.
.
.
မအားတာနဲ့
စာမရေးဖြစ်တာကြာပြီ။ ပြီးခဲ့တဲအပတ် သောကြာက စပြီး အတန်းတွေပြီးသွား လို့
အားသွားတယ်။ ဒါကလဲ ၂-ပတ်လောက်ပါ။ အားတုန်းမှာ စာပြန်ရေးဖြစ်အောင် ကိုယ့်
ကိုယ်ကို တိုက်တွန်းပြီး ဘလောက်ထဲ ပြန်ဝင်ရတယ်။
.
ရေးပြချင်တဲ့အကြောင်းနဲ့
အကြောင်းအရာတွေက အများသားလား၊ ဒီထဲက ဓာတ်ပုံအ ကြောင်း
စိတ်ဝင်စားသူတွေများလို့ HDR = High Dynamic Range ဓာတ်ပုံဖန်တီးပုံအ
ကြောင်းလေးကို တင်ပြပေးပါ့မယ်။
.
ဒီဓာတ်ပုံကို
ရိုက်တော့မယ်ဆိုရင် Tri Pod ကို မဖြစ်မနေ သုံးရတယ်။ သုံးရခြင်းအကြောင်း က
ဓာတ်ပုံသုံးပုံလုံး လုံးဝတူနေအောင်လို့ပါ။ အကယ်၍ Tri Pod မသုံးဘဲ
ကိုယ့်လက်နဲ့ပဲ ရိုက်မယ်ဆိုရင် လက်က မငြိမ်လို့ တပုံနဲ့တပုံ
အလုံးစုံတူဖို့ဆိုတာ မလွယ်ပါဘူး။ လုံးဝမတူ ဘူးဆိုရင် HDR ဓာတ်ပုံဖန်တီးလို့
မရပါဘူး။ သို့အတွက် Tri Pod သုံးဖို့ မမေ့ပါနဲ့။
.
နောက်တချက်က
auto-bracketing လုပ်ပါ။ ဒီလိုလုပ်လိုက်တဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါ မှာ
ပုံသုံးပုံ ထွက်လာပါလိမ့်မယ်။ Tri Pod ပေါ်မှာပဲ ကိုယ်ရိုက်ချင်တဲ့
အရာတခုတည်းကို ဆက်တိုက် မရွှေ့ဘဲ သုံးပုံရိုက်ပါ။ အရာဝတ္ထုတူညီသော်လည်း
မတူညီသော အလင်းအ မှောင် အရောင်ကွဲနဲ့ ပုံသုံးပုံထွက်လာပါလိမ့်မယ်။
.
bracketing
လုပ်တာကို နားမလည်ရင် -2 ' -1 ' 0 ' +1 ' +2 ကို ကြည့်ပါ။ အလည်တည့်
တည့်ဖြစ်တဲ့ သုညမှာ တပုံရောက်ပါ။ အမှောင်ဆုံးဖြစ်တဲ့ -2 မှာ မီတာတိုင်း၍
ထား၍ တပုံ ရိုက်ပါ။ နောက်ဆုံးတပုံကို +2 မှာ ထားပြီး ရိုက်ပါ။ အကယ်၍
အော်တိုဘရက်ကက်လုပ်ဖို့ မပါတဲ့ ကင်မရာတွေအတွက် ပြောတာပါ။ ယခုခေတ်
ကင်မရာတွေက သိပ်ခေတ်မီတာမို့ ပါပြီးသားပါ။ မပါရင် မျက်စေ့နဲ့ကြည့်ရတဲ့
မှန်ပေါက်ထဲက မီတာကို ကြည့်၊ ပြောင်းပြီး သုံး ပုံရိုက်ပါ။ JPEG အစား RAW
နဲ့ရိုက်ရင်တော့ ပိုကောင်းတာပေါ့လေ။
.
ပြီးရင်
အဲဒီဓာတ်ပုံသုံးပုံကို Photoshop ထဲ ထည့်ပါ။ သို့မဟုတ် www.hdrsoft.com
သို့ သွားပြီး software ကို download လုပ်ပါ။ လုံးဝတူအောင် မလှုပ်ဘဲ
အရာဝတ္ထုတခုတည်း ကိုသာ ရိုက်ထားတဲ့ အမှောင်ပုံ၊ ပုံမှန်ပုံ၊ သိပ်လင်းတဲ့ပုံ =
ပေါင်း သုံးပုံကို download လုပ် ထားတဲ့ software ထဲမှာ ထည့်လိုက်ပါ။
အဲဒီသုံးပုံကနေ တပုံတည်း ထွက်လာပါလိမ့်မယ်။
.
နောက်ဆုံးတပုံတည်း
ထွက်လာတဲ့ပုံကို high light, shadow, mid tone သုံးမျိုးပြင်ကြည့် ပါ။
ဓာတ်ပုံကောင်းတပုံမှာ high light ပါသင့်သလို အရိပ်ပိုင်းဖြစ်တဲ့ shadow
ပိုင်းလည်းပဲ ပါသင့်ပါတယ်။ ပြီးတော့ ဒီနှစ်ခုအကြားက mid tone ပေါ့လေ။ ဒါတွေ
အဆင်ပြေပြေလေး ဖြစ်တယ်ဆို ဓာတ်ပုံက အတော်လေး ကြည့်လို့ ကောင်းပြီး
အသက်ဝင်သွားတယ်။
.
အထက်မှာ
ဖော်ပြထားတဲ့ ဓာတ်ပုံလေးပုံမှာ ပထမဦးဆုံး သုံးပုံကို ပေါင်းလိုက်တယ်။
အဲဒီ နောက် software က ကူညီပေးလိုက် နောက်ဆုံးတပုံ (စတုတ္ထပုံ)
ထွက်လာခဲ့တယ်။ ဒါကို ပဲ အရောင်နဲ့ အလင်းနဲနဲပြင်လိုက်တာ ဓာတ်ပုံက
အခြားသုံးပုံနဲ့ လုံးဝမတူတော့ဘဲ ကြွတက် လာပါတယ်။ အမှန်က
တပုံရဲ့လိုအပ်ချက်ကို အခြားပုံတွေက ဖြည့်စွက်ပေးပြီး နောက်ဆုံး မှာ
အကောင်းဆုံးတွေ စုနေတဲ့ပုံအဖြစ် ဖန်တီးတာပါပဲ။ ကိုယ်တိုင်ပဲ
စမ်းသပ်ကြည့်ပါ။
.
စာရေးသူအနေနဲ့
အနားမှာရှိတဲ့ Santa Fe ဆည်နားသွား၊ Tri Pod ထောင်ပြီး နေ၀င်ချိန်
ဆည်းဆာကို ရိုက်ထားတာပါ။ လွယ်ကူသော နည်းစနစ်ဖြစ်ပြီး ဓာတ်ပုံကောင်းကောင်းရ
နိုင်တဲ့ ဓာတ်ပုံရိုက်နည်းစနစ် တခုပင်ဖြစ်ပါတယ်။ ကျောင်းမှာတော့ Extra
Credit အတွက် ကျောင်းသူ၊ ကျောင်းသားတွေကို ဆရာက ဒီပုံအရိုက်ခိုင်းပါတယ်။ .
ဓာတ်ပုံပညာဖြင့် လောကကို အလှပန်းဆင်နိုင်ပါစေဗျား။
.
.
Credit : ကိုသက်
No comments:
Post a Comment