Popular Posts
-
မင်္ဂလာပါ ကျနော် ဒီနေ့တင်ပေးလိုက်တဲ့ postလေးက ကျနော့်ဘော်ဘော်တွေ အမေးများနေလို့ Root မလိုပဲ Coc မြန်မာစာမရသူများအတွက်ပါ ဒီတစ်ခ...
-
ကျားဆော့တာကတော့ မြန်မာတွေ အတော်များများ ဆော့ဖူးမှာပါ ဒီဆော့ဝဲက ကျားထိုးတာဝါသနာပါသူတွေအတွက် အဆင်ပြေတယ် ခေါင်းစားရတယ်လေ စဉ်းစားပ...
-
No Title Singer Listen/Download Size 1 ပြောပေးကြပါ ဟန်ထူးလွင် Click Here !! 2.00 MB 2 ငါတို့ဝေး လွှမ်းပိုင် Click Here !...
-
အခြေခံ အီလက်ထရွန်းနစ် နည်းပညာ လေ့လာလိုသူအတွက်စာအုပ် Download - www.mediafire.com -မြန်မာပြန်အခြေခံစာအုပ်
-
မြန်မာစာအုပ်တွေ လိုချင်တဲ့သူများအတွက် သူငယ်ချင်းများ အားလုံးမင်္ဂလာပါ... ကျွန်တော် တစ်နေ့က Free download ဆွဲလို့ရတဲ့ ဆိုဒ်(၁၈)ခု...
-
SONY OFFICIAL FIRMWARE တွေ စုစည်းဖော်ပြပေးးလိုက်ပါတယ် CREDIT >> MMUG & KO BOBO << Innocent Love လိုအပ်မယ်ထင်ပ...
-
www.linwin22.blogspot.com Download - InDesign CS3 (www....
-
27 seagames အ တွက် အလွန် အသုံး ဝင် တဲ့ application မ ရှိ မ ဖြစ် ဆောင် ထား သင့် တဲ့ အ ရာ လေး နော် အား လုံး မင်္ဂလာ ပါ ခင် ဗျာ ဗမာ ပြ...
-
မိမိမန်မိုရီစတစ်ကိုသူများကိုမသုံးစေချင်ရင် password လေးခံထားလိုက်ပါ။ Download link here
Tuesday, June 28, 2016
Android ဖုန်းများတွင် ဖုန်းမှတ်ဉာဏ်ထဲရှိ မလိုအပ်သော Temp ဖိုင်များအား ရှင်းလင်းခြင်း (SpeedUp Android
Android ဖုန်း အသုံးပြုသူတွေ အနေနဲ့ မိမိအသုံးပြုနေတဲ့ ဖုန်းမှာ ဖုန်းမှတ်ဉာဏ်ဟာ မှတ်သားမှုများ မပြုလုပ်ရသေးဘဲ ပြည့်လာတတ်တဲ့ အခက်အခဲရှိ တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့ ဖုန်းထဲမှာရှိနေတဲ့ Temporary လို့ခေါ်တဲ့ Temp ဖိုင်တွေကို ရှင်းလင်းပေးရပါတယ်။
Temp ဖိုင်တွေကို ရှင်းလင်းတဲ့အခါမှာ ဖုန်းရဲ့မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ Temp တွေကို ရှင်းလင်းရသလို အင်တာနက် အသုံးပြုတဲ့ Browser ပေါ်မှာရှိနေတဲ့ အင်တာနက် Temp ဖိုင်တွေကိုလည်း ရှင်းလင်းပေး ရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းတဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။
အင်တာနက် အသုံးပြုခဲ့တဲ့ Temp ဖိုင်တွေကို ရှင်းလင်းချင် တယ်ဆိုရင်တော့ ပထမဆုံးကိုယ့် ရဲ့ ဖုန်းမှာရှိနေတဲ့ Setting ထဲကို ဝင်လိုက်ပါ။
Setting ထဲမှာတော့ App ဆို တဲ့ စနစ်ထဲကို သွားပါ။ အချို့ဖုန်း တွေမှာတော့
Manage App ဆိုပြီး ဖော်ပြတတ်ပါတယ်။
App ထဲကို ရောက်ပြီဆိုရင် တော့ ခုလိုမြင်ရ ပါလိမ့်မယ်။ မြင် ရတဲ့ မြင်ကွင်းမှာ
ကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ Browser App တွေကို ရှာဖွေပါ။
Browser App ကိုတွေ့ရင်တော့ App ကိုနှိပ်လိုက်ပါ။
ဒါဆို ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အောက်ဘက်ကို ဆက်ပြီးကြည့်
လိုက်မယ်ဆိုရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။
Clear data, Clear Cache, Clear Defaults အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။
Clear Cache ဆိုတဲ့စနစ်ကို နှိပ်ပြီးတော့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
Clear Data ကိုနှိပ်ပြီးတော့လည်း Browser ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ဖယ်ရှင်းနိုင်ပါတယ်။
ဒါကတော့ အင်တာနက် အသုံးပြုထားတဲ့ Temp တွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပြီး အင်တာနက် အသုံးပြုသမျှ Browser တွေအားလုံးမှာ ဒီလိုမျိုး လိုက်လံရှင်းလင်း နိုင်ပါတယ်။
နောက်တစ်ခုကတော့ ဖုန်းရဲ့ မှတ်ဥာဏ်ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ထဲက အရာတွေကို ရှင်းလင်းဖို့အတွက် ပထမဆုံး ဖုန်းရဲ့
Setting ထဲကိုဝင်လိုက်ပါ။
Setting ထဲမှာ Storage ဆိုတာရှိပါတယ်။ Storage ထဲကို ဝင်လိုက်ပါ။
Storage ထဲမှာတော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Make more space ဆိုတာရှိပါတယ်။
အဲဒါကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
ဒါကတော့ မှတ်ဉာဏ်ထဲက မလိုအပ်တဲ့ အရာတွေကို ဖယ်ရှင်းနိုင်မယ့် နေရာဖြစ်ပါတယ်။
အသုံးပြုတဲ့ ဖုန်းအမျိုးအစားနဲ့ Android Interface ဖွဲ့စည်းပုံ ပေါ်မူတည်ပြီး မြင်တွေ့ရမယ့် မြင်ကွင်းတွေတော့ ကွဲပြားမှု ရှိနိုင်ပါလိမ့်မယ်။
Make more space ဆိုတဲ့ အချို့ဖုန်းတွေမှာတော့ Cached Data ဆိုပြီး ဖော်ပြလေ့ ရှိတတ်ပါတယ်။
Cached Data ဆိုတဲ့ ထဲမှာလည်း မလိုအပ်တဲ့ အချက်အလက်တွေကို ၀င်ရောက်ရှင်းလင်း နိုင်ပါတယ်။
Credit: Internet Journal
Visit website
Labels:
Android
Subscribe to:
Post Comments (Atom)
No comments:
Post a Comment