုံးရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Notification ဧရိယာများကို
အရင်ဗားရှင်းဟောင်းများနဲ့ လုံးဝမတူပဲ ထူးခြားချက်များအဖြစ် ဖန်တီးထားသလို
ဖုန်း Call များနဲ့ Social Message Call များကို အကောင်းဆုံး reply ပြုလုပ်
နိုင်အောင် ဖန်တီးထားပါတယ်။
Battery Improvements
==============
Battery အကုန်မြန်တဲ့ စနစ်ဟောင်းထဲက Features များကို အပြီးအပိုင်
ထားခဲ့တော့မှ Battery Improvements နဲ့ပတ်သက်ပြီး Google ရဲ့ Marshmallow ဗားရှင်း
လောက်ကတည်းက Revolution ပြုလုပ်ထားခဲ့ပြီးဖြစ်သလို၊ ယခု ဗားရှင်းမှာဆိုရင်တော့
မိမိဖုန်း၏ screen ကို off လုပ်ထားတဲ့အချိန်ဆိုရင်၊ battery power အားကို 
အထူးတာရှည်ခံနိုင်အောင် ဖန်တီးထားပေးထားပါတယ်။
Memory Improvements
===============
Android တွင်ပြောစရာတစ်ခုဖြစ်နေသေးတဲ့ Memory အကြောင်းနဲ့ပတ်သက်
ပြီးတော့လည်း အရင် စနစ်များနဲ့ မတူပဲ ကောင်းသထက်ကောင်းလာအောင်
Google က reduce ပြုလုပ်ထားလာပါတယ်၊ Memory ပြသနာများအတွက် 
Limit အနေဖြင့် အကျိုးသက်ရောက်မှုရှိအောင် အထူးဖန်တီးပေးထားပါတယ်။
Java 8 Support
==========
ဒီတစ်ခါ အားလုံးထက် ထူးပြီး New တစ်ခုတိုးလာတာကတော့ Java 8 ပါ
Android Developers များအတွက် စိတ်ကြိုက် ကလစ်ယူနိုင်အောင် 
ထည့်သွင်း ပေးလာခြင်းလည်းဖြစ်ပါတယ်။
General Improvement and Tweaks
======================
ဒီ General Improvement and Tweaks ပတ်သတ်ပြီးတော့ Google က
ဟိုအရင် marshmallow ကတည်းက မိတ်ဆက်ပြသတ်ပြီးခဲ့ပြီးဖြစ်ပါတယ်။
ယခု Android N 7.0 ဗားရှင်းမှာတော့ ပိုကောင်းလာအောင် Final release 
အနေဖြင့် ဖန်တီးလာတာဖြစ်ပြီး၊ Tweaks များနဲ့ UI အဓိကဦးစားပေးဖြင့် ရေးဆွဲထားပါတယ်။
Google ရဲ့ Android N 7.0 သည် တောက်ပပြီး ကောင်းမွန်လှတဲ့ နည်းပညာများဖြင့်
ဖန်တီးထားတဲ့ စမတ်ဖုန်းများအဖြစ် နေ့စဉ်ဘ၀မှာ မရှိမဖြစ် အသုံးပြုကြရမယ့် ဇိမ်ခံ
ပစ္စည်းများအနေဖြင့် အထူးတလည် ရေးဆွဲဖန်တီးပေးလာခဲ့ခြင်း ဖြစ်လေသလောဟု
သုံးသပ်ကြည့်ရင်း မူပိုင် Google ရဲ့ နောက်ဆုံး ဗားရှင်း မဟုတ်သေးတဲ့ နောက်ဆုံး
ဗားရှင်း Android N 7.0 Version New Features ကို သုံးသပ်တင်ပြပေးလိုက်ရပါတယ်။
အဆင်ပြေပါစေ
လင်းဝင်း(နည်းပညာ) 

No comments:

Post a Comment