Popular Posts

Wednesday, June 29, 2016

Offline ဖြစ်နေသည့်တိုင် Hack နိုင်သော နည်းလမ်း ၆ ခု



Offline ဖြစ်နေသည့်တိုင် Hack နိုင်သော နည်းလမ်း ၆ သွယ်
Internet ချိတ်ဆက်ထားတဲ့ LAN ကြိုးကိုဖြုတ်လိုက်တာနဲ့ သင်ဟာ ဟက်ကာတွေရဲ့ရန်ကနေ လွတ်သွားပြီလို့ ယုံကြည်မိပါသလား။ မယုံလိုက်ပါနဲ့။ ပြောချင်တာကတော့ Offline ဖြစ်နေမယ်ဆိုရင်တောင် သင့်ရဲ့ဖုန်း၊ ကွန်ပြူတာတွေကို ဟက်လို့ရနိုင်ခြေရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ NSA (National Security Agency) က Software တစ်ခုကို လျို့ဝှက်ထည့်သွင်းပေးလိုက်တဲ့ ကွန်ပြူတာပေါင်း ခန့်မှန်း ၁သိန်းလောက်ရှိပါတယ်။ အဲဒီ Software ကြောင့်သင့်ရဲ့ PC ဟာ Internet နဲ့ချိတ်ဆက်မထားဘူးဆိုရင်တောင် Data အသွားအလာကို ဆက်လက်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ တကယ်လို့ သင့်ကွန်ပြူတာဟာ အဲဒီတစ်သိန်းထဲက တစ်ခုဖြစ်နေမယ်ဆိုရင်တော့ ဟက်ခံထိဖို့ အလားအလာများနေပါပြီ။ အကြောင်းကတော့ အဆိုပါ Computers တွေရဲ့ Circuit Board တွေ USB Card ကြားနေရာတွေမှာ Radio Frequency ကို ဖမ်းယူထုတ်လွင့်ပေးနိုင်သော အရမ်းသေးငယ်တဲ့ ကိရိယာလေးတွေကို တပ်ဆင်ပေးထားပါတယ်။ ကိရိယာတွေက Circuit အစိတ်အပိုင်းတွေနဲ့ ပုံစံတူနေပြီးတော့ Radio Frequency တွေကို လက်ဆွဲအိတ်သာသာလောက်ရှိတဲ့ Station တွေရဲ့ ၈ မိုင်ခန့်အကွာအဝေးကနေ ချိတ်ဆက်နိုင်စွမ်းရှိပြီး Channel တစ်ခုကနေ ၁စက္ကန့်အတွင်းမှာ မီလီယံနဲ့ချီတဲ့ Data Packet တွေ  သွားလာနိုင်ပါတယ်။ Online ဖြစ်မနေဘူးဆိုရင်တောင် ဟက်လို့ရနိုင်တဲ့နည်းလမ်းက NSA ရဲ့ အထက်ပါနည်းလမ်းတစ်ခုအပြင် ဟက်ကာများ အသုံးပြုလျှက်ရှိသော အခြားသောတဲ့နည်းလမ်း ၆ခု ရှိပါသေးတယ်။
လျှပ်စစ်သံလိုက်လိုင်းဖြင့်ထောက်လှမ်းခြင်း (Electromagnetic Spying)
ဘယ် Electronic ပစ္စည်းမဆို Power ရှိမှ အလုပ်လုပ်ကြတာပါ။ ချိတ်ဆက်အသုံးပြုထားတဲ့ Power Line တွေကနေ လျှပ်စစ်သံလိုက်လိုင်း (Electromagnetic Waves) တွေကို ထုတ်လွင့်ကြပါတယ်။ ယနေ့ခတ်မှာတော့ အဲဒီသံလိုက်လိုင်းတွေကို ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာ ပေါ်ထွက်နေပြီဖြစ်ပါတယ်။ အဲဒီသံလိုက်လိုင်းတွေဟာ အရမ်းအရေးကြီးတဲ့ အချက်အလက်တွေဖြစ်တဲ့ (ဥပမာ Keystroke) လိုမျိုး အရာတွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြောပြနေပါတယ်။ Keystroke ဆိုတာ PC Keyboard မှာ User နှိပ်လိုက်တဲ့ ခလုတ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ User တစ်ယောက်က Keyboard ကိုနှိပ်လိုက်ပြီဆိုတာနဲ့ Voltage အတက်အကျ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ပါတယ်။ Voltage ပြောင်းလဲမှုဟာ Ground Line ကို သွားရောက်နှောင့်ယှက်ပါတယ်။ နှောင့်ယှက်မှု ခံရခြင်းကြောင့် ပြောင်းလဲသွားတဲ့ Ground Line ရဲ့လျှပ်စစ်သံလိုက်လိုင်းကို ဖမ်းယူကြည့်ရှုပြီးတော့ ဘာ Key နှိပ်သွားသလဲဆိုတာကို ထောက်လှမ်းနိုင်ပါတယ်။ အဲဒီကိရိယာဟာ ၁၅မီတာ အတွင်း ဖမ်းယူထောက်လှမ်းနိုင်ပြီးတော့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၀၀ ၀န်းကျင်ရှိပါတယ်။

ခလုတ်နှိပ်မှုထောက်လှမ်းခြင်း (Keylogger Spying)
Smart Phone တစ်လုံးကို အသုံးပြုပြီးတော့လည်း  ဟက်ကာတစ်ယောက်က သင့်ရဲ့ PC ကို Offline ဖြစ်နေတာတောင်မှ ဟက်နိုင်ပါတယ်။ သို့သော် Keyboard နဲ့ Phone ဟာနှစ်လက်မခန့် နီးကပ်မှုရှိနေရပါမယ်။ အမေရိကန်နိုင်ငံ သိပံ္ပနှင့်နည်းပညာ သုတေသနကျောင်း တစ်ခုဖြစ်တဲ့ Georgia Tech မှာ သိပံပညာရှင်တွေရဲ့ ပြောပြချက်အရ ဖုန်းတွေမှာ ပါဝင်သော Sensor ဖြစ်တဲ့ Accelerometer သည် ရွေ့လျားမှုနဲ့ တိမ်းစောင်းမှု ကို ဖော်ပြပေးနိုင်ပါတယ်။ ၄င်းကိုအသုံးပြုပြီးတော့ PC Keyboard မှာဘာရိုက်သလဲဆိုတာကို ၈၀ရာခိုင်နှုန်းလောက်ထိမှန်အောင် သိရှိနိုင်ပါတယ်။  “နည်းပညာအနေနဲ့ကတော့ ကွန်ပြူတာအနီးမှာ Mobile Phone ကိုထားရပါမယ်။ PC Keyboard ကိုရိုက်ခတ်မှုကြောင့်ဖြစ်လာတဲ့ တုန်ခါမှုကို ဖုန်းရဲ့ Accelerometer မှတဆင့် ဖမ်းယူပါတယ်။ Program တစ်ခုကို အသုံးပြုပြီးတော့ Dictionary Guess ပြုလုပ်ပြီး ရိုက်တဲ့စာလုံးတွေကို ထုတ်ဖော်ပါတယ်”
ရွေ့လျားမှုအားဖြင့် ထောက်လှမ်းခြင်း (Motion Spying)
တရုတ်နိုင်ငံမှာရှိတဲ့ Nanjing တက္ကသိုလ် သုတေသနပညာရှင်တွေ ပြောကြားချက်အရ GPS ကို ထိန်းချုပ်မှု ပြုလုပ်ထားခြင်းမရှိဘဲနဲ့ သန်းပေါင်းများစွာသော မြေအောက်ရထားစီးသူတွေရဲ့ တည်နေရာကို ဟက်ကာတွေက သိရှိနိုင်ပါတယ်။ Motion Sensor တွေထဲမှာ Maleware တစ်ခုကို ထည့်သွင်းထားပြီးတော့ သိရှိနိုင်ခြင်းဖြစ်ပါတယ်။ အခုနကပြောသလိုပဲ လူတစ်ယောက်က မြေအောက်ရထားကိုစီးမယ် ပြီးတော့သူ့ဖုန်းမှာကလည်း Accelerometer ရဲ့ Motion ကို ထောက်လှမ်းနိုင်သော Maleware တစ်ခုရှိနေမယ်ဆိုရင် သူဟာဘယ်ဘူတာမှာ ရထားကနေ ဆင်းခဲ့တက်ခဲ့သလဲဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေအောက်ရထားစီးနေချိန်မှာ ဖြစ်ပေါ်လာတဲ့တုန်ခါမှုဟာ အဝေးပြေးလမ်းမပေါ်မှာ ကားစီးနေချိန်ဖြစ်ပေါ်တဲ့ တုန်ခါမှုနဲ့ ပုံစံမတူပါဘူး။ အနီးကပ်ဆုံးဘူတာနှစ်ခုကြားမှာ ရထားကဖြတ်သန်းသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုနဲ့ Mobile ရဲ့ x,y,z ၀င်ရိုးသုံးခု ရဲ့ပြောင်းလဲမှုတွေကို ဖတ်ပြီးတော့ ခရီးသည်ရဲ့ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတွေကို ကောက်ချက်ချနိုင်ပါတယ်။ နေ့စဉ် မြေအောက်ရထားစီးသူပေါင်းဟာ ၁၀ သန်းခန့် ရှိနေပြီးတော့ အထက်ပါနည်းလမ်းဟာလည်း Cyber လုံခြံမှုရဲ့ အရေးပါတဲ့ ထိုးဖောက်မှုတစ်ခု ဖြစ်လာပါတယ်။ နည်းပညာအကြောင်းအသေးစိတ် သိရှိလိုပါကအောက်ပါလင့်မှာဖတ်ရှုနိုင်ပါတယ်။
Laser နှင့် Voltmeter များကိုအသုံးပြု၍ထောက်လှမ်းခြင်း (Sniffing Keystroke With Laser and Voltmeters)
တကယ်လို့ ဟက်ကာက ကွန်ပြူတာရဲ့ Power Socket ကို Voltmeter နဲ့ထောက်ထားနိုင်မယ်ဆိုရင် Electromagnetic နည်းလမ်းမျိုး နည်းပညာကိုသုံးပြီး Keystroke ကိုသိရှိနိုင်ပါတယ်။ တကယ်လို့သာ Laptop ကွန်ပြူတာကို အသုံးပြုပြီး Power Plug ထိုးမထားဘဲ Battery သာ အသုံးပြုမယ်ဆိုရင် ကွန်ပြူတာရဲ့ နေရာတစ်ခု ဒါမှမဟုတ် Laptop တင်ထားတဲ့ စားပွဲနေရာတစ်ခုကို Laser နဲ့ထိုးပြီးတော့ တုန်ခါမှုကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ပြန်အလင်းတွေကို ဖတ်ရှုပြီး Keystorke ကို ဘာသာပြန်နိုင်ပါတယ်။ Power Line Attack အတွက်ကတော့ ဒေါ်လာ ၅၀၀ လောက်ကုန်ကျနိုင်ပြီးတော့ Laser Attack အတွက်ကတော့ သင့်မှာ Sound Card ပါတဲ့ Computer နဲ့အသုံးပြုမယ်ဆိုရင် ဒေါ်လာ၁၀၀ နဲ့ဆင်ပြေပါတယ်။ သို့သော် လေဆာကတော့ တဖြောင့်တည်းသွားတာမျိုးဖြစ်ရပါမယ်။
အပူကိုအသုံးပြု၍ထောက်လှမ်းခြင်း (Bitwhisper)
အစ္စရေးနိုင်ငံ Ben Gurion တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေ ပြောပြချက်အရ အပူပြောင်းလဲခြင်းကို အသုံးပြုပြီး ကပ်လျက်ရှိတဲ့ ကွန်ပြူတာကို ဟက်နိုင်ပါတယ်။ နီးကပ်လျက်ရှိတဲ့ Computer အပူပြောင်းလဲမှုအားဖြင့် Channel တစ်ခုတည်ဆောက်နိုင်ပြီး Key တွေ Maleware Code တွေ တခြားသော Data တွေကို ပေးပို့နိုင်ကြောင်းသိရှိရပါတယ်။ ၄င်းနည်းကို Bitwhisper လို့ခေါ်ပါတယ်။
“Bitwhisper အားဖြင့် Device ၂ ခုကို မသိမသာ ဆက်သွယ်ပေးနိုင်လောက်တဲ့ Channel တစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ဖက်မှ အခြားတစ်ဖက်ကို Command & Control ပြုလုပ်နိုင်သော Message များ ပေးပို့နိုင်ပြီးတော့ Password ကဲ့သို့သော အသိမခံနိုင်တဲ့ အရာတွေကို ထောက်လှမ်းနိုင်ပါတယ်” Bitwhisper ဖြင့် Hack ခြင်းအား အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။
https://youtu.be/EWRk51oB-1Y
                                                                                              
တင်ဆက်သူ : Friday (MEHN Team)

No comments:

Post a Comment