Popular Posts

Thursday, June 30, 2016

Variable DC Power Supply တည်ဆောက်ခြင်း

Variable DC Power Supply

〰〰〰〰〰〰〰〰〰〰〰〰〰〰
အီလက်ထရွန်းနစ် ဝါသနာရှင်များအတွက်
ဒီ variable dc power supply လေးဟာများစွာ
အသုံးဝင်မည့်  tools တစ်ခုဖြစ်ပါလိမ့်မည်

ယခု circuit ဟာအသစ်အဆန်းတော့
မဟုတ်ပါဘူး ဒါပေမဲ့ ရိုးရှင်းတယ်
ယုံကြည်စိတ်ချရတယ် output short circuit
ဖြစ်ခြင်းကိုခံနိုင်တယ်

ဗို့အား အနေဖြင့်  0.7 v မှ   24 v ထိ
အမ်ပီယာ အနေဖြင့်  50mA မှ 2A ထိ
ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်

သင့်အနေဖြင့်  မိမိလိုအပ်ချက်နှင့်ကိုက်ညီအောင် ထပ်ပြီး
ရှင်းပြလိုသည်မှာ

P1, P2 control များသည် current နှင့်  volt
ချိန်ညှိရန်ဖြစ်ပြီး သင်လိုအပ်သော ဗို့ နှင့်
အမ်ပီယာကိုချိန်ပါ

Volt နှင် current output
ကောင်းကောင်း လိုအပ်လျှင်တော့
Transformer အကောင်းစားကို ရွေးချယ်ပါ
အကောင်းဆုံး ကတော့
36,40,48v တို့ဖြစ်ပါတယ်

Capacitor C1 ကို အနဲဆုံး 2200 မှ
6800uf ဗို့အားအနေဖြင့် 35 မှ 50v ကြား
အသုံးပြုပေးပါ

Q4 transistor အတွက် output short circuit
ကိုတားဆီးနိုင်ရန်အကောင်းစား
Heatsink ကိုတပ်ဆင်အသုံးပြုပါ

သင့် Circuit လေး သေသပ်လှပခြင်ရင်တော့
Metal box နှင့် တည်ဆောက်ပေါ့

2N 3055 transistor မရရင်
အနဲငယ်စွမ်းဆောင်ရည်ညံ့သည့်ဈေးချိုသော
TIP 3055 ကိုသုံးပါ

Parts:
P1 500R Linear Potentiometer
P2 10K Log. Potentiometer
R1,R2 2K2 1/2W Resistors
R3 330R 1/4W Resistor
R4 150R 1/4W Resistor
R5 1R 5W Resistor
C1 3300µF 35V Electrolytic Capacitor
C2 1µF 63V Polyester Capacitor
D1,D2 1N5402 200V 3A Diodes
D3 5mm. Red LED
Q1 BC182 50V 100mA NPN Transistor
Q2 BD139 80V 1.5A NPN Transistor
Q3 BC212 50V 100mA PNP Transistor
Q4 2N3055 60V 15A NPN Transistor
T1 220V Primary, 36V Center-tapped Secondary 50VA Mains transformer
PL1 Male Mains plug
SW1 SPST Mains switch




No comments:

Post a Comment