Popular Posts

Saturday, December 7, 2013

Android ဆိုင်ရာ eBook များစုစည်းမှု


မိုဘိုင်းခေတ်ကို တဖြေးဖြေး ရောက်လာသည်နှင့်အမျှ Android ၏လွှမ်းမိုးမှုသည်လည်း တဖြည်းဖြည်း ကြီးမား လာသည်မှာ အားလုံး မျက်မြင်ပင်ဖြစ်သည်။ Apple ၏ထုတ်ကုန်ပစ္စည်းများဟာ တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် OS ပိုင်းဆိုင်ရာမှာတော့ Android နဲ့ မတူတဲ့အချက်က သူဟာ Open Source ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ လူတိုင်း ရေးခွင့်/ပြင်ခွင့် ရှိနေတယ်လေ။ ဒါကြောင့် မိုဘိုင်း Technology ကို ၀ါသနာပါတဲ့ လူငယ်တိုင်းနီးပါးဟာ Android OS ကို လေ့လာနေကြပါပြီ။

ကျွန်တော်တို့က မြန်မာလူမျိုးဆိုတော့ မြန်မာလို ရေးသားထားတဲ့ စာအုပ်တွေ ဖတ်ရတာကို ပိုသဘောကျ ပါတယ်။ ကျွန်တော်ကိုယ်တိုင်က အစပေါ့ဗျာ။ ဒါကြောင့် Android OS ကို အခြေခံမှစပြီး ရေးသား/ပြုပြင်/မြန်မာပြုတဲ့ အဆင့်ထိ တိုင်အောင် ပြည့်စုံအောင် ပါဝင်တဲ့ စာအုပ်ကလေးများ ကျွန်တော် စုဆောင်းပြီး တင်ပေးထားပါတယ်။ အားလုံးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ သူငယ်ချင်းများ မိုဘိုင်းနည်းပညာတစ်ခေတ် ဆန်းသစ်နိုင်ကြပါစေဗျာ။

ပါဝင်တဲ့စာအုပ်များကတော့ -
၁) Android User Guide
၂) Android ပေါ်မှ လက်တွေ့သုံးနည်းပညာ
၃) The Myanmar's Android
၎) How to Create Android Applications
၅) Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများ
၆) Android ဖုန်းတွေကို မြန်နှုန်းမြင့်စေမည့် နည်းလမ်း ၁၀ မျိုး
၇) APK ကို မြန်မာပြုခြင်း ...  တို့ပါဝင်ပါတယ်။

               Down load Link

Product_Key_Explorer_v3.3.2.0

သော့ ပျောက်နေသူတွေအတွက်



မင်္ဂလာပါဗျာ ဒီနေ့တော့ Key တွေ ရှာပေးတဲ့ ဆော့ဝဲလ်လေးပါ

မိမိကွန်ပျူတာမှာ ထည့်သွင်းထားသော Software တွေ Game တွေ

Key ပျောက်နေတယ်ဆိုရင် ဒီဆော့ဝဲလ်လေးနှင့် ရှာဖွေလို့ရပါတယ်

အပေါ်က ပြထားသည့်ပုံမျိုး Key တွေ ပေါ်နေလိမ့်မည်

ဆော့ဝဲလ်က Portable လေးပါ Install ပြုလုပ်စရာ

မလိုဘူးနော် File Size (3.8MB) ရှိပါတယ်

Download>>>Files.com (or) sharebeast.com

Friday, December 6, 2013

Crack ဖိုင်ဖြင့် Software ကို Full version ဖြစ်အောင် လုပ်နည်း

Crack ဖိုင်ဖြင့် Software ကို Full version ဖြစ်အောင် လုပ်နည်း

မင်္ဂလာပါဗျာ ဒီနေ့တော့ အခုမှ အင်တာနက် စသုံးသူတွေ

အတွက် Crack ဖိုင် အသုံးပြုနည်းကို

ကျွန်တော် ပုံနှင့် တကွ ရှင်းပြထားပါတယ်

အင်တာနက်ပေါ်မှာ ဆော့ဝဲလ်တွေ

ဒေါင်းလင့် ဆွဲတဲ့အခါ အများအားဖြင့်

Crack, patch ,Keygen ,Serial တို

အသုံးပြုပြီးမှ Full version အသုံးပြုလို့ ရပါတယ်

ကဲ အောက်ကပုံကို ကြည့်ပြီး လုပ်ကြည့်ကြရအောင်ဗျာ

ပုံတွင်ပြသည့်အတိုင်း ဆော့ဝဲလ်ကို Install လုပ်လိုက်ပါဗျာ

 

ပုံတွင်ပြသည့်အတိုင်း  ဒီပုံလေးပေါ်နေရင်

Full version မဖြစ်သေးပါဘူး

ဒါဆို Crack ဖိုင် အသုံးပြုရမည်ဖြစ်ပါတယ်ဗျာ

ပုံတွင်ပြသည့်အတိုင်း  winrar ဖိုင်မှာရှိသည့်

Crack ဖိုင်ကို ကွန်ပျူတာ Desktop ထဲ ဆွဲထည့်လိုက်ပါဗျာ

အကြောင်းက Copy ပြုလုပ်ရတာ လွယ်ကူစေရန်

ဖြစ်ပါတယ်

ပုံတွင်ပြသည့်အတိုင်း  Crack ဖိုင်ကို

ဖွင့်ပြီး အထဲက ဖိုင်နှစ်ခုကို

Copy ကူးယူပါ

ပုံတွင်ပြသည့်အတိုင်း  မိမိ Crack မယ်

ဆော့ဝဲလ်ရဲ့ icon ပုံကို ညာဘက် Click နှိပ်ပြီး

Properties ကိုနှိပ်လိုက်ပါဗျာ

open File Location ကို

ဆက်နှိပ်သွားပါဗျာ

ပုံတွင်ပြသည့်အတိုင်း  ဖိုင်တွေ အများကြီး

နေရာရောက်သွားရင် မည့်သည့်နေရာမဆို

Paste ချလို့ရပါတယ်ဗျာ

ပုံတွင်ပြသည့်အတိုင်း  သတိထားရမှာက

အောက်က Skip ကိုမနှိပ်မိလိုက်ပါနှင့်အဆင်ပြေပါဘူး

(ကျွန်တော်ကိုယ်တိုင်းတွေ့ကြုံခဲ့ဖူးပါတယ်လုပ်မတတ်ခင်က

ကျွန်တော် အဲဒီ ...Skip ကိုနှိပ်လိုက်လို့

ရွာလည်ခဲ့ဖူးပါတယ်)

အပေါ်က မြားပြထားသည့်နေရာကိုသာ

နှိပ်လိုက်ပါဗျာ နောက်တစ်ကြိမ်ထပ်ပေါ်လာရင်လဲ

ထပ်နှိပ်လိုက်ပါနော်

ဒီနေရာပြန်ရောက်ရင် မြှောက်လိုက်လို့

ရပါပြီးဗျာ

နံပတ်အစဉ်လိုက် ပိတ်လိုက်ရင်

ပြီးပါပြီးဗျာ ဆော့ဝဲလ်ကို

ပြန်ဖွင့်လိုက်ရင် Full version ဖြစ်သွားပါပြီ

Patch ဖိုင်ဖြင့် Software ကို Full version ဖြစ်အောင်ပြုလုပ်နည်း

Patch ဖိုင်ဖြင့် Software ကို Full version ဖြစ်အောင်ပြုလုပ်နည်း



မင်္ဂလာပါဗျာ ဒီနေ့တော့ Patch ဖိုင်ဖြင့်

ဆော့ဝဲလ်တွေကို Full Version ဖြစ်အောင် ပြုလုပ်နည်းကို

တင်ပေးလိုက်ပါတယ် ဆော့ဝဲလ်တွေကို

အမြဲတမ်း ဒေါင်းတဲ့သူများတော့

သိကြပါတယ် ဒါပေမဲ့ အခုမှာ အင်တာနက်စသုံးပြီး

ဆော့ဝဲလ်တွေကို ဒေါင်းစဆို Key တောင်းနေ ပြဿနာဟာ

အတော်လေး အခက်တွေ့ရပါတယ်ဗျာ

ဒီပြဿနာကို ဖြေရှင်းဖို့အတွက်

patch, Crack, Keygen, Serial တို့စသဖြင့်

ရှိသည့်အနက် Patch ဖိုင်အသုံးပြုနည်းကို

အောက်မှာ ကျွန်တော် ပုံနှင့် တကွ အသေးစိပ်

ရှင်းပြထားပါတယ်ဗျာ

ပထမဦးဆုံး Software ကို Install လုပ်လိုက်ပါ


ဆော့ဝဲလ်ကို Install လုပ်ပြီးတာနဲ့

Software ရဲ့ icon ကို နှိပ်ဖွင့်လိုက်

တာနဲ့ အောက်ကပုံအတိုင်း

 Key တောင်းနေတဲ့ ဘောက်စ်လေးပေါ်နေ

လိမ့်မည်

အပေါ်က ပုံလာပါမည် ဒါဆိုရင်

 ပုံတွင်ပြထားသည့် အတိုင်းမြှောက်လိုက်

ပါ ကဲ အောက်ကပုံ အတိုင်း Patch စချိုးကြည့်ရအောင်

ပုံတွင်ပြထားသည့် အတိုင်း Patch ဖိုင်ကို

အပြင် Desktop ပေါ်ဆွဲထုတ်လိုက်ပါဗျာ

ပုံတွင်ပြထားသည့် အတိုင်း Patch ဖိုင်ကို

Copy ကူးထားပါဗျာ

ပုံတွင်ပြထားသည့် အတိုင်း မိမိ Install ပြုလုပ်လိုက်

သော ဆော့ဝဲလ်ရဲ့ icon ကို ညာဘက် click နှိပ်ပြီး

အောက်ဆုံးစလုံးကို နှိပ်လိုက်ပါဗျာ

ပုံတွင်ပြထားသည့် အတိုင်း Open File Location ကို

နှိပ်လိုက်ရင် အောက်ကပုံ အတိုင်း ပေးလာပါမည်

ပုံတွင်ပြထားသည့် အတိုင်း ဒီ File အများကြီး

နေရာ ရောက်သွားပြီးရင် စောစောက Copy ကူးခဲ့သော

Patch ဖိုင်ကို Pate ချလိုက်ပါဗျာ မှတ်ချက်...မိမိကြိုက်

သည့်နေရာမှာ ချလို့ရပါတယ်

 ပုံတွင်ပြထားသည့် အတိုင်း Patch ဖိုင်ကို

နှိပ်ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း

Patch ဖိုင်လေး ပွင့်လာမယ် ဖြစ်ပါတယ်

 ပုံတွင်ပြထားသည့် အတိုင်း patch ဖိုင် ပွင့်လာရင်

တီးလုံးသံတွေ ထွက်လာလိမ့်မယ်

ကျွန်တော် မြားထိုးပြထားသည့်နေရာကို

နှိပ်ရမယ် ဖြစ်ပါတယ် မှတ်ချက်.....patch တိုင်းဟာ

နှိပ်လို့ရသည့်နေရာ သုံးနေရာပဲ ရှိပါတယ်

သတိထားမှာက ABOUT ရယ် EXIT ရယ်ကို

မရွေးချယ်ပါနှင့် patch ကိုသာ ရွေးချယ်ရမယ်

ဖြစ်ပါတယ်ဗျ

 ပုံတွင်ပြထားသည့် အတိုင်း ဆော့ဝဲလ်ရဲ့ icon ပုံ

ကိုသာ ရွေးချယ်ပြီး Open ကို နှိပ်လိုက်ပါဗျာ

 ပုံတွင်ပြထားသည့် အတိုင်း Full ဖြစ်သွားပါပြီး

Ok ကိုနှိပ်လိုက်ပါဗျာ

Full ဖြစ်သွားပြီး ဖြစ်သည့်အတွက်

စနစ်တကျ ပြန်ပိတ်လို့ရပါပြီး patch ဖိုင်ကို

EXIT ကိုနှိပ်ပြီး ပိတ်လိုက်ပါဗျာ

 ပုံတွင်ပြထားသည့် အတိုင်း မြှောက်လိုက်လို့

ရပါပြီး

စနစ်တကျ နံပတ် အစဉ်လိုက်ပိတ်သွားပြီးရင်

ဆော့ဝဲလ်ကို ပြန်ဖွင့်ကြည့်ပါ Key တောင်းပါဆို

မတောင်းတော့ပါဘူးဗျာ

MM Font Installer V1.0 for android APK

MM Font Installer V1.0

mouse
Name :MM Font Installer
Version :1.0
Size :1.6 MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ MM Font Installer ကို အသုံးပြုရန်အတွက် မိမိဖုန်းတွင် Root Access ရရှိရန် လိုအပ်ပါသည်။ မြန်မာစာကို 99 ရာနှုန်းမှန်မယ် ဖြစ်ပါတယ်။ အသုံးပြုပုံက Install ကို နှိပ်ရမယ် ဖြစ်ပါတယ်။ ဒါဆိုရင် မိမိ ဖုန်းဟာ Root Access ရရှိထားပါက ဖုန်း Restart ပြန်ကျသွားပြီး ဖုန်းပြန်ပွင့် လာရင် မြန်မာလို မြင်ရမယ် ဖြစ်ပါတယ်ဗျာ။


Pro Myanmar Root

pro Myanmar root

jas
Name :pro Myanmar root
Version :1.0
Size : 2.65MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီ Pro Myanmar Root ဆိုတဲ့ app ဟာ မြန်မာ Bolgger တွေမှာ လွန်စွာ နာမည်ကြီးခဲ့ပါတယ်။ ကျွန်တော်လည်း အသုံးပြုနေတာ ကြာပါပြီး မအားတာနဲ့ မတင်ပေးဖြစ်တာပါ။ ကျွန်တော် အသုံးပြုပြီး Root ဖောက်မိသလောက် ဖုန်းဆိုရင်တော့ 10 လုံး ဖောက်ရင် 9 လုံးလောက် အဆင်ပြေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Service သမားတွေ အထူးကို ဆောင်ထားသင့်တဲ့ APK ဆို မမှားပါဘူးနော်။ အသုံးပြုပုံက ဆော့ဝဲလ်ကို ဖွင့် ပြီး Start Root ကို နှိပ်ပေးရမယ် ဖြစ်ပါတယ်။ ဒါဆိုရင် ရာနှုန်ပြေးနေလိမ့်မယ် 100 ရာနှုန်း ပြည့်ရင် ဖုန်းဟာ Restart ကျသွားပြီး ဖုန်းပြန်ပွင့်လာရင် Superuser Icon လေး တစ်ခု ထက်တိုးလာရင် Ok ပါပြီးဗျာ။


Android တွင် Photo များကို Album ပြုလုပ်ချင်သူအတွက်

(Photo များကို Album ပြုလုပ်ချင်သူအတွက်)

 

မင်္ဂလာပါဗျာ ဒီနေ့တော့ Android ဖုန်းတွေ အတွက်

မိမိဓါတ်ပုံတွေကို Album လှလှလေးလုပ်ထားပြီး

အမှတ်တရသိမ်းထားချင်သူတွေအတွက်ပါ။

Photo Album Pro v1.0 ကို ပြန်ရှယ်ထားပါတယ်ဗျာ

လိုအပ်တဲ့သူများ ဒေါင်းနိုင်ပါပြီးဗျာ

File Size (14.25MB) ရှိပါတယ်

Download>>>dropbox.com (or) sendspace.com